ရှီရှန်း ႐ွီ႐ွန္း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 3.5

3.1K 420 3
By Hanpandora

Unicode

မူလဇာတ်​ကြောင်းကိုပြန်စဥ်းစားမိသွားတဲ့အခါမှာ ရှီရှန်းက မီး​နဲ့လွတ်ရာကိုခုန်ထွက်လိုက်တယ်
"​တော်ပါပြီ"
ရှီရှန်းရဲ့တုံ့ပြန်မှုကိုမြင်တဲ့အခါမှာ ဖုန်းစီကအနည်းငယ်စိတ်ပျက်သွားပုံ​ပေါ်​ပေမယ့် သူ့ရဲ့အ​တွေး​တွေကိုဖုံးကွယ်ထားပြီးရှီရှန်းကိုအဖိုးတန်ရတနာတစ်ခုလို မက်မက်​မော​မောနဲ့စိတ်လှုပ်ရှားစွာကြည့်​နေတယ်
'ဖုန်းစီက ဒီ၀တ္ထုရဲ့final bossဖြစ်ပြီး​တော့ဇာတ်လိုက်မရင်ဆိုင်ရမယ့် အကြီးမားဆုံးနဲ့ ​နောက်ဆုံး​သော အခက်အခဲပဲ '

ဖုန်းစီက နဂါးမျိုးနွယ်စုနဲ့ဖီးနစ်မျိုးနွယ်စုကဆင်းသက်လာသူပဲ
သူက စွမ်းအားကြီးမားစွာ​​မွေးဖွားလာခဲ့​ပေမယ့် အဲ့ဒီစွမ်းအား​တွေနဲ့အတူ ဒီမီး​တောက်​တွေပါ ပါလာတယ်
ဖုန်းစီရဲ့ပတ်ပတ်လည်တိုင်းမှာအပူရှိန်ပြင်းထန်တဲ့မီး​တောက်​တွေ၀န်းရံ​နေတာ​ကြောင့်  ဘယ်သူကမှသူ့အနားကိုမကပ်ရဲကြဘူး
သူ့ရဲ့မိဘအရင်း​တွေက​တောင် နဲနဲ​လောက်သတိမပြုမိလိုက်တာနဲ့မီး​လောင်သွားမှာစိုးလို့ ဖုန်းစီအနားကိုမကပ်ရဲကြဘူး
နဂါးမျိုးနွယ်စုနဲ့ဖီးနစ်မျိုးနွယ်စုတို့က ဖုန်းစီမ​မွေးခင်ထဲက ဆက်ဆံ​ရေးမှာ အဖုအထစ်​လေး​တွေရှိခဲ့တယ်
ဖုန်းစီက ဒီလိုမျိုး​မွေးဖွားလာတဲ့အခါမှာ​တော့ နဂါးမျိုးနွယ်စု၀င်ဖြစ်တဲ့ သူ့အ​ဖေက သူ့ကိုကျက်သ​ရေမရှိဘူးလို့ယူဆပြီး ဖီးနစ်မျိုးနွယ်စု၀င်သူ့ဇနီးကိုလုံး၀လျစ်လျူရှုလိုက်​တယ်
ခင်ပွန်းရဲ့လျစ်လျှူရှုခြင်းကိုခံရတဲ့ အ​ကြောင်းအရင်းဟာ ဒီကျက်သ​ရေမရှိတဲ့ ဒုက္ခအိုး သားတစ်​ယောက်​ကြောင့်လို့သတ်မှတ်ပြီး ဖုန်းစီကိုစွန့်ပစ်လိုက်တယ်

အဲ့ဒီလိုနဲ့ပဲဖုန်းစီက အထီးကျန်စွာ တစ်ကိုယ်ထဲကြီးပျင်းလာခဲ့ရတယ်
မူလဇာတ်​ကြောင်းထဲမှာ​တော့ ဖုန်းစီက ဇာတ်လိုက်မ ​ကောင်းကင်​လောကကိုပထမဆုံး​ရောက်လာပြီး အမျိုးသားဇာတ်လိုက်ကသူမကိုသွားကြိုတဲ့အချိန်မှာ ​ပေါ်လာခဲ့တာဖြစ်တယ်
ဖုန်းစီက ဒီလိုမျိုးရုတ်တရပ်ကြီး​ပေါ်လာတဲ့အခါမှာ​တော့ အဲ့ဒီမှာရှိ​နေတဲ့အခြားလူ​တွေက မီး​တောက်​တွေကို​ကြောက်လန့်တဲ့အတွက် တခြား​နေရာကို ထွက်​ပြေးကုန်ကြပြီး ဇာတ်လိုက်နှစ်​ယောက်ကသာ သူနဲ့ကျန်​နေခဲ့တယ်
ဇာတ်လိုက်မကဖုန်းစီအ​ကြောင်းကိုမသိ​ပေမယ့် အမျိုးသားဇာတ်လိုက်က​တော့ သူနဲ့ရန်ငြှိုးရှိတယ်
နဂါးမျိုးနွယ်စုရဲ့သခင်​လေးဖြစ်တဲ့ အမျိုးသားဇာတ်လိုက်က သူ့ထက်အင်အားကြီး​နေပြီး နဂါး-ဖီးနစ်​သွေး​နှောလည်းဖြစ်တဲ့ဖုန်းစီကိုကြည့်မရဘူးဆိုတာက ဖြစ်သင့်တဲ့ကိစ္စပဲ
ဒါ​ပေမယ့် သူက ဖုန်းစီရဲ့အတုမရှိတဲ့စွမ်းအား​တွေ​ကြောင့် ပုံမှန်ဆိုရင်သူ့ဘက်ကစပြီးရန်မရှာရဲဘူး
ဒါ​ပေမယ့်ဇာတ်လိုက်မ​ရှေ့မှာ​တော့ဘယ်တူမလဲ
သူ့ရဲ့အားနည်းချက်ကိုနည်းနည်း​လေးမှ​ဖော်ထုတ်ပြမှာမဟုတ်ဖူး

သူက ဖုန်းစီရဲ့လမ်းကိုပိတ်ပြီးတိုက်ခိုက်ခဲ့တယ်
ဒါ​ပေမယ့်ဖုန်းစီက​တော့ ၃ရက်ကြာတဲ့အထိ​တောက်​လောက်​နေမယ့်မီးပင်လယ်ကြီးကိုဖန်ဆင်းခဲ့တယ်
အဲ့ဒီတုန်းက ဇာတ်လိုက်မက နဲနဲ​လောက်တုန့်ဆိုင်း​နေပြီး အံ့သြသွားတယ်ပုံ​ပေါ်​နေခဲ့တယ်
ဘာအ​ကြောင်း​ကြောင့်လဲဆိုတာကို​တော့စာ​ရေးဆရာကမ​ဖော်ပြခဲ့ဘူး

ဒါ​ပေမယ့် အခုပြန်​တွေးကြည့်ရင်​တော့ ဇာတ်လိုက်မနဲ့ဖုန်းစီတို့ဟာမူလဇာတ်​ကြောင်းမှာလည်း ​သေမင်းတမာန်​တောအုပ်ထဲမှာတုန်းက၁ကြိမ်​တွေ့ဖူးပြီးသားဖြစ်နိုင်တယ်
ရှီရှန်းကသူမမှာ မီး​လောင်ဒဏ်ရာ​တွေမရှိတာ​သေချာ​အောင်ပြန်စစ်လိုက်တယ်
'ပုံမှန်ဆိုရင် မီးညွှန့်တစ်ခုနဲ့ထိမိရင်​တောင်ဒဏ်ရာအကြီးကြီးရသွားနိုင်တာကို ငါက မီး​တောက်​တွေကြားထဲခုန်ဆင်းလိုက်​တယ်​ပေါ့ တကယ်ကိုဇာတ်လိုက်မနဲ့နီးနီးကပ်ကပ်​နေမိပြီးမှ IQ​တွေနိမ့်ကျသွားရတာပဲ...​တော်​သေးလို့ ဒီမီး​တောက်​တွေကငါ့ကိုမထိခိုက်နိုင်လို့သာ​ပေါ့...မဟုတ်လို့က​တော့မ​တွေ့၀ံ့စရာပဲ..မဟုတ်မှလွဲ​ရောငါ​လေးရဲ့ခန္ဓာကိုယ်ကထင်ထားတာထပ်ပိုပြီး ကြံ့ခိုင်​နေတာများလား..'
["..ပစ်မှတ်ရဲ့ထူးခြားမှု​​ကြောင့် ဒီဘ၀မှာ hostက မီးဒဏ်ကို ခံစားရမှာမဟုတ်ပါဘူး..ဒါက ကျွန်​တော်တို့​ပေးတဲ့ စွမ်းအားတစ်ခုပါ..."]
'​အော်...လက်စသတ်​တော့ systemရဲ့အကူအညီကိုး...အဲ့ဒါများ ဒီလိုမျိုးအစွမ်း​လေး​တွေ​စော​စောထဲက​ပေးတာမဟုတ်ဖူး..ပြီး​တော့ငါ့ရဲ့ beginner package က​ရော..ဘယ်မှာလဲ....'
[ "..Hostက တာ၀န်နဲ့မသက်ဆိုင်တဲ့အရာ​တွေကို အာရုံစိုက်နေတာပဲ..ပြီး​တော့..beginner packageကို ဘယ်အချိန်ထိလိုချင်​နေအုံးမှာလဲ...." ]

"ဂိုဏ်းတူအမရှန်း...."
​မြွေအလိုက်ခံ​နေရတဲ့ဇာတ်လိုက်မက ရှီရှန်းဆီကို​ပြေးလာပြီး ​မြွေရှိတဲ့ဘက်ကို ရှီရှန်းကိုတွန်းထုတ်ဖို့လုပ်လိုက်​ပေမယ့် ရှီရှန်းက ဇာတ်လိုက်မရဲ့ခါးကိုလှမ်းဖက်ထားလိုက်တယ်
​မြွေကတဖြည်းဖြည်းနီးကပ်လာတာကိုမြင်တဲ့အခါမှာဇာတ်လိုက်မကပိုပြီးတုန်လှုပ်လာတယ်
"ကျွန်မအတွက် ​မြွေကိုတားထား​ပေးဖို့ အမရှန်းကိုပဲ ဒုက္ခ​ပေးပါရ​စေ...ဂိုဏ်းသားတစ်​ယောက်ဒုက္ခ​ရောက်​နေတာကို အမရှန်းကဒီတိုင်းကြည့်မ​နေနိုင်ဘူးဆိုတာ ကျွန်မသိပါတယ်..."

"တို့အ​ကြောင်းကိုမင်း​ကောင်း​ကောင်းမသိ​သေးတဲ့ပုံပဲ ညီမ​လေးရယ်.... တို့မင်းကိုမကူညီနိုင်ဘူး.."
ရှီရှန်းက ဇာတ်လိုက်မကို တွန်းလိုက်ပြီး ဖုန်းစီရဲ့မီး​တောက်​တွေထဲကိုပြန်ခုန်ဆင်းလိုက်တယ်
ဖုန်းစီရဲ့မီး​တောက်​တွေ​ကြောင့်​​ သူမတို့အနားကိုကပ်လို့မရတဲ့​မြွေက ယဲ့ချင်ချိုးကို ​ဒေါသတကြီးကြည့်​နေတယ်
'မ​လောက်​လေးမ​လောက်စား လူသားကများငါ့ပစ္စည်း​တွေကိုခိုးယူသွားဖို့သတ္တိရှိတယ်​ပေါ့..အဆင့်တက်တဲ့မိုးကြိုးစမ်းသပ်မှုအတွက်ပြင်ဆင်ထားသမျှ ​ဆေးမြစ်​တွေကိုမှ ဒီလူသားကခိုးယူသွား​ရဲတယ်.. ဒီမီး​တောက်​တွေရှိ​နေလို့သာ ငါနင့်အနားမကပ်နိုင်တာ..မဟုတ်ရင် နင်​သေမယ်. ..'
"​ဟေး...အ​ချော​လေး...ရှင်သူ့ကိုမသတ်ချင်ဘူးလား.."
ရှီရှန်းကဖုန်းစီကို ခပ်တည်တည်​မေးလိုက်တယ်
"အဲ့ဒီ​မြွေကို​​ခေါ်လာတယ်ဆိုပါမှ​တော့ သူမကလည်းလူ​ကောင်းမဖြစ်နိုင်ဘူး​လေ.."

ဖုန်းစီက အပြစ်ကင်းတဲ့ပုံစံ​လေးနဲ့ မျက်​တောင်​လေးကိုတဖျတ်ဖျတ်ခတ်လိုက်တယ်
" ...မင်းကသာအဲ့လိုဖြစ်ချင်တယ်ဆိုရင် ကိုယ်သူ့ကိုသတ်​ပေးမယ်​လေ..."
'​ဟေး.... ရှင်က ကျွန်မကိုလာပြီး အီစီကလီလုပ်​နေတာလား...ကျွန်မက ရှင်အဲ့လိုလုပ်လို့ရမယ့် မိန်းက​လေးမျိုးမဟုတ်ဖူး....'

"အင်းး...ကျွန်မအဲ့လိုဖြစ်ချင်တယ်..သူမကိုသတ်လိုက်..မြန်မြန်​လေးသတ်လိုက်...."

'ကျွန်မကသာရှင့်ကို အီစီကလီလုပ်မယ့်သူဖြစ်ရမှာ....'

ယဲ့ချင်ချိုး "....."
'ငါ့​ရှေ့မှာ အဲ့လိုမ​ပြောလို့မရဘူးလား...'
ဖုန်းစီကလက်ကို​မြှောက်လိုက်ပြီးမ​ရေမတွက်နိုင်တဲ့မီး​တောက်​လေး​တွေကို ဖန်ဆင်းလိုက်တယ်
ရှီရှန်း​ရော ဖုန်းစီကပါ ဒီမီး​တောက်​လေး​တွေ​ကြောင့် မနာကျင်ရ​ပေမယ့် ဇာတ်လိုက်မနဲ့ သူမဆွဲ​ခေါ်လာတဲ့  အမျိုးသားဇာတ်လိုက် လုံ့ကျွယ်တို့ကသာ အပူဒဏ်ကိုခံစား​နေရတယ်
​​မြွေက​တော့ မိုးကြိုးစမ်းသပ်မှုကို​ကျော်ဖြတ်ပြီးမှသာလက်စား​ခြေဖို့ကြံစည်ပြီးခပ်ဝေးဝေးကိုထွက်​ပြေးသွားပြီ
သူ့ကိုကူညီမယ့်ဘာပစ္စည်းမှမရှိ​တော့ဘဲနဲ့ ဒီစမ်းသပ်ချက်ကို​အသက်ရှင်လျက်ကျော်ဖြတ်ဖို့ဆိုတာ ​တော်​တော်ခက်ခဲတဲ့ကိစ္စပဲ
"ရှန်းရှူ...နင် ဂိုဏ်းသားအချင်းချင်းသတ်ဖြတ်ဖို့ကြံစည်​နေတာလား.."
ယဲ့ချင်ချိုးက သူမတို့နားကိုနီးကပ်လာ​နေတဲ့မီး​တောက်​တွေကိုကြည့်ရင်းစိတ်လှုပ်ရှားစွာ​မေးလိုက်တယ်
"အမ်...မီး​တောက်​တွေကငါထုတ်တာမှဟုတ်တာ..နင်တို့ကိုသတ်တာဘယ်လိုလုပ်ငါဖြစ်မှာလဲ.....အ​ချော​လေး သူ​ပြောတာကိုနား​ထောင်မ​နေနဲ့ အချိန်ကုန်တယ် မြန်မြန်သတ်လိုက်​တော့..."
နဲနဲ​လောက်အခွင့်အ​ရေး​ပေးတာနဲ့ ဇာတ်လိုက်မက လွတ်သွားနိုင်တယ်

"..ကျွန်မကမြူ​ခိုး​တောင်ဂိုဏ်းချုပ်ရဲ့အတွင်း​ဆောင်တပည့်ဖြစ်ပါတယ်...တစ်ခုခုကိုမဆုံးဖြတ်ခင်မှာ လူကြီးမင်းအ​နေနဲ့ ​သေ​သေချာချာစဥ်းစားနိုင်မယ်လို့ ကျွန်မ​မျှော်လင့်ပါတယ်..."
'ဒီရှန်းရှူကတကယ့်ကိုပဲ........'

ဖုန်းစီကမျက်​တောင်တစ်ချက်​တောင်မခတ်ဘဲ ယဲ့ချင်ချိုးတို့ဆီကို မီး​တောက်​တွေပစ်ထုတ်လိုက်တယ်
​အနားမှာ၀ိုင်း၀ိုင်းလည်​နေတဲ့မီး​တောက်​တွေက ဇာတ်လိုက်မအတွက်ဘာ​ပြေး​ပေါက်မှမ​ပေးထားဘူး
"အား...."
ယဲ့ချင်ချိုးကမီး​တောက်နဲ့ထိသွားတဲ့သူမရဲ့လက်​မောင်းကိုကိုင်ပြီးအလန့်တကြား​အော်လိုက်တယ်
'ဒီမီး​တောက်​တွေကစွမ်းအားကြီးလိုက်တာ..ဒီလူကတကယ်ပဲဘယ်လိုလူလဲ.'
​ဘေးနားမှာရှိ​နေတဲ့မီး​တောက်​တွေအားလုံးက သူမတို့နှစ်​ယောက်ကိုအလုံးစုံအုပ်မိုးသွား​တော့မယ့်အချိန်မှာပဲ ​ကောင်းကင်ဘုံရဲ့​ကောင်းချီး​ပေးမှု ​လေပြင်းတစ်ချက်​ကြောင့် မီးလုံး​တွေအကုန်လုံးက ရှီရှန်းတို့ဘက်ကိုပြန်​​ရောက်လာတယ်
ဖုန်းစီရဲ့မျက်လုံးထဲမှာ မ​ကျေနပ်တဲ့အရိပ်အ​ယောင်တစ်ခုဖြတ်​ပြေးသွားတယ်
ကြီးမားတဲ့မီးနဂါးတစ်​ကောင်က ဖုန်းစီရဲ့အင်္ကျီလက်ထဲကထွက်လာပြီးယဲ့ချင်ချိုးတို့ဆီကို​ဒေါသတကြီးသွားတဲ့အခါမှာ​တော့  တစ်ကိုယ်​ကောင်းဆန်လှစွာ​သော ဇာတ်လိုက်မက လုံ့ကျွယ်ကိုသူမ​ရှေ့မှာကာလိုက်တယ်
"ဖုန်းစီ..ဒါက​သေမျိုးကမ္ဘာပဲ..မင်းဒီလိုပြသနာရှာလိုက်ရင်အ​စောင့်အ​ရှောက်နတ်​တွေ​ရောက်လာမှာမ​ကြောက်ဖူးလား "
​နောက်ဆုံးမှာ​တော့ အားနည်း​ဖျော့​တော့​နေတဲ့လုံ့ကျွယ်ရဲ့အသံကို ကြားရပြီ
ယဲ့ချင်ချိုးနဲ့ရှီရှန်း​ကြောင့်အများကြီးထိခိုက်ထားရတဲ့ လုံ့ကြွယ်ကိုကြည့်ရတာ လက်နဲ့တစ်ချက်​လောက်ရိုက်လိုက်ရင်​တောင် အသက်ထွက်သွား​တော့မလားလို့ထင်ရ​လောက်​အောင်အားနည်း​နေတယ်
လုံ့ကျွယ်က ယဲ့ချင်ချိုးကို လှည့်ကြည့်လိုက်တဲ့အခါမှာ ဇာတ်လိုက်မက သူ့အကြည့်ကို​ရှောင်​နေတယ်
သူမက သူ့ကို လူသားဒိုင်းအဖြစ်သုံးထားတာကို​တော့ ခုထိမရပ်တန့်​သေးဘူး
ဖုန်းစီကသူ့လက်ကိုဖြန့်ပြီး မီးနဂါးကိုပြန်​ခေါ်လိုက်တဲ့အခါမှာ အဲ့ဒါကသူ့ဆီကိုပြန်လာပြီး ​ဘေးနားမှာ​ခွေ၀ပ်​နေတယ်

မျက်နှာတစ်ခုလုံးဖြူ​ဖျော့​နေတဲ့ယဲ့ချင်ချိုးက အခုမှစိတ်သက်သာရာရသွားတယ်
'နည်းနည်း​လေးပဲလို​တော့တယ်...ငါ​သေ​တော့မလို့နည်းနည်း​လေးပဲလို​တော့တယ်.. ရှန်းရှူ....နင့်ကိုငါ လုံး၀ခွင့်မလွှတ်နိုင်ဘူး...'
"သူမကို​ကောင်းကင်​လောကကို​ခေါ်သွားပြီးသတ်လိုက်ရမလား"
ရှီရှန်း "......"
'Final bossကြီး​ရေ...ကျွန်မနဲ့မတည့်တဲ့လူတစ်​ယောက်ကိုသတ်ဖို့ရှင်ဒီ​လောက်ကြိုးစားလိမ့်မယ်လို့မထင်ခဲ့မိဘူး..'
ရှီရှန်းတို့သတိမပြုလိုက်ခင်မှာပဲ လုံ့ကျွယ်ရဲ့​ခြေ​ထောက်​အောက်က အလင်းလုံးတစ်ခုထွက်လာပြီး ဇာတ်လိုက်၂​ယောက်လုံး​ပျောက်သွားတယ်
'နဂါးမျိုးနွယ်စုရဲ့သခင်​လေးဆိုတဲ့အတိုင်းပဲ..ဒီ​လောက်ထိဒဏ်ရာ​တွေရ​နေတာ​တောင် ​နေရာ​​ရွှေ့ပြောင်းမန္တာန်ကိုအသုံးပြုနိုင်​သေးတယ် '

"ကိုယ်တို့ လိုက်သွားကြမလား "
ဖုန်းစီက ​နောင်တရတဲ့​လေသံနဲ့​ပြောတယ်

"မလိုဘူး...အဲ့​လောက်အ​ရေးမကြီးပါဘူး.."
ရှီရှန်းက​ခေါင်းကိုယမ်းလိုက်တယ်
'ယဲ့ချင်ချိုးကိုဒီ​လောက်အ​စောကြီးအဆုံးသတ်​ပေးလိုက်မယ်ဆိုရင် အရမ်းကိုညှာတာ​ပေးလွန်းရာကျလိမ့်မယ်..ဇာတ်လိုက်၂ယောက်အချင်းချင်းရန်သူတွေဖြစ်သွားတာကိုစောင့်လိုက်ပါဦး.'
"ရှင့်နာမည်က ဖုန်းစီလား...ကျွန်မက ရှန်းရှူပါ..ရှင်က​ကောင်းကင်​လောက ကလား "
ရှီရှန်းက သူမအ​ဖြေသိပြီးသား​မေးခွန်းကို​မေးလိုက်တယ်
"အင်း...မင်းကိုယ့်ကို အားစီ လို့​ခေါ်လို့ရတယ်.. မင်းကိုယ့်ကိုအ​ဖော်ပြု​ပေးမယ်မလား.."
သူ့ကိုယ်သူမိတ်ဆက်တဲ့အချိန်မှာဖုန်းစီက အနည်းငယ်တုံ့ဆိုင်းသွားပုံ​ပေါ်​ပေမယ့် ​နောက်ဆုံးစကားကို​တော့ အခိုင်အမာ​ပြောလိုက်တယ်
ရှီရှန်းကသာ သ​ဘောမတူရင် သူက သူမကို ချက်ချင်းပြန်​ပေးဆွဲ သွား​တော့မလိုပဲ...

Transalated by Dora💜  Mia💙

Zawgyi

မူလဇာတ္​ေၾကာင္းကိုျပန္စဥ္းစားမိသြားတဲ့အခါမွာ ႐ွီ႐ွန္းက မီး​နဲ႔လြတ္ရာကိုခုန္ထြက္လိုက္တယ္
"​ေတာ္ပါၿပီ"
႐ွီ႐ွန္းရဲ႕တုံ႔ျပန္မႈကိုျမင္တဲ့အခါမွာ ဖုန္းစီကအနည္းငယ္စိတ္ပ်က္သြားပုံ​ေပၚ​ေပမယ့္ သူ႕ရဲ႕အ​ေတြး​ေတြကိုဖုံးကြယ္ထားၿပီး႐ွီ႐ွန္းကိုအဖိုးတန္ရတနာတစ္ခုလို မက္မက္​ေမာ​ေမာနဲ႔စိတ္လႈပ္႐ွားစြာၾကည့္​ေနတယ္
'ဖုန္းစီက ဒီ၀တၳဳရဲ႕final bossျဖစ္ၿပီး​ေတာ့ဇာတ္လိုက္မရင္ဆိုင္ရမယ့္ အႀကီးမားဆုံးနဲ႔ ​ေနာက္ဆုံး​ေသာ အခက္အခဲပဲ '

ဖုန္းစီက နဂါးမ်ိဳးႏြယ္စုနဲ႔ဖီးနစ္မ်ိဳးႏြယ္စုကဆင္းသက္လာသူပဲ
သူက စြမ္းအားႀကီးမားစြာ​​ေမြးဖြားလာခဲ့​ေပမယ့္ အဲ့ဒီစြမ္းအား​ေတြနဲ႔အတူ ဒီမီး​ေတာက္​ေတြပါ ပါလာတယ္
ဖုန္းစီရဲ႕ပတ္ပတ္လည္တိုင္းမွာအပူ႐ွိန္ျပင္းထန္တဲ့မီး​ေတာက္​ေတြ၀န္းရံ​ေနတာ​ေၾကာင့္  ဘယ္သူကမွသူ႕အနားကိုမကပ္ရဲၾကဘူး
သူ႕ရဲ႕မိဘအရင္း​ေတြက​ေတာင္ နဲနဲ​ေလာက္သတိမျပဳမိလိုက္တာနဲ႔မီး​ေလာင္သြားမွာစိုးလို႔ ဖုန္းစီအနားကိုမကပ္ရဲၾကဘူး
နဂါးမ်ိဳးႏြယ္စုနဲ႔ဖီးနစ္မ်ိဳးႏြယ္စုတို႔က ဖုန္းစီမ​ေမြးခင္ထဲက ဆက္ဆံ​ေရးမွာ အဖုအထစ္​ေလး​ေတြ႐ွိခဲ့တယ္
ဖုန္းစီက ဒီလိုမ်ိဳး​ေမြးဖြားလာတဲ့အခါမွာ​ေတာ့ နဂါးမ်ိဳးႏြယ္စု၀င္ျဖစ္တဲ့ သူ႕အ​ေဖက သူ႕ကိုက်က္သ​ေရမ႐ွိဘူးလို႔ယူဆၿပီး ဖီးနစ္မ်ိဳးႏြယ္စု၀င္သူ႕ဇနီးကိုလုံး၀လ်စ္လ်ဴ႐ႈလိုက္​တယ္
ခင္ပြန္းရဲ႕လ်စ္လွ်ဴ႐ႈျခင္းကိုခံရတဲ့ အ​ေၾကာင္းအရင္းဟာ ဒီက်က္သ​ေရမ႐ွိတဲ့ ဒုကၡအိုး သားတစ္​ေယာက္​ေၾကာင့္လို႔သတ္မွတ္ၿပီး ဖုန္းစီကိုစြန္႔ပစ္လိုက္တယ္

အဲ့ဒီလိုနဲ႔ပဲဖုန္းစီက အထီးက်န္စြာ တစ္ကိုယ္ထဲႀကီးပ်င္းလာခဲ့ရတယ္
မူလဇာတ္​ေၾကာင္းထဲမွာ​ေတာ့ ဖုန္းစီက ဇာတ္လိုက္မ ​ေကာင္းကင္​ေလာကကိုပထမဆုံး​ေရာက္လာၿပီး အမ်ိဳးသားဇာတ္လိုက္ကသူမကိုသြားႀကိဳတဲ့အခ်ိန္မွာ ​ေပၚလာခဲ့တာျဖစ္တယ္
ဖုန္းစီက ဒီလိုမ်ိဳး႐ုတ္တရပ္ႀကီး​ေပၚလာတဲ့အခါမွာ​ေတာ့ အဲ့ဒီမွာ႐ွိ​ေနတဲ့အျခားလူ​ေတြက မီး​ေတာက္​ေတြကို​ေၾကာက္လန္႔တဲ့အတြက္ တျခား​ေနရာကို ထြက္​ေျပးကုန္ၾကၿပီး ဇာတ္လိုက္ႏွစ္​ေယာက္ကသာ သူနဲ႔က်န္​ေနခဲ့တယ္
ဇာတ္လိုက္မကဖုန္းစီအ​ေၾကာင္းကိုမသိ​ေပမယ့္ အမ်ိဳးသားဇာတ္လိုက္က​ေတာ့ သူနဲ႔ရန္ၿငႇိဳး႐ွိတယ္
နဂါးမ်ိဳးႏြယ္စုရဲ႕သခင္​ေလးျဖစ္တဲ့ အမ်ိဳးသားဇာတ္လိုက္က သူ႕ထက္အင္အားႀကီး​ေနၿပီး နဂါး-ဖီးနစ္​ေသြး​ေႏွာလည္းျဖစ္တဲ့ဖုန္းစီကိုၾကည့္မရဘူးဆိုတာက ျဖစ္သင့္တဲ့ကိစၥပဲ
ဒါ​ေပမယ့္ သူက ဖုန္းစီရဲ႕အတုမ႐ွိတဲ့စြမ္းအား​ေတြ​ေၾကာင့္ ပုံမွန္ဆိုရင္သူ႕ဘက္ကစၿပီးရန္မ႐ွာရဲဘူး
ဒါ​ေပမယ့္ဇာတ္လိုက္မ​ေ႐ွ႕မွာ​ေတာ့ဘယ္တူမလဲ
သူ႕ရဲ႕အားနည္းခ်က္ကိုနည္းနည္း​ေလးမွ​ေဖာ္ထုတ္ျပမွာမဟုတ္ဖူး

သူက ဖုန္းစီရဲ႕လမ္းကိုပိတ္ၿပီးတိုက္ခိုက္ခဲ့တယ္
ဒါ​ေပမယ့္ဖုန္းစီက​ေတာ့ ၃ရက္ၾကာတဲ့အထိ​ေတာက္​ေလာက္​ေနမယ့္မီးပင္လယ္ႀကီးကိုဖန္ဆင္းခဲ့တယ္
အဲ့ဒီတုန္းက ဇာတ္လိုက္မက နဲနဲ​ေလာက္တုန္႔ဆိုင္း​ေနၿပီး အံ့ၾသသြားတယ္ပုံ​ေပၚ​ေနခဲ့တယ္
ဘာအ​ေၾကာင္း​ေၾကာင့္လဲဆိုတာကို​ေတာ့စာ​ေရးဆရာကမ​ေဖာ္ျပခဲ့ဘူး

ဒါ​ေပမယ့္ အခုျပန္​ေတြးၾကည့္ရင္​ေတာ့ ဇာတ္လိုက္မနဲ႔ဖုန္းစီတို႔ဟာမူလဇာတ္​ေၾကာင္းမွာလည္း ​ေသမင္းတမာန္​ေတာအုပ္ထဲမွာတုန္းက၁ႀကိမ္​ေတြ႕ဖူးၿပီးသားျဖစ္ႏိုင္တယ္
႐ွီ႐ွန္းကသူမမွာ မီး​ေလာင္ဒဏ္ရာ​ေတြမ႐ွိတာ​ေသခ်ာ​ေအာင္ျပန္စစ္လိုက္တယ္
'ပုံမွန္ဆိုရင္ မီးၫႊန္႔တစ္ခုနဲ႔ထိမိရင္​ေတာင္ဒဏ္ရာအႀကီးႀကီးရသြားႏိုင္တာကို ငါက မီး​ေတာက္​ေတြၾကားထဲခုန္ဆင္းလိုက္​တယ္​ေပါ့ တကယ္ကိုဇာတ္လိုက္မနဲ႔နီးနီးကပ္ကပ္​ေနမိၿပီးမွ IQ​ေတြနိမ့္က်သြားရတာပဲ...​ေတာ္​ေသးလို႔ ဒီမီး​ေတာက္​ေတြကငါ့ကိုမထိခိုက္ႏိုင္လို႔သာ​ေပါ့...မဟုတ္လို႔က​ေတာ့မ​ေတြ႕ဝံ့စရာပဲ..မဟုတ္မွလြဲ​ေရာငါ​ေလးရဲ႕ခႏၶာကိုယ္ကထင္ထားတာထပ္ပိုၿပီး ၾကံ့ခိုင္​ေနတာမ်ားလား..'
["..ပစ္မွတ္ရဲ႕ထူးျခားမႈ​​ေၾကာင့္ ဒီဘ၀မွာ hostက မီးဒဏ္ကို ခံစားရမွာမဟုတ္ပါဘူး..ဒါက ကြၽန္​ေတာ္တို႔​ေပးတဲ့ စြမ္းအားတစ္ခုပါ..."]
'​ေအာ္...လက္စသတ္​ေတာ့ systemရဲ႕အကူအညီကိုး...အဲ့ဒါမ်ား ဒီလိုမ်ိဳးအစြမ္း​ေလး​ေတြ​ေစာ​ေစာထဲက​ေပးတာမဟုတ္ဖူး..ၿပီး​ေတာ့ငါ့ရဲ႕ beginner package က​ေရာ..ဘယ္မွာလဲ....'
[ "..Hostက တာ၀န္နဲ႔မသက္ဆိုင္တဲ့အရာ​ေတြကို အာ႐ုံစိုက္ေနတာပဲ..ၿပီး​ေတာ့..beginner packageကို ဘယ္အခ်ိန္ထိလိုခ်င္​ေနအုံးမွာလဲ...." ]

"ဂိုဏ္းတူအမ႐ွန္း...."
​ေႁမြအလိုက္ခံ​ေနရတဲ့ဇာတ္လိုက္မက ႐ွီ႐ွန္းဆီကို​ေျပးလာၿပီး ​ေႁမြ႐ွိတဲ့ဘက္ကို ႐ွီ႐ွန္းကိုတြန္းထုတ္ဖို႔လုပ္လိုက္​ေပမယ့္ ႐ွီ႐ွန္းက ဇာတ္လိုက္မရဲ႕ခါးကိုလွမ္းဖက္ထားလိုက္တယ္
​ေႁမြကတျဖည္းျဖည္းနီးကပ္လာတာကိုျမင္တဲ့အခါမွာဇာတ္လိုက္မကပိုၿပီးတုန္လႈပ္လာတယ္
"ကြၽန္မအတြက္ ​ေႁမြကိုတားထား​ေပးဖို႔ အမ႐ွန္းကိုပဲ ဒုကၡ​ေပးပါရ​ေစ...ဂိုဏ္းသားတစ္​ေယာက္ဒုကၡ​ေရာက္​ေနတာကို အမ႐ွန္းကဒီတိုင္းၾကည့္မ​ေနႏိုင္ဘူးဆိုတာ ကြၽန္မသိပါတယ္..."

"တို႔အ​ေၾကာင္းကိုမင္း​ေကာင္း​ေကာင္းမသိ​ေသးတဲ့ပုံပဲ ညီမ​ေလးရယ္.... တို႔မင္းကိုမကူညီႏိုင္ဘူး.."
႐ွီ႐ွန္းက ဇာတ္လိုက္မကို တြန္းလိုက္ၿပီး ဖုန္းစီရဲ႕မီး​ေတာက္​ေတြထဲကိုျပန္ခုန္ဆင္းလိုက္တယ္
ဖုန္းစီရဲ႕မီး​ေတာက္​ေတြ​ေၾကာင့္​​ သူမတို႔အနားကိုကပ္လို႔မရတဲ့​ေႁမြက ယဲ့ခ်င္ခ်ိဳးကို ​ေဒါသတႀကီးၾကည့္​ေနတယ္
'မ​ေလာက္​ေလးမ​ေလာက္စား လူသားကမ်ားငါ့ပစၥည္း​ေတြကိုခိုးယူသြားဖို႔သတၱိ႐ွိတယ္​ေပါ့..အဆင့္တက္တဲ့မိုးႀကိဳးစမ္းသပ္မႈအတြက္ျပင္ဆင္ထားသမွ် ​ေဆးျမစ္​ေတြကိုမွ ဒီလူသားကခိုးယူသြား​ရဲတယ္.. ဒီမီး​ေတာက္​ေတြ႐ွိ​ေနလို႔သာ ငါနင့္အနားမကပ္ႏိုင္တာ..မဟုတ္ရင္ နင္​ေသမယ္. ..'
"​ေဟး...အ​ေခ်ာ​ေလး...႐ွင္သူ႕ကိုမသတ္ခ်င္ဘူးလား.."
႐ွီ႐ွန္းကဖုန္းစီကို ခပ္တည္တည္​ေမးလိုက္တယ္
"အဲ့ဒီ​ေႁမြကို​​ေခၚလာတယ္ဆိုပါမွ​ေတာ့ သူမကလည္းလူ​ေကာင္းမျဖစ္ႏိုင္ဘူး​ေလ.."

ဖုန္းစီက အျပစ္ကင္းတဲ့ပုံစံ​ေလးနဲ႔ မ်က္​ေတာင္​ေလးကိုတဖ်တ္ဖ်တ္ခတ္လိုက္တယ္
" ...မင္းကသာအဲ့လိုျဖစ္ခ်င္တယ္ဆိုရင္ ကိုယ္သူ႕ကိုသတ္​ေပးမယ္​ေလ..."
'​ေဟး.... ႐ွင္က ကြၽန္မကိုလာၿပီး အီစီကလီလုပ္​ေနတာလား...ကြၽန္မက ႐ွင္အဲ့လိုလုပ္လို႔ရမယ့္ မိန္းက​ေလးမ်ိဳးမဟုတ္ဖူး....'

"အင္းး...ကြၽန္မအဲ့လိုျဖစ္ခ်င္တယ္..သူမကိုသတ္လိုက္..ျမန္ျမန္​ေလးသတ္လိုက္...."

'ကြၽန္မကသာ႐ွင့္ကို အီစီကလီလုပ္မယ့္သူျဖစ္ရမွာ....'

ယဲ့ခ်င္ခ်ိဳး "....."
'ငါ့​ေ႐ွ႕မွာ အဲ့လိုမ​ေျပာလို႔မရဘူးလား...'
ဖုန္းစီကလက္ကို​ေျမႇာက္လိုက္ၿပီးမ​ေရမတြက္ႏိုင္တဲ့မီး​ေတာက္​ေလး​ေတြကို ဖန္ဆင္းလိုက္တယ္
႐ွီ႐ွန္း​ေရာ ဖုန္းစီကပါ ဒီမီး​ေတာက္​ေလး​ေတြ​ေၾကာင့္ မနာက်င္ရ​ေပမယ့္ ဇာတ္လိုက္မနဲ႔ သူမဆြဲ​ေခၚလာတဲ့  အမ်ိဳးသားဇာတ္လိုက္ လုံ႔ကြၽယ္တို႔ကသာ အပူဒဏ္ကိုခံစား​ေနရတယ္
​​ေႁမြက​ေတာ့ မိုးႀကိဳးစမ္းသပ္မႈကို​ေက်ာ္ျဖတ္ၿပီးမွသာလက္စား​ေျခဖို႔ၾကံစည္ၿပီးခပ္ေဝးေဝးကိုထြက္​ေျပးသြားၿပီ
သူ႕ကိုကူညီမယ့္ဘာပစၥည္းမွမ႐ွိ​ေတာ့ဘဲနဲ႔ ဒီစမ္းသပ္ခ်က္ကို​အသက္႐ွင္လ်က္ေက်ာ္ျဖတ္ဖို႔ဆိုတာ ​ေတာ္​ေတာ္ခက္ခဲတဲ့ကိစၥပဲ
"႐ွန္း႐ွဴ...နင္ ဂိုဏ္းသားအခ်င္းခ်င္းသတ္ျဖတ္ဖို႔ၾကံစည္​ေနတာလား.."
ယဲ့ခ်င္ခ်ိဳးက သူမတို႔နားကိုနီးကပ္လာ​ေနတဲ့မီး​ေတာက္​ေတြကိုၾကည့္ရင္းစိတ္လႈပ္႐ွားစြာ​ေမးလိုက္တယ္
"အမ္...မီး​ေတာက္​ေတြကငါထုတ္တာမွဟုတ္တာ..နင္တို႔ကိုသတ္တာဘယ္လိုလုပ္ငါျဖစ္မွာလဲ.....အ​ေခ်ာ​ေလး သူ​ေျပာတာကိုနား​ေထာင္မ​ေနနဲ႔ အခ်ိန္ကုန္တယ္ ျမန္ျမန္သတ္လိုက္​ေတာ့..."
နဲနဲ​ေလာက္အခြင့္အ​ေရး​ေပးတာနဲ႔ ဇာတ္လိုက္မက လြတ္သြားႏိုင္တယ္

"..ကြၽန္မကျမဴ​ခိုး​ေတာင္ဂိုဏ္းခ်ဳပ္ရဲ႕အတြင္း​ေဆာင္တပည့္ျဖစ္ပါတယ္...တစ္ခုခုကိုမဆုံးျဖတ္ခင္မွာ လူႀကီးမင္းအ​ေနနဲ႔ ​ေသ​ေသခ်ာခ်ာစဥ္းစားႏိုင္မယ္လို႔ ကြၽန္မ​ေမွ်ာ္လင့္ပါတယ္..."
'ဒီ႐ွန္း႐ွဴကတကယ့္ကိုပဲ........'

ဖုန္းစီကမ်က္​ေတာင္တစ္ခ်က္​ေတာင္မခတ္ဘဲ ယဲ့ခ်င္ခ်ိဳးတို႔ဆီကို မီး​ေတာက္​ေတြပစ္ထုတ္လိုက္တယ္
​အနားမွာဝိုင္းဝိုင္းလည္​ေနတဲ့မီး​ေတာက္​ေတြက ဇာတ္လိုက္မအတြက္ဘာ​ေျပး​ေပါက္မွမ​ေပးထားဘူး
"အား...."
ယဲ့ခ်င္ခ်ိဳးကမီး​ေတာက္နဲ႔ထိသြားတဲ့သူမရဲ႕လက္​ေမာင္းကိုကိုင္ၿပီးအလန္႔တၾကား​ေအာ္လိုက္တယ္
'ဒီမီး​ေတာက္​ေတြကစြမ္းအားႀကီးလိုက္တာ..ဒီလူကတကယ္ပဲဘယ္လိုလူလဲ.'
​ေဘးနားမွာ႐ွိ​ေနတဲ့မီး​ေတာက္​ေတြအားလုံးက သူမတို႔ႏွစ္​ေယာက္ကိုအလုံးစုံအုပ္မိုးသြား​ေတာ့မယ့္အခ်ိန္မွာပဲ ​ေကာင္းကင္ဘုံရဲ႕​ေကာင္းခ်ီး​ေပးမႈ ​ေလျပင္းတစ္ခ်က္​ေၾကာင့္ မီးလုံး​ေတြအကုန္လုံးက ႐ွီ႐ွန္းတို႔ဘက္ကိုျပန္​​ေရာက္လာတယ္
ဖုန္းစီရဲ႕မ်က္လုံးထဲမွာ မ​ေက်နပ္တဲ့အရိပ္အ​ေယာင္တစ္ခုျဖတ္​ေျပးသြားတယ္
ႀကီးမားတဲ့မီးနဂါးတစ္​ေကာင္က ဖုန္းစီရဲ႕အက်ႌလက္ထဲကထြက္လာၿပီးယဲ့ခ်င္ခ်ိဳးတို႔ဆီကို​ေဒါသတႀကီးသြားတဲ့အခါမွာ​ေတာ့  တစ္ကိုယ္​ေကာင္းဆန္လွစြာ​ေသာ ဇာတ္လိုက္မက လုံ႔ကြၽယ္ကိုသူမ​ေ႐ွ႕မွာကာလိုက္တယ္
"ဖုန္းစီ..ဒါက​ေသမ်ိဳးကမ႓ာပဲ..မင္းဒီလိုျပသနာ႐ွာလိုက္ရင္အ​ေစာင့္အ​ေ႐ွာက္နတ္​ေတြ​ေရာက္လာမွာမ​ေၾကာက္ဖူးလား "
​ေနာက္ဆုံးမွာ​ေတာ့ အားနည္း​ေဖ်ာ့​ေတာ့​ေနတဲ့လုံ႔ကြၽယ္ရဲ႕အသံကို ၾကားရၿပီ
ယဲ့ခ်င္ခ်ိဳးနဲ႔႐ွီ႐ွန္း​ေၾကာင့္အမ်ားႀကီးထိခိုက္ထားရတဲ့ လုံ႔ႂကြယ္ကိုၾကည့္ရတာ လက္နဲ႔တစ္ခ်က္​ေလာက္႐ိုက္လိုက္ရင္​ေတာင္ အသက္ထြက္သြား​ေတာ့မလားလို႔ထင္ရ​ေလာက္​ေအာင္အားနည္း​ေနတယ္
လုံ႔ကြၽယ္က ယဲ့ခ်င္ခ်ိဳးကို လွည့္ၾကည့္လိုက္တဲ့အခါမွာ ဇာတ္လိုက္မက သူ႕အၾကည့္ကို​ေ႐ွာင္​ေနတယ္
သူမက သူ႕ကို လူသားဒိုင္းအျဖစ္သုံးထားတာကို​ေတာ့ ခုထိမရပ္တန္႔​ေသးဘူး
ဖုန္းစီကသူ႕လက္ကိုျဖန္႔ၿပီး မီးနဂါးကိုျပန္​ေခၚလိုက္တဲ့အခါမွာ အဲ့ဒါကသူ႕ဆီကိုျပန္လာၿပီး ​ေဘးနားမွာ​ေခြ၀ပ္​ေနတယ္

မ်က္ႏွာတစ္ခုလုံးျဖဴ​ေဖ်ာ့​ေနတဲ့ယဲ့ခ်င္ခ်ိဳးက အခုမွစိတ္သက္သာရာရသြားတယ္
'နည္းနည္း​ေလးပဲလို​ေတာ့တယ္...ငါ​ေသ​ေတာ့မလို႔နည္းနည္း​ေလးပဲလို​ေတာ့တယ္.. ႐ွန္း႐ွဴ....နင့္ကိုငါ လုံး၀ခြင့္မလႊတ္ႏိုင္ဘူး...'
"သူမကို​ေကာင္းကင္​ေလာကကို​ေခၚသြားၿပီးသတ္လိုက္ရမလား"
႐ွီ႐ွန္း "......"
'Final bossႀကီး​ေရ...ကြၽန္မနဲ႔မတည့္တဲ့လူတစ္​ေယာက္ကိုသတ္ဖို႔႐ွင္ဒီ​ေလာက္ႀကိဳးစားလိမ့္မယ္လို႔မထင္ခဲ့မိဘူး..'
႐ွီ႐ွန္းတို႔သတိမျပဳလိုက္ခင္မွာပဲ လုံ႔ကြၽယ္ရဲ႕​ေျခ​ေထာက္​ေအာက္က အလင္းလုံးတစ္ခုထြက္လာၿပီး ဇာတ္လိုက္၂​ေယာက္လုံး​ေပ်ာက္သြားတယ္
'နဂါးမ်ိဳးႏြယ္စုရဲ႕သခင္​ေလးဆိုတဲ့အတိုင္းပဲ..ဒီ​ေလာက္ထိဒဏ္ရာ​ေတြရ​ေနတာ​ေတာင္ ​ေနရာ​​ေ႐ႊ႕ေျပာင္းမႏၲာန္ကိုအသုံးျပဳႏိုင္​ေသးတယ္ '

"ကိုယ္တို႔ လိုက္သြားၾကမလား "
ဖုန္းစီက ​ေနာင္တရတဲ့​ေလသံနဲ႔​ေျပာတယ္

"မလိုဘူး...အဲ့​ေလာက္အ​ေရးမႀကီးပါဘူး.."
႐ွီ႐ွန္းက​ေခါင္းကိုယမ္းလိုက္တယ္
'ယဲ့ခ်င္ခ်ိဳးကိုဒီ​ေလာက္အ​ေစာႀကီးအဆုံးသတ္​ေပးလိုက္မယ္ဆိုရင္ အရမ္းကိုညႇာတာ​ေပးလြန္းရာက်လိမ့္မယ္..ဇာတ္လိုက္၂ေယာက္အခ်င္းခ်င္းရန္သူေတြျဖစ္သြားတာကိုေစာင့္လိုက္ပါဦး.'
"႐ွင့္နာမည္က ဖုန္းစီလား...ကြၽန္မက ႐ွန္း႐ွဴပါ..႐ွင္က​ေကာင္းကင္​ေလာက ကလား "
႐ွီ႐ွန္းက သူမအ​ေျဖသိၿပီးသား​ေမးခြန္းကို​ေမးလိုက္တယ္
"အင္း...မင္းကိုယ့္ကို အားစီ လို႔​ေခၚလို႔ရတယ္.. မင္းကိုယ့္ကိုအ​ေဖာ္ျပဳ​ေပးမယ္မလား.."
သူ႕ကိုယ္သူမိတ္ဆက္တဲ့အခ်ိန္မွာဖုန္းစီက အနည္းငယ္တုံ႔ဆိုင္းသြားပုံ​ေပၚ​ေပမယ့္ ​ေနာက္ဆုံးစကားကို​ေတာ့ အခိုင္အမာ​ေျပာလိုက္တယ္
႐ွီ႐ွန္းကသာ သ​ေဘာမတူရင္ သူက သူမကို ခ်က္ခ်င္းျပန္​ေပးဆြဲ သြား​ေတာ့မလိုပဲ...

Transalated by Dora💜  Mia💙

Continue Reading

You'll Also Like

2.1M 147K 104
Doctor Handsome & Medical Student
3.9M 265K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
380K 51K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...