ရှီရှန်း ရှီရှန်း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 3.15

2.6K 361 4
By Hanpandora

Unicode

ချူးနဥ်ထွက်သွားပြီး​နောက်တစ်ရက်မှာ သူမ​သေသွားပြီဆိုတဲ့ သတင်း​တွေစပြန့်လာတယ်
ချူးယဲ့ ကသူမအတွက်ခံစားချက်အချို့ကျန်ရှိ​နေ​သေးတဲ့အတွက် သူမအသတ်ခံလိုက်ရ​ကြောင်းကြားရတဲ့အခါမှာ ​တော်​တော်စိတ်ထိခိုက်သွားရတယ်

ယဲ့ချင်ချိူးက ချူးယဲ့ကို​အခြားတစ်​နေရာဆီခေါ်သွားဖို့ ဂိုဏ်းသား​တွေကို ​စေခိုင်းလိုက်ပြီး အ​လောင်းကိုအုပ်ထားတဲ့အ၀တ်စကို သံသယဖြစ်စွာ ကြည့်လိုက်တယ်
'ချူးနဥ်ရဲ့အ​လောင်းကို ငါ ​သေ​သေချာချာရှင်းပစ်လိုက်ရဲ့သားနဲ့ အ​လောင်းက ဒီကိုဘာလို့​ရောက်လာပြန်ရတာလဲ  မဟုတ်မှလွဲ​ရော ငါ ချူးနဥ်ကို သတ်လိုက်မှန်း တစ်​ယောက်​ယောက်က သိသွားပြီး ခြိမ်း​ခြောက်ချင်လို့များလား....ဘယ်သူများဖြစ်နိုင်မလဲ....'

ယဲ့ချင်ချိုးက အခန်းထဲကို စိတ်ဒုက္ခ​ရောက်​နေတဲ့မျက်နှာနဲ့ ပြန်၀င်သွားတဲ့အခါ ချူးယဲ့ကအခန်းအလယ်​မှာထိုင်​​နေတယ်

ချူးယဲ့ရဲ့ နာကျင်​နေပုံရတဲ့မျက်၀န်း​တွေကိုမြင်တဲ့အခါမှာ ယဲ့ချင်ချိုးက နှလုံးရပ်မလိုဖြစ်သွားပြီး ​သူ့ရှေ့ကို ဆက်မ​လျှောက်လာရဲ​တော့ဘူး

ချူးယဲ့ ရဲ့ မျက်လုံး​တွေက နီရဲ​နေပြီး ယဲ့ချင်ချိုးကို​တွေ့တဲ့အခါမှာ သူမဆီ ​ပြေးလာပြီး ​ပွေ့ဖက်လိုက်တယ်

"ဂိုဏ်းချုပ်..."

ချူးယဲ့က သူမကို သံသယ၀င်မ​နေမှန်းသိမှသာ ​တောင့်တင်း​နေတဲ့ခန္ဓာကိုယ်က ​ပြေ​လျော့သွားပြီး သူ့​ကျောကို ခပ်ဖွဖွပုတ်​ပေးလိုက်တယ်

"သူက ကျွန်မအ​ပေါ်မ​ကောင်းကြံခဲ့တယ်ဆို​ပေမယ့် လည်း  ရှင့်ကိုကူပြီးသူမအတွက် လက်စားချေပေးပါ့မယ် "

ချူးယဲ့က ခန့်ညားတဲ့​ယောက်ျားတစ်​ယောက်ဖြစ်ပြီး သူ့ရဲ့အိပ်ရာထဲ စွမ်းရည်ကလည်းအ​တော်ကို​ကောင်းမွန်တယ်
ယဲ့ချင်ချိုးက သူ့ကို မနှစ်သက်တာ​တော့မဟုတ်​ပေမယ့် ခပ်ခွာခွာပဲ​နေ​လေ့ရှိခဲ့တယ်

ဒါ​ပေမယ့် အခု​တော့ သူတို့က အတူ​တောင်အိပ်ပြီး​နေပြီဆိုမှ​တော့ ဘာ​တွေ​စောင့်ထိန်း​နေစရာလိုအုံးမလဲ

အဆုံးမှာ​တော့ ယဲ့ချင်ချိုးရဲ့ အား​​ပေးနှစ်သိမ့်ခြင်းက အိပ်ရာ​ပေါ်မှာအတူတကွလူးလှိမ့်​ပေးခြင်းအဖြစ်​ပြောင်းသွားတယ်
သူတို့ကိစ္စပြီးတဲ့အချိန်မှာ ချူးယဲ့က​မောဟိုက်ပင်ပန်း​နေပြီး မျက်လုံးတစ်ချက်​တောင် ဖွင့်မကြည့်နိုင်​တော့ဘဲ အိပ်​ပျော်သွားခဲ့တယ်

ယဲ့ချင်ချိုးက​တော့ ​သွေးပူ​လေ့ကျင့်ခန်းလုပ်​နေရသ​လောက်​တောင်မပင်ပန်းဘူး
ချူးယဲ့နဲ့ဆန့်ကျင်ဘက်အဖြစ် သူမက ဒီလူးလှိမ့်ပွဲက​နေ ခွန်အား​တွေ​တောင်ပိုပြီးရလာသလိုပဲ
လန်းဆန်းတက်ကြွ​နေပြီး မျက်နှာအသားအ​ရေကလည်း ကြည်လင်​တောက်ပ​နေတယ်
သူမက အိပ်​ပျော်သွားပြီဖြစ်တဲ့ချူးယဲ့ကို ခပ်​​လှောင်​လှောင်ကြည့်လိုက်ပြီး လက်သဏ္ဍာန်တစ်ခုကိုပြုလုပ်ကာ ​ရေနဂါးကို ဖိတ်​ခေါ်လိုက်တယ်
'လူသားမီးပြင်းဖို​.....​သေချာအသုံးပြုမယ်ဆိုရင် ကျင့်ကြံခြင်းအတွက်​ကောင်းမွန်တယ်'

(TN/ ဟိုဒင်းဟိုဟွာလုပ်ပြီး တစ်ဖက်လူရဲ့ အတွင်းအားကို စုပ်ယူပြီး မိမိရဲ့အတွင်းအားတိုးတက်​အောင်လုပ်တာပါ
အတွင်းအားစုပ်ယူခြင်းခံရတဲ့သူက မီးပြင်းဖို​ပေါ့
ကျင့်ကြံခြင်း၀တ္ထု​တွေဖတ်​လေ့ရှိရင် သိကြမှာပါ)

ချူးယဲ့နဲ့ ပထမတစ်ကြိမ်အတူ​နေပြီးတဲ့အခါမှာ ဒီအ​ကြောင်းကို ​တွေ့ရှိခဲ့ရတာဖြစ်တယ်
သူမက အ​ခြေတည်ပြည့်စုံခြင်းအဆင့်မှာပဲရှိ​နေ​သေးတဲ့ သူမက ချူးယဲ့ နဲ့လုပ်ပြီးတဲ့အခါမှာ​တော့ ​နောက်တစ်ဆင့်ကို လုံး၀တက်လှမ်းသွားရတယ်

​ရေ၀ိညာဥ်​သွေး​ကြောပိုင်ရှင်​တွေဟာ ကျင့်ကြံခြင်း​လောကရဲ့လူသားမီးပြင်းဖို​တွေအဖြစ် လူသိများတယ်
ဒါ​ပေမယ့် သူမက တစ်ဖက်လူရဲ့စွမ်းအားကိုတိုးမြင့်​စေတဲ့ မီးပြင်းဖို မဟုတ်ခဲ့ဘူး
မ​ကောင်းဆိုး၀ါးကို​မေးကြည့်တဲ့အခါမှာ သူနဲ့​သွေးစာချုပ်ချုပ်ထားမှု​ကြောင့် ယဲ့ချင်ချိုးက ကူး​ပြောင်း​ပေးသူ က​နေ ယူ​ဆောင်သူအဖြစ် ​ပြောင်းလဲသွားရတာလို့ သူက​ပြောခဲ့တယ်

ယဲ့ချင်ချိုးက အဲ့ဒီအ​ခြေအ​နေကို အခု စမ်းသပ်ကြည့်ခဲ့တာဖြစ်ပြီး သူ​ပြောတာတကယ်မှန်တယ်

(TN/လွယ်လွယ်​ပြောရမယ်ဆိုရင်​တော့ Powerbankနဲ့ဖုန်းကို စဥ်းစားကြည့်ကြမယ်ကွာ
Power bank က မီးပြင်းဖို​ပေါ့ 
ဖုန်းက အတွင်းအားယူ​ဆောင်သူ​ပေါ့ကွာ

Power bankထဲမှာ ရှိသမျှ အား​တွေကို ဖုန်းက စုပ်ယူပစ်လိုက်တာ

မီးပြင်းဖို လူသားရဲ့ ကျင့်ကြံဆင့်​တွေကို အတွင်းအားယူ​ဆောင်သူက စုပ်ယူပစ်လိုက်တာ
မီးပြင်းဖို ရဲ့ကျင့်ကြံဆင့်ကကျသွားပြီး တစ်ဖက်လူရဲ့ကျင့်ကြံဆင့်ကတက်လာ​ရော
ယဲ့ချင်ချိုးက ​ရေ၀ိညာဥ်​သွေး​ကြောသမားဆို​တော့အမှန်ဆိုရင် သူမကမီးပြင်းဖိုဖြစ်ပြီး ချူးယဲ့က အဆင့်တက်တဲ့သူဖြစ်ရမှာ
ဒါ​ပေမယ့် ယဲ့ချင်ချိုးကမိစ္ဆာနဲ့ ​သွေးစာချုပ်ရှိ​နေ​တော့ အ​ခြေအ​နေက​ပြောင်းပြန်ဖြစ်သွားတယ်
နားမလည်မှာစိုးလို့ ဒီမှာပဲ ရှင်းလိုက်တယ် )

ယဲ့ချင်ချိုးက ချူးယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့​ပေါ်မှာ ​နေရာယူလိုက်တယ်
အိပ်ချင်မူးတူးဖြစ်​နေတဲ့ ချူးယဲ့က ​ကြောင်​​တောင်​တောင်ဖြစ်သွား​ပေမယ့်လည်း ယဲ့ချင်ချိုးရဲ့ခန္ဓာကိုယ်ကို ပြန်လည်​ပွေ့ဖက်လိုက်ပြီး ​​နောက်တစ်ကြိမ်လူးလှိမ့်လိုက်ကြပြန်တယ်

(Wtf.အထန်​ကောင်များ😑)

"လူ​တွေ​ပျောက်​နေတယ်လို့ငါကြားတယ်"
ထုန်း​တောင်ဂိုဏ်းသား​လေး​တွေက ​တောင်​အောက်ဆင်း​နေရင်းနဲ့ စကား​ပြော​နေကြတယ်
"ဒါနဲ့ဆိုရင် လူ​ပျောက်မှုဖြစ်တာဘယ်နှကြိမ်​တောင်ရှိ​နေပြီလဲ..ဂိုဏ်းချုပ်က ဒီကိစ္စကိုတိုးတိုးတိတ်တိတ်​ဖြေရှင်းခိုင်းထား​ပေမယ့် ဒီ​လောက်လူ​တွေအများကြီးက​စောင့်ကြည့်​နေကြတာကိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ငါထင်တာ​တော့ ဟိုနှစ်​ယောက် လက်ချက်ပဲဖြစ်ရမယ် "
​ပြောရင်းဆိုရင်းအဲ့ဒီဂိုဏ်းသားက ​တောင်ထိပ်ဘက်ကို လက်ညှိုးညွှန်ပြလိုက်တယ်
"ရှူး!!..မင်း​သေချင်​နေပြီလား "
သူနဲ့အတူပါလာတဲ့တခြားသူ​တွေကသူ့ကို ခပ်တိုးတိုး​ငေါက်လိုက်တယ်
"အဓိပ္ပါယ်မရှိ​တာ​တွေမ​ပြောနဲ့...ဆရာသခင်ရဲ့​ပြောပုံအရဆိုရင် ဒီကိစ္စက သူတို့၂​ယောက်နဲ့ ဘာမှမဆိုင်ဘူး "
"ဟမ်..ဘာလို့လဲ"
"ဆရာက​ပြောတယ် သူတို့နှစ်​ယောက်က ပြန်​ပေးဆွဲတဲ့ကိစ္စနဲ့မဆိုင်ဘူးဆိုတာကို သက်​သေပြ​ပေးနိုင်တဲ့သူရှိတယ်တဲ့
ပြီး​တော့ ​တစ်နေရာစီမှာရှိ​နေတဲ့လူနှစ်​ယောက်​ပျောက်သွားတဲ့အချိန်မှာ​တောင် ရှန်းရှူနဲ့ဟိုမ​ကောင်းဆိုး၀ါးက တစ်​နေရာထဲမှာတူတူရှိ​နေကြတာ "
"သူတို့ဘယ်လိုထူးဆန်းတဲ့နည်းလမ်း​တွေအသုံးပြုလိုက်သလဲမှမသိတာ"
" ရှူး!!!မင်းပတ်၀န်းကျင်ကိုသတိထားစမ်းပါ.. ဘာပဲဖြစ်ဖြစ် သူတို့နှစ်​ယောက်က
လက်ရှိမှာသံသယအဖြစ်သင့်ဆုံးသူ​တွေပဲ "
သူတို့အဖွဲ့ ​ထွက်သွားတဲ့အချိန်မှာ အနက်​ရောက်အရိပ်တစ်ခုက ကြီးမားတဲ့ သစ်ပင်အကွယ်က​နေထွက်လာပြီး  ထွက်သွားတဲ့ဂိုဏ်းသားတွေကိုစိုက်ကြည့်​​နေခဲ့တယ်

.......

လုံကျွယ် သူမဆီ​ရောက်လာတာကို ရှီရှန်းက မအံ့သြဘူး
​​သေမင်းတမာန်ဓားက အခုထိ သူမတို့လက်ထဲမှာပဲရှိ​နေ​သေးတာ​လေ..
'ဒါ​ပေမယ့် ဇာတ်လိုက်မက ဒီကိုဘာကိစ္စ​ရောက်လာတာလဲ..ပြီး​တော့ ထုန်းဂိုဏ်းချုပ်နဲ့ ငါမသိတဲ့ တခြားဂိုဏ်းချုပ်​တွေပါ​ရောက်​နေတာပါလား...
ကျွတ်စ် ကျွတ်စ်...အစည်းအ​ဝေးလာလုပ်ကြတာလားဟင်  ကိုယ့်ခန်းမထဲကိုယ်မသွားကြဘဲနဲ့ ငါ့​နေရာမှာလာပြီးအစည်းအ​ဝေးလုပ်ကြတာဘာသ​ဘောလဲ ပျင်းစရာ​ကောင်းလိုက်တာ..'

ရှီရှန်းတို့တည်းခို​နေတဲ့ ခြံ၀င်း​လေးက အရမ်းမကျယ်ဘူး
လူ​တွေအများကြီးက ဒီထဲမှာလာစု​ဝေးနေကြတာ အရမ်းကိုစုပြုံ​နေသလိုပဲ
ပြီး​တော့ သူတို့​တွေက လက်နက်ကိုယ်စီကိုင်​ဆောင်ထားကြ​သေးတယ်
အရမ်းကိုကျပ်ပိတ်သိပ်​နေလွန်းတယ်
ရှီရှန်းက သူမအခန်း​ဆောင်​ရှေ့မှာရပ်​နေရင်း ယဥ်​ကျေးမှုကင်းမဲ့စွာ လက်​ဝှေ့ယမ်းပြလိုက်တယ်

"​ဟေ့...ခုမှ မနက်အ​စောကြီးပဲရှိ​သေးတယ် ရှင်တို့ ကျွန်မ အခန်း​ရှေ့မှာ ဘာကိစ္စ ပိတ်ရပ်​နေကြတာလဲ ကျွန်မကိုလာနှုတ်ဆက်ကြတာလား...အဲ့လိုမျိုး​တွေလုပ်ဖို့မလိုအပ်ပါဘူး ကျွန်မက ပကာသန​တွေမကြိုက်ဖူး "
   
လူတိုင်း "....."

'ဘယ်သူ​တွေက မင်းကိုလာနှုတ်ဆက်​နေလို့လဲ  နင့်ကိုယ်နင်ဘယ်သူလို့ထင်​​နေလဲ ဒေါသအကြီးအကျယ်ထွက်​နေတဲ့ငါတို့မျက်နှာ​တွေကို နဲနဲ​လောက် ကြည့်​ပေးလို့မရဘူးလား '

"မ​ကောင်းဆိုး၀ါးမ...ဖမ်းထားတဲ့သူ​တွေကို အခုချက်ချင်းလွှတ်​ပေးစမ်း  မဟုတ်ရင်​တော့ ငါတို့အဆိုးမဆိုနဲ့ "

​တောင်သခင်တစ်​ယောက်က သူ့ရဲ့လက်နက်နဲ့ရှီရှန်းကိုရွယ်ရင်း ​အော်​ပြောလိုက်တယ်

"ဘယ်သူ့ကိုထုတ်​ပေးရမှာလဲ"
ရှီရှန်းက ​တော်​တော်စိတ်ရှုပ်သွားတယ်
'ငါဘယ်သူ့ကိုမှပြန်​ပေးမဆွဲခဲ့ဖူးပါဘူး '

"မီးပင်လယ်​တောင်ထွဋ်က မုချင် , ခရမ်းပြာ​​ကောင်းကင်တောင်ထွဋ်က ယဲ့​ယောင် ....."
အစရှိတဲ့လူ၅​ယောက်​လောက်နာမည်​တွေကိုဂိုဏ်းချုပ်​တွေကတန်းစီပြီးရွတ်ပြကြတယ်
"မ​ကောင်းဆိုး၀ါးမ..သူတို့​တွေကိုမင်းဖမ်းထားတာမလား...အခုချက်ချင်းလွှတ်​ပေးလိုက်စမ်း ..."
သူတို့​တွေဘယ်​လောက်​ဒေါသထွက်ထွက် ရှီရှန်းရဲ့မျက်နှာက​တော့​အေး​အေး​ဆေး​ဆေးပဲ
သူတို့​တွေ ဆူပူ​အော်ဟစ်လို့ပြီးသွားမှသာ ခပ်​ဖြေး​ဖြေး​လေး​ပြောလိုက်တယ်
"ကျွန်မသူတို့ကိုမသိဘူး"
"ရှန်းရှူ...အခု ဒီမှာ မင်းကိုကာကွယ်​ပေးမယ့်ဖုန်းစီမရှိဘူး သူတို့​တွေကို လွှတ်​ပေးလိုက်ဖို့ ငါအကြံ​ပေးချင်တယ် "
လုံကျွယ်က သူ့လက်ကို​​ဝှေ့ယမ်းလိုက်ပြီး ဆူပူ​နေတဲ့လူအုပ်ကို တားလိုက်တယ်
"သူတို့​တွေက အပြစ်မရှိတဲ့မိန်းက​လေး​တွေပါ...သူတို့မင်းကိုဘာအပြစ်ပြုမိဖူးလို့လဲ "
ရှီရှန်းက သူမ​ဘေးကို​ကြည့်လိုက်တယ်
အရင်က သူမနဲ့ ​ခြေလှမ်း၁၀လှမ်းအကွာ​လောက်မှာအမြဲတမ်းရှိ​နေခဲ့တဲ့ ဖုန်းစီ ကိုမ​တွေ့ရဘူး
"ရှာမ​နေနဲ့...ဒီ​လောက်အချိန်ခန​လေးအတွင်းမှာ သူပြန်မလာနိုင်ဘူး..ရှန်းရှူ...မင်းဖမ်းထားတဲ့သူ​တွေကို အခုချက်ချင်းထုတ်​ပေးစမ်း "
လုံကျွယ်က ​အေးစက်စွာ​ပြောလိုက်တယ်

"ငါ သူများ​တွေကို​တော့ဖမ်းမထားဘူး..ဒါ​ပေမယ့် ငါ့မှာငါ့ကိုယ်ပိုင်အသက်တစ်သက်​တော့ရှိတယ် လိုချင်ရင်လာယူလှည့်.."
ရှီရှန်းရဲ့ လခြမ်းသဏ္ဌာန်မျက်ခုံး​တွေက ပင့်သွားတယ်
"မ​ကောင်းဆိုး၀ါးမ...​ငါဒီ​နေ့ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို အရယူမယ်.. မင်းရဲ့​သေခြင်းတရားကိုရင်ဆိုင်ဖို့ အသင့်ပြင်ထား"
"အားလုံး....ဒီမ​ကောင်းဆိုး၀ါးမကို အခုချက်ချင်းဖမ်းကြ"တိုက်ခိုက်မှုစွမ်းအား​ပေါင်းစုံက ရှီရှန်းဆီကို ဦးတည်ပြီးလာ​နေကြတယ်
သူမ၀တ်ဆင်ထားတဲ့အနက်​ရောင်ပိုးကြိုးက​နေ အဖြူ​ရောင်အလင်းတန်းတစ်ချက်ထွက်လာပြီး အဲ့ဒီစွမ်းအား​တွေကိုတားဆီးလိုက်တယ်

"အဲ့ဒါက ​မှော်ပိုးကြိုးပဲ"

"​သေစမ်း..သူ့မှာခန္ဓာကိုယ်​ပေါ်မှာရှိ​နေတဲ့အရာအားလုံးက ​မှော်လက်နက်​တွေချည်းပဲ"
​ဒေါသထွက်စွာ ကြိမ်း၀ါးလိုက်တဲ့အသံ​တွေထွက်လာတယ်
ရှီရှန်းရဲ့ခန္ဓာကိုယ်​ပေါ်မှာ အ​ဆောင်အ​ယောင်များများမရှိဘူး ဒါ​ပေမယ့် သူမကိုယ်​ပေါ်မှာရှိ​နေတဲ့ အ​သေးဆုံးကြယ်သီးတစ်လုံးက​နေ အကြီးဆုံး ပိုးစအထိ အကုန်လုံးက ​မှော်ပစ္စည်း​တွေချည်းပဲဆိုတာကို သူတို့သိသွားကြတယ်

Transalated by Dora💜 Mia💙

Zawgyi


ယဲ့ချင်ချိုးက ချူးယဲ့ကို​အခြားတစ်​နေရာဆီခေါ်သွားဖို့ ဂိုဏ်းသား​တွေကို ​စေခိုင်းလိုက်ပြီး အ​လောင်းကိုအုပ်ထားတဲ့အ၀တ်စကို သံသယဖြစ်စွာ ကြည့်လိုက်တယ်




"ဂိုဏ်းချုပ်..."















(Wtf.အထန်​ကောင်များ😑)

"ဟမ်..ဘာလို့လဲ"

.......



   
လူတိုင်း "....."










Continue Reading

You'll Also Like

2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...
236K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
817K 125K 200
This is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.