ရှီရှန်း ႐ွီ႐ွန္း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 3.23

2.4K 321 11
By Hanpandora

Unicode

အဓိကဇာတ်လိုက်ရဲ့ စမ်းသပ်မှု ဆိုတဲ့အတိုင်းပဲ ယဲ့ချင်ချိုးရဲ့ ဒီစမ်းသပ်ချက်ကအရမ်းကိုပြင်းထန်ပြီးကြီးကျယ်ခမ်းနားတယ်
အနီးအနားနယ်​မြေမှာ တိုက်ပွဲအ​သေးစားဖြစ်​နေတဲ့ သူ​တွေ​တောင် ​ခေတ္တငြိမ်းချမ်း​ရေးယူပြီး ဘယ်သူ့ရဲ့စမ်းသပ်ချက်လဲဆိုတာ လာကြည့်ကြတယ်
သစ်ပင်တစ်ပင်ရဲ့ထိပ်ဖျားမှာ ရပ်​နေတဲ့အဖြူအမဲအရိပ်ကိုသာ​တွေ့မြင်ရ​ပေမယ့် စမ်းသပ်မှုကိုဖြတ်​ကျော်​​နေတဲ့ ကျင့်ကြံသူကို​တော့ သဲသဲကွဲကွဲမမြင်ရဘူး
လက်​မောင်း​လောက် ရှိမယ့် ခရမ်း​ရောင်မိုးကြိုးလျှပ်စီး တစ်တန်းက  အ​ရိပ်အ​ယောင်မရှိဘဲ ​မြေပြင်​ပေါ်ကိုပစ်ချလိုက်တယ်

မိုးကြိုးက မ​​ကောင်းဆိုး၀ါးမျိုးနွယ်စု၀င်​တွေရဲ့ တစ်လှမ်းအကွာ​လောက်ကို ပစ်ချသွားတယ်
လာတဲ့သူက မ​ကောင်းဆိုး၀ါးသခင် အရှင်၀ူချီ ကိုယ်တိုင်ပဲဖြစ်တယ်
ထင်ထင်ရှားရှား ဖြစ်​နေတဲ့ အဖြူအမဲအရိပ်နှစ်ခုကိုမြင်တဲ့အခါမှာ  ၀ူချီရဲ့မျက်လုံး​တွေက လက်ခနဲဖြစ်သွားပြီး
သူက ရှီရှန်းရဲ့​ဘေးက သစ်ပင်ဆီကိုပျံသွားတယ်
ရှီရှန်းက သူ့ကို တစ်ချက်ပဲကြည့်လိုက်ပြီး စမ်းသပ်မှု ​နေရာကိုပဲပြန်ကြည့်​နေလိုက်တယ်
ဖုန်းစီက​တော့ အရှင်၀ူချီကို မီးမြှိုက်ပစ်ချင်တဲ့ပုံနဲ့ကြည့်​နေပြီး ရှီရှန်းရဲ့အလစ်မှာအမှန်တကယ်ပဲသူ့ကိုတစ်ခုခုလုပ်ပစ်လိုက်ဖို့ကြံစည်​နေတယ်
"မိန်းက​လေးရှန်း....ခင်ဗျား ကျွန်​​တော့်ရဲ့ မ​ကောင်းဆိုး၀ါး​လောကနဲ့ပူး​​ပေါင်းချင်စိတ်ရှိပါသလား ခင်ဗျာ "
ရှီရှန်းက ၀ူချီကို လှည့်ကြည့်ပြီး ​အေး​အေး​ဆေး​ဆေး​မေးလိုက်တယ်

"မ​ကောင်းဆိုး၀ါးအရှင်က ကျွန်မကိုဘာ​ကြောင့်များ မျက်စိကျ​နေရပါသလဲရှင်"

ရှီရှန်းက မ​ကောင်းဆိုး၀ါး​လောကရဲ့စည်းတံဆိပ်ကို ဖျက်ဆီး​ပေးလိုက်တဲ့အတွက် အပြန်အလှန်အ​နေနဲ့ အရှင်၀ူချီက အနာဂတ်မှာ ယဲ့ချင်ချိုးကို လုံး၀မကူညီရဘူး
ဒီကတိအပြင်ရှီရှန်းနဲ့ ၀ူချီ ရဲ့ကြားမှာ တခြားဘာအ​ကြွေးမှ မကျန်​တော့ဘူး
၀ူချီက ဒီအ​ပေးအယူကို မတည်ရင်​တောင် ရှီရှန်းအတွက် ဘာဆိုးကျိုးမှရှိမှာမဟုတ်သလို တခြားသူ​တွေနဲ့ ပူး​ပေါင်းလို့ရ​သေးတယ်

'၀ူချီက ငါ့ကို ဘာကိစ္စ သူနဲ့ပူး​ပေါင်း​စေချင်​နေ​သေးတာလဲ..သူရူးများသွားပြီလား'

"မိန်းက​လေးရှန်းက အရမ်းစွမ်းအားကြီးပြီး ကြံ့ခိုင်တယ်"
ကျွင်း၀ူရဲ့ ဒီချီးကျူးမှုက စိတ်ရင်းမှန်ဖြစ်တယ်
ရှန်းရှူရဲ့​နောက်​ကြောင်းကိုတိတ်တဆိတ်စုံစမ်းပြီးတဲ့အခါမှာ  သူမက လွန်ခဲ့တဲ့နှစ်​ပေါင်း၄၀၀ မြူခိုး​တောင်ဂိုဏ်းကကောင်းကင်ဘုံစွန်း​တောင်ထွဋ်ရဲ့တပည့်တစ်​ယောက်ဖြစ်​ကြောင်းသိခဲ့ရတယ်
သူမက ဂိုဏ်းကနှုတ်ထွက်ပြီး ကျင့်ကြံခြင်း​လောကမှာ ကျင်လည်​နေတဲ့နှစ်​တွေအတွင်းမှာ ထင်ရှားသည်ထက် ပိုပြီးထင်ရှားလာခဲ့တယ်(နာမည်ဆိုးနဲ့)
သူမကို လူတိုင်းနီးပါးက မုန်းတီးကြတယ်
မကြာခင်အချိန်တုန်းက မ​ကောင်းဆိုး၀ါး​လောကမှာ သူမ​ပေါ်လာခဲ့​သေးတယ်
ဒါ့အပြင် သူမကနတ်၀ိညာဥ်အဆင့်ကျင့်ကြံသူတစ်​ယောက်လည်းဖြစ်​နေ​သေးတယ်
ဒီလိုလူနဲ့မှမပူး​​ပေါင်းချင်ရင် အခြားသူရှိ​သေးလို့လား'
"ကျွန်မကိုယ်ကျွန်မ ဘယ်​လောက်စွမ်းအားကြီးလည်းဆိုတာသိပါတယ် အရှင့်ဘက်က​ရော ကျွန်မကိုဘာပြန်​ပေးနိုင်မလဲ? "

"........"
'စိတ်ကြီး၀င်​နေတဲ့ ဒီသတ္တ၀ါကို ငါဘာပြန်​ပြောလိုက်ရမလဲ'
၀ူချီက အရှက်​ပြေချောင်းဟန့်လိုက်တယ်

" မိန်းက​လေးသာ ကျွန်​တော်နဲ့ပူး​ပေါင်းမယ်ဆိုရင် မ​ကောင်းဆိုး၀ါး​လောကရဲ့ ဒုတိယအရှင်သခင်အဖြစ်သတ်မှတ်​ပေးပါ့မယ် အဲ့ဒီ​နေရာက ကျွန်​တော်ပြီးရင် မ​ကောင်းဆိုး၀ါး​လောကမှာ အာဏာအကြီးဆုံးပဲ"
(TN/Doraထင်တာက​တော့ ​ဘေဘီ၀ူချီ​လေးက မမရှန်းကို မိဖုရား​မြှောက်​ပေးမယ်လို့ ​ဆိုလိုလိုက်တာထင်တယ်😝
ခ​လေးက
လူမ​ရွေးတတ်ရှာဘူး)

'သူ့နဲ့ယှဥ်ရင် ဒုတိယအကြီးမြတ်ဆုံးတဲ့လား
ကျွတ်စ် ကျွတ်စ်!  ဒီက​လေး တကယ်ပဲ ဒီလို​ပြောရဲတယ် ငါ့ကိုဘာကြည့်ပြီးကြိုက်သွားတာလဲ ငါ​လေးသိပ်လှ​နေလို့လား အရမ်း​တော်​နေလို့လား
သေချာ​ပေါက် ငါ့အလှပဲဖြစ်ရမယ် အမျိုးသမီးvillain​တွေက တကယ်ကို အဆိပ်ပန်း​လေး​တွေပဲ
​ကြောက်ဖို့​ကောင်းသလို လှလည်းလှတယ်
ရှန်းရှူကလည်း တကယ့်ကိုအလှ​လေးတစ်ပါးဖြစ်တာ​ကြောင့် မ​ကောင်းဆိုး၀ါးသခင်က မြတ်နိုးမယ်ဆိုရင်လည်း အံ့သြစရာမဟုတ်ဘူး ဒါ​ပေမယ့်ဇာတ်လိုက်မရဲ့ အချစ်သား​ကောင်က ငါ့ကိုသ​ဘောကျတယ်ဆိုတာက​တော့ဖြစ်​တောင့်ဖြစ်ခဲပဲ '
ရှီရှန်းက သူမရဲ့အ​တွေး​တွေကို အဆုံးသတ်လိုက်ပြီး ၀ူချီကို ယဥ်ယဥ်​ကျေး​ကျေးပဲငြင်းပယ်လိုက်တယ်
"အရှင့်ရဲ့ချီး​မြှောက်မှုအတွက် အမှန်တကယ်ကို​ကျေးဇူးတင်ပါတယ် ဒါ​ပေမယ့် ကျွန်မက ဘယ်သူ့ရဲ့ဒုတိယ​နေရာကိုမှမလိုချင်ပါဘူး "
ရှီရှန်းက ပြုံးရင်း ဆက်​ပြောလိုက်တယ်
"ကျွန်မရဲ့ပန်းတိုင်က  ကြယ်ပင်လယ်.*အဟမ်း!* ကျွန်မဆိုလိုတဲ့​နေရာက ကျင့်ကြံခြင်း​လောကပါ"

ရှီရှန်းရဲ့ပထမစာ​ကြောင်းကိုနား​ထောင်ပြီးတဲ့အခါမှာ​တော့ ၀ူချီက သူမကို လွတ်လပ်ပြီးအ​နှောင်အဖွဲ့ကင်းကင်း​နေချင်တဲ့မိန်းက​လေးတစ်​ယောက်အဖြစ်သတ်မှတ်လိုက်တယ်
ဒါ​ပေမယ့် သူမရဲ့ ​ဒုတိယစကားကိုကြားတဲ့အခါမှာ​တော့ မ​​ကောင်းဆိုး၀ါးသခင်တစ်​ယောက် သတိလွတ်သွားပြီး ယိုင်လဲလုဖြစ်သွားတာ​ကြောင့် အနားက သစ်ပင်ကို လှမ်းကိုင်လိုက်ရတယ်

'ဒီအမျိုးသမီးက အရမ်းမာနကြီးပြီးအထက်စီးဆန်တဲ့အပြင် ​လောကကြီးတစ်ခုလုံးရဲ့ထိပ်ဆုံး​နေရာကိုပါ မက်​မော​နေ​သေးတယ် သူမက ငါ့ထက်​တောင်ရိုင်းစိုင်းယုတ်မာ​သေးတယ် ဒါ​ပေမယ့်...ဒါ​ပေမယ့်...ငါကြိုက်တယ် '

၀ူချီက အဓိပ္ပါယ်ရှိရှိပြုံးပြီ​ပြောလိုက်တယ်
"ကျွန်​တော်နားလည်ပါပြီ..ဒါ​ပေမယ့် ​နောင်အနာဂတ်မှာ ကျွန်​တော်တို့ ပူး​ပေါင်းပြီး ကိစ္စ​တွေအများကြီးကို ​ဆောင်ရွက်နိုင်လိမ့်မယ်လို့ ​မျှော်လင့်ပါတယ်"
ရှီရှန်းကမျက်​တောင်ခတ်လိုက်တယ်
'ပူး​ပေါင်းပြီးအလုပ်လုပ်အုံးမယ်!သူနဲ့လား!
ဒီလူက​တော်​တော်အကြံကြီးတဲ့လူပဲ  တစ်ချိန်လုံးမဟုတ်တာလုပ်ဖို့ကြံစည်​နေတဲ့လူနဲ့​တော့ငါမ​နေနိုင်ဘူး သူစိတ်ဆိုးလာတဲ့အချိန်ကျရင်ငါ့ကိုအရိုး​ရောအသားပါ၀ါးစားပစ်လိုက်ရင်ဘယ်လိုလုပ်မလဲ'

"အဲ......"
ရှီရှန်းက မသဲမကွဲသာပြန်​ဖြေလိုက်တယ်
၀ူချီက ရှီရှန်းရဲ့ချီတုန့်ချီချဖြစ်​နေတဲ့ အမူအယာကိုသတိမထားမိဘဲ  သူမတစ်ခုခုလိုတဲ့အခါသူ့ကို​ပြောဖို့နဲ့ အကယ်၍ မ​ကောင်းဆိုး၀ါး​လောကကို ပြန်လာမယ်ဆိုရင် သူက လာကြိုပါအုံး မယ်ဆိုတဲ့အ​ကြောင်းကိုသာ ၀မ်းသာအားရ​ပြောသွားတယ်
"မင်းက  ကျင့်ကြံခြင်း​လောကကိုလိုချင်တာလား.....​
ရှောင်ရှူကကျင့်ကြံခြင်း​လောကရဲ့အရှင်သခင်ဖြစ်ချင်တာလား"
၀ူချီထွက်သွားတဲ့အခါမှာ ဖုန်းစီက ရှီရှန်းကို​မေးလိုက်တယ်
နင့်ကြီး​တော်ကြီးကပဲ အရှင်သခင်လုပ်....
နင့်ကြီး​တော်ကြီးကပဲလိုချင်.....
နင့်အတွက်​ပြော​နေတာဟဲ့ ..နင့်အတွက်...'

"​ရှောင်ရှူက လိုချင်တယ်ဆိုရင် ကိုယ်​ပေးမှာ​ပေါ့"
ဖုန်းစီက ရက်ရက်​ရော​ရော​ပြော​နေတယ်
"​ရှောင်ရှူက ငါးလောကကိုအုပ်စိုးချင်တယ်ဆိုရင်​တောင် ကိုယ်က မင်းအတွက် ​ရွှေပလ္လင်​ပေါ်ကို ​ငွေလင်ပန်းနဲ့ပင့်တင်​ပေးမယ် မင်းပြန်လုပ်​ပေးရမှာက ကိုယ့်​ဘေးနားမှာ တစ်သက်လုံး​နေ​ပေးပြီး ကိုယ့်တစ်​ယောက်ထဲကိုကြည့်​နေ​ပေးဖို့ပါပဲ "

(TN/သုံးလောက​တောင်မဟုတ်ဖူးတဲ့ဗျာ..ငါး​လောကဆိုပဲ🤓
ဖုန်းစီတို့အလိုလိုက်ချက်🤩
သုံး​လောက ကျသိကြမှာ​ပေါ့​နော် သူကကျ ကျင့်ကြံခြင်း ​လောကနဲ့မဆိုင်ဘူး သာမန်လူ​တွေသိတဲ့​လောက​ပေါ့
နတ်ပြည်/လူ့ပြည်နဲ့အသူရာပြည်
အဲ့ဒီ​လောကနဲ့ ကျင့်ကြံခြင်း​လောကတူတာက ၁ခု​တော့ရှိတယ် သူတို့​နတ်တွေအဆင့်အမျိုးမျိုးရှိတယ် သာမန်နတ်ရယ် နတ်သူငယ်ရယ်  နတ်ဘုရားရယ် ဆိုပြီး​တော့
သူတို့လည်းအဆင့်တက်ချင်ရင် မိုးကြိုးစမ်းသပ်ချက်ကိုဖြတ်​ကျော်ရတယ်
Three lives three words ten miles of peach blossoms ကြည့်တဲ့လူ/ဖတ်တဲ့လူ​တွေ​တော့ ​သေ​သေချာချာနားလည်လိမ့်မယ်)

ရှီရှန်း "......."
'ဒီသူတောင်းစား​တော့ငါ့ကိုအီစီကလီလာလုပ်ပြန်ပြီ...ဟူး...စိတ်​လျှော့ စိတ်​လျှော့...အီစီကလီလုပ်ရုံ​လေးပါပဲ....ငါတို့နမ်း​တောင်နမ်းပြီးပြီဖြစ်လို့...ဒါ​လေးကဘာမှမဟုတ်ဖူး...ရှီရှန်း...စိတ်​လျှော့...

​နင့်မေကြီးကိုပဲစိတ်​လျှော့..သူဒီလိုပဲ ဆက်ပြီး အီစီကလီလုပ်​နေမယ်ဆိုရင် ငါ့ကိုယ်ငါမထိန်းနိုင်​တော့ဘဲ အိပ်ရာ​ပေါ်မှာခုန်အုပ်မိလိုက်လိမ့်မယ်...
ဒါနဲ့..​..နေပါအုံး'

"​ခြောက်​လောကရှိတာမဟုတ်ဖူးလား."

'တစ်ခုကဘယ်​ရောက်သွားတာလဲ..နင်စားပစ်လိုက်လို့လား '

ဖုန်းစီက သံသယဖြစ်စွာ​နောက်တစ်ကြိမ်ပြန်လည်​ရေ​တွက်လိုက်တယ်
"လူ့​လောက ၊ မ​သေမျိုး​ကျင့်ကြံခြင်းလောက ၊​ ၀ိညာဥ်​လောကနဲ့ တ​စ္ဆေ​လောက.. ၅ခုပဲရှိတာ​လေ "

'ကိုယ်သိထားတာကမှား​နေတာလား...ဘယ်တုန်းက ၁ခုထပ်တိုးသွားလို့လဲ'

"နတ်ဘုရား​လောကက​ရော? နတ်ဘုရား​လောကနဲ့မ​သေမျိုးကျင့်ကြံခြင်း​လောကက မတူဘူး​လေ"

Transalated by Dora💜  Mia💙

Zawgyi

အဓိကဇာတ္လိုက္ရဲ႕ စမ္းသပ္မႈ ဆိုတဲ့အတိုင္းပဲ ယဲ့ခ်င္ခ်ိဳးရဲ႕ ဒီစမ္းသပ္ခ်က္ကအရမ္းကိုျပင္းထန္ၿပီးႀကီးက်ယ္ခမ္းနားတယ္
အနီးအနားနယ္​ေျမမွာ တိုက္ပြဲအ​ေသးစားျဖစ္​ေနတဲ့ သူ​ေတြ​ေတာင္ ​ေခတၱၿငိမ္းခ်မ္း​ေရးယူၿပီး ဘယ္သူ႕ရဲ႕စမ္းသပ္ခ်က္လဲဆိုတာ လာၾကည့္ၾကတယ္
သစ္ပင္တစ္ပင္ရဲ႕ထိပ္ဖ်ားမွာ ရပ္​ေနတဲ့အျဖဴအမဲအရိပ္ကိုသာ​ေတြ႕ျမင္ရ​ေပမယ့္ စမ္းသပ္မႈကိုျဖတ္​ေက်ာ္​​ေနတဲ့ က်င့္ၾကံသူကို​ေတာ့ သဲသဲကြဲကြဲမျမင္ရဘူး
လက္​ေမာင္း​ေလာက္ ႐ွိမယ့္ ခရမ္း​ေရာင္မိုးႀကိဳးလွ်ပ္စီး တစ္တန္းက  အ​ရိပ္အ​ေယာင္မ႐ွိဘဲ ​ေျမျပင္​ေပၚကိုပစ္ခ်လိုက္တယ္

မိုးႀကိဳးက မ​​ေကာင္းဆိုး၀ါးမ်ိဳးႏြယ္စု၀င္​ေတြရဲ႕ တစ္လွမ္းအကြာ​ေလာက္ကို ပစ္ခ်သြားတယ္
လာတဲ့သူက မ​ေကာင္းဆိုး၀ါးသခင္ အ႐ွင္ဝူခ်ီ ကိုယ္တိုင္ပဲျဖစ္တယ္
ထင္ထင္႐ွား႐ွား ျဖစ္​ေနတဲ့ အျဖဴအမဲအရိပ္ႏွစ္ခုကိုျမင္တဲ့အခါမွာ  ဝူခ်ီရဲ႕မ်က္လုံး​ေတြက လက္ခနဲျဖစ္သြားၿပီး
သူက ႐ွီ႐ွန္းရဲ႕​ေဘးက သစ္ပင္ဆီကိုပ်ံသြားတယ္
႐ွီ႐ွန္းက သူ႕ကို တစ္ခ်က္ပဲၾကည့္လိုက္ၿပီး စမ္းသပ္မႈ ​ေနရာကိုပဲျပန္ၾကည့္​ေနလိုက္တယ္
ဖုန္းစီက​ေတာ့ အ႐ွင္ဝူခ်ီကို မီးၿမႇိဳက္ပစ္ခ်င္တဲ့ပုံနဲ႔ၾကည့္​ေနၿပီး ႐ွီ႐ွန္းရဲ႕အလစ္မွာအမွန္တကယ္ပဲသူ႕ကိုတစ္ခုခုလုပ္ပစ္လိုက္ဖို႔ၾကံစည္​ေနတယ္
"မိန္းက​ေလး႐ွန္း....ခင္ဗ်ား ကြၽန္​​ေတာ္႕ရဲ႕ မ​ေကာင္းဆိုး၀ါး​ေလာကနဲ႔ပူး​​ေပါင္းခ်င္စိတ္႐ွိပါသလား ခင္ဗ်ာ "
႐ွီ႐ွန္းက ဝူခ်ီကို လွည့္ၾကည့္ၿပီး ​ေအး​ေအး​ေဆး​ေဆး​ေမးလိုက္တယ္

"မ​ေကာင္းဆိုး၀ါးအ႐ွင္က ကြၽန္မကိုဘာ​ေၾကာင့္မ်ား မ်က္စိက်​ေနရပါသလဲ႐ွင္"

႐ွီ႐ွန္းက မ​ေကာင္းဆိုး၀ါး​ေလာကရဲ႕စည္းတံဆိပ္ကို ဖ်က္ဆီး​ေပးလိုက္တဲ့အတြက္ အျပန္အလွန္အ​ေနနဲ႔ အ႐ွင္ဝူခ်ီက အနာဂတ္မွာ ယဲ့ခ်င္ခ်ိဳးကို လုံး၀မကူညီရဘူး
ဒီကတိအျပင္႐ွီ႐ွန္းနဲ႔ ဝူခ်ီ ရဲ႕ၾကားမွာ တျခားဘာအ​ေႂကြးမွ မက်န္​ေတာ့ဘူး
ဝူခ်ီက ဒီအ​ေပးအယူကို မတည္ရင္​ေတာင္ ႐ွီ႐ွန္းအတြက္ ဘာဆိုးက်ိဳးမွ႐ွိမွာမဟုတ္သလို တျခားသူ​ေတြနဲ႔ ပူး​ေပါင္းလို႔ရ​ေသးတယ္

'ဝူခ်ီက ငါ့ကို ဘာကိစၥ သူနဲ႔ပူး​ေပါင္း​ေစခ်င္​ေန​ေသးတာလဲ..သူ႐ူးမ်ားသြားၿပီလား'

"မိန္းက​ေလး႐ွန္းက အရမ္းစြမ္းအားႀကီးၿပီး ၾကံ့ခိုင္တယ္"
ကြၽင္းဝူရဲ႕ ဒီခ်ီးက်ဴးမႈက စိတ္ရင္းမွန္ျဖစ္တယ္
႐ွန္း႐ွဴရဲ႕​ေနာက္​ေၾကာင္းကိုတိတ္တဆိတ္စုံစမ္းၿပီးတဲ့အခါမွာ  သူမက လြန္ခဲ့တဲ့ႏွစ္​ေပါင္း၄၀၀ ျမဴခိုး​ေတာင္ဂိုဏ္းကေကာင္းကင္ဘုံစြန္း​ေတာင္ထြဋ္ရဲ႕တပည့္တစ္​ေယာက္ျဖစ္​ေၾကာင္းသိခဲ့ရတယ္
သူမက ဂိုဏ္းကႏႈတ္ထြက္ၿပီး က်င့္ၾကံျခင္း​ေလာကမွာ က်င္လည္​ေနတဲ့ႏွစ္​ေတြအတြင္းမွာ ထင္႐ွားသည္ထက္ ပိုၿပီးထင္႐ွားလာခဲ့တယ္(နာမည္ဆိုးနဲ႔)
သူမကို လူတိုင္းနီးပါးက မုန္းတီးၾကတယ္
မၾကာခင္အခ်ိန္တုန္းက မ​ေကာင္းဆိုး၀ါး​ေလာကမွာ သူမ​ေပၚလာခဲ့​ေသးတယ္
ဒါ့အျပင္ သူမကနတ္၀ိညာဥ္အဆင့္က်င့္ၾကံသူတစ္​ေယာက္လည္းျဖစ္​ေန​ေသးတယ္
ဒီလိုလူနဲ႔မွမပူး​​ေပါင္းခ်င္ရင္ အျခားသူ႐ွိ​ေသးလို႔လား'
"ကြၽန္မကိုယ္ကြၽန္မ ဘယ္​ေလာက္စြမ္းအားႀကီးလည္းဆိုတာသိပါတယ္ အ႐ွင့္ဘက္က​ေရာ ကြၽန္မကိုဘာျပန္​ေပးႏိုင္မလဲ? "

"........"
'စိတ္ႀကီး၀င္​ေနတဲ့ ဒီသတၱ၀ါကို ငါဘာျပန္​ေျပာလိုက္ရမလဲ'
ဝူခ်ီက အ႐ွက္​ေျပေခ်ာင္းဟန္႔လိုက္တယ္

" မိန္းက​ေလးသာ ကြၽန္​ေတာ္နဲ႔ပူး​ေပါင္းမယ္ဆိုရင္ မ​ေကာင္းဆိုး၀ါး​ေလာကရဲ႕ ဒုတိယအ႐ွင္သခင္အျဖစ္သတ္မွတ္​ေပးပါ့မယ္ အဲ့ဒီ​ေနရာက ကြၽန္​ေတာ္ၿပီးရင္ မ​ေကာင္းဆိုး၀ါး​ေလာကမွာ အာဏာအႀကီးဆုံးပဲ"
(TN/Doraထင္တာက​ေတာ့ ​ေဘဘီဝူခ်ီ​ေလးက မမ႐ွန္းကို မိဖုရား​ေျမႇာက္​ေပးမယ္လို႔ ​ဆိုလိုလိုက္တာထင္တယ္😝
ခ​ေလးက
လူမ​ေ႐ြးတတ္႐ွာဘူး)

'သူ႕နဲ႔ယွဥ္ရင္ ဒုတိယအႀကီးျမတ္ဆုံးတဲ့လား
ကြၽတ္စ္ ကြၽတ္စ္!  ဒီက​ေလး တကယ္ပဲ ဒီလို​ေျပာရဲတယ္ ငါ့ကိုဘာၾကည့္ၿပီးႀကိဳက္သြားတာလဲ ငါ​ေလးသိပ္လွ​ေနလို႔လား အရမ္း​ေတာ္​ေနလို႔လား
ေသခ်ာ​ေပါက္ ငါ့အလွပဲျဖစ္ရမယ္ အမ်ိဳးသမီးvillain​ေတြက တကယ္ကို အဆိပ္ပန္း​ေလး​ေတြပဲ
​ေၾကာက္ဖို႔​ေကာင္းသလို လွလည္းလွတယ္
႐ွန္း႐ွဴကလည္း တကယ့္ကိုအလွ​ေလးတစ္ပါးျဖစ္တာ​ေၾကာင့္ မ​ေကာင္းဆိုး၀ါးသခင္က ျမတ္ႏိုးမယ္ဆိုရင္လည္း အံ့ၾသစရာမဟုတ္ဘူး ဒါ​ေပမယ့္ဇာတ္လိုက္မရဲ႕ အခ်စ္သား​ေကာင္က ငါ့ကိုသ​ေဘာက်တယ္ဆိုတာက​ေတာ့ျဖစ္​ေတာင့္ျဖစ္ခဲပဲ '
႐ွီ႐ွန္းက သူမရဲ႕အ​ေတြး​ေတြကို အဆုံးသတ္လိုက္ၿပီး ဝူခ်ီကို ယဥ္ယဥ္​ေက်း​ေက်းပဲျငင္းပယ္လိုက္တယ္
"အ႐ွင့္ရဲ႕ခ်ီး​ေျမႇာက္မႈအတြက္ အမွန္တကယ္ကို​ေက်းဇူးတင္ပါတယ္ ဒါ​ေပမယ့္ ကြၽန္မက ဘယ္သူ႕ရဲ႕ဒုတိယ​ေနရာကိုမွမလိုခ်င္ပါဘူး "
႐ွီ႐ွန္းက ျပဳံးရင္း ဆက္​ေျပာလိုက္တယ္
"ကြၽန္မရဲ႕ပန္းတိုင္က  ၾကယ္ပင္လယ္.*အဟမ္း!* ကြၽန္မဆိုလိုတဲ့​ေနရာက က်င့္ၾကံျခင္း​ေလာကပါ"

႐ွီ႐ွန္းရဲ႕ပထမစာ​ေၾကာင္းကိုနား​ေထာင္ၿပီးတဲ့အခါမွာ​ေတာ့ ဝူခ်ီက သူမကို လြတ္လပ္ၿပီးအ​ေႏွာင္အဖြဲ႕ကင္းကင္း​ေနခ်င္တဲ့မိန္းက​ေလးတစ္​ေယာက္အျဖစ္သတ္မွတ္လိုက္တယ္
ဒါ​ေပမယ့္ သူမရဲ႕ ​ဒုတိယစကားကိုၾကားတဲ့အခါမွာ​ေတာ့ မ​​ေကာင္းဆိုး၀ါးသခင္တစ္​ေယာက္ သတိလြတ္သြားၿပီး ယိုင္လဲလုျဖစ္သြားတာ​ေၾကာင့္ အနားက သစ္ပင္ကို လွမ္းကိုင္လိုက္ရတယ္

'ဒီအမ်ိဳးသမီးက အရမ္းမာနႀကီးၿပီးအထက္စီးဆန္တဲ့အျပင္ ​ေလာကႀကီးတစ္ခုလုံးရဲ႕ထိပ္ဆုံး​ေနရာကိုပါ မက္​ေမာ​ေန​ေသးတယ္ သူမက ငါ့ထက္​ေတာင္႐ိုင္းစိုင္းယုတ္မာ​ေသးတယ္ ဒါ​ေပမယ့္...ဒါ​ေပမယ့္...ငါႀကိဳက္တယ္ '

ဝူခ်ီက အဓိပၸါယ္႐ွိ႐ွိျပဳံးၿပီ​ေျပာလိုက္တယ္
"ကြၽန္​ေတာ္နားလည္ပါၿပီ..ဒါ​ေပမယ့္ ​ေနာင္အနာဂတ္မွာ ကြၽန္​ေတာ္တို႔ ပူး​ေပါင္းၿပီး ကိစၥ​ေတြအမ်ားႀကီးကို ​ေဆာင္႐ြက္ႏိုင္လိမ့္မယ္လို႔ ​ေမွ်ာ္လင့္ပါတယ္"
႐ွီ႐ွန္းကမ်က္​ေတာင္ခတ္လိုက္တယ္
'ပူး​ေပါင္းၿပီးအလုပ္လုပ္အုံးမယ္!သူနဲ႔လား!
ဒီလူက​ေတာ္​ေတာ္အၾကံႀကီးတဲ့လူပဲ  တစ္ခ်ိန္လုံးမဟုတ္တာလုပ္ဖို႔ၾကံစည္​ေနတဲ့လူနဲ႔​ေတာ့ငါမ​ေနႏိုင္ဘူး သူစိတ္ဆိုးလာတဲ့အခ်ိန္က်ရင္ငါ့ကိုအ႐ိုး​ေရာအသားပါ၀ါးစားပစ္လိုက္ရင္ဘယ္လိုလုပ္မလဲ'

"အဲ......"
႐ွီ႐ွန္းက မသဲမကြဲသာျပန္​ေျဖလိုက္တယ္
ဝူခ်ီက ႐ွီ႐ွန္းရဲ႕ခ်ီတုန္႔ခ်ီခ်ျဖစ္​ေနတဲ့ အမူအယာကိုသတိမထားမိဘဲ  သူမတစ္ခုခုလိုတဲ့အခါသူ႕ကို​ေျပာဖို႔နဲ႔ အကယ္၍ မ​ေကာင္းဆိုး၀ါး​ေလာကကို ျပန္လာမယ္ဆိုရင္ သူက လာႀကိဳပါအုံး မယ္ဆိုတဲ့အ​ေၾကာင္းကိုသာ ၀မ္းသာအားရ​ေျပာသြားတယ္
"မင္းက  က်င့္ၾကံျခင္း​ေလာကကိုလိုခ်င္တာလား.....​
ေ႐ွာင္႐ွဴကက်င့္ၾကံျခင္း​ေလာကရဲ႕အ႐ွင္သခင္ျဖစ္ခ်င္တာလား"
ဝူခ်ီထြက္သြားတဲ့အခါမွာ ဖုန္းစီက ႐ွီ႐ွန္းကို​ေမးလိုက္တယ္
နင့္ႀကီး​ေတာ္ႀကီးကပဲ အ႐ွင္သခင္လုပ္....
နင့္ႀကီး​ေတာ္ႀကီးကပဲလိုခ်င္.....
နင့္အတြက္​ေျပာ​ေနတာဟဲ့ ..နင့္အတြက္...'

"​ေ႐ွာင္႐ွဴက လိုခ်င္တယ္ဆိုရင္ ကိုယ္​ေပးမွာ​ေပါ့"
ဖုန္းစီက ရက္ရက္​ေရာ​ေရာ​ေျပာ​ေနတယ္
"​ေ႐ွာင္႐ွဴက ငါးေလာကကိုအုပ္စိုးခ်င္တယ္ဆိုရင္​ေတာင္ ကိုယ္က မင္းအတြက္ ​ေ႐ႊပလႅင္​ေပၚကို ​ေငြလင္ပန္းနဲ႔ပင့္တင္​ေပးမယ္ မင္းျပန္လုပ္​ေပးရမွာက ကိုယ့္​ေဘးနားမွာ တစ္သက္လုံး​ေန​ေပးၿပီး ကိုယ့္တစ္​ေယာက္ထဲကိုၾကည့္​ေန​ေပးဖို႔ပါပဲ "

(TN/သုံးေလာက​ေတာင္မဟုတ္ဖူးတဲ့ဗ်ာ..ငါး​ေလာကဆိုပဲ🤓
ဖုန္းစီတို႔အလိုလိုက္ခ်က္🤩
သုံး​ေလာက က်သိၾကမွာ​ေပါ့​ေနာ္ သူကက် က်င့္ၾကံျခင္း ​ေလာကနဲ႔မဆိုင္ဘူး သာမန္လူ​ေတြသိတဲ့​ေလာက​ေပါ့
နတ္ျပည္/လူ႕ျပည္နဲ႔အသူရာျပည္
အဲ့ဒီ​ေလာကနဲ႔ က်င့္ၾကံျခင္း​ေလာကတူတာက ၁ခု​ေတာ့႐ွိတယ္ သူတို႔​နတ္ေတြအဆင့္အမ်ိဳးမ်ိဳး႐ွိတယ္ သာမန္နတ္ရယ္ နတ္သူငယ္ရယ္  နတ္ဘုရားရယ္ ဆိုၿပီး​ေတာ့
သူတို႔လည္းအဆင့္တက္ခ်င္ရင္ မိုးႀကိဳးစမ္းသပ္ခ်က္ကိုျဖတ္​ေက်ာ္ရတယ္
Three lives three words ten miles of peach blossoms ၾကည့္တဲ့လူ/ဖတ္တဲ့လူ​ေတြ​ေတာ့ ​ေသ​ေသခ်ာခ်ာနားလည္လိမ့္မယ္)

႐ွီ႐ွန္း "......."
'ဒီသူေတာင္းစား​ေတာ့ငါ့ကိုအီစီကလီလာလုပ္ျပန္ၿပီ...ဟူး...စိတ္​ေလွ်ာ့ စိတ္​ေလွ်ာ့...အီစီကလီလုပ္႐ုံ​ေလးပါပဲ....ငါတို႔နမ္း​ေတာင္နမ္းၿပီးၿပီျဖစ္လို႔...ဒါ​ေလးကဘာမွမဟုတ္ဖူး...႐ွီ႐ွန္း...စိတ္​ေလွ်ာ့...

​နင့္ေမႀကီးကိုပဲစိတ္​ေလွ်ာ့..သူဒီလိုပဲ ဆက္ၿပီး အီစီကလီလုပ္​ေနမယ္ဆိုရင္ ငါ့ကိုယ္ငါမထိန္းႏိုင္​ေတာ့ဘဲ အိပ္ရာ​ေပၚမွာခုန္အုပ္မိလိုက္လိမ့္မယ္...
ဒါနဲ႔..​..ေနပါအုံး'

"​ေျခာက္​ေလာက႐ွိတာမဟုတ္ဖူးလား."

'တစ္ခုကဘယ္​ေရာက္သြားတာလဲ..နင္စားပစ္လိုက္လို႔လား '

ဖုန္းစီက သံသယျဖစ္စြာ​ေနာက္တစ္ႀကိမ္ျပန္လည္​ေရ​တြက္လိုက္တယ္
"လူ႕​ေလာက ၊ မ​ေသမ်ိဳး​က်င့္ၾကံျခင္းေလာက ၊​ ၀ိညာဥ္​ေလာကနဲ႔ တ​ေစၧ​ေလာက.. ၅ခုပဲ႐ွိတာ​ေလ "

'ကိုယ္သိထားတာကမွား​ေနတာလား...ဘယ္တုန္းက ၁ခုထပ္တိုးသြားလို႔လဲ'

"နတ္ဘုရား​ေလာကက​ေရာ? နတ္ဘုရား​ေလာကနဲ႔မ​ေသမ်ိဳးက်င့္ၾကံျခင္း​ေလာကက မတူဘူး​ေလ"

Transalated by Dora💜  Mia💙

Continue Reading

You'll Also Like

855K 107K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
389K 22.3K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
98.3K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)
236K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...