Unicode
အဲ့ဒီနေ့ကနေစပြီးတော့ ယဲ့ချင်ချိုးရဲ့ဘ၀က အရှင်လတ်လတ်ငရဲကျနေသလိုခံစားနေရတယ်
အဲ့ဒီလူကသူမကိုအသက်ဆက်ရှင်နေအောင်ဘာနည်းလုံးသုံးထားလဲမသိပေမယ့် သူမပါလုံ့ကျွယ်နဲ့အတူတူလိုက်သေသွားရရင် ကောင်းမယ်လို့ ဆုတောင်းမိတယ်
သူမကိုယ်တိုင်သူ့ကိုအလုပ်အကျွေးပြုရသလို ချောမောလှပတဲ့အပျိုစင်လေးတွေကိုလည်း ရှာဖွေပေးရသေးတယ်
သူကရေ၀ိညာဥ်သွေးကြောပိုင်ဆိုင်တဲ့မိန်းကလေးတွေကိုပဲအသုံးပြုတာမဟုတ်တော့ဘဲ အပျိုစင်မိန်းကလေးတိုင်းကိုပါ ပစ်မှတ်ထားလာတယ်
ယဲ့ချင်ချိုးကထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့်လည်း အဲ့ဒီသူက သူမကိုအမြဲတမ်းပြန်ဖမ်းမိနေတယ် ပြီးတော့ထွက်ပြေးတဲ့အတွက် ရတဲ့ပြစ်ဒဏ်ကလည်း မခံမရပ်နိုင်အောင်နာကျင်ရတာမို့လို့ နောက်တစ်ကြိမ်ထွက်ပြေးဖို့ မတွေးရဲတော့ဘူး
အမျိုးသားတွေအများကြီးနဲ့ နှစ်ပေါင်းများစွာဆက်ဆံထားပြီး စွမ်းအင်အမြောက်အများရှိနေတဲ့ သူမရဲ့ခန္ဓာကိုယ်က သူ့အတွက် နှစ်ရှည်လများ စွဲသုံးနိုင်တဲ့ အားဆေးတစ်ခွက်လိုဖြစ်နေတာကြောင့် သူမသာ သူ့စကားကိုနာခံနေသမျှ အသက်ရှင်လို့ရနေလိမ့်အုံးမယ် ကံဆိုးသွားသူတွေကတော့ သူမပြန်ပေးဆွဲလာပေးရတဲ့ အဲ့ဒီအပျိုစင်လေးတွေပဲ သူတို့ကမူလပုံစံမပေါ်တော့အောင်ကို နှိပ်စက်အနိုင်ကျင့်ခံကြရပြီး သေဆုံးကုန်ကြတယ်
"အခုတလော မိန်းကလေးတွေအများကြီးပျောက်နေကြတယ်နော် ငါကြားတာတော့ဒီကိစ္စက မကောင်းဆိုး၀ားသခင်နားထဲထိရောက်သွားလို့ စုံစမ်းဖို့အတွက်လူတွေလွှတ်လိုက်ပြီဆိုပဲ "
"ဟမ့်...... ဘယ်သူသိနိုင်မလဲ..ဒီကိစ္စက အဲ့ဒီမကောင်းဆိုး၀ါးတွေ လုပ်တာလဲဖြစ်ချင်ဖြစ်နေနိုင်တာပဲ.."
"ရှူး!!!.. ..မင်း သေချင်နေပြီလား...အခုချိန်မှာကျင့်ကြံခြင်းလောကကိုမကောင်းဆိုး၀ါးမျိုးနွယ်စုကအုပ်ချုပ်နေတာကွ ...နောက်တစ်ခါ အဲ့လိုတွေမပြောမိစေနဲ့...."
ယဲ့ချင်ချိုးက သူတို့အနားကနေ မျက်နှာသေနဲ့ဖြတ်လာခဲ့တယ်
'ကိစ္စက မကောင်းဆိုး၀ါးမျိုးနွယ်စုဆီတောင်ရောက်သွားပြီလား..'
သူမတို့တည်းခိုနေတဲ့ရွာကိုပြန်လာခဲ့ပြီး အိပ်ရာပေါ်မှာ ခြေထောက်ချိတ်ထိုင်နေတဲ့ လူကို ခေါင်းငုံ့ပြီး အရိုအသေပြုလိုက်တယ်
"လူတွေပျောက်နေတာကိုစုံစမ်းဖို့ မကောင်းဆိုး၀ါးမျိုးနွယ်စုက လူတွေလွှတ်လိုက်ပြီလို့ကြားတယ်..ကျွန်မတို့ နေရာပြောင်းကြမလား"
သူမက ဒီလူကို စိုးရိမ်နေလို့တော့မဟုတ်ဘူး ဒါပေမယ့်သူမရဲ့ဘ၀က သူ့လက်ထဲမှာရှိနေတာ
မကောင်းဆိုး၀ါးမျိုးနွယ်စုကသာသူ့ကိုဖမ်းမိသွားရင် အသေသတ်ပစ်လိုက်လိမ့်မယ် အဲ့ကျရင် သူမလည်း အသက်ရှင်နိုင်မှာမဟုတ်ဘူး
"သိသွားပြီတဲ့လား ....ဟမ့်!!!.... ကိစ္စမရှိဘူး ...အခုတော့ အရှင်၀ူချီနဲ့ မရင်ဆိုင်နိုင်သေးပေမယ့် ငါ့စွမ်းအားတွေအကုန်ပြန်ရလာတဲ့အချိန်ကျရင်တော့ မကောင်းဆိုး၀ါးလောကသခင်နေရာက ငါ့အတွက်ပဲ "
ယဲ့ချင်ချိုးက ခေါင်းကိုမော့လိုက်တဲ့အခါမှာ အိပ်ရာပေါ်မှာထိုင်နေတဲ့သူက သူမကို ကောက်ကျစ်ယုတ်မာစွာကြည့်နေတာကိုတွေ့လ်ိုက်ရတာကြောင့်ရုတ်တရပ်နှလုံးရပ်သွားသလိုခံစားရပြီး လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိလိုက်တယ်
အဲ့ဒီသူက သူမကို အိပ်ရာပေါ်တွန်းလှဲလိုက်တယ်
သူမတို့နှစ်ယောက်က မကောင်းဆိုး၀ါးလောကရဲ့၀ရမ်းပြေးအဖြစ် ကြေညာထားခြင်းခံရတာကြောင့် တည်နေရာကို ခနခနပြောင်းရွှေ့နေရတယ်
လူပျောက်မှုတွေပိုများလာတာနဲ့အမျှ အရှင်၀ူချီရဲ့ စိတ်ကိုပိုပြီးအနှောင့်အယှက်ဖြစ်လာစေတယ်..မကောင်းဆိုး၀ါးမျိုးနွယ်စုမှာ အမျိုးသမီးအနည်းငယ်ပဲရှိတာကြောင့် ပျောက်ဆုံးသွားသူတွေက သာမန်ကျင့်ကြံသူအမျိုးသမီးတွေပဲဖြစ်တယ် လူတွေခနခနပျောက်နေတာဟာ နေစဥ်လုပ်ငန်းလည်ပတ်မှုကို သက်ရောက်စေတာကြောင့် ဒီကိစ္စကိုဖြေရှင်းနိုင်ဖို့ကအရေးကြီးတဲ့ တာ၀န်တစ်ခုဖြစ်လာတယ်
...........
အချိန်အတော်ကြာအောင်တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့နောက်ဆုံးအနိုင်ရသူက အရှင်၀ူချီပဲဖြစ်တယ်
"ငါ့ကိုမသတ်ပါနဲ့......သူကငါ့ကိုအတင်းဖိအားပေးလို့ ငါလုပ်ခဲ့ရတာပါ..
ကျေးဇူးပြုပြီး...ငါ့ကိုမသတ်ပါနဲ့..ငါ့မှာအပြစ်မရှိဘူး...ငါ့ကိုမသတ်နဲ့....."
သေလုနီးပါးဖြစ်နေတဲ့ ယဲ့ချင်ချိုးကမြေကြီးပေါ်မှာလဲကျနေတယ် သူမကိုကြည့်ရတာ နှစ်အနည်းငယ်လောက်အသက်ပိုကြီးသွားသလိုထင်နေရပေမယ့် လှပနေတုန်းပဲ သူမငိုယိုအသနားခံနေတဲ့အခါမှာ မြင်ရသူအဖို့ နာကျင်ရစေတယ်
"ယဲ့ချင်ချိုး.....ဒီအခြေနေရောက်အောင်မင်းကိုယ်တိုင်ပဲ ဖန်တီးခဲ့တာပဲ... မင်းက ဒီမိစ္ဆာကို လွှတ်ပေးပြီး ဒီနှစ်တွေအတွင်းမှာ သူ့ကို အားပြန်ပြည့်ဖို့ ကူညီပေးနေခဲ့တာ.... မင်းတို့၂ယောက်ကြောင့် ကိစ္စတွေအားလုံး ကမောက်ကမ ဖြစ်ကုန်ခဲ့ပြီပဲ.. "
အရှင်၀ူချီက သနားကရုဏာသက်ခြင်းမရှိဘဲ ပြောလိုက်တယ်
"ငါမဟုတ်ဖူး!!!!...သွေးစာချုပ်ကို အတင်းအကြပ်ချုပ်စေခဲ့တာက သူပဲ...ပြီးတော့ ရှန်းရှူ.....ငါသူ့ကိုသတ်ချင်တယ်...ငါသူ့ကိုသတ်မယ်!!!!!! "
အရှင်၀ူချီကခေါင်းကိုခါယမ်းလိုက်တယ်
"မင်းမေ့သွားပြီလား...သူသွေးစာချုပ်ကိုချုပ်ခွင့်ရသွားတယ်ဆိုတာက မင်းက အရင်ဆုံးမကောင်းဆိုး၀ါးလောကကိုဖောက်ထွင်းခဲ့လို့ဆိုတာကိုလေ... မင်းကိုယ်တိုင်ဒီလောကထဲကိုမဆင်မခြင်၀င်လာခဲ့ပြီး သူရှိနေတဲ့ချောက်ကမ်းပါးထဲကိုပြုတ်ကျသွားခဲ့တာပဲ ..ယဲ့ချင်ချိုး...အရာအားလုံးက ကိုယ်ဖန်တီးတဲ့အကျိုးဆက်ပဲ..အခုမှသူများကိုအပြစ်တင်နေလို့မရတော့ဘူး ...."
"ငါကိုယ်တိုင်လုပ်တာတဲ့လား..ဟားဟား... မဟုတ်ဖူး...နင်ပြောတာမမှန်ဘူး... အဲ့ဒါရှန်းရှူကြောင့်ဖြစ်တာပဲ...သူမကအရင်ငါ့ဆရာကိုသတ်လိုက်ပြီး ငါ့ကို အဲ့ဒီလိုအခြေအနေထိရောက်စေခဲ့တာ ... အားလုံးကရှန်းရှူရဲ့အမှားပဲ..."
ယဲ့ချင်ချိုးရဲ့မျက်လုံးထဲကအဓိပ္ပါယ်မရှိတဲ့အမုန်းတရားတွေကိုဆက်ပြီးကြည့်မနေနိုင်တော့တဲ့အတွက်အရှင်၀ူချီလည်း သူမကိုအဆုံးသတ်လိုက်ဖို့ နောက်လိုက်ငယ်သားတွေကို အမိန့်ပေးပြီးထွက်လာခဲ့တယ်
......
ရှီရှန်းက ဒီသတင်းကို သူမရဲ့မင်္ဂလာပွဲနေ့မှ လက်ခံရရှိခဲ့တယ် ...ဟုတ်ပါတယ်..မင်းတို့ဖတ်လိုက်တာမမှားပါဘူး...ဖုန်းစီကတကယ်ပဲသူမကိုလက်ထပ်ယူတော့မယ်...မင်္ဂလာပွဲကိုတက်ရောက်မယ့်ဧည့်သည်တွေမရှိပေမယ့်ပေါ့
အခု ဇာတ်လိုက်မသေသွားပြီဆိုတော့ သူမရဲ့တာ၀န်ကပြီးသလောက်ဖြစ်သွားပြီ...ကျန်ရှိနေတဲ့အချိန်တွေကို ဖုန်းစီနဲ့ပဲတူတူကုန်ဆုံးနိုင်တော့မယ်
"ရှောင်ရှူ....မင်္ဂလာပွဲကို စည်စည်ကားကားဖြစ်စေချင်သေးလား..မင်းသာဖြစ်စေချင်ရင် မင်္ဂလာပွဲတက်ဖို့ဧည့်သည်တွေအများကြီးကိုယ်ခေါ်လာခဲ့မယ်"
ဖုန်းစီကအပြင်ကနေ၀င်လာပြီး ရှီရှန်းကိုအပြုံးလေးနဲ့မေးတယ်
'ဧည့်သည်တွေစိတ်ပါလက်ပါပွဲတက်တာမဟုတ်ပေမယ့်လို့ပေါ့'
"တော်ပါပြီ...အပြင်လူတွေခေါ်ပြီးနေရာရှုပ်အောင်လုပ်မနေနဲ့တော့..ကျွန်မလက်ထပ်မှာက သူတို့နဲ့မှမဟုတ်တာ.."
'သူတို့တွေရောက်လာရင်တောင် ကြောက်နေတာနဲ့အချိန်ကုန်သွားမှာ..ဘာဆုမွန်ကောင်းမှရမှာမဟုတ်ဘူး...အဲ့တော့ အပိုအလုပ်တွေလုပ်မနေနဲ့တော့.....'
ဖုန်းစီနဲ့နှုတ်ခမ်းတွေကအပေါ်ကိုကွေးတက်သွားပြီး နီညိုရောင်မျက်၀န်းတွေကလည်း နွေးထွေးမှုနဲ့ပြည့်နေတယ် သူ့ရဲ့ရှောင်ရှူက အရမ်းလှနေတာ သူကလည်းသေချာပေါက်တခြားသူတွေကို ပေးမမြင်စေချင်ပါဘူး!!!! ရှောင်ရှူက သူ့အပိုင်ပဲ...
ဒါပေမယ့်လည်း မင်္ဂလာပွဲနေ့မှာ မမျှော်လင့်ဘဲ ဖိတ်မထားတဲ့ ဧည့်သည်အချို့ရောက်နေတယ်
ပထမတစ်ယောက်ကတော့ အရှင်၀ူချီပေါ့...ဖုန်းစီရဲ့ ခေါင်းပေါ်မှာအနက်ရောင်တိမ်တိုက်ကလေးတွေစုေ၀းနေသယောင်ထင်ရတယ်...
"မင်္ဂလာဆောင်ဆိုတာ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်ရှိရမှာပေါ့...ဘာဖြစ်လို့ တိတ်တ်ိတ်ကလေး လုပ်နေကြတာလဲ"
အရှင်၀ူချီက ဖုန်းစီရဲ့ အနက်ရောင်တိမ်တိုက်တွေကိုလျစ်လျူရှုပြီး သူ့လက်ဆောင်ကိုဖွင့်ပြတယ်
"ဒါတွေက မကောင်းဆိုး၀ါးလောကမှာနာမည်ကြီးတဲ့ ရွှေလိပ်ပြာတွေလေ.."
ရွှေရောင်နဲ့အနက်ရောင်ရောစပ်ထားတဲ့ လိပ်ပြာတွေက ရှီရှန်းနဲ့ ဖုန်းစီတို့နားမှာ လှပစွာပျံသန်းနေကြတယ်
"ရွှေလိပ်ပြာတွေရဲ့ကောင်းချီးပေးခံရတဲ့စုံတွဲက တစ်သက်လုံးအတူတူရှိသွားကြရတယ်ဆိုတဲ့ဆိုရိုးရှိတယ်"
အရှင်၀ူချီရဲ့ *အလေးအနက်စကား* ကြောင့် မီးတောက်တွေ ထုတ်တော့မလိုလုပ်နေတဲ့ ဖုန်းစီလည်း ငြိမ်ငြိမ်လေးပဲပြန်နေလိုက်တယ်
'ရှောင်ရှူနဲ့တစ်သက်လုံး တူတူနေမယ်'
"ဒါပေမယ့်... သူတို့ကအဆိပ်ရှိတယ်.."
အရှင်၀ူချီက ရှီရှန်းကို မျက်စိတစ်ဖက်မှိတ်ပြပြီး ထွက်ပြေးသွားတယ်
"ငါမင်းတို့နှစ်ယောက်ကိုမနှောင့်ယှက်တော့ပါဘူး.. မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်နော်!!!!! "
ရွှေလိပ်ပြာအားလုံး ပြာဖြစ်သွားကြတယ်
နောက်ထပ်ဧည့်သည်တွေကတော့ ပိုင်လန်နဲ့လင်းရီရီတို့ဖြစ်တယ်
လင်းရီရီကတော့ အရင်ကလို တက်တက်ကြွကြွရှိနေတုန်းပဲ
အချိန်တွေအများကြီးကုန်သွားကြောင်း သူမဆီမှာမပေါ်လွင်ဘူး
"ဆရာတူညီမလေး....မင်္ဂလာပွဲကိုဂုဏ်ပြုပါတယ် "
ပိုင်လန်က သူ့လက်ဆောင်ကိုကမ်းပေးပြီး စိတ်ရင်းမှန်နဲ့ ဂုဏ်ပြုစကားဆိုတယ်
"ကျေးဇူးတင်ပါတယ်..ဆရာတူအကို..."
ရှီရှန်းကပြုံးပြပြီး လက်ဆောင်ကိုလက်ခံလိုက်တယ်
"ဂိုဏ်းတူဒေါ်လေး...ဒေါ်လေး အရမ်းလှတာပဲ...ရီရီလည်း ဒေါလေးကိုလက်ထပ်ချင်တယ်..၀ူး၀ူး...."
လင်းရီရီက ရှီရှန်းကို ဆွဲပြီး လေးငါးခါလောက် လှည့်ပတ်နေတယ်
အဆုံးမှာတော့ ဖုန်းစီရဲ့မီးတောက်တွေကိုသတိထားမိသွားတဲ့ ပိုင်လန်ရဲ့ပြန်ဆွဲခေါ်ခြင်းခံလိုက်ရတယ်
" .....ကျွန်မမေးချင်တာက..ရှင်တို့ဒီကိုဘယ်လိုရောက်လာကြတာလဲ.."
'ဒါကကောင်းကင်ဘုံလောကလေ...တက်လှမ်းခြင်းမရှိသေးတဲ့ ဒီ၂ယောက်ကဘယ်လိုလုပ်ရောက်နေကြတာလဲ'
လင်းရီရီကမျက်တောင်ခတ်လိုက်တယ်
"ဒေါ်လေး မသိဘူးလား..ကျင့်ကြံခြင်းလောကနဲ့မကောင်းဆိုး၀ါးလောက ကတစ်ပေါင်းတစ်စည်းထဲဖြစ်သွားပြီလေ...ကျွန်မတို့ကြိုက်တဲ့အချိန် အရှင်၀ူချီရဲ့နယ်မြေထဲက်ု၀င်လို့ထွက်လို့ရတယ်.. ပြီးတော့မကောင်းဆိုး၀ါးလောကနဲ့ကောင်းကင်ဘုံလောကကို ဆက်သွယ်ထားတဲ့လမ်းလည်းရှိတယ်.."
ရှီရှန်း."......."
'ငါလည်းမသိရပါလား'
ပိုင်လန်နဲ့လင်းရီရီတို့က ပွဲပြီးတဲ့အထိနေသွားတယ်
နောက်ဆုံး ဧည့်သည်ကတော့ ကောင်းကင်ဘုံသခင်ရဲ့ကောင်းချီးကိုယူဆောင်လာပေးတဲ့လုကျန်းပဲဖြစ်တယ်
လုကျန်း :'(
'ဘာလို့ငါပဲအမြဲဖြစ်နေရတာလဲ...'
ကောင်းကင်ဘုံလောကတစ်ခုလုံး : ' ဘာလို့လဲဆိုတော့ အရှင်ကကျွန်တော်တို့ရဲ့ကြီးကြပ်သူမို့လို့ပဲ...အရှင်ကြောက်လန့်ရတာက ကျွန်တော်တို့လောကတစ်ခုလုံးကို ငြိမ်းချမ်းစေမယ်ဆိုရင် အရှင်ကကျွန်တော်တို့ရဲ့သူရဲကောင်းကြီးပဲ!!! '
ရှီရှန်းနဲ့ဖုန်းစီရဲ့မင်္ဂလာပွဲကရိုးရှင်းပြီး အစကနေအဆုံးထိ ၁၀မိနစ်၁၅မိနစ်လောက်ပဲကြာတယ် ပွဲပြီးတာနဲ့ ဇနီးမောင်နှံ၂ယောက်ကချက်ချင်းပျောက်သွားပြီး ဧည့်သည်၃ယောက်ကို အချင်းချင်းပြူးကြောင်ကြောင်နဲ့ကြည့်နေကြရင်းကျန်ရစ်ခဲ့ရစေတယ်
'ဒါက ဘယ်လိုလက်ထပ်ပွဲကြီးလဲ....ပွဲပြီးတာနဲ့ထွက်ပြေးသွားတဲ့သတို့သားနဲ့သတို့သမီးဆိုတာ ရှိလို့လား မင်းတို့ရဲ့ဧည့်သည်တွေက ငုတ်တုပ်ကြီးထိုင်နေကြတုန်းကွ!!! '
Transalated by
Dora 💜Anna💚 Mia💙
14.4.21(Tuesday)
Zawgyi
အဲ့ဒီေန႔ကေနစၿပီးေတာ့ ယဲ့ခ်င္ခ်ိဳးရဲ႕ဘ၀က အ႐ွင္လတ္လတ္ငရဲက်ေနသလိုခံစားေနရတယ္
အဲ့ဒီလူကသူမကိုအသက္ဆက္႐ွင္ေနေအာင္ဘာနည္းလုံးသုံးထားလဲမသိေပမယ့္ သူမပါလုံ႔ကြၽယ္နဲ႔အတူတူလိုက္ေသသြားရရင္ ေကာင္းမယ္လို႔ ဆုေတာင္းမိတယ္
သူမကိုယ္တိုင္သူ႕ကိုအလုပ္အေကြၽးျပဳရသလို ေခ်ာေမာလွပတဲ့အပ်ိဳစင္ေလးေတြကိုလည္း ႐ွာေဖြေပးရေသးတယ္
သူကေရ၀ိညာဥ္ေသြးေၾကာပိုင္ဆိုင္တဲ့မိန္းကေလးေတြကိုပဲအသုံးျပဳတာမဟုတ္ေတာ့ဘဲ အပ်ိဳစင္မိန္းကေလးတိုင္းကိုပါ ပစ္မွတ္ထားလာတယ္
ယဲ့ခ်င္ခ်ိဳးကထြက္ေျပးဖို႔ႀကိဳးစားခဲ့ေပမယ့္လည္း အဲ့ဒီသူက သူမကိုအၿမဲတမ္းျပန္ဖမ္းမိေနတယ္ ၿပီးေတာ့ထြက္ေျပးတဲ့အတြက္ ရတဲ့ျပစ္ဒဏ္ကလည္း မခံမရပ္ႏိုင္ေအာင္နာက်င္ရတာမို႔လို႔ ေနာက္တစ္ႀကိမ္ထြက္ေျပးဖို႔ မေတြးရဲေတာ့ဘူး
အမ်ိဳးသားေတြအမ်ားႀကီးနဲ႔ ႏွစ္ေပါင္းမ်ားစြာဆက္ဆံထားၿပီး စြမ္းအင္အေျမာက္အမ်ား႐ွိေနတဲ့ သူမရဲ႕ခႏၶာကိုယ္က သူ႕အတြက္ ႏွစ္႐ွည္လမ်ား စြဲသုံးႏိုင္တဲ့ အားေဆးတစ္ခြက္လိုျဖစ္ေနတာေၾကာင့္ သူမသာ သူ႕စကားကိုနာခံေနသမွ် အသက္႐ွင္လို႔ရေနလိမ့္အုံးမယ္ ကံဆိုးသြားသူေတြကေတာ့ သူမျပန္ေပးဆြဲလာေပးရတဲ့ အဲ့ဒီအပ်ိဳစင္ေလးေတြပဲ သူတို႔ကမူလပုံစံမေပၚေတာ့ေအာင္ကို ႏွိပ္စက္အႏိုင္က်င့္ခံၾကရၿပီး ေသဆုံးကုန္ၾကတယ္
"အခုတေလာ မိန္းကေလးေတြအမ်ားႀကီးေပ်ာက္ေနၾကတယ္ေနာ္ ငါၾကားတာေတာ့ဒီကိစၥက မေကာင္းဆိုး၀ားသခင္နားထဲထိေရာက္သြားလို႔ စုံစမ္းဖို႔အတြက္လူေတြလႊတ္လိုက္ၿပီဆိုပဲ "
"ဟမ့္...... ဘယ္သူသိႏိုင္မလဲ..ဒီကိစၥက အဲ့ဒီမေကာင္းဆိုး၀ါးေတြ လုပ္တာလဲျဖစ္ခ်င္ျဖစ္ေနႏိုင္တာပဲ.."
"႐ွဴး!!!.. ..မင္း ေသခ်င္ေနၿပီလား...အခုခ်ိန္မွာက်င့္ၾကံျခင္းေလာကကိုမေကာင္းဆိုး၀ါးမ်ိဳးႏြယ္စုကအုပ္ခ်ဳပ္ေနတာကြ ...ေနာက္တစ္ခါ အဲ့လိုေတြမေျပာမိေစနဲ႔...."
ယဲ့ခ်င္ခ်ိဳးက သူတို႔အနားကေန မ်က္ႏွာေသနဲ႔ျဖတ္လာခဲ့တယ္
'ကိစၥက မေကာင္းဆိုး၀ါးမ်ိဳးႏြယ္စုဆီေတာင္ေရာက္သြားၿပီလား..'
သူမတို႔တည္းခိုေနတဲ့႐ြာကိုျပန္လာခဲ့ၿပီး အိပ္ရာေပၚမွာ ေျခေထာက္ခ်ိတ္ထိုင္ေနတဲ့ လူကို ေခါင္းငုံ႔ၿပီး အ႐ိုအေသျပဳလိုက္တယ္
"လူေတြေပ်ာက္ေနတာကိုစုံစမ္းဖို႔ မေကာင္းဆိုး၀ါးမ်ိဳးႏြယ္စုက လူေတြလႊတ္လိုက္ၿပီလို႔ၾကားတယ္..ကြၽန္မတို႔ ေနရာေျပာင္းၾကမလား"
သူမက ဒီလူကို စိုးရိမ္ေနလို႔ေတာ့မဟုတ္ဘူး ဒါေပမယ့္သူမရဲ႕ဘ၀က သူ႕လက္ထဲမွာ႐ွိေနတာ
မေကာင္းဆိုး၀ါးမ်ိဳးႏြယ္စုကသာသူ႕ကိုဖမ္းမိသြားရင္ အေသသတ္ပစ္လိုက္လိမ့္မယ္ အဲ့က်ရင္ သူမလည္း အသက္႐ွင္ႏိုင္မွာမဟုတ္ဘူး
"သိသြားၿပီတဲ့လား ....ဟမ့္!!!.... ကိစၥမ႐ွိဘူး ...အခုေတာ့ အ႐ွင္ဝူခ်ီနဲ႔ မရင္ဆိုင္ႏိုင္ေသးေပမယ့္ ငါ့စြမ္းအားေတြအကုန္ျပန္ရလာတဲ့အခ်ိန္က်ရင္ေတာ့ မေကာင္းဆိုး၀ါးေလာကသခင္ေနရာက ငါ့အတြက္ပဲ "
ယဲ့ခ်င္ခ်ိဳးက ေခါင္းကိုေမာ့လိုက္တဲ့အခါမွာ အိပ္ရာေပၚမွာထိုင္ေနတဲ့သူက သူမကို ေကာက္က်စ္ယုတ္မာစြာၾကည့္ေနတာကိုေတြ႕လ္ိဳက္ရတာေၾကာင့္႐ုတ္တရပ္ႏွလုံးရပ္သြားသလိုခံစားရၿပီး လက္သီးႏွစ္ဖက္ကိုက်စ္က်စ္ပါေအာင္ဆုပ္ထားမိလိုက္တယ္
အဲ့ဒီသူက သူမကို အိပ္ရာေပၚတြန္းလွဲလိုက္တယ္
သူမတို႔ႏွစ္ေယာက္က မေကာင္းဆိုး၀ါးေလာကရဲ႕၀ရမ္းေျပးအျဖစ္ ေၾကညာထားျခင္းခံရတာေၾကာင့္ တည္ေနရာကို ခနခနေျပာင္းေ႐ႊ႕ေနရတယ္
လူေပ်ာက္မႈေတြပိုမ်ားလာတာနဲ႔အမွ် အ႐ွင္ဝူခ်ီရဲ႕ စိတ္ကိုပိုၿပီးအေႏွာင့္အယွက္ျဖစ္လာေစတယ္..မေကာင္းဆိုး၀ါးမ်ိဳးႏြယ္စုမွာ အမ်ိဳးသမီးအနည္းငယ္ပဲ႐ွိတာေၾကာင့္ ေပ်ာက္ဆုံးသြားသူေတြက သာမန္က်င့္ၾကံသူအမ်ိဳးသမီးေတြပဲျဖစ္တယ္ လူေတြခနခနေပ်ာက္ေနတာဟာ ေနစဥ္လုပ္ငန္းလည္ပတ္မႈကို သက္ေရာက္ေစတာေၾကာင့္ ဒီကိစၥကိုေျဖ႐ွင္းႏိုင္ဖို႔ကအေရးႀကီးတဲ့ တာ၀န္တစ္ခုျဖစ္လာတယ္
...........
အခ်ိန္အေတာ္ၾကာေအာင္တိုက္ခိုက္ခဲ့ၿပီးေနာက္မွာေတာ့ေနာက္ဆုံးအႏိုင္ရသူက အ႐ွင္ဝူခ်ီပဲျဖစ္တယ္
"ငါ့ကိုမသတ္ပါနဲ႔......သူကငါ့ကိုအတင္းဖိအားေပးလို႔ ငါလုပ္ခဲ့ရတာပါ..
ေက်းဇူးျပဳၿပီး...ငါ့ကိုမသတ္ပါနဲ႔..ငါ့မွာအျပစ္မ႐ွိဘူး...ငါ့ကိုမသတ္နဲ႔....."
ေသလုနီးပါးျဖစ္ေနတဲ့ ယဲ့ခ်င္ခ်ိဳးကေျမႀကီးေပၚမွာလဲက်ေနတယ္ သူမကိုၾကည့္ရတာ ႏွစ္အနည္းငယ္ေလာက္အသက္ပိုႀကီးသြားသလိုထင္ေနရေပမယ့္ လွပေနတုန္းပဲ သူမငိုယိုအသနားခံေနတဲ့အခါမွာ ျမင္ရသူအဖို႔ နာက်င္ရေစတယ္
"ယဲ့ခ်င္ခ်ိဳး.....ဒီအေျခေနေရာက္ေအာင္မင္းကိုယ္တိုင္ပဲ ဖန္တီးခဲ့တာပဲ... မင္းက ဒီမိစၧာကို လႊတ္ေပးၿပီး ဒီႏွစ္ေတြအတြင္းမွာ သူ႕ကို အားျပန္ျပည့္ဖို႔ ကူညီေပးေနခဲ့တာ.... မင္းတို႔၂ေယာက္ေၾကာင့္ ကိစၥေတြအားလုံး ကေမာက္ကမ ျဖစ္ကုန္ခဲ့ၿပီပဲ.. "
အ႐ွင္ဝူခ်ီက သနားက႐ုဏာသက္ျခင္းမ႐ွိဘဲ ေျပာလိုက္တယ္
"ငါမဟုတ္ဖူး!!!!...ေသြးစာခ်ဳပ္ကို အတင္းအၾကပ္ခ်ဳပ္ေစခဲ့တာက သူပဲ...ၿပီးေတာ့ ႐ွန္း႐ွဴ.....ငါသူ႕ကိုသတ္ခ်င္တယ္...ငါသူ႕ကိုသတ္မယ္!!!!!! "
အ႐ွင္ဝူခ်ီကေခါင္းကိုခါယမ္းလိုက္တယ္
"မင္းေမ့သြားၿပီလား...သူေသြးစာခ်ဳပ္ကိုခ်ဳပ္ခြင့္ရသြားတယ္ဆိုတာက မင္းက အရင္ဆုံးမေကာင္းဆိုး၀ါးေလာကကိုေဖာက္ထြင္းခဲ့လို႔ဆိုတာကိုေလ... မင္းကိုယ္တိုင္ဒီေလာကထဲကိုမဆင္မျခင္၀င္လာခဲ့ၿပီး သူ႐ွိေနတဲ့ေခ်ာက္ကမ္းပါးထဲကိုျပဳတ္က်သြားခဲ့တာပဲ ..ယဲ့ခ်င္ခ်ိဳး...အရာအားလုံးက ကိုယ္ဖန္တီးတဲ့အက်ိဳးဆက္ပဲ..အခုမွသူမ်ားကိုအျပစ္တင္ေနလို႔မရေတာ့ဘူး ...."
"ငါကိုယ္တိုင္လုပ္တာတဲ့လား..ဟားဟား... မဟုတ္ဖူး...နင္ေျပာတာမမွန္ဘူး... အဲ့ဒါ႐ွန္း႐ွဴေၾကာင့္ျဖစ္တာပဲ...သူမကအရင္ငါ့ဆရာကိုသတ္လိုက္ၿပီး ငါ့ကို အဲ့ဒီလိုအေျခအေနထိေရာက္ေစခဲ့တာ ... အားလုံးက႐ွန္း႐ွဴရဲ႕အမွားပဲ..."
ယဲ့ခ်င္ခ်ိဳးရဲ႕မ်က္လုံးထဲကအဓိပၸါယ္မ႐ွိတဲ့အမုန္းတရားေတြကိုဆက္ၿပီးၾကည့္မေနႏိုင္ေတာ့တဲ့အတြက္အ႐ွင္ဝူခ်ီလည္း သူမကိုအဆုံးသတ္လိုက္ဖို႔ ေနာက္လိုက္ငယ္သားေတြကို အမိန္႔ေပးၿပီးထြက္လာခဲ့တယ္
......
႐ွီ႐ွန္းက ဒီသတင္းကို သူမရဲ႕မဂၤလာပြဲေန႔မွ လက္ခံရ႐ွိခဲ့တယ္ ...ဟုတ္ပါတယ္..မင္းတို႔ဖတ္လိုက္တာမမွားပါဘူး...ဖုန္းစီကတကယ္ပဲသူမကိုလက္ထပ္ယူေတာ့မယ္...မဂၤလာပြဲကိုတက္ေရာက္မယ့္ဧည့္သည္ေတြမ႐ွိေပမယ့္ေပါ့
အခု ဇာတ္လိုက္မေသသြားၿပီဆိုေတာ့ သူမရဲ႕တာ၀န္ကၿပီးသေလာက္ျဖစ္သြားၿပီ...က်န္႐ွိေနတဲ့အခ်ိန္ေတြကို ဖုန္းစီနဲ႔ပဲတူတူကုန္ဆုံးႏိုင္ေတာ့မယ္
"ေ႐ွာင္႐ွဴ....မဂၤလာပြဲကို စည္စည္ကားကားျဖစ္ေစခ်င္ေသးလား..မင္းသာျဖစ္ေစခ်င္ရင္ မဂၤလာပြဲတက္ဖို႔ဧည့္သည္ေတြအမ်ားႀကီးကိုယ္ေခၚလာခဲ့မယ္"
ဖုန္းစီကအျပင္ကေန၀င္လာၿပီး ႐ွီ႐ွန္းကိုအျပဳံးေလးနဲ႔ေမးတယ္
'ဧည့္သည္ေတြစိတ္ပါလက္ပါပြဲတက္တာမဟုတ္ေပမယ့္လို႔ေပါ့'
"ေတာ္ပါၿပီ...အျပင္လူေတြေခၚၿပီးေနရာ႐ႈပ္ေအာင္လုပ္မေနနဲ႔ေတာ့..ကြၽန္မလက္ထပ္မွာက သူတို႔နဲ႔မွမဟုတ္တာ.."
'သူတို႔ေတြေရာက္လာရင္ေတာင္ ေၾကာက္ေနတာနဲ႔အခ်ိန္ကုန္သြားမွာ..ဘာဆုမြန္ေကာင္းမွရမွာမဟုတ္ဘူး...အဲ့ေတာ့ အပိုအလုပ္ေတြလုပ္မေနနဲ႔ေတာ့.....'
ဖုန္းစီနဲ႔ႏႈတ္ခမ္းေတြကအေပၚကိုေကြးတက္သြားၿပီး နီညိဳေရာင္မ်က္၀န္းေတြကလည္း ေႏြးေထြးမႈနဲ႔ျပည့္ေနတယ္ သူ႕ရဲ႕ေ႐ွာင္႐ွဴက အရမ္းလွေနတာ သူကလည္းေသခ်ာေပါက္တျခားသူေတြကို ေပးမျမင္ေစခ်င္ပါဘူး!!!! ေ႐ွာင္႐ွဴက သူ႕အပိုင္ပဲ...
ဒါေပမယ့္လည္း မဂၤလာပြဲေန႔မွာ မေမွ်ာ္လင့္ဘဲ ဖိတ္မထားတဲ့ ဧည့္သည္အခ်ိဳ႕ေရာက္ေနတယ္
ပထမတစ္ေယာက္ကေတာ့ အ႐ွင္ဝူခ်ီေပါ့...ဖုန္းစီရဲ႕ ေခါင္းေပၚမွာအနက္ေရာင္တိမ္တိုက္ကေလးေတြစုေ၀းေနသေယာင္ထင္ရတယ္...
"မဂၤလာေဆာင္ဆိုတာ စည္စည္ကားကားသိုက္သိုက္ၿမိဳက္ၿမိဳက္႐ွိရမွာေပါ့...ဘာျဖစ္လို႔ တိတ္တ္ိတ္ကေလး လုပ္ေနၾကတာလဲ"
အ႐ွင္ဝူခ်ီက ဖုန္းစီရဲ႕ အနက္ေရာင္တိမ္တိုက္ေတြကိုလ်စ္လ်ဴ႐ႈၿပီး သူ႕လက္ေဆာင္ကိုဖြင့္ျပတယ္
"ဒါေတြက မေကာင္းဆိုး၀ါးေလာကမွာနာမည္ႀကီးတဲ့ ေ႐ႊလိပ္ျပာေတြေလ.."
ေ႐ႊေရာင္နဲ႔အနက္ေရာင္ေရာစပ္ထားတဲ့ လိပ္ျပာေတြက ႐ွီ႐ွန္းနဲ႔ ဖုန္းစီတို႔နားမွာ လွပစြာပ်ံသန္းေနၾကတယ္
"ေ႐ႊလိပ္ျပာေတြရဲ႕ေကာင္းခ်ီးေပးခံရတဲ့စုံတြဲက တစ္သက္လုံးအတူတူ႐ွိသြားၾကရတယ္ဆိုတဲ့ဆို႐ိုး႐ွိတယ္"
အ႐ွင္ဝူခ်ီရဲ႕ *အေလးအနက္စကား* ေၾကာင့္ မီးေတာက္ေတြ ထုတ္ေတာ့မလိုလုပ္ေနတဲ့ ဖုန္းစီလည္း ၿငိမ္ၿငိမ္ေလးပဲျပန္ေနလိုက္တယ္
'ေ႐ွာင္႐ွဴနဲ႔တစ္သက္လုံး တူတူေနမယ္'
"ဒါေပမယ့္... သူတို႔ကအဆိပ္႐ွိတယ္.."
အ႐ွင္ဝူခ်ီက ႐ွီ႐ွန္းကို မ်က္စိတစ္ဖက္မွိတ္ျပၿပီး ထြက္ေျပးသြားတယ္
"ငါမင္းတို႔ႏွစ္ေယာက္ကိုမေႏွာင့္ယွက္ေတာ့ပါဘူး.. မဂၤလာပြဲကို ဂုဏ္ျပဳပါတယ္ေနာ္!!!!! "
ေ႐ႊလိပ္ျပာအားလုံး ျပာျဖစ္သြားၾကတယ္
ေနာက္ထပ္ဧည့္သည္ေတြကေတာ့ ပိုင္လန္နဲ႔လင္းရီရီတို႔ျဖစ္တယ္
လင္းရီရီကေတာ့ အရင္ကလို တက္တက္ႂကြႂကြ႐ွိေနတုန္းပဲ
အခ်ိန္ေတြအမ်ားႀကီးကုန္သြားေၾကာင္း သူမဆီမွာမေပၚလြင္ဘူး
"ဆရာတူညီမေလး....မဂၤလာပြဲကိုဂုဏ္ျပဳပါတယ္ "
ပိုင္လန္က သူ႕လက္ေဆာင္ကိုကမ္းေပးၿပီး စိတ္ရင္းမွန္နဲ႔ ဂုဏ္ျပဳစကားဆိုတယ္
"ေက်းဇူးတင္ပါတယ္..ဆရာတူအကို..."
႐ွီ႐ွန္းကျပဳံးျပၿပီး လက္ေဆာင္ကိုလက္ခံလိုက္တယ္
"ဂိုဏ္းတူေဒၚေလး...ေဒၚေလး အရမ္းလွတာပဲ...ရီရီလည္း ေဒါေလးကိုလက္ထပ္ခ်င္တယ္..ဝူးဝူး...."
လင္းရီရီက ႐ွီ႐ွန္းကို ဆြဲၿပီး ေလးငါးခါေလာက္ လွည့္ပတ္ေနတယ္
အဆုံးမွာေတာ့ ဖုန္းစီရဲ႕မီးေတာက္ေတြကိုသတိထားမိသြားတဲ့ ပိုင္လန္ရဲ႕ျပန္ဆြဲေခၚျခင္းခံလိုက္ရတယ္
" .....ကြၽန္မေမးခ်င္တာက..႐ွင္တို႔ဒီကိုဘယ္လိုေရာက္လာၾကတာလဲ.."
'ဒါကေကာင္းကင္ဘုံေလာကေလ...တက္လွမ္းျခင္းမ႐ွိေသးတဲ့ ဒီ၂ေယာက္ကဘယ္လိုလုပ္ေရာက္ေနၾကတာလဲ'
လင္းရီရီကမ်က္ေတာင္ခတ္လိုက္တယ္
"ေဒၚေလး မသိဘူးလား..က်င့္ၾကံျခင္းေလာကနဲ႔မေကာင္းဆိုး၀ါးေလာက ကတစ္ေပါင္းတစ္စည္းထဲျဖစ္သြားၿပီေလ...ကြၽန္မတို႔ႀကိဳက္တဲ့အခ်ိန္ အ႐ွင္ဝူခ်ီရဲ႕နယ္ေျမထဲက္ု၀င္လို႔ထြက္လို႔ရတယ္.. ၿပီးေတာ့မေကာင္းဆိုး၀ါးေလာကနဲ႔ေကာင္းကင္ဘုံေလာကကို ဆက္သြယ္ထားတဲ့လမ္းလည္း႐ွိတယ္.."
႐ွီ႐ွန္း."......."
'ငါလည္းမသိရပါလား'
ပိုင္လန္နဲ႔လင္းရီရီတို႔က ပြဲၿပီးတဲ့အထိေနသြားတယ္
ေနာက္ဆုံး ဧည့္သည္ကေတာ့ ေကာင္းကင္ဘုံသခင္ရဲ႕ေကာင္းခ်ီးကိုယူေဆာင္လာေပးတဲ့လုက်န္းပဲျဖစ္တယ္
လုက်န္း :'(
'ဘာလို႔ငါပဲအၿမဲျဖစ္ေနရတာလဲ...'
ေကာင္းကင္ဘုံေလာကတစ္ခုလုံး : ' ဘာလို႔လဲဆိုေတာ့ အ႐ွင္ကကြၽန္ေတာ္တို႔ရဲ႕ႀကီးၾကပ္သူမို႔လို႔ပဲ...အ႐ွင္ေၾကာက္လန္႔ရတာက ကြၽန္ေတာ္တို႔ေလာကတစ္ခုလုံးကို ၿငိမ္းခ်မ္းေစမယ္ဆိုရင္ အ႐ွင္ကကြၽန္ေတာ္တို႔ရဲ႕သူရဲေကာင္းႀကီးပဲ!!! '
႐ွီ႐ွန္းနဲ႔ဖုန္းစီရဲ႕မဂၤလာပြဲက႐ိုး႐ွင္းၿပီး အစကေနအဆုံးထိ ၁၀မိနစ္၁၅မိနစ္ေလာက္ပဲၾကာတယ္ ပြဲၿပီးတာနဲ႔ ဇနီးေမာင္ႏွံ၂ေယာက္ကခ်က္ခ်င္းေပ်ာက္သြားၿပီး ဧည့္သည္၃ေယာက္ကို အခ်င္းခ်င္းျပဴးေၾကာင္ေၾကာင္နဲ႔ၾကည့္ေနၾကရင္းက်န္ရစ္ခဲ့ရေစတယ္
'ဒါက ဘယ္လိုလက္ထပ္ပြဲႀကီးလဲ....ပြဲၿပီးတာနဲ႔ထြက္ေျပးသြားတဲ့သတို႔သားနဲ႔သတို႔သမီးဆိုတာ ႐ွိလို႔လား မင္းတို႔ရဲ႕ဧည့္သည္ေတြက ငုတ္တုပ္ႀကီးထိုင္ေနၾကတုန္းကြ!!! '
Transalated by
Dora 💜Anna💚 Mia💙
14.4.21(Tuesday)