ရှီရှန်း ရှီရှန်း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 2.21

3.3K 437 2
By Hanpandora

➡️Unicode

အဆုံးမှာ​တော့ သူတို့အဖွဲ့က ၈​ယောက်ထိတိုးသွားခဲ့တယ်

ရှီရှန်းနဲ့လူသစ်​လေး၄​ယောက်ရယ် စုရီရှိုးရယ် ဖန်းလီချိုးနဲ့ သူမရဲ့​အေးဂျင့်ရယ် တို့ပဲဖြစ်တယ်

စုရီရှိုးနဲ့ဖန်းလီချိုးတို့က အလယ်တန်းတုန်းက အတန်း​ဖော် သူငယ်ချင်း​တွေဖြစ်ကြတယ် . စုရီရှိုးနဲ့ဖန်းလီချိုးက တစ်ချိန်ထဲ​လောက်မှာပဲ နိုင်ငံခြားကိုထွက်သွားခဲ့ကြတယ်

နှ​မျောစရာ​ကောင်းတာက သူတို့သွားခဲ့တဲ့နိုင်ငံ​တွေဟာမတူညီတာ​ကြောင့် အချင်းချင်းမ​တွေ့ကြရဘူး.သူတို့နှစ်​ယောက်က အချင်းချင်း သ​ဘောကျကြတယ်ဆိုတာကိုရှီရှန်းက ခန့်မှန်းမိတယ် မဟုတ်ရင် စုရီရှိုးရဲ့ စွာလန်ကျဲအကျင့်စရိုက်အရ ဖန်းလီချိုးရဲ့စကား​တွေကို ​အေး​အေး​ဆေး​ဆေးငြိမ်ပြီးနား​ထောင်နိုင်မှာမဟုတ်ဖူ.

"အမ၀မ် သူတို့နှစ်​ယောက်ကြားမှာ တစ်ခုခုရှိ​နေတယ်လို့ အမမထင်ဘူးလား "

ဖန်ကျင်းယွီရဲ့မျက်လုံး​တွေကတလက်လက်​တောက်ပ​နေတယ်

'သူတို့နှစ်​ယောက်က လိုက်ဖက်လွန်းလိုက်တာ တစ်​ယောက်အတွက်တစ်​ယောက်ဖြစ်တည်လာရသလိုပဲ'

"​ မင်းပြောမှသိတယ်ထင်မ​နေနဲ့ လူတိုင်းမှာ မျက်လုံးပါတယ် "

ကျန်းမင်ကဖန်ကျင်းယွီကိုမျက်​စောင်း ထိုးလိုက်တယ်

ရှီရှန်းကအသာအယာ ပြုံးလိုက်တယ်

"စားစရာရှိတာသာစားကြပါ"

~နောက်ဆုံး​တော့ ဒီ​ငကြောင်​နှစ်​ကောင်ရဲ့ စိတ်ကိုငါနားလည်ခဲ့ပြီး များများစားပြီး အောင်ပွဲခံရမယ် ဟားဟားဟား~

စား​နေရင်းနဲ့ စုရီရှိုးဆီကို ဖုန်းတစ်call၀င်လာတယ်

သူက ဖန်းလင်ချိုးအာရုံ​ပြောင်း​နေတာကို အခွင့်​ကောင်းယူပြီး​တော့ ရှီရှန်းကို​မျက်ရိပ်ပြ ပြီးအပြင်ထွက်သွားတယ်

သူပြန်လာတဲ့အခါမှာ လုချင်းယွင်ကိုပါ ဒီအခန်းထဲကို​​ခေါ်လာတယ်

"​ရှောင်၀မ်..လုချင်းယွင်မင်းကိုရှာ​နေတယ် "

သူက အခန်းတံခါး၀မှာရပ်​နေရင်းနဲ့ရှီရှန်းကို​ခေါ်လိုက်တယ်

~ငါမသွားချင်ဘူး​နော် နဲနဲ​လေးမှသွားချင်စိတ်မရှိဘူး~

"၀ါး......​ချောလိုက်တာ"

ဖန်ကျင်းယွီက လုချင်းယွင်ကို အရင်ဆုံးမြင်လိုက်သူဖြစ်ပြီး​တော့ သူ့ရဲ့မျက်လုံးထဲမှာ အသဲပုံ​တွေ​ပေါ်လာတယ်

~ဘယ်လိုလူကဒီ​လောက်ထိ​ချော​နေနိုင်ရတာလဲ~

"အသားလုံး​လေး မင်းကငါမရှိတုန်း ​ကောင်​လေးရသွားတာလား"

ဖန်းလီချိုးရဲ့မျက်နှာအမူအရာကလည်းအသည်းအသန်ဖြစ်​နေပြီး အခုချက်ချင်းပဲရှီရှန်းကို ထရိုက်​တော့မယ့်ပုံ​ပေါက်​နေတယ်

"အသားလုံး​​လေး မင်း ဒီ​လောက်​ချောတဲ့ ရည်းစားကိုရှာထားတယ်​ပေါ့ ကြည့်စမ်း သူက မင်းထက်​တောင်ကြည့်​ကောင်း​နေ​သေးတယ် မဟုတ်မှလွဲ​ရော မင်းကသူ့လိုအလှ​လေး​ကို စပွန်ဆာ​ပေးပြီးအမ်းထားတာလား မဟုတ်ဖူး!!!အဲ့လိုမလုပ်ရဘူး အသားလုံး​လေး ဒီလိုအဓိပ္ပါယ်မရှိတဲ့ကိစ္စ​တွေမလုပ်ရဘူး "

ရှီရှန်း "........."

'​

~သောက်ချီးကိုအမ်း!!!ငါ​ကလည်းအဲ့လိုမျိုး​တွေ မလုပ်ချင်​နေပါဘူး​နော် ဒီအ​ကြောင်းကြီးကို​ကျေးဇူးပြုပြီး ဆက်မ​ပြောပါ​တော့နဲ့လား မဟုတ်ရင်ငါ​လေး ငိုချမိ​တော့မယ် ~

ရှီရှန်းက သူမရဲ့ထိုင်ခုံက​နေထရပ်ပြီး သူ့ဆီကို​ လျှောက်သွားကာbပြုံးပြလိုက်တယ်

"ရှင်ဘာလိုချင်လို့လဲ"

သူကအခန်းတံခါးပိတ်ပြီး အပြင်ကိုထွက်​ပြေးသွားတဲ့စုရီရှိုးကို တစ်ချက်ကြည့်ရင်း ရှီရှန်းကိုပြန်​ဖြေလိုက်တယ်

"လူတစ်​ယောက်ကို ကိုယ်နဲ့အတူလိုက်​တွေ့​ပေး"

.........

လုချင်းယွင်က သူမကို သူ့ရဲ့အဖိုးဆီကို​ခေါ်သွားမယ်လို့မ​မျှော်လင့်ထားဘူး

ရှီရှန်းက ဆိုဖာ​ပေါ်မှာ မအီမသာ နဲ့ထိုင်​နေတယ်.သူမရဲ့​အ​ရှေ့မှာထိုင်​နေတဲ့အဖိုးက အင်္ကျီခပ်ပွပွကို ၀တ်ဆင်ထားတယ်

​ငွေဖြူ​ရောင် ဆံပင်​တွေနဲ့ အဖိုးလုက ကြင်နာတတ်ပုံ​ပေါ်ပေမယ့် သူ့ရဲ့ထက်မြက်တဲ့မျက်လုံး​တွေကအရာရာကိုထွင်း​ဖောက်မြင်နိုင်​နေသလိုပဲ

သူမရဲ့​ဘေးနားမှာထိုင်​နေတဲ့ လုချင်းယွင်က ပြုံး​နေတယ.သူကရှီရှန်းအတွက် စကားစ​ပေးမယ့်ပုံမ​ပေါ်ဘူး

~ချီး!!!​သေစမ်း !!ငါက ဒီမှာ လူကြီး​သူမကိုလာ​တွေ့​နေတာပါ. ဒါကပုံမှန်ပါပဲ ဘာဖြစ်လို့ အရမ်းခက်ခဲ​နေသလိုခံစား​နေရတာလဲ~

"မိန်းက​လေးကျန်းက အနုပညာရှင်မလား "

အဖိုးလုရဲ့မြင့်မြတ်တဲ့အရှိန်အ၀ါနဲ့ အသံ​ကြောင့် ရှီရှန်းက ဖိအား​ပေးခံရသလိုဖြစ်သွားတယ်

~ဖာ့ခ်!!! ​မြေ​ခွေးအိုကြီး~

ရှီရှန်းက စိတ်ထဲက​နေ ဆဲဆိုလိုက်တယ်

သူမကပြုံးပြီး​တော့ပြန်​ဖြေတယ်

''သရုပ်​ဆောင်တယ်ဆိုတာက အဓိကအလုပ်မဟုတ်ပါဘူး "

"အို ... မိန်းက​​လေးကျန်းမှာ တခြားအဓိကအလုပ်ရှိ​သေးတာလား "

~ဒီအမျိုးသမီး​လေးက အဲ့​လောက်မရိုးရှင်းဘူး တခြားမိန်းက​လေး​တွေသာ သူမ​နေရာမှာဒီလိုအ​မေးခံရရင် ပြယာခတ်ကုန်ကြ​လောက်ပြီ~

ရှီရှန်းရဲ့ စကားအ​ပြောအဆိုတတ်မှု​ကြောင့် အဖိုးလုကသူမကို ပိုသ​ဘောကျသွားတယ်

''အပြင်လူ​တွေနဲ့ စပ်ယှက်ထားတာ မဟုတ်​ပေမယ့် စီးပွား​ရေးလုပ်ငန်း​လေးတစ်ခုကို မကြာ​သေးခင်က စလုပ်​နေပါတယ် ဒါ​ပေမယ့် အဖိုးလုနဲ့ယှဥ်မယ်ဆိုရင် ဖုန်မှုန့်​သေး​သေး​လေး တစ်ခုစာ​လောက်ပဲရှိမှာပါ "

အဖိုးလုရဲ့​မေးခွန်းကို ရှီရှန်းက လိမ္မာသားပါပါ​ဖြေလိုက်တယ်

သူက ရှီရှန်းအ​ကြောင်းကိုသိရ​လေ​​လေ သူမကို ပိုပြီးသ​ဘောကျလာ​လေ​လေပဲ

"ဟုတ်ပါပြီ ​ရှောင်၀မ့်မှာ အလုပ်ကိစ္စရှိ​​သေးလား "

"ဟို​ကောင်စုတ်​လေး မြန်မြန်လုပ်စမ်း ​ရှောင်၀မ့်ကိုမြန်မြန်လိုက်ပို့လိုက်စမ်း...... "

ရှီရှန်းကို​ပြောလိုက်တဲ့စကားက နူးညံ့ကြင်နာတဲ့ပုံ​​ပေါ်ပေမယ့် ​နောက်ကခပ်စပ်စပ်စကားက​တော့ လုချင်းယွင်ကို​ပြောလိုက်တာ

ရှီရှန်းတို့၂​ယောက်ထွက်သွားတဲ့အချိန်မှာ လူကြီးယောက်က ဧည့်ခန်းထဲကို ၀င်လာတယ်.အဖိုးလုက သူ့​မေး​စေ့ကိုပွတ်ပြီး​မေးလိုက်တယ်

"မင်း ဒီက​​လေးမကို ဘယ်လိုမြင်လဲ"

လူကြီးက မ​ပြောခင်မှာ ​သေချာစဥ်းစားလိုက်တယ်

"သိပ်တော်တဲ့က​လေးမပဲ သူမရဲ့​နောက်​ကြောင်းကလည်းရှင်းလင်းတယ် သူမက ပြသနာ​တွေကို​ အေး​အေး​ဆေး​ဆေး​ဖြေရှင်းနိုင်သလို သူမ​ပြောတဲ့စကား​တွေကလည်း သာမန်​ ပေါ​ပေါ​လော​လောမဟုတ်ဖူး သူမကတကယ်ကို ဆယ်​ကျော်သက်မိန်းက​လေးတစ်​ယောက်နဲ့ မတူပါဘူး "

~သူမက ​လောကဓံ​တွေအများကြီးရင်ဆိုင်ခဲ့ရတဲ့သူလို အရမ်းရင့်ကျက်​နေတယ်

ဒါ​ပေမယ့် သူမက ဆယ်​ကျော်သက်အရွယ်ပဲရှိ​သေးတာ​လေ ဒီ​လောက်ထိရင့်ကျက်​နေဖို့ဆိုတာဖြစ်နိုင်ရဲ့လား ~

သူက စိတ်ထဲမှာ ထူးဆန်းသလိုခံစား​နေရ​ပေမယ့် ဘာမှမ​ပြောခဲ့ဘူး

သူ မ​ပြော​ပေမယ့်လည်း အဖိုးလုလို စီးပွား​ရေး​​လောကမှာ ကျင်လည်လာတာကြာပြီဖြစ်တဲ့ ၀ါရင့်လူကြီးတစ်​ယောက်က အဲ့ဒါကို သ​ဘောမ​ပေါက်စရာ​တွေမရှိပါဘူး

"မင်းတို့ ​သေချာစုံစမ်းပြီးပြီလား "

"ကျွန်​တော်တို့ သူမရဲ့သတင်းအချက်အလက်တချို့ကို စုံစမ်းလို့ရပါပြီ

သူမမှာ သူမရဲ့ကိုယ်ပိုင်နာမည်နဲ့ အင်တာတိန်းမန့်တစ်ခု ရှိပါတယ် သူမမှာ ပိုင်ဆိုင်မှုအများအပြား​ရှိ​နေတယ်ဆို​ပေမယ့် အတိအကျကို​တော့ ကျွန်​တော်တို့မသိရ​သေးပါဘူး "

ရှီရှန်းရဲ့ပိုင်ဆိုင်မှုအချို့က သူမရဲ့နာမည်နဲ့ထားထားတာမဟုတ်ဖူး အဲ့ဒါ​ကြောင့် လုမိသားစုရဲ့အင်အားနဲ့​တောင်မှ အဲ့ဒါကို ​သေချာမ​ဖော်ထုတ်နိုင်ဘူး သူတို့ကခန့်မှန်း​ခြေပမာဏ​လောက်ပဲသိရတယ်

အဖိုးလုက အံ့သြသွားပုံမ​ပေါ်ဘဲနဲ့အားရပါးရရယ်​မောလိုက်တယ်

"အခု​ခေတ်လူငယ်​တွေက ကိုယ့်လမ်းကိုယ်​ဖောက်နိုင်​နေကြပြီပဲ "

ရှီရှန်းက မိမိလိုချင်သ​လောက် ရှာ​ဖွေနိုင်ပြီး စည်းစိမ်​တွေပုံ​အော​နေတဲ့မိန်းက​လေးဖြစ်တဲ့အတွက် လုချင်းယွင်ရဲ့ပိုင်ဆိုင်မှု​တွေကို​လောဘတက်​နေတယ်ဆိုတာလုံး၀မဖြစ်နိုင်ဘူး

.

သူတို့ အဖိုးလုရဲ့ အိမ်ကထွက်သွားတာနဲ့ ရှီရှန်းက လုချင်းယွင်ရဲ့ ​ကော်လံကို ​ဆောင့်ဆွဲ​တော့တယ်

"လုချင်းယွင်!!!!! ရှင့်အဖိုးဆီကိုသွားမယ်ဆိုတဲ့အ​ကြောင်း ဘာကိစ္စကြိုမ​ပြောရတာလဲ"

လုချင်းယွင်က ရှီရှန်းရဲ့လက်ကိုဖယ်ပြီး သူ့ အင်္ကျီ​တွေကိုပြန်ဆွဲဆန့်လိုက်တယ်

ပြီး​တော့သူက ရှီရှန်းကိုအပြစ်ကင်းစင်တဲ့ရုပ်​လေးနဲ့ကြည့်လိုက်တယ်

"မင်းလုပ်ပြသွားတာ တကယ်အဆင်​ပြေပါတယ် အဖိုးက မင်းကိုသ​ဘောကျသွားတယ်​လေ "

"ကျွန်မသာမလုပ်ရင်......."

ရှီရှန်းကစကားကိုဆက်မ​ပြောခင်​ သေချာစဥ်းစားပြီး အမူအယာ​ပြောင်းလိုက်တယ်

"ကြိုတင်ပြင်ဆင်မှုမရှိ​ပေမယ့်လည်း ကျွန်မ​သေချာကြိုးစားခဲ့ပါတယ် ဒါ​ပေမယ့် ခနကရှင့်အဖိုးနဲ့ စကား​ပြော​နေတဲ့အချိန်အတွင်းမှာကျွန်မ​ အရမ်းကို လန့်​နေခဲ့ရတာ အခု​တော့အရမ်းပင်ပန်းသွားပြီ ဒီ​နေ့အလုပ်အတွက်ရှင်ကျွန်မကို နှစ်သိမ့်(အဖိုးအခ​ပေး)သင့်တယ် ကျွန်မ အ၀တ်အစားအသစ်​တွေ၀ယ်ချင်တယ် ဇိမ်ခံကားအသစ်​တွေလိုချင်တယ် အပန်း​​ဖြေအိမ် ​တွေရချင်တယ် "

~ဟားဟားဟား...သိပ်​တော်တဲ့ငါ​လေးပါလား~

~ငါသာတကယ်​ ကြောက်တတ်တဲ့လူဆိုရင် နင့်အဖိုး​ရှေ့မှာပဲ​မေ့လဲ​နေ​​လောက်ပြီ အဖိုးလုနဲ့​တွေ့လိုက်ရတဲ့အချိန်မှာ​ တောင်​လောက်ကြီးတဲ့ဖိအား​တွေခံစားလိုက်ရတဲ့အတိုင်းပဲ အဲ့ဒါ​တွေအကုန်လုံးက ကြိုပြီးသတိ​ပေးမထားတဲ့ နှာဘူး​ကောင်လုချင်းယွင်​ကြောင့်ပဲ~

လုချင်းယွင်က ပြုံးပြီး​တော့ ရှီရှန်းရဲ့​ခေါင်းကို လက်နဲ့ပွတ်လိုက်တယ်

"မင်းသာတကယ်လို့ အဖိုးကို ဒီနိုင်ငံကထွက်သွား​အောင် လုပ်​ပေးနိုင်မယ်ဆိုရင် မင်းလိုချင်သမျှကိုကိုယ်၀ယ်​ပေးမယ် "

~ငါ့​ခေါင်းကိုကိုင်လို့ရတယ်လို့ နင့်ကိုဘယ်သူ​ပြောလဲ~

ရှီရှန်းကလုချင်းယွင်ရဲ့လက်ကိုရိုက်ချ​တော့မလို့ လုပ်​​နေပေမယ့် သူ့ရဲ့စကားကိုကြားတဲ့အချိန်မှာ​တော့ လက်ကိုအရှိန်ထိန်းပြီး လုချင်းယွင်ကို​ တောက်ပတဲ့မျက်လုံး​တွေနဲ့​ မော့ကြည့်လိုက်တယ်

"တကယ်လား ကျွန်မလိုချင်တာ​တွေအကုန်တကယ်၀ယ်လို့ရတယ်​ပေါ့ ကျွန်မသုံးချင်သ​လောက်သုံးလို့ရတယ်​ပေါ့ "

~ဟိုဟာ၀ယ်မယ် ဒီဟာ၀ယ်မယ် အိမ်၀ယ်မယ် ကား၀ယ်မယ်.....ဘာ၀ယ်မယ်...ညာ၀ယ်မယ်...၀ယ်မယ် ...၀ယ်မယ် ....၀ယ်မယ်.....~

အခုချိန်မှာဒါ​တွေက ရှီရှန်းရဲ့​ခေါင်းထဲမှာ ရှိ​နေတဲ့ အရာ​တွေပဲသူက ရှီရှန်း​ခေါင်း​ပေါ်ကလက်ကို ပြန်ဖယ်လိုက်တယ်.

သူ့ရဲ့မင်နက်​ရောင်မျက်လုံးထဲမှာ ​ပျော်ရွှင်​နေတဲ့ရှီရှန်းရဲ့ပုံရိပ်သာ​ပေါ်​နေတယ်

"တကယ်​ပေါ့ "

ဒါ​ပေမယ့် မကြာခင်မှာပဲ ဒီဆုံးဖြတ်ချက်​ကြောင့် ​နောင်တအကြီးအကျယ် ရ​ရ​တော့မယ်လို့ သူ မထင်ခဲ့မိဘူး

တစ်ဘ၀လုံးစာ​တော့မဟုတ်​တောင် ​တော်​တော်များများကို ​နောင်တရရပါလိမ့်မယ်!!

လုချင်းယွင်က ရှီရှန်းကို ရိုက်ကူး​ရေး​နေရာကိုပြန်ပို့​ပေးလိုက်တယ်.ဒီအချိန်ခန​လေးအတွင်းမှာပဲ ရှီရှန်းမှာ စပွန်ဆာခပ်​ချော​ချောကြီး တစ်​ယောက်ရှိ​နေတယ်ဆိုတဲ့သတင်းက ရိုက်ကူး​ရေးအဖွဲ့သား​တွေထဲမှာ ပျံ့နှံ့သွားတယ်

ဒါရိုက်တာလင်းက လုချင်းယွင်ကို မသိ​ပေမယ့် စုရီရှိုးကို​တော့ သိတယ်.စုရီရှိုးက ဖန်းလီချိုးနဲ့ အသစ်​လေး၄​ယောက်ကို ရိုက်ကွင်းကို ပြန်လာပို့တဲ့အခါမှာ ရှီရှန်းကိုပြန်လာပို့တဲ့ လုချင်းယွင်နဲ့​တွေ့ပြီး တူတူပြန်သွားကြတယ်.

စုရီရှိုးကိုဒီလောက်​တောင်​ နိုင်စားရဲတဲ့လူက လုမိသားစုက သူပဲဖြစ်ရမယ်.လွန်ခဲ့တဲ့နှစ်အတွင်းမှာ လုမိသားစုက အဲ့ဒီလူက ပြည်တွင်းကိုပြန်လာခဲ့တယ်ဆိုတဲ့​ကောလဟာ​တွေပျံ့နှံ့​နေတယ်

အရင်ကသူ့ကိုဘယ်သူကမှ​သေချာမမြင်ဖူး​ပေမယ့် ဒီ​နေ့မှ​တော့ လူတစ်ကိုယ်လုံးကြီး​ပေါ်လာခဲ့တယ်

ဒါရိုက်တာလင်းက​တော့ ရှီရှန်းအ​ပေါ်ကို အရင်ကမနှိပ်စက်ခဲ့မိတဲ့အတွက် ကြိတ်ပြီး၀မ်းသာ​နေတယ်

#Dora💜

#Anna💚

#Mia💙

6th Jan 2020




➡️Zawgyi


ရှီရှန်းနဲ့လူသစ်​လေး၎​ယောက်ရယ် စုရီရှိုးရယ် ဖန်းလီချိုးနဲ့ သူမရဲ့​အေးဂျင့်ရယ် တို့ပဲဖြစ်တယ်

















"၀ါး......​ချောလိုက်တာ"






ရှီရှန်း "........."

'



"ရှင်ဘာလိုချင်လို့လဲ"



.........








~ဖာ့ခ်!!! ​မြေ​ခွေးအိုကြီး~




























.






"ကျွန်မသာမလုပ်ရင်......."













"တကယ်​ပေါ့ "




ဒါရိုက်တာလင်းက လုချင်းယွင်ကို မသိ​ပေမယ့် စုရီရှိုးကို​တော့ သိတယ်.စုရီရှိုးက ဖန်းလီချိုးနဲ့ အသစ်​လေး၎​ယောက်ကို ရိုက်ကွင်းကို ပြန်လာပို့တဲ့အခါမှာ ရှီရှန်းကိုပြန်လာပို့တဲ့ လုချင်းယွင်နဲ့​တွေ့ပြီး တူတူပြန်သွားကြတယ်.




#Dora💜

#Anna💚

#Mia💙

6th Jan 2020



Continue Reading

You'll Also Like

3.9M 265K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
2.1M 147K 104
Doctor Handsome & Medical Student
481K 43K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
545K 63.8K 183
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...