Unicode
'ဘယ်လိုစွမ်းအားမို့လို့ ပန်းတွေထွက်လာတာတုန်း.?ပြီးတော့ မဲမဲကြီး! ငါ့ကို ဘာစောက်ဇယားတွေ လာပေးနေတာလဲ'
မူလဇာတ်ကြောင်းမှာက ကုနန်းက မီးစွမ်းအားဖြစ်ပြီး အလွန်အားကြီးတဲ့ စွမ်းအားပဲဖြစ်တယ်.သို့သော် သူမမှာ အဆင့်မြှင့်တဲ့ ခရစ်စတယ်ကျောက်တုံးတွေ မရှိတာကြောင့် မသေခင်အထိ ဒုတိယအဆင့်ထိသာ ရောက်ခဲ့တယ်.
'ဒါမဲ့ ဒီအမည်မသိ မဲမဲကြီးနဲ့ စွမ်းအားက ဘယ်ကရောက်လာတာလဲ? '
ရှီရှန်း ဆက်ပြီးစမ်းသပ်နေခဲ့တယ်. စွမ်းအားထုတ်လိုက်တဲ့အကြိမ်တိုင်း အမဲရောင်ပန်းပွင့်လေးတွေ တစ်ပွင့် ဒါမှမဟုတ် နှစ်ပွင့် သူမလက်ချောင်းထိပ်မှာ ပေါ်မြဲပေါ်နေတယ်.
'ဒါက လုံးဝအရှုပ်ထုပ်စွမ်းအား အစုတ်မလား.အရင်က ငါရဲ့ မီးစွမ်းအားက ဘယ်ကြွသွားတာလဲ ?! အဆင့်သိပ်မမြှင့်တိုင်း ဖျောက်ပစ်လိုက်လို့မရဘူးလေ.!!!'
ရှီရှန်းအကြာကြီး စဥ်းစားခန်းဖွင့်ပြီးတဲ့နောက် မူမမှန်တာ တစ်ခုကို သတိရသွားတယ်.
'ဟိုZombieစုတ်က ငါဘယ်လောက်တိုက်တိုက် ငါ့နား လာလာ'ဟမ့်'ပြီး ကပ်နေတာ ဒီစွမ်းအားကြောင့်လို့ မပြောနဲ့နော်. ခွေးသူတောင်းစား system လာခဲ့စမ်း.. ငါ့cheatတွေပြန်ပေး နင့်ငါဘာလုပ်လို့ ငါ့ကို ဒီလိုဆက်ဆံရဲတာလဲ!!? . '
...........
" AHHH ! "
မိန်းကလေးတစ်ယောက်ရဲ့ အော်သံက လမ်းတစ်လျှောက် ပျံနှံလာခဲ့တယ်. ယောက်ျားလေးတွေရော မိန်းကလေးတွေ လမ်းမထက်မှာ အပြေးလွှား ထွက်ပြေးနေကြတယ်. သူတို့နောက်မှာတော့ zombieတစ်သိုက်က လိုက်လာနေတယ်. zombieတွေ လက်ကလွတ်ဖို့ရာအတွက် အသည်းသန် အားအကုန်သုံးကာ ပြေးနေကြတယ်.
စောနက အော်လိုက်တဲ့ မိန်းကလေးအသံကို ကြားလိုက်ရတဲ့ လမ်းသွယ်တွေထဲက zombieတွေကလည်း လမ်းမကြီးပေါ်တက်လာပြီး စောနကအသေပြေးနေကြတဲ့ အုပ်စုနောက်ကို လိုက်လာကြတယ်.
"အကိုယု ကျွန်တော်တို့ ဘာလိုလုပ်ကြမလဲ? "
ပုဆိန်ကိုင်ထားတဲ့ ဖက်တီးက မေးလိုက်တယ်. ခုချိန်မှာ သူတို့အုပ်စုက အဝိုင်းခံထားရသလိုဖြစ်နေပြီ. သူတို့အကိုက်ခံကြတော့မှာလား?
"ဟိုးမှာ လူတစ်ယောက်!"
မိန်းကလေးက ဒုတိယထပ်ကို လက်ညှိုးထိုးပြီး အော်ပြောလိုက်တယ်.
"အကိုယု ဟိုမှာ လူတစ်ယောက်ရှိပါတယ်ဆို! "
သူတို့ရောက်နေတဲ့ ရပ်ကွက်က သက်တမ်းရင့် ရပ်ကွက်တွေထဲက တစ်ခုဖြစ်တယ်. ဒါကြောင့် အိမ်တော်တော်များများက ရှေးခေတ်ဒီဇိုင်းဖြစ်တဲ့ လသာဆောင်တွေ ပါကြတယ်.
အကိုယုလို့အခေါ်ခံရတဲ့ လူက အပေါ်ကို မော့ကြည့်လိုက်တယ်.သူတွေ့လိုက်တာ ၁၆နှစ်ဝန်းကျင်မိန်းမငယ်လေးက အားကစားဝတ်စုံအသန့်ဝတ်ထားပြီး ကြောင်ဖြူလေးကိုလည်း လက်ထဲမှာ ပွေ့ချီထားသေးကာ လသာဆောင်မှာ မတ်တပ်ရပ်နေတာပဲ ဖြစ်တယ်.
ယုလန်က ဒါက ထူးဆန်းတယ်လို့ တွေးမိပေမဲ့အခြေနေအရ အတွေးတွေဖြတ်လိုက်တယ်. ယုလန်က လသာဆောင်အောက်က သံဘာဂျာ တံခါးကိုတွေ့လိုက်ရတယ်. ဒါပေမယ့် တံခါးက အထဲကနေ တင်းတင်းကျပ်ကျပ် ပိတ်ထားတာတွေ့လိုက်ရတယ်. တခြားတံခါးတွေကလည်း ပျက်စီးနေပြီဖြစ်လို့လုံခြုံတဲ့နေရာကို ရောက်နိုင်မှာမဟုတ်ဘူး.
ယုလန်ကလည်း မတတ်သာဘဲ မတ်တပ်ရပ်နေတဲ့ ကောင်မလေးကို လှမ်းအော်ခေါ်တော့တယ်.
"မိန်းကလေး ကျွန်တော်တို့အတွက် တံခါးပေါက်လေး ဖွင့်ပေးလို့ရမလား"
Zombieတွေက တဖြည်းဖြည်း နီးလာပြီ.
"ဟဲ့ တံခါးဖွင့်စမ်း ငါတို့အထဲဝင်မလို့ "
ကလေးမတစ်ယောက်က ရှီရှန်းကို အသံမာမာနဲ့ လှမ်းအော်ပြောလိုက်တယ်.
"မိန်းကလေး ကျွန်တော်တို့ အထဲဝင်ပါရစေ. zombieတွေ တဖြည်းဖြည်းနဲ့ နီးလာပြီ! ကျွန်တော်တို့ကို ကူညီပေးပါဗျ တံခါးလေးတစ်ချပ်လောက် ဖွင့်ပေးပါဗျ!!! "
"ဟဲ့ ကန်းနေလား နင် တစ်ခုခုပြောဦးလေ! "
အောက်ကနေ သူတို့ဘယ်လောက် အော်အော် လသာဆောင်ကမိန်းကလေးကတော့ မလှုပ်ပါဘူး. တကယ်လို့ သူမလက်ထဲက ကြောင်ရဲ့အမြီးသာ ယမ်းမနေဘူးဆိုရင် ကျောက်ရုပ်တစ်ခုလို့တောင် ထင်ရနိုင်တယ်. Zombieတွေကတော့ ထိုအုပ်စုနဲ့ နီးသထက်နီးလာပြီ.
"အားးးးး"
မိန်းကလေးသုံးယောက်ရဲ့ အာခေါင်ခြစ်အော်သံကြီး ထွက်လာတော့တယ်. ယောကျ်ားလေးတွေကတော့ လက်ထဲကလက်နက်တွေနဲ့ zombieတွေကို ပြန်ခုခံနေရတယ်.သူတို့ရဲ့ အခြေအနေက ပြေးပေါက်မရှိတော့အောင်ကို ဖြစ်နေပြီ.
.........
ရှီရှန်း ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ လုံးဝအခြေနေမဟန်တော့တာကို မြင်လိုက်ရတော့မှ တံခါးသွားဖွင့်ပေးလိုက်တော့တယ်. တံခါးပွင့်ပွင့်ချင်း မိန်းကလေးသုံးယောက်က ဝုန်းခနဲတိုးဝင်လာပြီး ကောင်လေးတွေဖြစ်တဲ့ ယုလန်နဲ့ ဖက်တီးက နောက်ကနေပြေးဝင်လာတယ်.သံဘာဂျာတံခါး ပိတ်လိုက်တဲ့အခါ အပြင်က zombieတွေက တံခါးကို မရမက စတင်ကုတ်ခြစ်ပါတော့တယ်.လက်သည်းနဲ့သံတံခါးကို ခြစ်နေကြတဲ့အသံက တော်တော်လေးကို နားဝင်ချိုမနေဘူး.
ရှီရှန်းက စိတ်မပါတပါ့နဲ့ ထိုအုပ်စုကို တချက်စောင်းကြည့်ပြီး အပေါ်ထပ်ကိုသာ ပြန်တက်သွားတော့တယ်.မိန်းကလေးသုံးယောက်က အခုချိန်ထိကြောက်စိတ်မပြေသေးတာကြောင့် ယုလန်နဲ့ဖက်တီးက လှေကားတက်ဖို့ရာ ကူညီပေးလိုက်ရတယ်.
ဒုတိယထပ်သို့ ရောက်တဲ့အခါ ပထမဆုံးသူတို့မြင်လိုက်ရတဲ့အရာက ခေါင်းတစ်ခြမ်းပဲ့နေတဲ့ Zombieတစ်ကောင်ပဲဖြစ်တယ်.သွေးညစ်ညစ်တွေက တစ်ခန်းလုံးပွထနေပြီး သွေးညှီနံ့ကြီးကတော်တော် အော်ဂလီဆန်စရာကြီးထွက်နေတယ်.
"ဝေါ့ ဝေါ့"
မိန်းကလေးသုံးယောက်က အဲ့ဒါကြီးကိုမြင်မြင်ချင်း အန်ထွက်ကြပြီး မျက်နှာတွေကလည်း လူသေကောင်လိုမျိုး ဖြူဖတ်နေကြတယ်.
"ဟိုင်း ကျွန်တော်ကယုလန်ပါ စောနကအတွက် ကျေးဇူးတင်ပါတယ်"
ယုလန်က ပထမဆုံးစကားစပြောလိုက်တယ်.
ရှီရှန်းကတော့ ဂရုမစိုက်စွာဘဲ သူမလက်ဖြင့် ကျားဖြူကိုဆက်ပွတ်သပ်နေလိုက်တယ်.သူမခေါင်းကအနည်းငယ် ငုံ့ထားတယ်ဆိုပေမဲ့ ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပဲဖြစ်တယ်.
ယုလန်မှာ တော်တော်လေး အံ့သြနေတယ်.
'ဒီမိန်းကလေးက တော်တော်လေး တည်ငြိမ်တာပဲ.သူမျက်နှာလေးက ဘယ်အရာကမှ လှိုင်းထအောင်မလုပ်နိုင်တဲ့ ရေကန်မျက်နှာပြင်အတိုင်းပဲ.'
ပြီးခဲ့တဲ့ဒီသုံးရက်က သူ့(ယုလန်)အတွက် ရာစုနှစ်တစ်ခုစာလောက်ကြာစေခဲ့တယ်.စစချင်းတုန်းက သူ့ကိုယ်သူ ဖြစ်ပျက်နေတာတွေကို လက်မခံနိုင်ခဲ့ဘူး.zombieတွေကို ပြန်တိုက်ဖို့လည်း မဖြစ်နိုင်ခဲ့ဘူး.အခုတော့ သူအသက်ရှင်ဖို့ရာအတွက် zombieတွေကို ပထမဆုံးစသတ်ရနေပြီ. ဒါပေမဲ့ ဒီလိုzombieတွေကို မြင်နေရတာ သူ့အတွက်ကြောက်စိတ်နဲ့ရွံရှာတဲ့စိတ်တွေ ဖြစ်ပေါ်နေဆ ဲပဲ
"အကို, ဘာလို့သူကို ကျေးဇူးသွားတင်နေတာလဲ?သူညီမတို့အတွက် တံခါးလာဖွင့်ဖို့ကို အချိန်အကြာကြီးယူခဲ့တာ ကြည့်ရတာ သူကညီမတို့ကို သေသွားစေချင်တဲ့ပုံပဲ"
စကတ်အပြာလေးနဲ့မိန်းကလေးက ယုလန်ဘေးကို လာရပ်ပြီး သူ့(မ)မျက်နှာမှာလည်း ရှီရှန်းကို လုံးဝမနှစ်သက်တဲ့ အရိပ်ယောင်တွေ ထင်းနေတယ်.
ရှီရှန်း ထိုမိန်းကလေးကိုကြည့်ရန် ခေါင်းကိုမော့လိုက်ပြီး ကောက်ကျစ်တဲ့စုန်းမအပြုံး ပြုံးလိုက်တယ်.
ကုနန်းက လှပသောမျက်နှာပိုင်ရှင်ဖြစ်တယ်. အခုလိုပြုံးလိုက်တဲ့အခါမှာတော့ နွေဦးမှာ ပွင့်လန်းလာတဲ့ ပွင့်ဖတ်လေးတွေလိုမျိုး တောက်ပသွားတယ်.ဒါပေမဲ့ ပြုံးနေတဲ့ သူမမျက်နှာမှာတော့ စိတ်ခံစားချက်တစ်စုံတစ်ခုမှ မပါဝင်နေလို့ နူးညံ့ခြင်းဆိုတာ သူမအပြုံးနဲ့ မသက်ဆိုင်ဘူး။
........
" နင်တို့တွေအသက်ရှင်နေတာ ငါတံခါးဖွင့်ပေးခဲ့လိုပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ်နင့်တို့အသက်ကို ငါကယ်ထားရတာပဲ။ ကိုယ့်ကိုကယ်ခဲ့တဲ့သူကို ဒီလေသံနဲ့ပြောရလား? ငါအခုနင်တို့ကို zombieအစာ ပြန်လုပ်ပစ်လို့ရတယ်ဆိုတာ ယုံလား? "
ယုလန်ကတော့ သူမရဲ့အသံချိုချိုလေးထဲမှာ သတ်ဖြတ်လိုစိတ်တွေကို ကြားနေရတယ်.
"ငါတို့ကိုကယ်တယ်. ဘယ်လိုလူက နင့်လို ကယ်မှာလဲ? နင်သာစောစောတံခါးဖွင့်ပေးရင် ငါတို့လည်း အဲ့အကောင်တွေနဲ့ ကြာကြာနေစရာမလိုဘူး ထိတ်လန့်စရာလည်းမဖြစ်ဘူး.အကို အဲ့ကောင်မကို ကြည့်! သူညီမကို ဆက်ဆံတဲ့ပုံကို ကြည့်ကြည့်!!! "
ယုကျင်းရဲ့ မျက်လုံးတွေက ဒေါသကြောင့် နီရဲနေပြီ.
' ဒီကောင်မကများ ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့။ '
"ငါက ဘာလို့ နင့်တို့အတွက် တံခါးဖွင့်ပေးရမှာလဲ?"
ရှီရှန်းက ယုကျင်းရဲ့ ဒေါသကို လျစ်လျူရှုပြီး
မယုံသကႅာနဲ့ မေးခွန်းပြန်ထုတ်လိုက်တယ်.
"နင်တို့တွေ အခြေခံလှုမှုရေးတွေ မသင်ခဲ့ရဘူးလား? နင့်တို့ ဆရာမက သူစိမ်းတွေကို တံခါးဖွင့်မပေးရဘူးဆိုတာ မသင်ပေးလိုက်ဘူးလား? "
'အရူးမ ငါသာနင်တို့ကို မသနားရင် တံခါးလာဖွင့်ပေးမယ်များ ထင်နေလား.ငါလေ နင်တို့ကို ပြန်ကန်ထုတ်လို့မရတော့တာ နှမြောလိုက်တာ. '
" နင်.,,အခုဖြစ်နေတဲ့ အပြင်ကအခြေနေတွေကိုရော သိ."
"ကျွန်တော် တောင်းပန်ပါတယ်ဗျ.ကျွန်တော့ညီမလေးက မရင့်ကျက်သေးလို့ပါ."
ယုလန်ကလယုကျင်းကို သူ့အနောက်ပို့လိုက်တယ်.
"အကို ဘာကိစ္စ အဲ့ကောင်မကို တောင်းပန်ရတာ__ "
"ယုကျင်း တော်တော့်"
ယုလန်က ချက်ချင်းပဲ သူမညီမကို တားလိုက်တော့တယ်.
"နင်ငါ့ကို အရင်ရက်တွေက ဒုက္ခပေးထားတာ မလောက်သေးလို့လား"
ယုကျင်း သူမနှုတ်ခမ်းကို ပြန်ကိုက်လိုက်တယ်. မျက်လုံးထောင့်မှာ မျက်ရည်ဝဲလာပြီး ကျန်တဲ့မိန်းကလေးနှစ်ယောက်နား ခြေကိုဆောင့်ကာ ထွက်သွားတော့တယ်။
"ဒီအတွက်တောင်းပန်ပါတယ်။ ကျွန်တော့ ညီမလေးက အိမ်မှာအရမ်းအလိုလိုက်မိပြီး ပျက်စီးနေသလို ဖြစ်သွားတယ်။ ဒါကြောင့်စိတ်မဆိုးပါနဲ့။ ဒီနေ့မိန်းကလေးက ကျွန်တော်တို့ရဲ့အသက်ကိုကယ်တင်ခဲ့တယ်။ ကျွန်တော်တို့မှာ အများကြီးမရှိပါဘူး။ တကယ်လို့ မိန်းကလေးဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့နဲ့ အစားအစာတချို့ကို အတူတူစား.,;"
"မလိုဘူး"
ရှီရှန်းကကျားဖြူကိုပွေ့ လိုက်ပြီး လသာဆောင်ဘက် ဦးတည်လိုက်တယ်.
"နင့်ရဲ့ အရူးညီမကို ငါ့ရှေ့ပေါ်လာမခိုင်းနဲ့ "
ယုလန်မှာ ရှီရှန်းရဲ့နောက်ကျောကို ရှက်စိတ်တွေနဲ့သာ ကြည့်နေနိုင်တော့တယ်.
ဖက်တီးကယုလန်ကို နှစ်သိမ့်တဲ့အနေနဲ့ ပုခုံးကိုပုတ်ပေးလိုက်တယ်. နောက်တော့ သူတို့နှစ်ယောက်လုံး မျက်လုံးစုံလိုက်ကြပြီး ပြိုင်တူပြောလိုက်ကြမိတယ်.
"စောက်ကပ်ဆိုးကြီး "
.................
ညဘက်ရောက်တဲ့အခါမှာ ရှီရှန်းက ကျားဖြူလေးကို ပိုက်ကာ လသာဆောင်မှာပဲ နေနေခဲ့တယ်။ညဥ့်ဦးပိုင်းရောက်တော့ ပက်လက်ကုလားထိုင်ပေါ်မှာပဲ အိပ်ပျော်သွားခဲ့တယ်.ယုလန်တို့အဖွဲ့က သူမကိုမနှောင့်ယှက်ခဲ့ပါဘူး။ ယုကျင်းက အစောပိုင်းမှာ သူမကိုကျိန်ဆဲနေခဲ့ပေမယ့်လည်း ယုလန်က ချက်ချင်းပါးစပ်ပိတ်ခိုင်းခဲ့တယ်။
ယုလန်နဲ့ ဖက်တီးတို့ အလှည့်ကျစောင့်ကြည့်ရင်း အဆိုင်းပြောင်းတဲ့အခါမှာ ယုလန်က လသာဆောင်ဘက်ကို လှမ်းကြည့်လိုက်တော့မှ ပက်လက်ကုလားထိုင်မှာအိပ်နေတဲ့ မိန်းကလေးငယ်လေး ပျောက်နေမှန်း သတိထားလိုက်မိတော့တယ်။
ယုလန်ချက်ချင်းပဲ လသာဆောင်ဘက်သို့ပြေးကြည့်လိုက်တယ်။ သူမအိပ်နေခဲ့တဲ့ နေရာမှာ နွေးနွေးလေးခံစားလို့ရတာကြောင့် မကြာသေးခင်ကမှ ပျောက်သွားမှန်း ခန့်မှန်းလိုက်တယ်။
ယုလန်က လမ်းမပေါ်တချက် ကြည့်လိုက်ပြီး လမ်းကြားလေးထဲ ဝင်သွားတဲ့ အရိပ်ကလေးကို ဖြတ်ခနဲ မြင်လိုက်ရတယ်။ ယုလန်ကတော့ ထိုမိန်းကလေး ထူးဆန်းမှန်း ပိုသေချာသွားရတော့တယ်။
............
ရှီရှန်း ခပ်ဝေးဝေးထိ မသွားခဲ့ပါဘူး။ သူမလသာဆောင်မှာ ရပ်နေတုန်းက သူမရဲ့ထူးဆန်းတဲ့စွမ်းအားက zombieများအပေါ်သက်ရောက်မှုရှိနေတယ်လို့ မတော်တဆရှာဖွေတွေ့ရှိခဲ့တာကြောင့် စမ်းသပ်ဖို့အတွက် ညဘက်ကြီး ထွက်လာခဲ့တာဖြစ်တယ်။
Transalated by Anna💚
Zawgyi
'ဘယ္လိုစြမ္းအားမို႔လို႔ ပန္းေတြထြက္လာတာတုန္း.?ၿပီးေတာ့ မဲမဲႀကီး! ငါ့ကို ဘာေစာက္ဇယားေတြ လာေပးေနတာလဲ'
မူလဇာတ္ေၾကာင္းမွာက ကုနန္းက မီးစြမ္းအားျဖစ္ၿပီး အလြန္အားႀကီးတဲ့ စြမ္းအားပဲျဖစ္တယ္.သို႔ေသာ္ သူမမွာ အဆင့္ျမႇင့္တဲ့ ခရစ္စတယ္ေက်ာက္တုံးေတြ မ႐ွိတာေၾကာင့္ မေသခင္အထိ ဒုတိယအဆင့္ထိသာ ေရာက္ခဲ့တယ္.
'ဒါမဲ့ ဒီအမည္မသိ မဲမဲႀကီးနဲ႔ စြမ္းအားက ဘယ္ကေရာက္လာတာလဲ? '
႐ွီ႐ွန္း ဆက္ၿပီးစမ္းသပ္ေနခဲ့တယ္. စြမ္းအားထုတ္လိုက္တဲ့အႀကိမ္တိုင္း အမဲေရာင္ပန္းပြင့္ေလးေတြ တစ္ပြင့္ ဒါမွမဟုတ္ ႏွစ္ပြင့္ သူမလက္ေခ်ာင္းထိပ္မွာ ေပၚၿမဲေပၚေနတယ္.
'ဒါက လုံးဝအ႐ႈပ္ထုပ္စြမ္းအား အစုတ္မလား.အရင္က ငါရဲ႕ မီးစြမ္းအားက ဘယ္ႂကြသြားတာလဲ ?! အဆင့္သိပ္မျမႇင့္တိုင္း ေဖ်ာက္ပစ္လိုက္လို႔မရဘူးေလ.!!!'
႐ွီ႐ွန္းအၾကာႀကီး စဥ္းစားခန္းဖြင့္ၿပီးတဲ့ေနာက္ မူမမွန္တာ တစ္ခုကို သတိရသြားတယ္.
'ဟိုZombieစုတ္က ငါဘယ္ေလာက္တိုက္တိုက္ ငါ့နား လာလာ'ဟမ့္'ၿပီး ကပ္ေနတာ ဒီစြမ္းအားေၾကာင့္လို႔ မေျပာနဲ႔ေနာ္. ေခြးသူေတာင္းစား system လာခဲ့စမ္း.. ငါ့cheatေတြျပန္ေပး နင့္ငါဘာလုပ္လို႔ ငါ့ကို ဒီလိုဆက္ဆံရဲတာလဲ!!? . '
...........
" AHHH ! "
မိန္းကေလးတစ္ေယာက္ရဲ႕ ေအာ္သံက လမ္းတစ္ေလွ်ာက္ ပ်ံႏွံလာခဲ့တယ္. ေယာက်္ားေလးေတြေရာ မိန္းကေလးေတြ လမ္းမထက္မွာ အေျပးလႊား ထြက္ေျပးေနၾကတယ္. သူတို႔ေနာက္မွာေတာ့ zombieတစ္သိုက္က လိုက္လာေနတယ္. zombieေတြ လက္ကလြတ္ဖို႔ရာအတြက္ အသည္းသန္ အားအကုန္သုံးကာ ေျပးေနၾကတယ္.
ေစာနက ေအာ္လိုက္တဲ့ မိန္းကေလးအသံကို ၾကားလိုက္ရတဲ့ လမ္းသြယ္ေတြထဲက zombieေတြကလည္း လမ္းမႀကီးေပၚတက္လာၿပီး ေစာနကအေသေျပးေနၾကတဲ့ အုပ္စုေနာက္ကို လိုက္လာၾကတယ္.
"အကိုယု ကြၽန္ေတာ္တို႔ ဘာလိုလုပ္ၾကမလဲ? "
ပုဆိန္ကိုင္ထားတဲ့ ဖက္တီးက ေမးလိုက္တယ္. ခုခ်ိန္မွာ သူတို႔အုပ္စုက အဝိုင္းခံထားရသလိုျဖစ္ေနၿပီ. သူတို႔အကိုက္ခံၾကေတာ့မွာလား?
"ဟိုးမွာ လူတစ္ေယာက္!"
မိန္းကေလးက ဒုတိယထပ္ကို လက္ညိႇဳးထိုးၿပီး ေအာ္ေျပာလိုက္တယ္.
"အကိုယု ဟိုမွာ လူတစ္ေယာက္႐ွိပါတယ္ဆို! "
သူတို႔ေရာက္ေနတဲ့ ရပ္ကြက္က သက္တမ္းရင့္ ရပ္ကြက္ေတြထဲက တစ္ခုျဖစ္တယ္. ဒါေၾကာင့္ အိမ္ေတာ္ေတာ္မ်ားမ်ားက ေ႐ွးေခတ္ဒီဇိုင္းျဖစ္တဲ့ လသာေဆာင္ေတြ ပါၾကတယ္.
အကိုယုလို႔အေခၚခံရတဲ့ လူက အေပၚကို ေမာ့ၾကည့္လိုက္တယ္.သူေတြ႕လိုက္တာ ၁၆ႏွစ္ဝန္းက်င္မိန္းမငယ္ေလးက အားကစားဝတ္စုံအသန္႔ဝတ္ထားၿပီး ေၾကာင္ျဖဴေလးကိုလည္း လက္ထဲမွာ ေပြ႕ခ်ီထားေသးကာ လသာေဆာင္မွာ မတ္တပ္ရပ္ေနတာပဲ ျဖစ္တယ္.
ယုလန္က ဒါက ထူးဆန္းတယ္လို႔ ေတြးမိေပမဲ့အေျခေနအရ အေတြးေတြျဖတ္လိုက္တယ္. ယုလန္က လသာေဆာင္ေအာက္က သံဘာဂ်ာ တံခါးကိုေတြ႕လိုက္ရတယ္. ဒါေပမယ့္ တံခါးက အထဲကေန တင္းတင္းက်ပ္က်ပ္ ပိတ္ထားတာေတြ႕လိုက္ရတယ္. တျခားတံခါးေတြကလည္း ပ်က္စီးေနၿပီျဖစ္လို႔လုံျခဳံတဲ့ေနရာကို ေရာက္ႏိုင္မွာမဟုတ္ဘူး.
ယုလန္ကလည္း မတတ္သာဘဲ မတ္တပ္ရပ္ေနတဲ့ ေကာင္မေလးကို လွမ္းေအာ္ေခၚေတာ့တယ္.
"မိန္းကေလး ကြၽန္ေတာ္တို႔အတြက္ တံခါးေပါက္ေလး ဖြင့္ေပးလို႔ရမလား"
Zombieေတြက တျဖည္းျဖည္း နီးလာၿပီ.
"ဟဲ့ တံခါးဖြင့္စမ္း ငါတို႔အထဲဝင္မလို႔ "
ကေလးမတစ္ေယာက္က ႐ွီ႐ွန္းကို အသံမာမာနဲ႔ လွမ္းေအာ္ေျပာလိုက္တယ္.
"မိန္းကေလး ကြၽန္ေတာ္တို႔ အထဲဝင္ပါရေစ. zombieေတြ တျဖည္းျဖည္းနဲ႔ နီးလာၿပီ! ကြၽန္ေတာ္တို႔ကို ကူညီေပးပါဗ် တံခါးေလးတစ္ခ်ပ္ေလာက္ ဖြင့္ေပးပါဗ်!!! "
"ဟဲ့ ကန္းေနလား နင္ တစ္ခုခုေျပာဦးေလ! "
ေအာက္ကေန သူတို႔ဘယ္ေလာက္ ေအာ္ေအာ္ လသာေဆာင္ကမိန္းကေလးကေတာ့ မလႈပ္ပါဘူး. တကယ္လို႔ သူမလက္ထဲက ေၾကာင္ရဲ႕အၿမီးသာ ယမ္းမေနဘူးဆိုရင္ ေက်ာက္႐ုပ္တစ္ခုလို႔ေတာင္ ထင္ရႏိုင္တယ္. Zombieေတြကေတာ့ ထိုအုပ္စုနဲ႔ နီးသထက္နီးလာၿပီ.
"အားးးးး"
မိန္းကေလးသုံးေယာက္ရဲ႕ အာေခါင္ျခစ္ေအာ္သံႀကီး ထြက္လာေတာ့တယ္. ေယာက်္ားေလးေတြကေတာ့ လက္ထဲကလက္နက္ေတြနဲ႔ zombieေတြကို ျပန္ခုခံေနရတယ္.သူတို႔ရဲ႕ အေျခအေနက ေျပးေပါက္မ႐ွိေတာ့ေအာင္ကို ျဖစ္ေနၿပီ.
.........
႐ွီ႐ွန္း ငုံ႔ၾကည့္လိုက္တဲ့အခါမွာေတာ့ လုံးဝအေျခေနမဟန္ေတာ့တာကို ျမင္လိုက္ရေတာ့မွ တံခါးသြားဖြင့္ေပးလိုက္ေတာ့တယ္. တံခါးပြင့္ပြင့္ခ်င္း မိန္းကေလးသုံးေယာက္က ဝုန္းခနဲတိုးဝင္လာၿပီး ေကာင္ေလးေတြျဖစ္တဲ့ ယုလန္နဲ႔ ဖက္တီးက ေနာက္ကေနေျပးဝင္လာတယ္.သံဘာဂ်ာတံခါး ပိတ္လိုက္တဲ့အခါ အျပင္က zombieေတြက တံခါးကို မရမက စတင္ကုတ္ျခစ္ပါေတာ့တယ္.လက္သည္းနဲ႔သံတံခါးကို ျခစ္ေနၾကတဲ့အသံက ေတာ္ေတာ္ေလးကို နားဝင္ခ်ိဳမေနဘူး.
႐ွီ႐ွန္းက စိတ္မပါတပါ့နဲ႔ ထိုအုပ္စုကို တခ်က္ေစာင္းၾကည့္ၿပီး အေပၚထပ္ကိုသာ ျပန္တက္သြားေတာ့တယ္.မိန္းကေလးသုံးေယာက္က အခုခ်ိန္ထိေၾကာက္စိတ္မေျပေသးတာေၾကာင့္ ယုလန္နဲ႔ဖက္တီးက ေလွကားတက္ဖို႔ရာ ကူညီေပးလိုက္ရတယ္.
ဒုတိယထပ္သို႔ ေရာက္တဲ့အခါ ပထမဆုံးသူတို႔ျမင္လိုက္ရတဲ့အရာက ေခါင္းတစ္ျခမ္းပဲ့ေနတဲ့ Zombieတစ္ေကာင္ပဲျဖစ္တယ္.ေသြးညစ္ညစ္ေတြက တစ္ခန္းလုံးပြထေနၿပီး ေသြးညႇီနံ႔ႀကီးကေတာ္ေတာ္ ေအာ္ဂလီဆန္စရာႀကီးထြက္ေနတယ္.
"ေဝါ့ ေဝါ့"
မိန္းကေလးသုံးေယာက္က အဲ့ဒါႀကီးကိုျမင္ျမင္ခ်င္း အန္ထြက္ၾကၿပီး မ်က္ႏွာေတြကလည္း လူေသေကာင္လိုမ်ိဳး ျဖဴဖတ္ေနၾကတယ္.
"ဟိုင္း ကြၽန္ေတာ္ကယုလန္ပါ ေစာနကအတြက္ ေက်းဇူးတင္ပါတယ္"
ယုလန္က ပထမဆုံးစကားစေျပာလိုက္တယ္.
႐ွီ႐ွန္းကေတာ့ ဂ႐ုမစိုက္စြာဘဲ သူမလက္ျဖင့္ က်ားျဖဴကိုဆက္ပြတ္သပ္ေနလိုက္တယ္.သူမေခါင္းကအနည္းငယ္ ငုံ႔ထားတယ္ဆိုေပမဲ့ ပုံမွန္အတိုင္း တည္ၿငိမ္ေနဆဲပဲျဖစ္တယ္.
ယုလန္မွာ ေတာ္ေတာ္ေလး အံ့ၾသေနတယ္.
'ဒီမိန္းကေလးက ေတာ္ေတာ္ေလး တည္ၿငိမ္တာပဲ.သူမ်က္ႏွာေလးက ဘယ္အရာကမွ လိႈင္းထေအာင္မလုပ္ႏိုင္တဲ့ ေရကန္မ်က္ႏွာျပင္အတိုင္းပဲ.'
ၿပီးခဲ့တဲ့ဒီသုံးရက္က သူ႕(ယုလန္)အတြက္ ရာစုႏွစ္တစ္ခုစာေလာက္ၾကာေစခဲ့တယ္.စစခ်င္းတုန္းက သူ႕ကိုယ္သူ ျဖစ္ပ်က္ေနတာေတြကို လက္မခံႏိုင္ခဲ့ဘူး.zombieေတြကို ျပန္တိုက္ဖို႔လည္း မျဖစ္ႏိုင္ခဲ့ဘူး.အခုေတာ့ သူအသက္႐ွင္ဖို႔ရာအတြက္ zombieေတြကို ပထမဆုံးစသတ္ရေနၿပီ. ဒါေပမဲ့ ဒီလိုzombieေတြကို ျမင္ေနရတာ သူ႕အတြက္ေၾကာက္စိတ္နဲ႔႐ြံ႐ွာတဲ့စိတ္ေတြ ျဖစ္ေပၚေနဆ ဲပဲ
"အကို, ဘာလို႔သူကို ေက်းဇူးသြားတင္ေနတာလဲ?သူညီမတို႔အတြက္ တံခါးလာဖြင့္ဖို႔ကို အခ်ိန္အၾကာႀကီးယူခဲ့တာ ၾကည့္ရတာ သူကညီမတို႔ကို ေသသြားေစခ်င္တဲ့ပုံပဲ"
စကတ္အျပာေလးနဲ႔မိန္းကေလးက ယုလန္ေဘးကို လာရပ္ၿပီး သူ႕(မ)မ်က္ႏွာမွာလည္း ႐ွီ႐ွန္းကို လုံးဝမႏွစ္သက္တဲ့ အရိပ္ေယာင္ေတြ ထင္းေနတယ္.
႐ွီ႐ွန္း ထိုမိန္းကေလးကိုၾကည့္ရန္ ေခါင္းကိုေမာ့လိုက္ၿပီး ေကာက္က်စ္တဲ့စုန္းမအျပဳံး ျပဳံးလိုက္တယ္.
ကုနန္းက လွပေသာမ်က္ႏွာပိုင္႐ွင္ျဖစ္တယ္. အခုလိုျပဳံးလိုက္တဲ့အခါမွာေတာ့ ေႏြဦးမွာ ပြင့္လန္းလာတဲ့ ပြင့္ဖတ္ေလးေတြလိုမ်ိဳး ေတာက္ပသြားတယ္.ဒါေပမဲ့ ျပဳံးေနတဲ့ သူမမ်က္ႏွာမွာေတာ့ စိတ္ခံစားခ်က္တစ္စုံတစ္ခုမွ မပါဝင္ေနလို႔ ႏူးညံ့ျခင္းဆိုတာ သူမအျပဳံးနဲ႔ မသက္ဆိုင္ဘူး။
........
" နင္တို႔ေတြအသက္႐ွင္ေနတာ ငါတံခါးဖြင့္ေပးခဲ့လိုပဲေလ။ ဘယ္လိုပဲျဖစ္ျဖစ္နင့္တို႔အသက္ကို ငါကယ္ထားရတာပဲ။ ကိုယ့္ကိုကယ္ခဲ့တဲ့သူကို ဒီေလသံနဲ႔ေျပာရလား? ငါအခုနင္တို႔ကို zombieအစာ ျပန္လုပ္ပစ္လို႔ရတယ္ဆိုတာ ယုံလား? "
ယုလန္ကေတာ့ သူမရဲ႕အသံခ်ိဳခ်ိဳေလးထဲမွာ သတ္ျဖတ္လိုစိတ္ေတြကို ၾကားေနရတယ္.
"ငါတို႔ကိုကယ္တယ္. ဘယ္လိုလူက နင့္လို ကယ္မွာလဲ? နင္သာေစာေစာတံခါးဖြင့္ေပးရင္ ငါတို႔လည္း အဲ့အေကာင္ေတြနဲ႔ ၾကာၾကာေနစရာမလိုဘူး ထိတ္လန္႔စရာလည္းမျဖစ္ဘူး.အကို အဲ့ေကာင္မကို ၾကည့္! သူညီမကို ဆက္ဆံတဲ့ပုံကို ၾကည့္ၾကည့္!!! "
ယုက်င္းရဲ႕ မ်က္လုံးေတြက ေဒါသေၾကာင့္ နီရဲေနၿပီ.
' ဒီေကာင္မကမ်ား ငါ့ကို ၿခိမ္းေျခာက္ရဲတယ္ေပါ့။ '
"ငါက ဘာလို႔ နင့္တို႔အတြက္ တံခါးဖြင့္ေပးရမွာလဲ?"
႐ွီ႐ွန္းက ယုက်င္းရဲ႕ ေဒါသကို လ်စ္လ်ဴ႐ႈၿပီး
မယုံသကႅာနဲ႔ ေမးခြန္းျပန္ထုတ္လိုက္တယ္.
"နင္တို႔ေတြ အေျခခံလႈမႈေရးေတြ မသင္ခဲ့ရဘူးလား? နင့္တို႔ ဆရာမက သူစိမ္းေတြကို တံခါးဖြင့္မေပးရဘူးဆိုတာ မသင္ေပးလိုက္ဘူးလား? "
'အ႐ူးမ ငါသာနင္တို႔ကို မသနားရင္ တံခါးလာဖြင့္ေပးမယ္မ်ား ထင္ေနလား.ငါေလ နင္တို႔ကို ျပန္ကန္ထုတ္လို႔မရေတာ့တာ ႏွေျမာလိုက္တာ. '
" နင္.,,အခုျဖစ္ေနတဲ့ အျပင္ကအေျခေနေတြကိုေရာ သိ."
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ဗ်.ကြၽန္ေတာ့ညီမေလးက မရင့္က်က္ေသးလို႔ပါ."
ယုလန္ကလယုက်င္းကို သူ႕အေနာက္ပို႔လိုက္တယ္.
"အကို ဘာကိစၥ အဲ့ေကာင္မကို ေတာင္းပန္ရတာ__ "
"ယုက်င္း ေတာ္ေတာ္႕"
ယုလန္က ခ်က္ခ်င္းပဲ သူမညီမကို တားလိုက္ေတာ့တယ္.
"နင္ငါ့ကို အရင္ရက္ေတြက ဒုကၡေပးထားတာ မေလာက္ေသးလို႔လား"
ယုက်င္း သူမႏႈတ္ခမ္းကို ျပန္ကိုက္လိုက္တယ္. မ်က္လုံးေထာင့္မွာ မ်က္ရည္ဝဲလာၿပီး က်န္တဲ့မိန္းကေလးႏွစ္ေယာက္နား ေျခကိုေဆာင့္ကာ ထြက္သြားေတာ့တယ္။
"ဒီအတြက္ေတာင္းပန္ပါတယ္။ ကြၽန္ေတာ့ ညီမေလးက အိမ္မွာအရမ္းအလိုလိုက္မိၿပီး ပ်က္စီးေနသလို ျဖစ္သြားတယ္။ ဒါေၾကာင့္စိတ္မဆိုးပါနဲ႔။ ဒီေန႔မိန္းကေလးက ကြၽန္ေတာ္တို႔ရဲ႕အသက္ကိုကယ္တင္ခဲ့တယ္။ ကြၽန္ေတာ္တို႔မွာ အမ်ားႀကီးမ႐ွိပါဘူး။ တကယ္လို႔ မိန္းကေလးဆႏၵ႐ွိမယ္ဆိုရင္ ကြၽန္ေတာ္တို႔နဲ႔ အစားအစာတခ်ိဳ႕ကို အတူတူစား.,;"
"မလိုဘူး"
႐ွီ႐ွန္းကက်ားျဖဴကိုေပြ႕ လိုက္ၿပီး လသာေဆာင္ဘက္ ဦးတည္လိုက္တယ္.
"နင့္ရဲ႕ အ႐ူးညီမကို ငါ့ေ႐ွ႕ေပၚလာမခိုင္းနဲ႔ "
ယုလန္မွာ ႐ွီ႐ွန္းရဲ႕ေနာက္ေက်ာကို ႐ွက္စိတ္ေတြနဲ႔သာ ၾကည့္ေနႏိုင္ေတာ့တယ္.
ဖက္တီးကယုလန္ကို ႏွစ္သိမ့္တဲ့အေနနဲ႔ ပုခုံးကိုပုတ္ေပးလိုက္တယ္. ေနာက္ေတာ့ သူတို႔ႏွစ္ေယာက္လုံး မ်က္လုံးစုံလိုက္ၾကၿပီး ၿပိဳင္တူေျပာလိုက္ၾကမိတယ္.
"ေစာက္ကပ္ဆိုးႀကီး "
.................
ညဘက္ေရာက္တဲ့အခါမွာ ႐ွီ႐ွန္းက က်ားျဖဴေလးကို ပိုက္ကာ လသာေဆာင္မွာပဲ ေနေနခဲ့တယ္။ညဥ့္ဦးပိုင္းေရာက္ေတာ့ ပက္လက္ကုလားထိုင္ေပၚမွာပဲ အိပ္ေပ်ာ္သြားခဲ့တယ္.ယုလန္တို႔အဖြဲ႕က သူမကိုမေႏွာင့္ယွက္ခဲ့ပါဘူး။ ယုက်င္းက အေစာပိုင္းမွာ သူမကိုက်ိန္ဆဲေနခဲ့ေပမယ့္လည္း ယုလန္က ခ်က္ခ်င္းပါးစပ္ပိတ္ခိုင္းခဲ့တယ္။
ယုလန္နဲ႔ ဖက္တီးတို႔ အလွည့္က်ေစာင့္ၾကည့္ရင္း အဆိုင္းေျပာင္းတဲ့အခါမွာ ယုလန္က လသာေဆာင္ဘက္ကို လွမ္းၾကည့္လိုက္ေတာ့မွ ပက္လက္ကုလားထိုင္မွာအိပ္ေနတဲ့ မိန္းကေလးငယ္ေလး ေပ်ာက္ေနမွန္း သတိထားလိုက္မိေတာ့တယ္။
ယုလန္ခ်က္ခ်င္းပဲ လသာေဆာင္ဘက္သို႔ေျပးၾကည့္လိုက္တယ္။ သူမအိပ္ေနခဲ့တဲ့ ေနရာမွာ ေႏြးေႏြးေလးခံစားလို႔ရတာေၾကာင့္ မၾကာေသးခင္ကမွ ေပ်ာက္သြားမွန္း ခန္႔မွန္းလိုက္တယ္။
ယုလန္က လမ္းမေပၚတခ်က္ ၾကည့္လိုက္ၿပီး လမ္းၾကားေလးထဲ ဝင္သြားတဲ့ အရိပ္ကေလးကို ျဖတ္ခနဲ ျမင္လိုက္ရတယ္။ ယုလန္ကေတာ့ ထိုမိန္းကေလး ထူးဆန္းမွန္း ပိုေသခ်ာသြားရေတာ့တယ္။
............
႐ွီ႐ွန္း ခပ္ေဝးေဝးထိ မသြားခဲ့ပါဘူး။ သူမလသာေဆာင္မွာ ရပ္ေနတုန္းက သူမရဲ႕ထူးဆန္းတဲ့စြမ္းအားက zombieမ်ားအေပၚသက္ေရာက္မႈ႐ွိေနတယ္လို႔ မေတာ္တဆ႐ွာေဖြေတြ႕႐ွိခဲ့တာေၾကာင့္ စမ္းသပ္ဖို႔အတြက္ ညဘက္ႀကီး ထြက္လာခဲ့တာျဖစ္တယ္။
Transalated by Anna💚