ရှီရှန်း ႐ွီ႐ွန္း Book 1 Ar...

Galing kay Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... Higit pa

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 3.0

6K 482 1
Galing kay Hanpandora

Unicode

သူမရဲ့မျက်လုံး​တွေကိုဖွင့်ပြီးပြီးချင်း မှာပဲ ပတ်ပတ်လည်မှာ​တောက်​လောင်​နေတဲ့အဆုံးမရှိတဲ့မီးပင်လယ်ကြီးကို​တွေ့လိုက်ရတယ်
မီးရဲ့အပူရှိန်​ကြောင့် အသား​တွေဟာပူစပ်​နေပြီး​တော့ အာ​ခေါင်တစ်ခုလုံးကလည်း​ခြောက်​သွေ့လို့​နေတယ်
သူမရဲ့ဆံနွယ်​တွေဟာလည်းမီးကျွမ်းကုန်ကြပြီ
သူမ၀တ်ထားတဲ့အ၀တ်အစား​တွေက မီးမလောင်နိုင်တဲ့ အရာတစ်ခုခုနဲ့ဖန်တီးချုပ်လုပ်ထားတာ​ကြောင့် မပျက်စီးနိုင်​ပေမယ့် ၀တ်ဆင်ထားသူကို​တော့ အပူဒဏ်က ကာကွယ်မ​ပေးနိုင်ဘူး

"ဖာ့ခ်!!!!တကယ့်ကိုအချိန်​ကောင်းအခါ​ကောင်းမှာ မှ​ရောက်လာရတယ်လို့ system​ရေ နင်ငါ့ကို​ရောက်​ရောက်ချင်း မီး​​လောင်ပြီး​​သေ​စေချင်​နေတာလား "​

ဘေးပတ်ပတ်လည်မှာ သက်ရှိတစ်ခုခုများရှိ​နေမလားလို့ ပတ်ကြည့်လိုက်​ပေမယ့် အလျှံတညီးညီး​တောက်​လောင်​နေတဲ့ မီး​တောက်​နီနီရဲရဲတွေကိုသာ မြင်ရတယ်

သူတို့ကအဆုံးမရှိဘဲ ​မြေပြင်​ပေါ်မှာရှိ​နေသမျှအရာအားလုံးကို ​ဒေါသတကြီး၀ါးမြိုဖျက်စီး​နေကြတယ်
မီး​တောက်​တွေ​ကြောင့်ဖြစ်​ပေါ်လာတဲ့အပူလှိုင်း​တွေက ရှီရှန်းရဲ့မျက်နှာကို ရိုက်ခတ်​နေတယ်
ရှီရှန်းသာ ဒီထက်​နောက်ကျပြီးမှရောက်မလာဘူးဆိုရင် မူလခန္ဓာကိုယ်က မီးကျွမ်းသွားနိုင်တယ်
မီးရဲ့အပူရှိန်​ကြောင့်သူမရဲ့အသား​တွေ တကျွတ်ကျွတ်မြည်​နေတဲ့အသံကို​တောင် ကြား​နေရသလိုပဲ

ဒီအ​ခြေအ​နေမှာသာ စားပွဲတစ်လုံးရှိ​နေမယ်ဆိုရင် ရှီရှန်းက အဲ့ဒါကို ​မှောက်လှန်ပစ်မိလိုက်လိမ့်မယ်

' ဒါကဘယ်လို​နေရာမျိုးကြီးလဲ !!!!system !!ထွက်ခဲ့စမ်း   နင်နဲ့ငါ နည်းနည်းပါးပါး​ဆွေး​နွေးကြရ​အောင် '

"ဂိုဏ်းတူ​​ဒေါ်​လေး!!ဂိုဏ်းတူ​ဒေါ်​လေး!! ထပါအုံး ​ကျေးဇူးပြုပြီး ထပါအုံး..... !! "

ဘယ်ကလာမှန်းမသိတဲ့အသံတစ်သံက မီး​လောင်ပြင်ကြီးမှာ ပဲ့တင်ထပ်​နေတယ်

'ဒီ​နေရာမှာငါ့အပြင်တစ်​ယောက်​ယောက်ရှိ​နေ​သေးတာလား...'

"ဂိုဏ်းတူ​​ဒေါ်​လေး !!! ဒါကထင်​ယောင်ထင်မှားဖြစ်​နေတာ​တွေပါ  ​ကျေးဇူးပြုပြီး သတိထားပါအုံး..... မြန်မြန်နိုးလာပါ​တော့ ......."
ရှီရှန်းရဲ့စိတ်ထဲမှာ ဗလာကျင်းသွားပြီး​တော့ မျက်ခုံး​တွေတွန့်ချိုးသွားတယ်
'ထင်​ယောင်ထင်မှားဖြစ်တယ်???ဂိုဏ်းတူ​ဒေါ်​လေး??? ဒီကမ္ဘာက ကျင့်ကြံခြင်း၀တ္ထုလား....ဖာ့ခ်!!!! ကျင့်ကြံခြင်း​လောကဖြစ်​နေရင်​တောင် ငါ​ရောက်​နေတဲ့အချိန်က ဘာကိစ္စ ထင်​ယောင်ထင်မှားဖြစ်​နေတဲ့အချိန်ဖြစ်​နေရတာလဲ  တကယ်ကိုကံဆိုးလွန်းပါလား....'
ရှီရှန်းက အံကြိတ်လိုက်ပြီး မျက်လုံး​တွေကို မှိတ်ကာ စိတ်ကို​အေး​အေးထားလိုက်တယ်
မီး​တောက်​တွေ​တောက်​လောင်​နေတဲ့အသံ​တွေကဖြည်းဖြည်းချင်း​လျော့ကျသွားပြီး ပတ်၀န်းကျင်ရဲ့အပူဒဏ်က လုံး၀​ပျောက်ကွယ်သွားတယ်  ရှီရှန်းခံစား​နေရတဲ့ နာကျင်မှု​တွေလည်း လုံး၀​ပျောက်ကွယ်သွားပြီး​အေးမြတဲ့ခံစားချက်ကအစားထိုး၀င်လာတယ်
ရှီရှန်းက မူလအ​ခြေအ​နေထဲကို အသိစိတ်ပြန်၀င်လာပြီး မျက်လုံး​တွေကို ဖွင့်လိုက်တယ်  လက်တ​လောခံစားခဲ့ရတဲ့နာကျင်မှု​ကြောင့် သူမရဲ့နှလုံးခုန်သံ​တွေအရမ်းမြန်​နေတယ်
ရှီရှန်းကို ငယ်ရွယ်ပြီးချစ်စဖွယ်​ကောင်းတဲ့မိန်းက​လေးတစ်​ယောက်ကစိတ်ပူပန်စွာ ရပ်ကြည့်​နေတယ်
ရှီရှန်းသတိပြန်ရလာ​တော့မှသာ အဲ့ဒီမိန်းက​လေးက စိတ်သက်သာသွားပုံ​ပေါ်တယ်
"ဂိုဏ်းတူဒေါ်​လေး.ရှင်နိုးလာပြီလား..ကျွန်မတို့အရမ်းစိတ်ပူ​နေတာ..."
သူမရဲ့မျက်နှာက ရှီရှန်းနိုးလာတဲ့အတွက် ​​ပျော်ရွှင်၀မ်းသာ​နေပုံ​ပေါ်တယ်
ရှီရှန်းက သူမအ​ရှေ့ကမိန်းက​လေးကို တိတ်တဆိတ်အကဲခတ်​နေတယ်
ဒီမိန်းက​လေးက ရှီရှန်း၀တ်ထားတဲ့နက်ပြာ​ရောင်၀တ်စုံနဲ့အ​ရောင်ကလွဲလို့တစ်ပုံစံထဲတူတဲ့အဖြူ​ရောင်ပိုးသား၀တ်စုံကို၀တ်ဆင်ထားတယ်
ရှီရှန်းရဲ့စိတ်ထဲမှာသတင်းအချက်အလက်တချို့​ပေါ်လာတယ်
*အတွင်း​ဆောင်တပည့်*
ဒီ၀တ္ထုရဲ့မူလဇာတ်​ကြောင်းနဲ့မူလကိုယ်ရဲ့မှတ်ဥာဏ်​တွေကို ရုတ်တရပ်လက်ခံလိုက်ရတာ​ကြောင့် ရှီရှန်းရဲ့ဦး​နှောက်ကိုတစ်စုံတစ်​ယောက်ကဆွဲညှစ်ထားသလို နာကျင်​နေရတယ်
သူမသတိမလွတ်သွားခင်မှာ ခုနကမိန်းက​လေးရဲ့စိုးရိမ်တကြီး​ခေါ်သံကိုကြားလိုက်ရတယ်

ဒီ၀တ္ထုက မ​ကောင်းဆိုး၀ါး​တွေကို နှိမ်နှင်းသတ်ဖြတ်ကာ ကျင့်ကြံစဥ်​တွေတိုးတက်ခြင်းဆိုတဲ့ အ​ကြောင်းဖြစ်တယ်

အဓိကဇာတ်လိုက်က ယဲ့ချင်ချိုးလို့​ခေါ်တဲ့ကျင့်ကြံသူမိန်းက​လေးတစ်​ယောက်ဖြစ်တယ်
အမှန်အတိုင်း​ပြောရမယ်ဆိုရင်​တော့ သူမက  ယဲ့မိသားစုက ပြစ်ပယ်ခံထားရတဲ့သမီးရဲ့ ခန္ဓာကိုယ်ထဲကို   ၀ိညာဥ်ကူး​ပြောင်းလာသူဖြစ်တယ်
ဒီခန္ဓာကိုယ်ထဲကို​ရောက်တဲ့ အချိန်မှာ သူမက ကျင့်ကြံစဥ်နည်းလမ်း​တွေကို ပြန်လည်မွမ်းမံကာ မူလ ယဲ့ချင်ချိုးရဲ့ ကျင့်ကြံခြင်းအမြု​​တေကို သန့်စင်ပြီး  ဒီ​လောကရဲ့ ထိပ်ဆုံးအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တယ်

​သေမျိုး​လောကက​နေ တပည့်အသစ်​တွေကို စု​ဆောင်းချိန်မှာ ယဲ့ချင်ချိုး က  မြူခိုး​တောင်ကျင့်ကြံခြင်းဂိုဏ်းဆီကို​ရောက်လာခဲ့ပြီး ​သန့်စင်ရေ၀ိညာဥ်​သွေး​ကြော ရှိသူလို့ သတ်မှတ်ခြင်းခံခဲ့ရတယ်
သန့်စင်​ရေ၀ိညာဥ်​သွေး​ကြောပိုင်ရှင်​တွေဟာ ကျင့်ကြံခြင်း​လောကရဲ့အနိမ့်ဆုံးအဆင့်သာဖြစ်ပြီး  ​အဆင့်တက်ဖို့မျှော်လင့်ချက်သိပ်မရှိတဲ့အတွက် မျက်နှာငယ်ကြရတယ် ဒါ​ပေမယ့် အဓိကဇာတ်လိုက်မရဲ့ဘ၀က​တော့ ဒီ​လောက်ထိမရိုးရှင်းလှဘူး

ဇာတ်လိုက်မက မြူခိုး​တောင်ဂိုဏ်းရဲ့ တပည့်အဖြစ်ပညာသင်ခဲ့ရပြီး ဂိုဏ်းချုပ်ကလည်း သူမကို ရူးရူးမူးမူးစွဲလန်း​နေတဲ့ အချစ်ရူး နံပါတ် ၁ ဖြစ်တယ်
အချစ်ရူးဂိုဏ်းချုပ်ရဲ့ ကာကွယ်​ဖေးမမှု​ကြောင့် ယဲ့ချင်ချိုးရဲ့ကျင့်ကြံ​ရေးဘ၀က သာယာ​ချော​မွေ့ ခဲ့တယ်
သူမက ဂမ္ဘီရ​ဆေးလုံး​တွေ ​ဖော်စပ်ခြင်းပညာက​နေ အင်းကွက်မန္တန်​တွေဆွဲခြင်းပညာတို့အထိ  ​ကောင်းမွန်စွာ တတ်ကျွမ်းတယ်

ဒါ​ပေမယ့် ဗီလိန်အမျိုးသမီးဇာတ်​ကောင်​တွေက ဇာတ်လိုက်မရဲ့တစ်ကိုယ်​တော်ရှိုးပွဲကို ​အေး​အေး​ဆေး​ဆေး​ဆေး ထိုင်ကြည့်​နေ​ပေးဖို့ စိတ်ကူးမရှိကြဘူး
ရှီရှန်း​ရောက်​နေတဲ့ မူလခန္ဓာကိုယ်ဟာ ဒီဗီလိန်အမျိုးသမီး​တွေထဲက ဦးစီးဦး​ဆောင်သမား ဖြစ်တယ်
ရှန်းရှူဟာ ​ကောင်းကင်ဘုံစွန်း​တောင်ထွဋ်ကဆရာသခင် ယွီ​ရှောင်းရဲ့ အတွင်း​ဆောင်တိုက်ရိုက်တပည့်မ​လေးဖြစ်တယ်
ရှန်းရှူက သူမရဲ့ ဂိုဏ်းတူအကို ချူးယဲ့ ကို သ​ဘောကျ နှစ်သက်ခဲ့တယ် ဒါ​ပေမယ့် ချူးယဲ့က​တော့ ဇာတ်လိုက်မ ယဲ့ချင်ချိုးကိုသာ အရူးအမူးစွဲလန်း​နေသူဖြစ်တာမို့   ရှန်းရှူဟာ ဇာတ်လိုက်မကို လိုက်လံအပုပ်ချ​နေတဲ့ အဓိက ဗီလိန်တစ်​ယောက်ဖြစ်လာခဲ့တယ်

ရှန်းရှူဟာ ဂိုဏ်း​ပေါင်းစုံသိုင်းပညာဖလှယ်ပွဲမှာ ဇာတ်လိုက်မကို ပညာ​ပေးဖို့ စီစဥ်ထားခဲ့​ပေမယ့် တကယ်တမ်း ထိခိုက်ခဲ့ရသူက​တော့ သူမသာဖြစ်ခဲ့တယ်
ရလဒ်အ​နေနဲ့သူမရဲ့ကျင့်ကြံဆင့်ဟာ ချီသန့်စင်ခြင်းအဆင့်၈ အထိ​လျော့ကျသွားခဲ့ရ​တော့တယ်

ဒီကမ္ဘာရဲ့ ကျင့်ကြံဆင့်​တွေကို ​အောက်ပါအတိုင်းအဆင့်ဆင့်သတ်မှတ်ထားတယ်

1.ချီသန့်စင်ခြင်းအဆင့် (ဒီအဆင့်မှာ အဆင့်ငယ် ၁၀ဆင့်ပါ၀င်တယ် )

2.အ​ခြေတည်အဆင့်

3.အ​ခြေတည်အမြု​​တေအဆင့်

4.နတ်၀ိညာဥ်အဆင့်

5.နတ်ဘုရားအဆင့်

6.​ရွှေ​ရောင်အမြု​တေအဆင့်

7.​ကောင်းကင်ဘုံသို့တက်လှမ်းခြင်းအဆင့်
တို့ဖြစ်တယ်
  ​ကောင်းကင်ဘုံသို့တက်လှမ်းခြင်း ဟာ ကျင့်ကြံ​ရေး​လောကရဲ့အမြင့်ဆုံးအဆင့်ဖြစ်ပြီး  ဒီအဆင့်​ကို​ကျော်ဖြတ်ပြီးတဲ့အခါမှာ ​ကောင်းကင်ဘုံမှာ​နေထိုင်တဲ့ နတ်ဘုရားစစ်စစ်အဖြစ် တက်လှမ်းနိုင်မှာဖြစ်တယ်

ပြိုင်ပွဲမပြိုင်ခင်ထိ ရှန်းရှူရဲ့ကျင့်ကြံဆင့်က အ​ခြေတည်အဆင့်ကို ​ရောက်လုနီးပါး ဖြစ်​နေခဲ့ပြီး အ​လားအလာ​ကောင်းမွန်တဲ့ ကျင့်ကြံသူတစ်​ယောက်ဖြစ်ခဲ့တယ်
ဒါ​ပေမယ့် ယဲ့ချင်ချိုးနဲ့တိုက်ခိုက်ပြီးတဲ့အခါမှာ​တော့ အထိနာသွားပြီး ကျင့်ကြံဆင့်​တွေ​လျှောကျကုန်ခဲ့ရတယ်
အဲ့ဒါ​​ကြောင့်ပဲ သူမက ယဲ့ချင်ချိုးကို မုန်းသထက်မုန်းလာရ​တော့တယ်

ရှန်းရှူရဲ့ဆရာဟာ သူမကိုအမှန်တကယ်ပဲဂရုစိုက်တယ်
သူက ရှန်းရှူရဲ့ကျင့်ကြံစဥ်တွေအတွက် ​သိဒ္ဓိ​ဆေးလုံး​တောင်း​ပေးခဲ့တယ်
ဒီကိစ္စပြီးတဲ့အခါမှာ ရှန်းရှူက သူမရဲ့ကျင့်ကြံခြင်းကိုပဲ  အ​သေ​အ​ကြေအာရုံစိုက်ထား​တော့တယ်
ပြီး​တော့ သူမက ယဲ့ချင်ချိုးကိုသာလွန်မှသာ ဆရာတူအကို ချူးယဲ့က သူမကို အာရုံစိုက်လာလိမ့်မယ်လို့ ​တွေးခဲ့တယ်
နှစ်၅၀မှာ ၁ကြိမ်ကျင်းပတဲ့ ဂိုဏ်း​ပေါင်းစုံသိုင်းပညာဖလှယ်ပွဲမှာ ဂ်ိဏ်းသား​တွေက မိမိရဲ့အရည်အချင်းကို​ရိုးသားတဲ့နည်းလမ်းနဲ့ဖော်ထုတ်ပြနိုင်တယ်
ဒါ​ပေမယ့် ရှန်းရှူနဲ့ယဲ့ချင်ချိုးတို့တိုက်ခိုက်ကြတဲ့အခါမှာ​တော့ ရှန်းရှူဟာ မ​ကောင်းတဲ့နည်းလမ်း​တွေအသုံးပြုပြီး ဇာတ်လိုက်မကို အရှက်ခွဲဖို့ကြိုးပမ်းခဲ့တယ်လို့​တွေ့ရှိခဲ့ရ​တော့တယ်
​တစ်​ယောက်​ယောက်က ယဲ့ချင်ချိုးကို လိင်ပိုင်းဆိုင်ရာ အ​နှောင့်အယှက်ပြုဖို့ကြိုးပမ်းခဲ့ပုံရတယ် ဒါ​ပေမယ့်မ​အောင်မြင်သွားဘဲ လူအများရဲ့စစ်​ဆေး​မေးမြန်းခြင်းကိုခံရတဲ့အခါမှာ​တော့ အဲ့ဒီကိစ္စကို ရှန်းရှူခိုင်းလို့လုပ်ရတာပါလို့ တရားခံက ထွက်ဆိုခဲ့တယ်
ရှန်းရှူတစ်​ယောက်ထဲကသာ သူမမှာ အပြစ်မရှိဘူး ဆိုတာကိုသိခဲ့တယ်
ရလဒ်​အ​နေနဲ့ ဇာတ်လိုက်မကိုချစ်စိတ်မွှန်​နေတဲ့ ဂိုဏ်းချုပ်က ရှန်းရှူရဲ့ကျင့်ကြံစဥ်​တွေအားလုံးကို ဖျက်ဆီးပစ်ဖို့ အမိန့်​ပေးခဲ့တယ်
ရှန်းရှူက သူမ မလုပ်ခဲ့​ကြောင်းကို အကြိမ်ကြိမ်ရှင်းပြခဲ့​ပေမယ့် ဘယ်သူကမှမယုံ​ကြည်​ပေးခဲ့ကြဘူး
သူမရဲ့ဆရာ ယွီ​ရှောင်းတစ်​ယောက်တည်းကသာ သူမအတွက် ​ပြော​​ပေးခဲ့တယ်
ယွီ​ရှောင်းက ဂိုဏ်းချုပ်ရဲ့​ဒေါသကို ​လျှော့ချ​ပေးနိုင်ခဲ့တဲ့အတွက် ရှန်းရှူရဲ့ကျင့်ကြံစဥ်​တွေကအဖျက်ဆီးမခံရ​တော့ဘူး.ဒါ​ပေမယ့် သူမက ကြီး​လေးတဲ့အပြစ်ဒဏ်ကို​တော့ ခံခဲ့ရတယ်
ချူးယဲ့ကလည်း သူမကိုအရင်ကထက်ပိုပြီးမျက်မုန်းကျိုးလာတယ်
ဗီလိန်တစ်​ယောက်ဖြစ်တဲ့ရှန်းရှူကဒီကိစ္စကို ဘယ်လိုမှ​ကြေ​အေးမ​ပေးနိုင်ဘူး
 
ဘယ်သူမှမထင်ထားတဲ့အချိန်မှာ ရှန်းရှူက ​သေ​ရေးရှင်​ရေးကိစ္စနဲ့ရင်ဆိုင်ရပြန်တယ်
သူမက မ​မျှော်လင့်ဘဲ  မိစ္ဆာနယ်​မြေကိုချိတ်ပိတ်ထားတဲ့စည်းတံဆိပ်ကို ချိုးဖျက်မိသွားခဲ့တယ်
သူမကို လာကယ်တဲ့ ယွီ​ရှောင်းကို မိစ္ဆာချီ ​တွေ လွှမ်းမိုးသွားခဲ့တယ်
ချူးယဲ့ကို ကယ်ဖို့အတွက် ယဲ့ချင်ချိုး က​တော့ ရှန်းရှူကို မိစ္ဆာချီနယ်ပယ်ထဲကို တွန်းချပစ်လိုက်တယ်
မိစ္ဆာချီလွှမ်းမိုးခြင်းကိုခံ​နေရတဲ့ ယွီ​ရှောင်းကသူ့ရဲ့​နောက်ဆုံးအသိစိတ်နဲ့​နောက်ဆုံး လက်ကျန်အင်အားကိုအသုံးပြုကာ ရှန်းရှူကို ​နောက်တစ်ကြိမ်ကယ်ထုတ်ပြန်တယ်
ဒါ​ပေမယ့် ရှန်းရှူဟာ ကံအလွန်​ခေသူ ဖြစ်တာမို့ မိစ္ဆာချီနယ်ပယ်ထဲကို ပြုတ်ကျသွားခဲ့တယ်
မိစ္ဆာချီ​တွေဟာ သူမရဲ့ရုပ်ရည်ကို​ရော ကျင့်ကြံဆင့်​တွေကိုပါ ဖျက်ဆီးပစ်လိုက်တာ​ကြောင့်  ​သူမကိုယ်သူမ​သေ​တော့မလို ခံစားခဲ့ရတယ်
ဒါ​ပေမယ့် ရှန်းရှူဟာ မ​သေဆုံးခဲ့ဘူး
တစ်ခန​လောက်ကြာတဲ့အခါမှာ သူမရဲ့ခန္ဓာကိုယ်ထဲကို မိစ္ဆာချီ​တွေက ​ဖြည်းညင်းစွာ ၀င်လာ​နေပြီး ကျင့်ကြံဆင့်​တွေကလည်း တဖြည်းဖြည်းနဲ့ပြန်​ကောင်းလာခဲ့တယ်
ရှန်းရှူဟာ မိစ္ဆာနယ်​မြေမှာပဲ ​နေပြီး​တော့ ကြိုးကြိုးစားစားကျင့်ကြံ​နေခဲ့ပြီး လုံ​လောက်​အောင် အင်အားကြီးလာတဲ့အခါမှာ လက်စား​ချေဖို့ပြန်လာခဲ့တယ်

သူမက ရည်မှန်းချက် အ​တော်အတန်ကြီးမားတဲ့ မိစ္ဆာကျင့်ကြံသူအမျိုးသားတစ်​ယောက်နဲ့ပူး​ပေါင်းပြီး  ယဲ့ချင်ချိုးကို ဒုက္ခ​ပေးဖို့ကြိုးပမ်းခဲ့တယ်
ဒါ​ပေမယ့် အဲ့ဒီသူကို အမျိုးသားဇာတ်လိုက်ကဖမ်းမိသွားပြီး သတ်ပြစ်လိုက်တယ်
အန္တရာယ်ရဲ့အ​ငွေ့အသက်ကို ခံစားမိတဲ့ ရှန်းရှူဟာ ခပ်မြန်မြန်ထွက်​ပြေးဖို့ကြိုးစားခဲ့​ပေမယ့် သူမကိုလည်း အမျိုးသားဇာတ်လိုက်ကဖမ်းမိသွားပြီး  ဓါးနဲ့အချက်​ပေါင်းများစွာ ထိုးခုတ်ကာ သတ်ပြစ်လိုက်တယ်
အဲ့ဒီနာကျင်မှုက သာမန်လူ​တွေ​တွေးထင်ထားမယ့် အကြီးမားဆုံး​သောနာကျင်မှုထက် အဆ​ပေါင်း​သောင်းချီပြီး ဆိုး၀ါးတယ်

ရှန်းရှူက မုန်းတီးခဲ့တယ်
သူမက ယဲ့ချင်ချင်ချိုးကို အလွန်မုန်းတီးခဲ့တယ်
ဒါ​ပေမယ့် သူမက ပိုပြီး ​နောင်တရခဲ့တယ်
သူမရဲ့​နောက်ဆုံးဆန္ဒက ယွီ​ရှောင်းကိုကယ်တင်နိုင်ဖို့နဲ့ သူမရဲ့ဘ၀တစ်ခုလုံးကို သူနဲ့အတူတူဖြတ်သန်းသွားနိုင်ဖို့ဖြစ်တယ်
ပြီး​တော့ ....သူမလက်စား​​ချေချင်တယ်

Transalated by Dora💜  Mia💙

Zawgyi

သူမရဲ႕မ်က္လုံး​ေတြကိုဖြင့္ၿပီးၿပီးခ်င္း မွာပဲ ပတ္ပတ္လည္မွာ​ေတာက္​ေလာင္​ေနတဲ့အဆုံးမ႐ွိတဲ့မီးပင္လယ္ႀကီးကို​ေတြ႕လိုက္ရတယ္
မီးရဲ႕အပူ႐ွိန္​ေၾကာင့္ အသား​ေတြဟာပူစပ္​ေနၿပီး​ေတာ့ အာ​ေခါင္တစ္ခုလုံးကလည္း​ေျခာက္​ေသြ႕လို႔​ေနတယ္
သူမရဲ႕ဆံႏြယ္​ေတြဟာလည္းမီးကြၽမ္းကုန္ၾကၿပီ
သူမ၀တ္ထားတဲ့အ၀တ္အစား​ေတြက မီးမေလာင္ႏိုင္တဲ့ အရာတစ္ခုခုနဲ႔ဖန္တီးခ်ဳပ္လုပ္ထားတာ​ေၾကာင့္ မပ်က္စီးႏိုင္​ေပမယ့္ ၀တ္ဆင္ထားသူကို​ေတာ့ အပူဒဏ္က ကာကြယ္မ​ေပးႏိုင္ဘူး

"ဖာ့ခ္!!!!တကယ့္ကိုအခ်ိန္​ေကာင္းအခါ​ေကာင္းမွာ မွ​ေရာက္လာရတယ္လို႔ system​ေရ နင္ငါ့ကို​ေရာက္​ေရာက္ခ်င္း မီး​​ေလာင္ၿပီး​​ေသ​ေစခ်င္​ေနတာလား "​

ေဘးပတ္ပတ္လည္မွာ သက္႐ွိတစ္ခုခုမ်ား႐ွိ​ေနမလားလို႔ ပတ္ၾကည့္လိုက္​ေပမယ့္ အလွ်ံတညီးညီး​ေတာက္​ေလာင္​ေနတဲ့ မီး​ေတာက္​နီနီရဲရဲေတြကိုသာ ျမင္ရတယ္

သူတို႔ကအဆုံးမ႐ွိဘဲ ​ေျမျပင္​ေပၚမွာ႐ွိ​ေနသမွ်အရာအားလုံးကို ​ေဒါသတႀကီး၀ါးၿမိဳဖ်က္စီး​ေနၾကတယ္
မီး​ေတာက္​ေတြ​ေၾကာင့္ျဖစ္​ေပၚလာတဲ့အပူလိႈင္း​ေတြက ႐ွီ႐ွန္းရဲ႕မ်က္ႏွာကို ႐ိုက္ခတ္​ေနတယ္
႐ွီ႐ွန္းသာ ဒီထက္​ေနာက္က်ၿပီးမွေရာက္မလာဘူးဆိုရင္ မူလခႏၶာကိုယ္က မီးကြၽမ္းသြားႏိုင္တယ္
မီးရဲ႕အပူ႐ွိန္​ေၾကာင့္သူမရဲ႕အသား​ေတြ တကြၽတ္ကြၽတ္ျမည္​ေနတဲ့အသံကို​ေတာင္ ၾကား​ေနရသလိုပဲ

ဒီအ​ေျခအ​ေနမွာသာ စားပြဲတစ္လုံး႐ွိ​ေနမယ္ဆိုရင္ ႐ွီ႐ွန္းက အဲ့ဒါကို ​ေမွာက္လွန္ပစ္မိလိုက္လိမ့္မယ္

' ဒါကဘယ္လို​ေနရာမ်ိဳးႀကီးလဲ !!!!system !!ထြက္ခဲ့စမ္း   နင္နဲ႔ငါ နည္းနည္းပါးပါး​ေဆြး​ေႏြးၾကရ​ေအာင္ '

"ဂိုဏ္းတူ​​ေဒၚ​ေလး!!ဂိုဏ္းတူ​ေဒၚ​ေလး!! ထပါအုံး ​ေက်းဇူးျပဳၿပီး ထပါအုံး..... !! "

ဘယ္ကလာမွန္းမသိတဲ့အသံတစ္သံက မီး​ေလာင္ျပင္ႀကီးမွာ ပဲ့တင္ထပ္​ေနတယ္

'ဒီ​ေနရာမွာငါ့အျပင္တစ္​ေယာက္​ေယာက္႐ွိ​ေန​ေသးတာလား...'

"ဂိုဏ္းတူ​​ေဒၚ​ေလး !!! ဒါကထင္​ေယာင္ထင္မွားျဖစ္​ေနတာ​ေတြပါ  ​ေက်းဇူးျပဳၿပီး သတိထားပါအုံး..... ျမန္ျမန္ႏိုးလာပါ​ေတာ့ ......."
႐ွီ႐ွန္းရဲ႕စိတ္ထဲမွာ ဗလာက်င္းသြားၿပီး​ေတာ့ မ်က္ခုံး​ေတြတြန္႔ခ်ိဳးသြားတယ္
'ထင္​ေယာင္ထင္မွားျဖစ္တယ္???ဂိုဏ္းတူ​ေဒၚ​ေလး??? ဒီကမ႓ာက က်င့္ၾကံျခင္း၀တၳဳလား....ဖာ့ခ္!!!! က်င့္ၾကံျခင္း​ေလာကျဖစ္​ေနရင္​ေတာင္ ငါ​ေရာက္​ေနတဲ့အခ်ိန္က ဘာကိစၥ ထင္​ေယာင္ထင္မွားျဖစ္​ေနတဲ့အခ်ိန္ျဖစ္​ေနရတာလဲ  တကယ္ကိုကံဆိုးလြန္းပါလား....'
႐ွီ႐ွန္းက အံႀကိတ္လိုက္ၿပီး မ်က္လုံး​ေတြကို မွိတ္ကာ စိတ္ကို​ေအး​ေအးထားလိုက္တယ္
မီး​ေတာက္​ေတြ​ေတာက္​ေလာင္​ေနတဲ့အသံ​ေတြကျဖည္းျဖည္းခ်င္း​ေလ်ာ့က်သြားၿပီး ပတ္၀န္းက်င္ရဲ႕အပူဒဏ္က လုံး၀​ေပ်ာက္ကြယ္သြားတယ္  ႐ွီ႐ွန္းခံစား​ေနရတဲ့ နာက်င္မႈ​ေတြလည္း လုံး၀​ေပ်ာက္ကြယ္သြားၿပီး​ေအးျမတဲ့ခံစားခ်က္ကအစားထိုး၀င္လာတယ္
႐ွီ႐ွန္းက မူလအ​ေျခအ​ေနထဲကို အသိစိတ္ျပန္၀င္လာၿပီး မ်က္လုံး​ေတြကို ဖြင့္လိုက္တယ္  လက္တ​ေလာခံစားခဲ့ရတဲ့နာက်င္မႈ​ေၾကာင့္ သူမရဲ႕ႏွလုံးခုန္သံ​ေတြအရမ္းျမန္​ေနတယ္
႐ွီ႐ွန္းကို ငယ္႐ြယ္ၿပီးခ်စ္စဖြယ္​ေကာင္းတဲ့မိန္းက​ေလးတစ္​ေယာက္ကစိတ္ပူပန္စြာ ရပ္ၾကည့္​ေနတယ္
႐ွီ႐ွန္းသတိျပန္ရလာ​ေတာ့မွသာ အဲ့ဒီမိန္းက​ေလးက စိတ္သက္သာသြားပုံ​ေပၚတယ္
"ဂိုဏ္းတူေဒၚ​ေလး.႐ွင္ႏိုးလာၿပီလား..ကြၽန္မတို႔အရမ္းစိတ္ပူ​ေနတာ..."
သူမရဲ႕မ်က္ႏွာက ႐ွီ႐ွန္းႏိုးလာတဲ့အတြက္ ​​ေပ်ာ္႐ႊင္၀မ္းသာ​ေနပုံ​ေပၚတယ္
႐ွီ႐ွန္းက သူမအ​ေ႐ွ႕ကမိန္းက​ေလးကို တိတ္တဆိတ္အကဲခတ္​ေနတယ္
ဒီမိန္းက​ေလးက ႐ွီ႐ွန္း၀တ္ထားတဲ့နက္ျပာ​ေရာင္၀တ္စုံနဲ႔အ​ေရာင္ကလြဲလို႔တစ္ပုံစံထဲတူတဲ့အျဖဴ​ေရာင္ပိုးသား၀တ္စုံကို၀တ္ဆင္ထားတယ္
႐ွီ႐ွန္းရဲ႕စိတ္ထဲမွာသတင္းအခ်က္အလက္တခ်ိဳ႕​ေပၚလာတယ္
*အတြင္း​ေဆာင္တပည့္*
ဒီ၀တၳဳရဲ႕မူလဇာတ္​ေၾကာင္းနဲ႔မူလကိုယ္ရဲ႕မွတ္ဥာဏ္​ေတြကို ႐ုတ္တရပ္လက္ခံလိုက္ရတာ​ေၾကာင့္ ႐ွီ႐ွန္းရဲ႕ဦး​ေႏွာက္ကိုတစ္စုံတစ္​ေယာက္ကဆြဲညႇစ္ထားသလို နာက်င္​ေနရတယ္
သူမသတိမလြတ္သြားခင္မွာ ခုနကမိန္းက​ေလးရဲ႕စိုးရိမ္တႀကီး​ေခၚသံကိုၾကားလိုက္ရတယ္

ဒီ၀တၳဳက မ​ေကာင္းဆိုး၀ါး​ေတြကို ႏွိမ္ႏွင္းသတ္ျဖတ္ကာ က်င့္ၾကံစဥ္​ေတြတိုးတက္ျခင္းဆိုတဲ့ အ​ေၾကာင္းျဖစ္တယ္

အဓိကဇာတ္လိုက္က ယဲ့ခ်င္ခ်ိဳးလို႔​ေခၚတဲ့က်င့္ၾကံသူမိန္းက​ေလးတစ္​ေယာက္ျဖစ္တယ္
အမွန္အတိုင္း​ေျပာရမယ္ဆိုရင္​ေတာ့ သူမက  ယဲ့မိသားစုက ျပစ္ပယ္ခံထားရတဲ့သမီးရဲ႕ ခႏၶာကိုယ္ထဲကို   ၀ိညာဥ္ကူး​ေျပာင္းလာသူျဖစ္တယ္
ဒီခႏၶာကိုယ္ထဲကို​ေရာက္တဲ့ အခ်ိန္မွာ သူမက က်င့္ၾကံစဥ္နည္းလမ္း​ေတြကို ျပန္လည္မြမ္းမံကာ မူလ ယဲ့ခ်င္ခ်ိဳးရဲ႕ က်င့္ၾကံျခင္းအျမဳ​​ေတကို သန္႔စင္ၿပီး  ဒီ​ေလာကရဲ႕ ထိပ္ဆုံးအဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့တယ္

​ေသမ်ိဳး​ေလာကက​ေန တပည့္အသစ္​ေတြကို စု​ေဆာင္းခ်ိန္မွာ ယဲ့ခ်င္ခ်ိဳး က  ျမဴခိုး​ေတာင္က်င့္ၾကံျခင္းဂိုဏ္းဆီကို​ေရာက္လာခဲ့ၿပီး ​သန္႔စင္ေရ၀ိညာဥ္​ေသြး​ေၾကာ ႐ွိသူလို႔ သတ္မွတ္ျခင္းခံခဲ့ရတယ္
သန္႔စင္​ေရ၀ိညာဥ္​ေသြး​ေၾကာပိုင္႐ွင္​ေတြဟာ က်င့္ၾကံျခင္း​ေလာကရဲ႕အနိမ့္ဆုံးအဆင့္သာျဖစ္ၿပီး  ​အဆင့္တက္ဖို႔ေမွ်ာ္လင့္ခ်က္သိပ္မ႐ွိတဲ့အတြက္ မ်က္ႏွာငယ္ၾကရတယ္ ဒါ​ေပမယ့္ အဓိကဇာတ္လိုက္မရဲ႕ဘ၀က​ေတာ့ ဒီ​ေလာက္ထိမ႐ိုး႐ွင္းလွဘူး

ဇာတ္လိုက္မက ျမဴခိုး​ေတာင္ဂိုဏ္းရဲ႕ တပည့္အျဖစ္ပညာသင္ခဲ့ရၿပီး ဂိုဏ္းခ်ဳပ္ကလည္း သူမကို ႐ူး႐ူးမူးမူးစြဲလန္း​ေနတဲ့ အခ်စ္႐ူး နံပါတ္ ၁ ျဖစ္တယ္
အခ်စ္႐ူးဂိုဏ္းခ်ဳပ္ရဲ႕ ကာကြယ္​ေဖးမမႈ​ေၾကာင့္ ယဲ့ခ်င္ခ်ိဳးရဲ႕က်င့္ၾကံ​ေရးဘ၀က သာယာ​ေခ်ာ​ေမြ႕ ခဲ့တယ္
သူမက ဂမ႓ီရ​ေဆးလုံး​ေတြ ​ေဖာ္စပ္ျခင္းပညာက​ေန အင္းကြက္မႏၲန္​ေတြဆြဲျခင္းပညာတို႔အထိ  ​ေကာင္းမြန္စြာ တတ္ကြၽမ္းတယ္

ဒါ​ေပမယ့္ ဗီလိန္အမ်ိဳးသမီးဇာတ္​ေကာင္​ေတြက ဇာတ္လိုက္မရဲ႕တစ္ကိုယ္​ေတာ္႐ိႈးပြဲကို ​ေအး​ေအး​ေဆး​ေဆး​ေဆး ထိုင္ၾကည့္​ေန​ေပးဖို႔ စိတ္ကူးမ႐ွိၾကဘူး
႐ွီ႐ွန္း​ေရာက္​ေနတဲ့ မူလခႏၶာကိုယ္ဟာ ဒီဗီလိန္အမ်ိဳးသမီး​ေတြထဲက ဦးစီးဦး​ေဆာင္သမား ျဖစ္တယ္
႐ွန္း႐ွဴဟာ ​ေကာင္းကင္ဘုံစြန္း​ေတာင္ထြဋ္ကဆရာသခင္ ယြီ​ေ႐ွာင္းရဲ႕ အတြင္း​ေဆာင္တိုက္႐ိုက္တပည့္မ​ေလးျဖစ္တယ္
႐ွန္း႐ွဴက သူမရဲ႕ ဂိုဏ္းတူအကို ခ်ဴးယဲ့ ကို သ​ေဘာက် ႏွစ္သက္ခဲ့တယ္ ဒါ​ေပမယ့္ ခ်ဴးယဲ့က​ေတာ့ ဇာတ္လိုက္မ ယဲ့ခ်င္ခ်ိဳးကိုသာ အ႐ူးအမူးစြဲလန္း​ေနသူျဖစ္တာမို႔   ႐ွန္း႐ွဴဟာ ဇာတ္လိုက္မကို လိုက္လံအပုပ္ခ်​ေနတဲ့ အဓိက ဗီလိန္တစ္​ေယာက္ျဖစ္လာခဲ့တယ္

႐ွန္း႐ွဴဟာ ဂိုဏ္း​ေပါင္းစုံသိုင္းပညာဖလွယ္ပြဲမွာ ဇာတ္လိုက္မကို ပညာ​ေပးဖို႔ စီစဥ္ထားခဲ့​ေပမယ့္ တကယ္တမ္း ထိခိုက္ခဲ့ရသူက​ေတာ့ သူမသာျဖစ္ခဲ့တယ္
ရလဒ္အ​ေနနဲ႔သူမရဲ႕က်င့္ၾကံဆင့္ဟာ ခ်ီသန္႔စင္ျခင္းအဆင့္၈ အထိ​ေလ်ာ့က်သြားခဲ့ရ​ေတာ့တယ္

ဒီကမ႓ာရဲ႕ က်င့္ၾကံဆင့္​ေတြကို ​ေအာက္ပါအတိုင္းအဆင့္ဆင့္သတ္မွတ္ထားတယ္

1.ခ်ီသန္႔စင္ျခင္းအဆင့္ (ဒီအဆင့္မွာ အဆင့္ငယ္ ၁၀ဆင့္ပါ၀င္တယ္ )

2.အ​ေျခတည္အဆင့္

3.အ​ေျခတည္အျမဳ​​ေတအဆင့္

4.နတ္၀ိညာဥ္အဆင့္

5.နတ္ဘုရားအဆင့္

6.​ေ႐ႊ​ေရာင္အျမဳ​ေတအဆင့္

7.​ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္းအဆင့္
တို႔ျဖစ္တယ္
  ​ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္း ဟာ က်င့္ၾကံ​ေရး​ေလာကရဲ႕အျမင့္ဆုံးအဆင့္ျဖစ္ၿပီး  ဒီအဆင့္​ကို​ေက်ာ္ျဖတ္ၿပီးတဲ့အခါမွာ ​ေကာင္းကင္ဘုံမွာ​ေနထိုင္တဲ့ နတ္ဘုရားစစ္စစ္အျဖစ္ တက္လွမ္းႏိုင္မွာျဖစ္တယ္

ၿပိဳင္ပြဲမၿပိဳင္ခင္ထိ ႐ွန္း႐ွဴရဲ႕က်င့္ၾကံဆင့္က အ​ေျခတည္အဆင့္ကို ​ေရာက္လုနီးပါး ျဖစ္​ေနခဲ့ၿပီး အ​လားအလာ​ေကာင္းမြန္တဲ့ က်င့္ၾကံသူတစ္​ေယာက္ျဖစ္ခဲ့တယ္
ဒါ​ေပမယ့္ ယဲ့ခ်င္ခ်ိဳးနဲ႔တိုက္ခိုက္ၿပီးတဲ့အခါမွာ​ေတာ့ အထိနာသြားၿပီး က်င့္ၾကံဆင့္​ေတြ​ေလွ်ာက်ကုန္ခဲ့ရတယ္
အဲ့ဒါ​​ေၾကာင့္ပဲ သူမက ယဲ့ခ်င္ခ်ိဳးကို မုန္းသထက္မုန္းလာရ​ေတာ့တယ္

႐ွန္း႐ွဴရဲ႕ဆရာဟာ သူမကိုအမွန္တကယ္ပဲဂ႐ုစိုက္တယ္
သူက ႐ွန္း႐ွဴရဲ႕က်င့္ၾကံစဥ္ေတြအတြက္ ​သိဒၶိ​ေဆးလုံး​ေတာင္း​ေပးခဲ့တယ္
ဒီကိစၥၿပီးတဲ့အခါမွာ ႐ွန္း႐ွဴက သူမရဲ႕က်င့္ၾကံျခင္းကိုပဲ  အ​ေသ​အ​ေၾကအာ႐ုံစိုက္ထား​ေတာ့တယ္
ၿပီး​ေတာ့ သူမက ယဲ့ခ်င္ခ်ိဳးကိုသာလြန္မွသာ ဆရာတူအကို ခ်ဴးယဲ့က သူမကို အာ႐ုံစိုက္လာလိမ့္မယ္လို႔ ​ေတြးခဲ့တယ္
ႏွစ္၅၀မွာ ၁ႀကိမ္က်င္းပတဲ့ ဂိုဏ္း​ေပါင္းစုံသိုင္းပညာဖလွယ္ပြဲမွာ ဂ္ိဏ္းသား​ေတြက မိမိရဲ႕အရည္အခ်င္းကို​႐ိုးသားတဲ့နည္းလမ္းနဲ႔ေဖာ္ထုတ္ျပႏိုင္တယ္
ဒါ​ေပမယ့္ ႐ွန္း႐ွဴနဲ႔ယဲ့ခ်င္ခ်ိဳးတို႔တိုက္ခိုက္ၾကတဲ့အခါမွာ​ေတာ့ ႐ွန္း႐ွဴဟာ မ​ေကာင္းတဲ့နည္းလမ္း​ေတြအသုံးျပဳၿပီး ဇာတ္လိုက္မကို အ႐ွက္ခြဲဖို႔ႀကိဳးပမ္းခဲ့တယ္လို႔​ေတြ႕႐ွိခဲ့ရ​ေတာ့တယ္
​တစ္​ေယာက္​ေယာက္က ယဲ့ခ်င္ခ်ိဳးကို လိင္ပိုင္းဆိုင္ရာ အ​ေႏွာင့္အယွက္ျပဳဖို႔ႀကိဳးပမ္းခဲ့ပုံရတယ္ ဒါ​ေပမယ့္မ​ေအာင္ျမင္သြားဘဲ လူအမ်ားရဲ႕စစ္​ေဆး​ေမးျမန္းျခင္းကိုခံရတဲ့အခါမွာ​ေတာ့ အဲ့ဒီကိစၥကို ႐ွန္း႐ွဴခိုင္းလို႔လုပ္ရတာပါလို႔ တရားခံက ထြက္ဆိုခဲ့တယ္
႐ွန္း႐ွဴတစ္​ေယာက္ထဲကသာ သူမမွာ အျပစ္မ႐ွိဘူး ဆိုတာကိုသိခဲ့တယ္
ရလဒ္​အ​ေနနဲ႔ ဇာတ္လိုက္မကိုခ်စ္စိတ္မႊန္​ေနတဲ့ ဂိုဏ္းခ်ဳပ္က ႐ွန္း႐ွဴရဲ႕က်င့္ၾကံစဥ္​ေတြအားလုံးကို ဖ်က္ဆီးပစ္ဖို႔ အမိန္႔​ေပးခဲ့တယ္
႐ွန္း႐ွဴက သူမ မလုပ္ခဲ့​ေၾကာင္းကို အႀကိမ္ႀကိမ္႐ွင္းျပခဲ့​ေပမယ့္ ဘယ္သူကမွမယုံ​ၾကည္​ေပးခဲ့ၾကဘူး
သူမရဲ႕ဆရာ ယြီ​ေ႐ွာင္းတစ္​ေယာက္တည္းကသာ သူမအတြက္ ​ေျပာ​​ေပးခဲ့တယ္
ယြီ​ေ႐ွာင္းက ဂိုဏ္းခ်ဳပ္ရဲ႕​ေဒါသကို ​ေလွ်ာ့ခ်​ေပးႏိုင္ခဲ့တဲ့အတြက္ ႐ွန္း႐ွဴရဲ႕က်င့္ၾကံစဥ္​ေတြကအဖ်က္ဆီးမခံရ​ေတာ့ဘူး.ဒါ​ေပမယ့္ သူမက ႀကီး​ေလးတဲ့အျပစ္ဒဏ္ကို​ေတာ့ ခံခဲ့ရတယ္
ခ်ဴးယဲ့ကလည္း သူမကိုအရင္ကထက္ပိုၿပီးမ်က္မုန္းက်ိဳးလာတယ္
ဗီလိန္တစ္​ေယာက္ျဖစ္တဲ့႐ွန္း႐ွဴကဒီကိစၥကို ဘယ္လိုမွ​ေၾက​ေအးမ​ေပးႏိုင္ဘူး
 
ဘယ္သူမွမထင္ထားတဲ့အခ်ိန္မွာ ႐ွန္း႐ွဴက ​ေသ​ေရး႐ွင္​ေရးကိစၥနဲ႔ရင္ဆိုင္ရျပန္တယ္
သူမက မ​ေမွ်ာ္လင့္ဘဲ  မိစၧာနယ္​ေျမကိုခ်ိတ္ပိတ္ထားတဲ့စည္းတံဆိပ္ကို ခ်ိဳးဖ်က္မိသြားခဲ့တယ္
သူမကို လာကယ္တဲ့ ယြီ​ေ႐ွာင္းကို မိစၧာခ်ီ ​ေတြ လႊမ္းမိုးသြားခဲ့တယ္
ခ်ဴးယဲ့ကို ကယ္ဖို႔အတြက္ ယဲ့ခ်င္ခ်ိဳး က​ေတာ့ ႐ွန္း႐ွဴကို မိစၧာခ်ီနယ္ပယ္ထဲကို တြန္းခ်ပစ္လိုက္တယ္
မိစၧာခ်ီလႊမ္းမိုးျခင္းကိုခံ​ေနရတဲ့ ယြီ​ေ႐ွာင္းကသူ႕ရဲ႕​ေနာက္ဆုံးအသိစိတ္နဲ႔​ေနာက္ဆုံး လက္က်န္အင္အားကိုအသုံးျပဳကာ ႐ွန္း႐ွဴကို ​ေနာက္တစ္ႀကိမ္ကယ္ထုတ္ျပန္တယ္
ဒါ​ေပမယ့္ ႐ွန္း႐ွဴဟာ ကံအလြန္​ေခသူ ျဖစ္တာမို႔ မိစၧာခ်ီနယ္ပယ္ထဲကို ျပဳတ္က်သြားခဲ့တယ္
မိစၧာခ်ီ​ေတြဟာ သူမရဲ႕႐ုပ္ရည္ကို​ေရာ က်င့္ၾကံဆင့္​ေတြကိုပါ ဖ်က္ဆီးပစ္လိုက္တာ​ေၾကာင့္  ​သူမကိုယ္သူမ​ေသ​ေတာ့မလို ခံစားခဲ့ရတယ္
ဒါ​ေပမယ့္ ႐ွန္း႐ွဴဟာ မ​ေသဆုံးခဲ့ဘူး
တစ္ခန​ေလာက္ၾကာတဲ့အခါမွာ သူမရဲ႕ခႏၶာကိုယ္ထဲကို မိစၧာခ်ီ​ေတြက ​ျဖည္းညင္းစြာ ၀င္လာ​ေနၿပီး က်င့္ၾကံဆင့္​ေတြကလည္း တျဖည္းျဖည္းနဲ႔ျပန္​ေကာင္းလာခဲ့တယ္
႐ွန္း႐ွဴဟာ မိစၧာနယ္​ေျမမွာပဲ ​ေနၿပီး​ေတာ့ ႀကိဳးႀကိဳးစားစားက်င့္ၾကံ​ေနခဲ့ၿပီး လုံ​ေလာက္​ေအာင္ အင္အားႀကီးလာတဲ့အခါမွာ လက္စား​ေခ်ဖို႔ျပန္လာခဲ့တယ္

သူမက ရည္မွန္းခ်က္ အ​ေတာ္အတန္ႀကီးမားတဲ့ မိစၧာက်င့္ၾကံသူအမ်ိဳးသားတစ္​ေယာက္နဲ႔ပူး​ေပါင္းၿပီး  ယဲ့ခ်င္ခ်ိဳးကို ဒုကၡ​ေပးဖို႔ႀကိဳးပမ္းခဲ့တယ္
ဒါ​ေပမယ့္ အဲ့ဒီသူကို အမ်ိဳးသားဇာတ္လိုက္ကဖမ္းမိသြားၿပီး သတ္ျပစ္လိုက္တယ္
အႏၲရာယ္ရဲ႕အ​ေငြ႕အသက္ကို ခံစားမိတဲ့ ႐ွန္း႐ွဴဟာ ခပ္ျမန္ျမန္ထြက္​ေျပးဖို႔ႀကိဳးစားခဲ့​ေပမယ့္ သူမကိုလည္း အမ်ိဳးသားဇာတ္လိုက္ကဖမ္းမိသြားၿပီး  ဓါးနဲ႔အခ်က္​ေပါင္းမ်ားစြာ ထိုးခုတ္ကာ သတ္ျပစ္လိုက္တယ္
အဲ့ဒီနာက်င္မႈက သာမန္လူ​ေတြ​ေတြးထင္ထားမယ့္ အႀကီးမားဆုံး​ေသာနာက်င္မႈထက္ အဆ​ေပါင္း​ေသာင္းခ်ီၿပီး ဆိုး၀ါးတယ္

႐ွန္း႐ွဴက မုန္းတီးခဲ့တယ္
သူမက ယဲ့ခ်င္ခ်င္ခ်ိဳးကို အလြန္မုန္းတီးခဲ့တယ္
ဒါ​ေပမယ့္ သူမက ပိုၿပီး ​ေနာင္တရခဲ့တယ္
သူမရဲ႕​ေနာက္ဆုံးဆႏၵက ယြီ​ေ႐ွာင္းကိုကယ္တင္ႏိုင္ဖို႔နဲ႔ သူမရဲ႕ဘ၀တစ္ခုလုံးကို သူနဲ႔အတူတူျဖတ္သန္းသြားႏိုင္ဖို႔ျဖစ္တယ္
ၿပီး​ေတာ့ ....သူမလက္စား​​ေခ်ခ်င္တယ္

Transalated by Dora💜  Mia💙

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

20K 1.1K 23
Romance, teenage comedy , OC Unicode+Zawgyi
48.8K 4.7K 14
ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။
481K 43K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
3.9M 265K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...