Unicode
နောက်တစ်နေ့မှာ ချူးနဥ်ကမြူခိုးတောင်ဂိုဏ်းသားအချို့ကိုခေါ်ပြီးယဲ့ချင်ချိုးရဲ့တံခါးနားကိုရောက်လာတယ်
သူမကယဲ့ချင်ချိုးရဲ့ဒီအခြေအနေကိုလက်ပူးလက်ကြပ်ဖမ်းမိချင်ပေမဲ့တံခါးကိုလာဖွင့်တဲ့သူကသူ့အကိုဖြစ်နေမယ်လို့မျှော်လင့်မထားဘူး
"အကိုကြီး..အကို"
ချူးနင်ကအထဲကိုလက်ညှိုးထိုးပြီးချူးယဲ့ကိုလက်ညှိုးထပ်ထိုးလိုက်တယ်
'အကိုကြီးကဘာလို့ဒီနေရာကိုရောက်နေရတာလဲငါစီစဥ်ထားတာတွေဘယ်လိုဖြစ်ကုန်တာလဲ အဲဒါအကိုကြီးဖြစ်ရမှာမဟုတ်ဘူးလေ'
ချူးနဥ်ကကြောက်ကြောက်လန့်လန့် အထဲကိုဝင်လာပြီးတော့ချူးယဲ့လက်ကိုဆွဲပြီးမေးလိုက်တယ်
"အကိုကြီးဒီမနက်မှဒီကိုရောက်တာမလား...ဟုတ်တယ်မလား"
ချူးယဲ့ရဲ့နားတွေကနီရဲနေတယ် ညတုန်းကဖြစ်ပျက်ခဲ့တာတွေပြန်တွေးကြည့်လိုက်ရင်အကုန်လုံးကမထင်မှတ်ထားတာတွေချည်းပဲ
ပြီးတော့အဲဒါတွေကမေ့ပျောက်ဖို့အရမ်းကိုခက်ခဲလွန်းတယ်
ဖြစ်ပျက်ခဲ့တာကလည်းသူချစ်တဲ့မိန်းကလေးနဲ့လေ
ချူးနဥ်နောက်ကိုလိုက်လာတဲ့ဂိုဏ်းသားတွေကဘာတွေဆက်ဖြစ်နေလဲခန့်မှန်းမိကြတယ်
'ချူးယဲ့က ယဲ့ချင်ချိုးကိုကြိုက်တာလူတိုင်းသိတယ် ဒါပေမဲ့ယဲ့ချင်ချိုးဘက်ကသူနဲ့ပတ်သက်ပြီးဘာခံစားချက်ကိုမှထုတ်ဖော်မပြောပြဖူးဘူး ဘာလို့သူတို့နှစ်ယောက်ကအတူတူအိပ်ခဲ့ကြတာလဲ'
"နဥ်..အာ.. မနက်အစောကြီးဒီကိုဘာလာလုပ်တာလဲ" ချူးယဲ့ကသူ့စိတ်ကိုအတင်းအကြပ်တည်ငြိမ်အောင်လုပ်လိုက်တယ် သူ့ရဲ့အပြုအမူကိုခန့်မှန်းရုံနဲ့ချူးနဥ်က မနေ့ညကယဲ့ချင်ချိုးနဲ့အတူအိပ်ခဲ့တာသူ့အကိုမှန်းသိလိုက်တယ်သူမ မျက်လုံးတွေကအနီရောင်ပြောင်းသွားပြီးဒေါသထွက်စွာနဲ့အံကြိတ်လိုက်တယ်အဲ့ဒါကြောင့်သူမ အတင့်ရဲလာပြီး ချူးယဲ့ကိုဘေးကိုတွန်းထုတ်လိုက်တယ် ပြီးတော့အထဲကိုဝင်ပြီးစွပ်စွဲတော့တယ်
"ယဲ့ချင်ချိုးးးး....နင်အရှက်မရှိတဲ့အပျက်မ!!နင်ကများးး ငါ့အကို ကိုဖျားယောင်းရဲတယ်ပေါ့လေ" ချူးနဥ်က သေချာမစဥ်းစားတော့ပဲမွန်းကြပ်လာပြီးပေါက်ကွဲတော့တယ်" ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေတယ်ဆိုပြီး နင့်ကိုယ်နင်ဟုတ်လှပြီထင်နေတာလားး!!ကိုယ့်ကိုယ်ကို အဲ့လောက်အထင်ကြီးမနေနဲ့.!!စောက်ရှက်မရှိတဲ့ဟာမ!!! အေ့လေ နင်ဒီနေရာရောက်လာဖို့ဘာတွေလုပ်ခဲ့လည်းဆိုတာကိုဘယ်သူပြောနိုင်မှာလည်းးး!!"
ယဲ့ချင်ချိုးက အဝတ်တွေကိုဝတ်ထားပြီးသားဖြစ်နေပြီသူမရဲ့မှောင်မိုက်နေတဲ့မျက်နှာက ချူးနဥ်စွပ်စွဲတာကိုခံရပြီးတဲ့အခါပိုဆိုးလာတယ်"ထွက်သွားစမ်းး!!"
"ယဲ့ချင်ချိုးးး စောက်ရှက်မရှိတဲ့ခွေးမ!နင့်ကိုငါသတ်မယ်!!"ချူးနဥ်ကဆာလောင်နေတဲ့ ခြေင်္သ့မလိုပဲ သူမကိုကြည့်ရတာယဲ့ချင်ချိုးကိုတစ်စဆီဆုတ်ဖြဲချင်နေသလိုမျိုး ချူးနဥ်ကသူမဓားကိုဆွဲထုတ်ဘိုက်ပြီး ယဲ့ချင်ချိုးကိုထိုးဖို့လုပ်တယ်
လူသတ်ချင်နေတဲ့အရိပ်အယောင်တွေက ယဲ့ချင်ချိုးရဲ့မျက်လုံးတွေထဲမှာပေါ်နေတယ်သူမလက်တစ်ချက်ကိုဝှေ့ယမ်းလိုက်တဲ့အခါ ချူးနဥ်ကလေထဲပျံလွှင့်သွားပြီးနံရံနဲ့ဆောင့်မိတော့တယ်
"ထွက်သွား" ယဲ့ချင်ချိုးရဲ့အေးစက်လှတဲ့အသံနဲ့အကြည့်က အခြားဂိုဏ်းသားတွေဆီရောက်သွားတယ်သူတို့တွေလည်းကြောက်ကြောက်လန့်လန့်နဲ့အနောက်ကိုဆုတ်ကုန်ကြတယ်သူတို့ထွက်သွားရင်းနဲ့တံခါးကိုပါပိတ်ပေးခဲ့ကြတယ်
"မကောင်းဆိုးဝါးမ "ဂိုဏ်းသားတစ်ယောက်က လှေကားပေါ်မှာရပ်နေတဲ့သူမကိုမြင်လိုက်တဲ့အခါအော်လိုက်တယ်
"မင်းတို့တွေမနက်အစောကြီးဒီကိုဘာလာလုပ်ကြတာလဲ" ရှီရှန်းကအထဲကိုချောင်းကြည့်ပြီးစပ်စပ်စုစုမေးလိုက်တယ်
"နင့်အပူ ပါလို့လား" ဂိုဏ်းသားတစ်ယောက်ကအေးစက်စက်ပြန်ပြောလိုက်တယ်
"ဒီတိုင်းလေးစပ်စုကြည့်တာပါ" ရှီရှန်းကပြုံးပြလိုက်တယ်ဒါပေမဲ့အဲ့အပြုံးကတော့အေးစက်နေတယ်"နင့်တို့ရဲ့ဂိုဏ်းချုပ်မမလေးကိုတစ်ယောက်ယောက်ကများစော်ကားလိုက်လို့လား"
"နင်!" ,'အကယ်၍အဲ့လိုလုပ်မယ်ဆိုရင်တောင်မဖြစ်နိုင်ဘူးးးငါတို့ဂိုဏ်းချုပ်ကများဖြစ်စရာလားးး ကိုယ်မွေးတဲ့ခွေးကိုယ့်ကိုပြန်ကိုက်မနေဘူး"
"ဒါတွေအကုန်နင့်အကြံညဏ်တွေမဟုတ်လား!!"
'ဂိုဏ်းချုပ်က အဲ့ဒီချူးယဲ့ဆိုတဲ့ကြွက်စုတ်ကိုစိတ်တောင်မဝင်စားဘူး ...ဘာကိစ္စများသူနဲ့အဲ့လိုမျိုးငါတို့ဂိုဏ်းချုပ်ကဖြစ်ရမှာလဲ...ဒါတွေကဒီမကောင်းဆိုးဝါးမ ဆင်ထားတဲ့အကွက်တွေပဲနေမှာ..သူကြောင့်ချူးယဲ့က ဂိုဏ်းချုပ်ရဲ့အိပ်ရာပေါ်ရောက်ခဲ့တာပဲနေမှာ,'
"ဟေးးး,သက်သေလည်းမရှိပဲ နင်တို့လူတစ်ယောက်ကိုဘယ်လိုတောင်စွပ်စွဲရဲတာလဲ"
"ဒီဟာတွေအားလုံးရဲ့နောက်ကွယ်မှာဘယ်သူရှိနေတယ်ဆိုတာကိုငါပြောပြရမလားး" ရှီရှန်းက အေးစက်စက်ပြုံးနေတယ် "ငါလေးက အလကားပြောပြမှာပါနော် ဘာမှပြန်ပေးစရာမလိုပါဘူး"
မြူခိုးတောင်ဂိုဏ်းသားတွေကဘာပြောရမှန်းမသိဖူးဒါပေမဲ့သူတို့အားလုံးကခနအကြာမှာဒေါသထွက်ထွက်နဲ့အသံတွေကတုန်ရီပြီးအော်ပြောကြတယ် "မကောင်းဆိုးဝါးမ...အလိမ်အညာတွေထဲဆွဲမသွင်းချင်စမ်းပါနဲ့..ငါတို့ကနင့်ကိုယုံမယ်များထင်နေတာလား"
"ငါ့ကိုမယုံဘူးပေါ့.. အေးပါ အဲ့တာဆိုရင်လည်း~" ရှီရှန်းကသစ်ပင်အောက်မှာတစ်ယောက်တည်းစောင့်နေရတဲ့ဖုန်းစီဆီကိုခပ်တည်တည်လျှောက်သွားလိုက်တယ်
' အမ်? ဟိုမကောင်းဆိုးဝါးမ သွားပြီလား.,ဒါပဲလားး?? ဟေးးစကားကိုဆုံးအောင်ပြောသွားလေ..ပြန်လာဦးးး,အာ~~ထွီးးး!!ဘာကိစ္စသူ့ကိုငါတို့ကပြန်ခေါ်နေတာလဲ.ငါ့တို့ကိုသတ်ဖို့လား'
ရှီရှန်းက ထွက်မသွားပါဘူးသူမကဖုန်းစီနဲ့အတူ သစ်ပင်အောက်မှာရပ်စောင့်နေတယ်အဲဒီဂိုဏ်းသားေတွကြောက်ကြောက်လန့်လန့်ပြောနေတဲ့ပုံစံတွေကို သူ့တို့ကြည့်ရတာ ' "မင်းတို့ဗီလိန်တွေကအမြဲတမ်းအလုပ်ရှုပ်နေရမှာမဟုတ်ဘူးလားးငါတို့ကိုရပ်ကြည့်နေရအောင်အားနေကြတာလား" ' လို့ပြောချင်တဲ့ပုံစံတွေပေါက်နေတယ်
.........
အခန်းထဲမှာ, ယဲ့ချင်ချိုးကအိပ်ရာပေါ်မှာထိုင်နေပြီးတော့ သူမဒူးထောက်ခိုင်းထားတဲ့ချူးယဲ့ကိုကြည့်နေတယ်
ချူးယဲ့ကတော့ဘယ်သူ့ဘက်လိုက်ရမလဲစဉ်းစားနေတယ်သူ့ညီမလေးလား?
သူချစ်ရတဲ့သူလား?
"ယဲ့ချင်ချိုး!!နင်ဒီအတွက်ဆိုးဆိုးဝါးဝါးသေရမယ်..,နင့်မှာအစွမ်းရှိရင်ထွက်လာစမ်းပါ"
ချူးနဥ်ရဲ့အသံတွေကအော်ပါများလို့အက်ကွဲလာတယ်
"ငါနင့်ကိုအလွတ်မပေးဖူး ငါသေရင်တောင်မှပဲ!! သောက်ချီးး!! နင်ငါ့အကိုကိုဖြားယောင်းရဲတယ်ပေါ့"
"နဥ်အာ..., ဂိုဏ်းချုပ်ကိုကြိုက်ခဲ့တဲ့သူက အကိုပါ အဲဒါကြောင့်သူမကိုဖြားယောင်းခဲ့တာလည်းအကိုပါပဲ"
ချူးယဲ့ရဲ့မျက်နှာကအေးစက်နေတယ်
"အကိုကြီး..."
ချူးနဥ်ကခေါင်းကိုမော့ပြီးချူးယဲ့ကိုကြောင်ပြီးစိုက်ကြည့်နေတယ်
" အကိုကြီး ညီမလေးကအကို့ညီမပါ ဘာလို့ညီမကိုကျော်ပြီးအခြားမိန်းမ ဘက်ကနေကူပြောပေးနေရတာလဲ,??"
"အကိုက.."
'သူမကက အကိုကြိုက်နေတဲ့မိန်းကလေးလေ ဘယ်လိုလုပ်အခြားမိန်းမဖြစ်ရမှာလဲ'
"တော်လောက်ပြီ"
..ယဲ့ချင်ချိုးကမတ်တပ်ရပ်လိုက်ပြီးချူးနဥ်ကိုစိုက်ကြည့်လိုက်တယ်
"နင်ဘာလုပ်ထားလဲနင်သိမှာပါ.. ဒီနေ့အဖြစ်အပျက်တွေရဲ့တာဝန်ရှိတဲ့သူကနင်ပဲ.ငါနင့်ကိုအခွင့်အရေးတစ်ခုပေးမယ်မြူခိုးတောင်ဂိုဏ်းကနေထွက်သွားပါ..ပြီးတော့ငါ့ရှေ့ဘယ်တော့မှထပ်မပေါ်လာစေနဲ့"
'မနေ့ကသူမဆက်သတဲ့လက်ဖက်ရည်ကြမ်း တစ်ခုပဲငါသောက်တာ,ဘယ်လိုတောင်တိုက်တိုက်ဆိုင်ဆိုင်!! မနက်မှာလာကြည့်တဲ့သူကနင်ဖြစ်နေရတာလဲ..
ဟင်းးး,ဒီကိစ္စတွေကနင်နဲ့လုံး၀မဆိုင်နိုင်ဖူးဆိုတာငါျသတောင်မယုံဘူး'
"ဟင့်အင်း ,ငါမသွားဘူး,!!ငါသွားရင်ငါ့အကိုကရောဘယ်သွားရမှာလဲ"
ချူးနဥ်က ယဲ့ချင်ချိုးသူမကိုမောင်းထုတ်တာကိုကြားတဲ့အခါထိတ်လန့်စွာပြန်ပြောတယ်
"နင်နဲ့မဆိုင်ပါဘူးအဲဒါက, အကယ်၍မသွားချင်ဘူးဆိုရင်လည်းသေခြင်းတရားကိုပဲလက်ခံလိုက်,"
ယုတ်မာတဲ့အပြုံးတစ်ချက်က ယဲ့ချင်ချိုးရဲ့မျက်လုံးထဲမှာပေါ်လွင်နေတယ်
သူမချူးနဥ်ကိုဒီတိုင်းလွှတ်မပေးချင်ပါဘူး
ဒါပေမဲ့ခုချိန်ဒီနေရာမှာသူမ ဘာမှလုပ်လို့မရဘူး
ချူးယဲ့ကသူတို့ပြောနေတာကိုနားမလည်ပေမဲ့သူ့ညီမရဲ့ပုံစံကိုတွေ့တဲ့အခါမှာဖြည်းဖြည်းချင်းသဘောပေါက်လာတယ်
ချူးနဥ်ရဲ့တစ်ဇွတ်ထိုးလုပ်တာတွေကိုသူ မမျှော်လင့်ထားပေမဲ့အဲဒါတွေကသူ့ကိုဒုက္ခအတော်များများကနေကယ်လိုက်နိုင်ဖူးတယ်
အဲဒါကြောင့်သူ့ညီမကအခြားလူတွေကိုဘာပဲလုပ်လုပ်ဂရုမစိုက်ပေမဲ့ယဲ့ချင်ချိုးကတော့မတူဘူး
သူမက သူကြိုက်တဲ့မိန်းကလေးလေ
"ဒီတပည့်ကပဲ နဥ်အာ ကိုအဝေးကိုခေါ်ဆောင်ခွင့်ပြုပါ"
ချူးယဲ့က ယဲ့ချင်ချိုးကိုအရိုအသေပြုလိုက်ပြီးတော့ချူးနဥ်ကိုအဝေးကိုခေါ်ထုတ်သွားတယ်
"အကိုကြီး..ဘာလုပ်နေတာလဲ.ညီမ မသွားဖူး.လွှတ်ပေးး!! မိန်းမတစ်ယောက်ကြောင့်ညီမကိုမျက်ကွယ်ပြုတော့မှာလား.ညီမတို့အတူတူရှိခဲ့တဲ့အချိန်တွေကိုမမှတ်မိတော့ဘူးလားအကိုကြီးး..ညီမကိုလွှတ်ပေးပါ.. တောင်းပန်ပါတယ်... ညီမကိုမောင်းမထုတ်ပါနဲ့!!!"
ချူးနဥ်ရဲ့အသံကတစ်ဖြည်းဖြည်းနဲ့တိုးလာတယ်
အဆုံးမှာသူမကအဝေးကိုမောင်းထုတ်ခံရပြီးတော့ယဲ့ချင်ချိုးကတော့သူမကိုနှင်ထုတ်ခြင်းနဲ့ဒီကိစ္စကိုလက်လွှတ်စပယ်အဆုံးသတ်လိုက်တယ်
......
"နင်ကိုးးး"ယဲ့ချင်ချိုးကအံ့သြတဲ့ပုံစံနဲ့သူမအနားကိုကပ်လာတဲ့သူကိုပြောလိုက်တယ်
"ဟမ်!!" လုံ့ကျွယ် ကထူးဆန်းတဲ့ပုံစံနဲ့ပြောလိုက်တယ်
"ဂိုဏ်းချုပ်က ကျွန်တော့်ကိုအမြင်ကျယ်စေဖို့ခွင့်ပြုလိုက်တာပဲ"
ယဲ့ချင်ချိုးကနဖူးတွန့်လိုက်ပြီးအနည်းငယ်ထိတ်လန့်သွားတယ်
"ဘာလို့အဲလိုပြောရတာလဲ"
လုံ့ကျွယ်ကပြုံးပြပြီးခြေလှမ်းကျဲကျဲလျှောက်ကာထွက်သွားတယ်
ယဲ့ချင်ချိုးကလုံ့ကျွယ်ထွက်သွားတာကိုထောင့်တစ်နေရာကနေကသိကအောက်ဖြစ်ပြီးကြည့်နေတယ်
'သူငါ့ကိုဘယ်လိုတောင်ကြည့်ရဲတာလဲ'
ဟိုအရင်နှစ်တွေတုန်းက သူမတို့ သေမင်းတမာန်တောအုပ်ထဲမှာ ရှန်းရှူတို့နဲ့ ရင်ဆိုင်နေရစဥ်က လုံ့ကျွယ်အသုံးပြုလိုက်တဲ့ နေရာရွှေ့ပြောင်းမန္တာန်က တစ်ခုခုမှားယွင်းသွားပြီး ထူးဆန်းတဲ့နေရာတစ်ခုဆီ သူမတို့ကိုခေါ်ဆောင်သွားခဲ့တယ်
အဲ့ဒီတုန်းက နေမကောင်းတဲ့ သူ့ကို ခေါ်ပြီး အဲ့ဒီနေရာကနေ ထွက်လာနိုင်ဖို့ကို ယဲ့ချင်ချိုးကသာ အပြင်းအထန်ကြိုးပမ်းခဲ့ရသူပဲ
ဒီနှစ်တွေအတွင်းမှာသူ့ဘက်က ဘာတုန့်ပြန်မှုမှမရှိခဲ့သလို သူတို့နှစ်ယောက်မတွေ့ဖြစ်တာလည်းမရှိသလောက်ပဲ
သူပြင်းပြင်းထန်ထန်ဒဏ်ရာရတုန်းကလည်းက သူမကပဲအလုပ်တွေအကုန်လုပ်ပေးခဲ့ရတာ
'သူငါ့ကိုပြန်တွေ့တဲ့အချိန်မှာကောင်းတဲ့အမြင်တွေရှိနေရမှာမဟုတ်ဘူးလား'
Transalated by Dora💜 Mia💙
Zawgyi
ေနာက္တစ္ေန႔မွာ ခ်ဴးနဥ္ကျမဴခိုးေတာင္ဂိုဏ္းသားအခ်ိဳ႕ကိုေခၚၿပီးယဲ့ခ်င္ခ်ိဳးရဲ႕တံခါးနားကိုေရာက္လာတယ္
သူမကယဲ့ခ်င္ခ်ိဳးရဲ႕ဒီအေျခအေနကိုလက္ပူးလက္ၾကပ္ဖမ္းမိခ်င္ေပမဲ့တံခါးကိုလာဖြင့္တဲ့သူကသူ႕အကိုျဖစ္ေနမယ္လို႔ေမွ်ာ္လင့္မထားဘူး
"အကိုႀကီး..အကို"
ခ်ဴးနင္ကအထဲကိုလက္ညိႇဳးထိုးၿပီးခ်ဴးယဲ့ကိုလက္ညိႇဳးထပ္ထိုးလိုက္တယ္
'အကိုႀကီးကဘာလို႔ဒီေနရာကိုေရာက္ေနရတာလဲငါစီစဥ္ထားတာေတြဘယ္လိုျဖစ္ကုန္တာလဲ အဲဒါအကိုႀကီးျဖစ္ရမွာမဟုတ္ဘူးေလ'
ခ်ဴးနဥ္ကေၾကာက္ေၾကာက္လန္႔လန္႔ အထဲကိုဝင္လာၿပီးေတာ့ခ်ဴးယဲ့လက္ကိုဆြဲၿပီးေမးလိုက္တယ္
"အကိုႀကီးဒီမနက္မွဒီကိုေရာက္တာမလား...ဟုတ္တယ္မလား"
ခ်ဴးယဲ့ရဲ႕နားေတြကနီရဲေနတယ္ ညတုန္းကျဖစ္ပ်က္ခဲ့တာေတြျပန္ေတြးၾကည့္လိုက္ရင္အကုန္လုံးကမထင္မွတ္ထားတာေတြခ်ည္းပဲ
ၿပီးေတာ့အဲဒါေတြကေမ့ေပ်ာက္ဖို႔အရမ္းကိုခက္ခဲလြန္းတယ္
ျဖစ္ပ်က္ခဲ့တာကလည္းသူခ်စ္တဲ့မိန္းကေလးနဲ႔ေလ
ခ်ဴးနဥ္ေနာက္ကိုလိုက္လာတဲ့ဂိုဏ္းသားေတြကဘာေတြဆက္ျဖစ္ေနလဲခန္႔မွန္းမိၾကတယ္
'ခ်ဴးယဲ့က ယဲ့ခ်င္ခ်ိဳးကိုႀကိဳက္တာလူတိုင္းသိတယ္ ဒါေပမဲ့ယဲ့ခ်င္ခ်ိဳးဘက္ကသူနဲ႔ပတ္သက္ၿပီးဘာခံစားခ်က္ကိုမွထုတ္ေဖာ္မေျပာျပဖူးဘူး ဘာလို႔သူတို႔ႏွစ္ေယာက္ကအတူတူအိပ္ခဲ့ၾကတာလဲ'
"နဥ္..အာ.. မနက္အေစာႀကီးဒီကိုဘာလာလုပ္တာလဲ" ခ်ဴးယဲ့ကသူ႕စိတ္ကိုအတင္းအၾကပ္တည္ၿငိမ္ေအာင္လုပ္လိုက္တယ္ သူ႕ရဲ႕အျပဳအမူကိုခန္႔မွန္း႐ုံနဲ႔ခ်ဴးနဥ္က မေန႔ညကယဲ့ခ်င္ခ်ိဳးနဲ႔အတူအိပ္ခဲ့တာသူ႕အကိုမွန္းသိလိုက္တယ္သူမ မ်က္လုံးေတြကအနီေရာင္ေျပာင္းသြားၿပီးေဒါသထြက္စြာနဲ႔အံႀကိတ္လိုက္တယ္အဲ့ဒါေၾကာင့္သူမ အတင့္ရဲလာၿပီး ခ်ဴးယဲ့ကိုေဘးကိုတြန္းထုတ္လိုက္တယ္ ၿပီးေတာ့အထဲကိုဝင္ၿပီးစြပ္စြဲေတာ့တယ္
"ယဲ့ခ်င္ခ်ိဳးးးး....နင္အ႐ွက္မ႐ွိတဲ့အပ်က္မ!!နင္ကမ်ားးး ငါ့အကို ကိုဖ်ားေယာင္းရဲတယ္ေပါ့ေလ" ခ်ဴးနဥ္က ေသခ်ာမစဥ္းစားေတာ့ပဲမြန္းၾကပ္လာၿပီးေပါက္ကြဲေတာ့တယ္" ဂိုဏ္းခ်ဳပ္တစ္ေယာက္ျဖစ္ေနတယ္ဆိုၿပီး နင့္ကိုယ္နင္ဟုတ္လွၿပီထင္ေနတာလားး!!ကိုယ့္ကိုယ္ကို အဲ့ေလာက္အထင္ႀကီးမေနနဲ႔.!!ေစာက္႐ွက္မ႐ွိတဲ့ဟာမ!!! ေအ့ေလ နင္ဒီေနရာေရာက္လာဖို႔ဘာေတြလုပ္ခဲ့လည္းဆိုတာကိုဘယ္သူေျပာႏိုင္မွာလည္းးး!!"
ယဲ့ခ်င္ခ်ိဳးက အဝတ္ေတြကိုဝတ္ထားၿပီးသားျဖစ္ေနၿပီသူမရဲ႕ေမွာင္မိုက္ေနတဲ့မ်က္ႏွာက ခ်ဴးနဥ္စြပ္စြဲတာကိုခံရၿပီးတဲ့အခါပိုဆိုးလာတယ္"ထြက္သြားစမ္းး!!"
"ယဲ့ခ်င္ခ်ိဳးးး ေစာက္႐ွက္မ႐ွိတဲ့ေခြးမ!နင့္ကိုငါသတ္မယ္!!"ခ်ဴးနဥ္ကဆာေလာင္ေနတဲ့ ျခေသၤ့မလိုပဲ သူမကိုၾကည့္ရတာယဲ့ခ်င္ခ်ိဳးကိုတစ္စဆီဆုတ္ၿဖဲခ်င္ေနသလိုမ်ိဳး ခ်ဴးနဥ္ကသူမဓားကိုဆြဲထုတ္ဘိုက္ၿပီး ယဲ့ခ်င္ခ်ိဳးကိုထိုးဖို႔လုပ္တယ္
လူသတ္ခ်င္ေနတဲ့အရိပ္အေယာင္ေတြက ယဲ့ခ်င္ခ်ိဳးရဲ႕မ်က္လုံးေတြထဲမွာေပၚေနတယ္သူမလက္တစ္ခ်က္ကိုေဝွ႔ယမ္းလိုက္တဲ့အခါ ခ်ဴးနဥ္ကေလထဲပ်ံလႊင့္သြားၿပီးနံရံနဲ႔ေဆာင့္မိေတာ့တယ္
"ထြက္သြား" ယဲ့ခ်င္ခ်ိဳးရဲ႕ေအးစက္လွတဲ့အသံနဲ႔အၾကည့္က အျခားဂိုဏ္းသားေတြဆီေရာက္သြားတယ္သူတို႔ေတြလည္းေၾကာက္ေၾကာက္လန္႔လန္႔နဲ႔အေနာက္ကိုဆုတ္ကုန္ၾကတယ္သူတို႔ထြက္သြားရင္းနဲ႔တံခါးကိုပါပိတ္ေပးခဲ့ၾကတယ္
"မေကာင္းဆိုးဝါးမ "ဂိုဏ္းသားတစ္ေယာက္က ေလွကားေပၚမွာရပ္ေနတဲ့သူမကိုျမင္လိုက္တဲ့အခါေအာ္လိုက္တယ္
"မင္းတို႔ေတြမနက္အေစာႀကီးဒီကိုဘာလာလုပ္ၾကတာလဲ" ႐ွီ႐ွန္းကအထဲကိုေခ်ာင္းၾကည့္ၿပီးစပ္စပ္စုစုေမးလိုက္တယ္
"နင့္အပူ ပါလို႔လား" ဂိုဏ္းသားတစ္ေယာက္ကေအးစက္စက္ျပန္ေျပာလိုက္တယ္
"ဒီတိုင္းေလးစပ္စုၾကည့္တာပါ" ႐ွီ႐ွန္းကျပဳံးျပလိုက္တယ္ဒါေပမဲ့အဲ့အျပဳံးကေတာ့ေအးစက္ေနတယ္"နင့္တို႔ရဲ႕ဂိုဏ္းခ်ဳပ္မမေလးကိုတစ္ေယာက္ေယာက္ကမ်ားေစာ္ကားလိုက္လို႔လား"
"နင္!" ,'အကယ္၍အဲ့လိုလုပ္မယ္ဆိုရင္ေတာင္မျဖစ္ႏိုင္ဘူးးးငါတို႔ဂိုဏ္းခ်ဳပ္ကမ်ားျဖစ္စရာလားးး ကိုယ္ေမြးတဲ့ေခြးကိုယ့္ကိုျပန္ကိုက္မေနဘူး"
"ဒါေတြအကုန္နင့္အၾကံညဏ္ေတြမဟုတ္လား!!"
'ဂိုဏ္းခ်ဳပ္က အဲ့ဒီခ်ဴးယဲ့ဆိုတဲ့ႂကြက္စုတ္ကိုစိတ္ေတာင္မဝင္စားဘူး ...ဘာကိစၥမ်ားသူနဲ႔အဲ့လိုမ်ိဳးငါတို႔ဂိုဏ္းခ်ဳပ္ကျဖစ္ရမွာလဲ...ဒါေတြကဒီမေကာင္းဆိုးဝါးမ ဆင္ထားတဲ့အကြက္ေတြပဲေနမွာ..သူေၾကာင့္ခ်ဴးယဲ့က ဂိုဏ္းခ်ဳပ္ရဲ႕အိပ္ရာေပၚေရာက္ခဲ့တာပဲေနမွာ,'
"ေဟးးး,သက္ေသလည္းမ႐ွိပဲ နင္တို႔လူတစ္ေယာက္ကိုဘယ္လိုေတာင္စြပ္စြဲရဲတာလဲ"
"ဒီဟာေတြအားလုံးရဲ႕ေနာက္ကြယ္မွာဘယ္သူ႐ွိေနတယ္ဆိုတာကိုငါေျပာျပရမလားး" ႐ွီ႐ွန္းက ေအးစက္စက္ျပဳံးေနတယ္ "ငါေလးက အလကားေျပာျပမွာပါေနာ္ ဘာမွျပန္ေပးစရာမလိုပါဘူး"
ျမဴခိုးေတာင္ဂိုဏ္းသားေတြကဘာေျပာရမွန္းမသိဖူးဒါေပမဲ့သူတို႔အားလုံးကခနအၾကာမွာေဒါသထြက္ထြက္နဲ႔အသံေတြကတုန္ရီၿပီးေအာ္ေျပာၾကတယ္ "မေကာင္းဆိုးဝါးမ...အလိမ္အညာေတြထဲဆြဲမသြင္းခ်င္စမ္းပါနဲ႔..ငါတို႔ကနင့္ကိုယုံမယ္မ်ားထင္ေနတာလား"
"ငါ့ကိုမယုံဘူးေပါ့.. ေအးပါ အဲ့တာဆိုရင္လည္း~" ႐ွီ႐ွန္းကသစ္ပင္ေအာက္မွာတစ္ေယာက္တည္းေစာင့္ေနရတဲ့ဖုန္းစီဆီကိုခပ္တည္တည္ေလွ်ာက္သြားလိုက္တယ္
' အမ္? ဟိုမေကာင္းဆိုးဝါးမ သြားၿပီလား.,ဒါပဲလားး?? ေဟးးစကားကိုဆုံးေအာင္ေျပာသြားေလ..ျပန္လာဦးးး,အာ~~ထြီးးး!!ဘာကိစၥသူ႕ကိုငါတို႔ကျပန္ေခၚေနတာလဲ.ငါ့တို႔ကိုသတ္ဖို႔လား'
႐ွီ႐ွန္းက ထြက္မသြားပါဘူးသူမကဖုန္းစီနဲ႔အတူ သစ္ပင္ေအာက္မွာရပ္ေစာင့္ေနတယ္အဲဒီဂိုဏ္းသားေတြေၾကာက္ေၾကာက္လန္႔လန္႔ေျပာေနတဲ့ပုံစံေတြကို သူ႕တို႔ၾကည့္ရတာ ' "မင္းတို႔ဗီလိန္ေတြကအၿမဲတမ္းအလုပ္႐ႈပ္ေနရမွာမဟုတ္ဘူးလားးငါတို႔ကိုရပ္ၾကည့္ေနရေအာင္အားေနၾကတာလား" ' လို႔ေျပာခ်င္တဲ့ပုံစံေတြေပါက္ေနတယ္
.........
အခန္းထဲမွာ, ယဲ့ခ်င္ခ်ိဳးကအိပ္ရာေပၚမွာထိုင္ေနၿပီးေတာ့ သူမဒူးေထာက္ခိုင္းထားတဲ့ခ်ဴးယဲ့ကိုၾကည့္ေနတယ္
ခ်ဴးယဲ့ကေတာ့ဘယ္သူ႕ဘက္လိုက္ရမလဲစဥ္းစားေနတယ္သူ႕ညီမေလးလား?
သူခ်စ္ရတဲ့သူလား?
"ယဲ့ခ်င္ခ်ိဳး!!နင္ဒီအတြက္ဆိုးဆိုးဝါးဝါးေသရမယ္..,နင့္မွာအစြမ္း႐ွိရင္ထြက္လာစမ္းပါ"
ခ်ဴးနဥ္ရဲ႕အသံေတြကေအာ္ပါမ်ားလို႔အက္ကြဲလာတယ္
"ငါနင့္ကိုအလြတ္မေပးဖူး ငါေသရင္ေတာင္မွပဲ!! ေသာက္ခ်ီးး!! နင္ငါ့အကိုကိုျဖားေယာင္းရဲတယ္ေပါ့"
"နဥ္အာ..., ဂိုဏ္းခ်ဳပ္ကိုႀကိဳက္ခဲ့တဲ့သူက အကိုပါ အဲဒါေၾကာင့္သူမကိုျဖားေယာင္းခဲ့တာလည္းအကိုပါပဲ"
ခ်ဴးယဲ့ရဲ႕မ်က္ႏွာကေအးစက္ေနတယ္
"အကိုႀကီး..."
ခ်ဴးနဥ္ကေခါင္းကိုေမာ့ၿပီးခ်ဴးယဲ့ကိုေၾကာင္ၿပီးစိုက္ၾကည့္ေနတယ္
" အကိုႀကီး ညီမေလးကအကို႔ညီမပါ ဘာလို႔ညီမကိုေက်ာ္ၿပီးအျခားမိန္းမ ဘက္ကေနကူေျပာေပးေနရတာလဲ,??"
"အကိုက.."
'သူမကက အကိုႀကိဳက္ေနတဲ့မိန္းကေလးေလ ဘယ္လိုလုပ္အျခားမိန္းမျဖစ္ရမွာလဲ'
"ေတာ္ေလာက္ၿပီ"
..ယဲ့ခ်င္ခ်ိဳးကမတ္တပ္ရပ္လိုက္ၿပီးခ်ဴးနဥ္ကိုစိုက္ၾကည့္လိုက္တယ္
"နင္ဘာလုပ္ထားလဲနင္သိမွာပါ.. ဒီေန႔အျဖစ္အပ်က္ေတြရဲ႕တာဝန္႐ွိတဲ့သူကနင္ပဲ.ငါနင့္ကိုအခြင့္အေရးတစ္ခုေပးမယ္ျမဴခိုးေတာင္ဂိုဏ္းကေနထြက္သြားပါ..ၿပီးေတာ့ငါ့ေ႐ွ႕ဘယ္ေတာ့မွထပ္မေပၚလာေစနဲ႔"
'မေန႔ကသူမဆက္သတဲ့လက္ဖက္ရည္ၾကမ္း တစ္ခုပဲငါေသာက္တာ,ဘယ္လိုေတာင္တိုက္တိုက္ဆိုင္ဆိုင္!! မနက္မွာလာၾကည့္တဲ့သူကနင္ျဖစ္ေနရတာလဲ..
ဟင္းးး,ဒီကိစၥေတြကနင္နဲ႔လုံး၀မဆိုင္ႏိုင္ဖူးဆိုတာငါ်သေတာင္မယုံဘူး'
"ဟင့္အင္း ,ငါမသြားဘူး,!!ငါသြားရင္ငါ့အကိုကေရာဘယ္သြားရမွာလဲ"
ခ်ဴးနဥ္က ယဲ့ခ်င္ခ်ိဳးသူမကိုေမာင္းထုတ္တာကိုၾကားတဲ့အခါထိတ္လန္႔စြာျပန္ေျပာတယ္
"နင္နဲ႔မဆိုင္ပါဘူးအဲဒါက, အကယ္၍မသြားခ်င္ဘူးဆိုရင္လည္းေသျခင္းတရားကိုပဲလက္ခံလိုက္,"
ယုတ္မာတဲ့အျပဳံးတစ္ခ်က္က ယဲ့ခ်င္ခ်ိဳးရဲ႕မ်က္လုံးထဲမွာေပၚလြင္ေနတယ္
သူမခ်ဴးနဥ္ကိုဒီတိုင္းလႊတ္မေပးခ်င္ပါဘူး
ဒါေပမဲ့ခုခ်ိန္ဒီေနရာမွာသူမ ဘာမွလုပ္လို႔မရဘူး
ခ်ဴးယဲ့ကသူတို႔ေျပာေနတာကိုနားမလည္ေပမဲ့သူ႕ညီမရဲ႕ပုံစံကိုေတြ႕တဲ့အခါမွာျဖည္းျဖည္းခ်င္းသေဘာေပါက္လာတယ္
ခ်ဴးနဥ္ရဲ႕တစ္ဇြတ္ထိုးလုပ္တာေတြကိုသူ မေမွ်ာ္လင့္ထားေပမဲ့အဲဒါေတြကသူ႕ကိုဒုကၡအေတာ္မ်ားမ်ားကေနကယ္လိုက္ႏိုင္ဖူးတယ္
အဲဒါေၾကာင့္သူ႕ညီမကအျခားလူေတြကိုဘာပဲလုပ္လုပ္ဂ႐ုမစိုက္ေပမဲ့ယဲ့ခ်င္ခ်ိဳးကေတာ့မတူဘူး
သူမက သူႀကိဳက္တဲ့မိန္းကေလးေလ
"ဒီတပည့္ကပဲ နဥ္အာ ကိုအေဝးကိုေခၚေဆာင္ခြင့္ျပဳပါ"
ခ်ဴးယဲ့က ယဲ့ခ်င္ခ်ိဳးကိုအ႐ိုအေသျပဳလိုက္ၿပီးေတာ့ခ်ဴးနဥ္ကိုအေဝးကိုေခၚထုတ္သြားတယ္
"အကိုႀကီး..ဘာလုပ္ေနတာလဲ.ညီမ မသြားဖူး.လႊတ္ေပးး!! မိန္းမတစ္ေယာက္ေၾကာင့္ညီမကိုမ်က္ကြယ္ျပဳေတာ့မွာလား.ညီမတို႔အတူတူ႐ွိခဲ့တဲ့အခ်ိန္ေတြကိုမမွတ္မိေတာ့ဘူးလားအကိုႀကီးး..ညီမကိုလႊတ္ေပးပါ.. ေတာင္းပန္ပါတယ္... ညီမကိုေမာင္းမထုတ္ပါနဲ႔!!!"
ခ်ဴးနဥ္ရဲ႕အသံကတစ္ျဖည္းျဖည္းနဲ႔တိုးလာတယ္
အဆုံးမွာသူမကအေဝးကိုေမာင္းထုတ္ခံရၿပီးေတာ့ယဲ့ခ်င္ခ်ိဳးကေတာ့သူမကိုႏွင္ထုတ္ျခင္းနဲ႔ဒီကိစၥကိုလက္လႊတ္စပယ္အဆုံးသတ္လိုက္တယ္
......
"နင္ကိုးးး"ယဲ့ခ်င္ခ်ိဳးကအံ့ၾသတဲ့ပုံစံနဲ႔သူမအနားကိုကပ္လာတဲ့သူကိုေျပာလိုက္တယ္
"ဟမ္!!" လုံ႔ကြၽယ္ ကထူးဆန္းတဲ့ပုံစံနဲ႔ေျပာလိုက္တယ္
"ဂိုဏ္းခ်ဳပ္က ကြၽန္ေတာ္႕ကိုအျမင္က်ယ္ေစဖို႔ခြင့္ျပဳလိုက္တာပဲ"
ယဲ့ခ်င္ခ်ိဳးကနဖူးတြန္႔လိုက္ၿပီးအနည္းငယ္ထိတ္လန္႔သြားတယ္
"ဘာလို႔အဲလိုေျပာရတာလဲ"
လုံ႔ကြၽယ္ကျပဳံးျပၿပီးေျခလွမ္းက်ဲက်ဲေလွ်ာက္ကာထြက္သြားတယ္
ယဲ့ခ်င္ခ်ိဳးကလုံ႔ကြၽယ္ထြက္သြားတာကိုေထာင့္တစ္ေနရာကေနကသိကေအာက္ျဖစ္ၿပီးၾကည့္ေနတယ္
'သူငါ့ကိုဘယ္လိုေတာင္ၾကည့္ရဲတာလဲ'
ဟိုအရင္ႏွစ္ေတြတုန္းက သူမတို႔ ေသမင္းတမာန္ေတာအုပ္ထဲမွာ ႐ွန္း႐ွဴတို႔နဲ႔ ရင္ဆိုင္ေနရစဥ္က လုံ႔ကြၽယ္အသုံးျပဳလိုက္တဲ့ ေနရာေ႐ႊ႕ေျပာင္းမႏၲာန္က တစ္ခုခုမွားယြင္းသြားၿပီး ထူးဆန္းတဲ့ေနရာတစ္ခုဆီ သူမတို႔ကိုေခၚေဆာင္သြားခဲ့တယ္
အဲ့ဒီတုန္းက ေနမေကာင္းတဲ့ သူ႕ကို ေခၚၿပီး အဲ့ဒီေနရာကေန ထြက္လာႏိုင္ဖို႔ကို ယဲ့ခ်င္ခ်ိဳးကသာ အျပင္းအထန္ႀကိဳးပမ္းခဲ့ရသူပဲ
ဒီႏွစ္ေတြအတြင္းမွာသူ႕ဘက္က ဘာတုန္႔ျပန္မႈမွမ႐ွိခဲ့သလို သူတို႔ႏွစ္ေယာက္မေတြ႕ျဖစ္တာလည္းမ႐ွိသေလာက္ပဲ
သူျပင္းျပင္းထန္ထန္ဒဏ္ရာရတုန္းကလည္းက သူမကပဲအလုပ္ေတြအကုန္လုပ္ေပးခဲ့ရတာ
'သူငါ့ကိုျပန္ေတြ႕တဲ့အခ်ိန္မွာေကာင္းတဲ့အျမင္ေတြ႐ွိေနရမွာမဟုတ္ဘူးလား'
Transalated by Dora💜 Mia💙