ရှီရှန်း ရှီရှန်း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 3.21

2.5K 336 1
By Hanpandora

Unicode

တစ်ဦးနဲ့တစ်ဦးရန်ငြိုးတွေသာမရှိဘူးဆိုရင်သူတို့တွေတိုက်ခိုက်ကြမှာမဟုတ်ဘူး
ရှီရှန်းကိုလင်းရီရီကမြူခိုးတောင်ဂိုဏ်းကိုပြန်ခေါ်သွားတယ်

အချို့လူတွေရဲ့မျက်နှာကဒေါသထွက်နေပုံ​​ပေါ်ပေမဲ့ဘာတစ်လုံးမှထုတ်မပြောရဲဘူး
ယဲ့ချင်ချိုးကမြူခိုးတောင်ဂိုဏ်းမှာမရှိဘူး
ပြီးတော့လင်းရီရီက ကိုယ်ရေးကိုယ်တာအရတောင်သခင်တစ်​ယောက်ရဲ့တပည့်နဲ့ဇနီးလည်းဖြစ်တာကြောင့်ဘယ်သူကမှသူမကိုရန်မစရဲဘူး

ပိုအရေးကြီးတဲ့အချက်ကသူမကိုသူတို့မနိုင်ဘူး

သူတို့သူမကိုနိုင်တယ်ပဲထားပါအုံး
လင်းရီရီကကောင်းကင်ဘုံစွန်း​တောင်ထွဋ်သခင်ဆီသွားပြီးသူတို့ကိုဒုက္ခပေးရင်အရှက်ရစရာတွေပဲဖြစ်လာလိမ့်မယ်

"ဆရာကထွက်သွားပြီတဲ့လား"
ဒါကရှီရှန်းလုံးဝကိုမျှော်လင့်မထားတဲ့အရာဖြစ်တယ်
ယွီရှောင်းကပိုင်လန်ကိုကောင်းကင်ဘုံစွန်းတောင်ထွဋ်ရဲ့ဆရာသခင်အဖြစ်လွှဲပြောင်းပေးပြီးတော့ထွက်သွားပြီ

"အင်း....,ဒေါ်လေးလျှောက်သွားနေတဲ့အချိန်တုန်းကကောလဟာလတွေအများကြီးပဲဆရာကထွက်သွားပြီအစပိုင်းတုန်းကတော့အဆက်အသွယ်ရှိသေးတယ်...နောက်ပိုင်းကြတော့ဘာသတင်းမှမကြားရတော့ဘူးဂိုဏ်းတူဒေါ်လေးထုန်းတောင်ဂိုဏ်းမှာဘာတွေဖြစ်ခဲ့တာလဲ...ဘာလို့သူတို့ကဒေါ်လေးကိုမကောင်းဆိုးဝါးကျင့်ကြံသူလို့ပြောနေကြတာလဲ"

"မကောင်းဆိုးဝါးကျင့်ကြံသူ..."
ရှီရှန်း ကသူမမျက်ခုံးကိုပင့်လိုက်တယ်
"ပြောစမ်းပါဦး,သူတို့ငါ့အကြောင်းဘာတွေများပြောကြသေးလဲ"

အရင်ကသူမလွတ်သွားပြီးတဲ့အချိန်တုန်းကယဲ့ချင်ချိုးနဲ့လုံ့ကျွယ်ကအကြောင်းအရင်းတစ်ခုကြောင့်အငြင်းပွားကြပြီးသူတို့အချင်းချင်းတိုက်တောင်တိုက်ခိုက်လိုက်ကြသေးတယ် ပြီးတော့လုံ့ကျွယ်ကကောင်းကင်ဘုံလောကကိုပြန်သွားပြီးတော့ယဲ့ချင်ချိုးကလည်းမြူခိုးတောင်ဂိုဏ်းကိုပြန်ရောက်လာခဲ့တယ်

ကောလဟာလတွေအရဆိုရင်ရှီရှန်းကမကြာခင်ပြန်ပေါ်လာလိမ့်မယ်တဲ့
သူတို့ပြောတာတွေက သူမကပျောက်ဆုံးသွားတဲ့ရေဝိညဥ်သွေးကြောပိုင်ရှင်အမျိုးသမီးကျင့်ကြံသူတွေကိုအသုံးပြုပြီးတော့မကောင်းဆိုးဝါးဆေးဖော်နေတယ်ဆိုပဲပြီးတော့သူမအဲလိုလုပ်နေတာကိုသူတို့သိသွားတဲ့အခါမှာရှီရှန်းကိုဖမ်းဖို့လုပ်ပေမဲ့မမျှော်လင့်ပဲသူမလွတ်သွားတယ်

ရှီရှန်း ကိုအလိုရှိတယ်ဆိုပြီးသူမကရာဇဝတ်သားတစ်ယောက်ဖြစ်လာတယ်

"ယဲ့ချင်ချိုးနဲ့လုံ့ကျွယ်တို့ကတိုက်ခိုက်တယ်??"

'ကြည့်ရတာသူတို့နှစ်ယောက်တစ်ဦးနဲ့တစ်ဦးရန်သူတွေဖြစ်သွားတာကိုမျှော်လင့်ထားတာအချည်းနှီးတော့မဖြစ်ဘူးဘဲ'

"အမ်း.."
လင်းရီရီက သူမမေးစေ့ကိုပွတ်လိုက်တယ်
"အဲဒါကိုကျွန်မထုန်းတောင်ဂိုဏ်းသားတွေဆီကကြားတာ
ကြည့်ရတာ​တော့ချူးနဥ်နဲ့ဆက်စပ်နေတဲ့ပုံပဲအသေးစိတ်တော့သေချာမသိဘူး"

'လုံ့ကျွယ်က ဘယ်သူမှန်းတောင်မသိပါဘူး..ဟေးးဂိုဏ်းတူဒေါ်လေးစောင့်ပါဦးးးးအဒေါ်သွားတဲ့နေရာမှားနေပြီ'

'ချူးနဥ်...ငါနင့်ရဲ့ခန္ဓာကိုယ်ကိုပြန်ရဖို့အားတွေအတော်သုံးထားတာငါနင့်ခန္ဓာကိုယ်ကိုအသုံးပြုဖို့တွေဘာတွေ​တော့မစဥ်းစားဖူးပါဘူး ယဲ့ချင်ချိုးကိုခြောက်ဖို့အတွက်ပဲသုံးမိတာပါ ဒါပေမဲ့ ယဲ့ချင်ချိုးနဲ့လုံ့ကျွယ်က ချူးနဥ်ကြောင့်တိုက်ခိုက်ရအောင်ဘာကြောင့်လဲ,'

လင်းရီရီဆီကနေရှီရှန်းကသတင်းအချို့ကိုရလိုက်တယ်
ဥပမာ...ယဲ့ချင်ချိုးအတွက်အလုပ်လုပ်ပေးနေတဲ့ကျင့်ကြံသူတွေအများကြီးရှိပြီးတော့သူတို့ကသူမနဲ့ပတ်သက်ပြီးလေးနက်တဲ့ဆက်ဆံရေးတွေရှိကြတယ်

ပြီးတော့အမျိုးသားကျင့်ကြံသူတွေအတွက်ရည်မှန်းချက်ကလည်းယဲ့ချင်ချိုးရဲ့အိပ်ရာထဲကိုဝင်နိုင်ဖို့ပဲ..ဘာလို့လဲဆိုတော့သူမနဲ့အတူအိပ်ရာထဲမှာအတူတူနေနိုင်လေလေ သူတို့ရဲ့ကျင့်ကြံဆင့်တွေကပိုပြီးတော့မြင့်လာလေလေပဲ

ပြီးတော့ပိုင်လန်က လင်းရီရီနဲ့လက်ထပ်ပြီးသွားပြီဆိုတာကိုလည်းသိလိုက်ရတယ်

"ချူးယဲ့ကရော"

"ချူးယဲ့.."
လင်းရီရီကသူမမျက်ခုံးကိုပင့်ပြီးတော့မှတ်မိဖို့ကြိုးစားနေတယ် ခနအကြာတော့သူမစကားပြောတယ်
"ချူးနဥ်ရဲ့အကို..ချူးယဲ့လားး??သူသေ သွားတာနှစ်ပေါင်း၃၀၀လောက်ရှိပြီ...ပြီးတော့သူလည်းဆိုးဆိုးဝါးဝါးသေ သွားရတာပဲ"

'ဇာတ်​ကြောင်းကပုံမှန်တွေမဟုတ်တော့ဘူး'

"ယဲ့ချင်ချိုးကအဲ့ကိစ္စကိုလက်စဖျောက်ဖို့ဂိုဏ်းသားတွေအများကြီးကိုရှင်းပစ်ခဲ့ပြီးပြီကောင်းကင်ဘုံစွန်းတောင်ထိပ်ကသူတွေကိုသာချန်ထား....."
လင်းရီရီကရှီရှန်းရဲ့အံ့ဩသွားတဲ့ပုံစံကိုမြင်ပြီးရပ်လိုက်တယ်
'သူမကသူ့ကိုဆန့်ကျင်တဲ့သူမှန်သမျှရှင်းပစ်ချင်နေတာပဲ'

'ဆရာကငါ့ကိုပြန်မလာစေချင်တာမထူးဆန်းတော့ပါဘူး,ငါလာရင်ကိစ္စတွေဒီထက်ပိုပြီးနက်နဲကုန်မှာ'

လင်းရီရီက ဒီနှစ်အတွင်းမှာအတွေ့အကြုံတွေပိုများလာပြီဖြစ်တယ်
သူမရဲ့အတွေးအခေါ်တွေကအရင်ကနဲ့မတူတော့ဘူးအဲဒါကြောင့်သူမမရိပ်မိလောက်တဲ့အရာတွေကိုသိလာတာမထူးဆန်းတော့ပါဘူး

ရှီရှန်း ကလင်းရီရီရဲ့ပခုံးကိုပုတ်လိုက်တယ်သူမလက်တင်လိုက်တဲ့အချိန်မှာပဲသူမကိုဘေးကနေတစ်စုံတစ်ယောက်ကအေးစက်စွာစိုက်ကြည့်နေတာကိုခံစားမိလိုက်တယ်
'ငါ့ကိုသေအောင်ခြောက်နေတာလား'
..........

ယွီရှောင်းကဒီမှာမရှိတဲ့အတွက်ကြောင့်ရှီရှန်းကပိုင်လန်နဲ့ပဲစကားပြောလိုက်တယ်
ပိုင်လန်ကကောင်းကင်ဘုံအဆင့်ကိုတက်လှမ်းတော့မှာကိုသိတဲ့အတွက်ကြောင့်အချိန်အကြာကြီးဆွဲမနေတော့ဘူး
ပြီးတော့ဘာမှထွေထွေထူးထူးလုပ်စရာလည်းမရှိဘူးလေ
အဲဒါကြောင့်ရှီရှန်းက မကောင်းဆိုးဝါးတွေနဲ့ကျင့်ကြံသူတွေတိုက်ခိုက်တာကိုပူတင်းလေးပေါ်မှာထိုင်ပြီးကြည့်နေတယ်
ဒီတိုက်ပွဲက​တော်​တော်ကိုပြင်းထန်ပြီး နှစ်​ပေါင်းများစွာအကြာမှသာ​တွေ့ကြုံနိုင်မယ့်အ​ခြေအ​နေဖြစ်တယ် ဒါ​​ပေမယ့် ရှီရှန်းက​တော့ ​ကောင်းကင်ဘုံသားတွေနဲ့ နတ်ဆိုး​တွေသာပါရင်ပိုပြီးစိတ်လှုပ်ရှားစရာ​ကောင်းလိမ့်မယ်လို့ထင်တယ်
တဖြည်းဖြည်းနဲ့သူမက ​ကောင်းကင်ဘုံ​လောကနဲ့နတ်ဆိုး​လောကကြားမှာ ဘယ်လိုပဋိပက္ခမျိုးဖန်တီးရင်​ကောင်းမလဲဆိုတာကို ကြံစည်ပြီး အခုလက်ရှိ​ကောင်းကင်ဘုံသခင်ကို ဘယ်လိုလုပ်ကြံပြီး ဖုန်းစီကို သူ့​နေရာမှာ အစားထိုးရမလဲဆိုတာကိုလည်း ​တွေး​တော​နေတယ်

'ဖုန်းစီကတော့သူ့တစ်ယောက်တည်းနဲ့တောင်သူကောင်းကင်ဘုံလောက တစ်ခုလုံးကိုသိမ်းပိုက်လိုက်လို့ရတယ်'

'ဘာလဲ?? ငါဟာသပြောနေတယ်များထင်နေတာလား..ဟွန်းးးငါကများအဓိပ္ပါယ်မရှိတာကိုပြောမလားဖုန်းစီကကောင်းကင်ဘုံလောကမှာနှစ်ပေါင်းများစွာကျင်လည်လာတာဘယ်သူကမှသူ့ကိုရန်မပြုရဲဘူး.လုပ်ဖူးလို့လား??အကယ်၍ငါသာအလိုရှိတယ်ဆိုရင်ငါ့အတွက်သူလုပ်ပေးမှာပဲ'.

"သူတို့ကိုကြည့်နေရတာဘာများပျော်စရာကောင်းလို့လဲ"
ဖုန်းစီကရှီရှန်းနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တယ်

သူ့လက်တွေကရှီရှန်းမျက်နှာဆီကိုရောက်နေပြီးတော့သူ့ကိုပဲကြည့်ဖို့တွန်းအားပေးနေတယ်
"ကိုယ်ကြည့်ကောင်းတာကမလုံလောက်သေးဖူးလား,သူတို့ကိုပဲဘာလို့ကြည့်ချင်နေတာလဲ"

'ငါသူတို့ကိုအကုန်သတ်လိုက်ရင်ကောင်းမလား,အဲဒါမှသူမငါ့ကိုကြည့်မှာ'

ရှီရှန်း "........"

"ကိုယ်ကြည့်ကောင်းတယ်မလား"
ဖုန်းစီရဲ့အရှိန်အဝါတွေကမီးတောက်တွေကိုတောက်ပနေပြီးတော့ရှီရှန်းကပိုပိုပြီးတော့နီးကပ်ချင်စိတ်တွေပေါက်လာတယ်

ဖုန်းစီသူမကိုဖက်လိုက်တဲ့အချိန်မှရှီရှန်းကအသိစိတ်ပြန်ဝင်လာတယ်ဒါပေမဲ့သူမရဲ့ပါးကဖုန်းစီရဲ့ရင်ဘတ်ပေါ်မှာရောက်နေပြီသူမလျှင်မြန်စွာခုန်နေတဲ့နှလုံးခုန်သံကိုကြားနေရတယ်
'ငါဘာဖြစ်သွားတာလဲဘာလို့ငါကဖုန်းစီကိုရုတ်တရက်ကြီးခုန်အုပ်လိုက်မိတာလဲ'

ရှီရှန်းကသူမကိုယ်သူမပါးတွေသာပြန်ရိုက်ပစ်ချင်နေတယ်အဲတာကြောင့်သူ့ကိုအဝေးကိုတွန်းထုတ်လိုက်ပြီးသူ့ဘေးမှာထိုင်နေလိုက်တယ်ဖုန်းစီကသူမကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်တယ်
"ရှောင်ရှူ ကိုယ်မင်းကိုဖက်တာကိုမကြိုက်ဖူးလားး,ဒါပေမဲ့ကိုယ်ကတော့မင်းကိုအများကြီးဖက်ချင်တယ်"

ရှီရှန်း "....."
,'ငါ့ကိုအီစီကလီလုပ်နေတာတွေရပ်ပါတော့,အေးဆေးလေးနေပါရစေ'

ရှီရှန်း ကဖုန်းစီကိုလှည့်မကြည့်ဖူး

ဖုန်းစီကအပြစ်ကင်းမဲ့စွာမျက်တောင်လေးခတ်ပြတယ်
ရှီရှန်းစိုက်ကြည့်နေတဲ့နေရာကိုတွေ့ရင်သူ့နှလုံးသားထဲမှာသဝန်တိုမှုတွေဖြစ်လာပြီးနာမီးမိုးတွေရွာချပစ်လိုက်ချင်တယ်
သူတကယ်လည်း အဲ့ဒီလိုလုပ်ပစ်လိုက်တယ်

မကောင်းဆိုးဝါတွေနဲ့လူသားတွေတိုက်ခိုက်နေတာကကောင်းကင်တစ်ခုလုံးကိုမှောင်မိုက်စေတယ်
အဲဒီနယ်ပယ်ကနေကျော်ပြီးကြည့်နေတဲ့သူတွေကတော့မှောင်မိုက်နေတဲ့ကောင်းကင်ကိုပဲ​တွေ့နိုင်တယ်

သူတို့တွေအကုန်လုံးကသံသယတွေနဲ့ကြည့်နေတယ်
'ဒီမီးလုံးတွေကဘယ်ကနေကျလာတာတုန်းဘာလို့အဲလောက်တောင်အစွမ်းတွေထက်နေတာလဲ
"ရှင်ဘာလုပ်နေတာလဲ"
ရှီရှန်း ကအနောက်ကိုလှည့်ပြီးပြောတယ်
"သူတို့တွေကကြည့်လို့မှမကောင်းတာ" ဖုန်းစီက သက်ပြင်းချလိုက်တယ်
"သူတို့တွေကရုပ်ဆိုးပြီးအားနည်းတယ်ပြီးတော့ရှောင်ရှူကိုယ်လည်းမကာကွယ်နိုင်ဘူး...ကိုယ်ကပဲလုပ်နိုင်တာ"

"......ရှင်ကသာအချောဆုံးပဲဆိုတာကျွန်မသိပါတယ်အခုကစပြီးသူတို့ကိုမကြည့်တော့ပါဘူးဟုတ်ပြီလား"
ရှီရှန်းကတော့ဆွံ့အ​နေတော့တယ်

ဖုန်းစီက ထပ်ခါထပ်ခါခေါင်းညိတ်လိုက်တယ်ပြီးမီးတောက်တွေကိုပြန်ငြိမ်းလိုက်တယ်
ဖုန်းစီရဲ့အမူအယာတွေကိုရှီရှန်းကမှင်သက်နေတယ်
ဖုန်းစီမီးတောက်တွေကိုအသုံးပြုတိုင်းရှီရှန်းကဖုန်းစီနဲ့ပိုပြီးနီးစပ်ချင်လာတယ်..နည်းနည်းလေးထပ်ပြီးတော့......

ရှီရှန်း ကမုန်းတီးမှုရောရွံရှာမှုရောမရှိတဲ့ဒီခံစားချက်ကလွှမ်းမိုးနေတာကိုဘာမှမလုပ်နိုင်ဘူးဒီလိုသာမဖြစ်ဘူးဆိုရင်သူမဘဝဖြောင့်ဖြူးဖို့အတွက်ဖုန်းစီကိုသတ်ရမယ့်အခြေအနေကိုရောက်နေလိမ့်မယ်
အခုတော့သူမကသူမကိုယ်တိုင်ပဲနီးစပ်အောင်လုပ်နေမိပြီ
ပြီးတော့သူမကိုယ်သူမစိတ်ငြိမ်အောင်လုပ်ဖို့သက်တောင့်သက်သာရှိတဲ့နေရာကိုရှာတွေ့ထားပြီးတော့သူမကဖုန်းစီကိုကျောပေးထားတယ်
အဲဒါကြောင့်သူမဘယ်နေရာကိုကြည့်နေတယ်ဆိုတာသူမမြင်နိုင်ဘူး

Transalated by Dora💜  Mia💙

Zawgyi













"အမ်း.."






"ချူးယဲ့ကရော"

"ချူးယဲ့.."





..........







ရှီရှန်း "........"




ရှီရှန်း "....."




"ရှင်ဘာလုပ်နေတာလဲ"





Continue Reading

You'll Also Like

389K 22.2K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပို...
855K 107K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
236K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...