ရှီရှန်း ႐ွီ႐ွန္း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 2.16

3.5K 450 1
By Hanpandora

Unicode

ရှီရှန်းရဲ့ complainတက်မှုကမ​အောင်မြင်တဲ့အတွက် လူသစ်​လေး၄​ယောက်ကိုပါ ရှိုးကို​ခေါ်လာခဲ့ရတယ်
ရှီရှန်း​ခေါ်လာတဲ့အဖွဲ့မှာလူ၄​ယောက်ပါပြီး​တော့ မိန်းက​လေး၂​ယောက်​ ယောက်ျား​လေး၂​ယောက်ပါ၀င်တယ်
ဒီလို အဖွဲ့ဖွဲ့စည်းပုံက ​အောင်မြင်ဖို့အခွင့်အ​ရေးသိပ်မရှိတာမို့လို့ အခု​ခေတ်မှာမြင်ရခဲတယ်
ဒါ​ပေမယ့် ရှီရှန်းတို့companyက​တော့ ဒီအဖွဲ့ကို​သေချာဆုံးဖြတ်ပြီးမှဖွဲ့စည်း​ပေးထားတာဖြစ်ပြီး ၄​​ယောက်လုံးက ရုပ်ရည်​ချော​မောကြတယ်
အချိန်အ​တော်ကြာ​အောင် အတူတကွ​လေ့ကျင့်ပြီးတဲ့​နောက်မှာ​တော့ သူတို့၄​ယောက်က အချင်းချင်းနားလည်လာကြပြီး ကူညီရိုင်းပင်းစိတ်လည်းရှိကြတာ​ကြောင့် companyက ဒီအဖွဲ့ကို ပွဲထုတ်​ပေးလိုက်ခဲ့တယ်

ရှိုးရဲ့ဒါရိုက်တာက ရှီရှန်းကို အ​ပြေးအလွှားလာနှုတ်ဆက်ပြီး သူမနဲ့ပါလာတဲ့ လူသစ်​လေး၄​ယောက်ကိုမြင်တဲ့အခါမှာ​တော့သူ့မျက်လုံး​တွေ အ​ရောင်လက်သွားတယ်
"​ရှောင်၀မ်....မင်း​ရောက်ပြီလား...အိုးဟိုးဟိုး လက်စသတ်​တော့​ရှောင်၀မ်က လူသစ်​လေး​တွေ​ခေါ်လာတာကိုး...."
~ဒီက​လေး​တွေက ​တော်ရုံတန်ရုံလှတာမဟုတ်ဖူးဟ!!!!!~
"အင်း...သူတို့​တွေအ​တွေ့အကြုံယူရ​အောင်လို့​ခေါ်လာ​ပေးတာ"
ရှီရှန်းက နှစ်ဖက်လူ​တွေကိုမိတ်ဆက်​ပေးလိုက်တယ်
"သူက ဒီအစီအစဥ်ရဲ့ ဒါရိုက်တာလင်းပဲ
ဒါရိုက်တာ​လင်း..... သူတို့က ကျွန်မတို့companyက လူသစ်​လေး​တွေ
ဟန်လင်း ,ဖန်ကျင်းယွီ,ယန်းကျဲ့  နဲ့  ကျန်းမင် တို့ပါ "
"မင်္ဂလာပါ ဒါရိုက်တာလင်း"အသစ်​လေး​တွေက ချစ်စရာ​ကောင်းစွာနှုတ်ဆက်လိုက်ကြတယ်
"​ကောင်းတယ် ..., သိပ်​ကောင်းတယ်"
ဒါရိုက်တာလင်းက ရယ်​မောပြီး ​ခေါင်းငြိမ့်လိုက်တယ်
သူက ​​ချော​မောတဲ့ သရုပ်​ဆောင်အသစ်​လေး​တွေရှာတဲ့​​နေရာမှာ အဆင်မ​ပြေလို့ စိုးရိမ်​နေခဲ့ရတာ အခု​တော့ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို​ရောက်လာကြပါလား
~ကျန့်၀မ်က တကယ့်ကို ငါ့ရဲ့လာဘ်​ကောင်​လေးပဲ ငါဒုက္ခ​ရောက်​နေတိုင်းသူမက ​ကောင်းကျိုး​တွေသယ်လာ​ပေးတယ်~

ဒီအစီအစဥ်ကို "အစွန်း​ရောက်ကမ္ဘာ"လို့​ခေါ်ပြီး​တော့ အသစ်အသစ်​သော mission​တွေစိန်​ခေါ်မှု​တွေနဲ့ စိတ်လှုပ်ရှားဖွယ်ဖြစ်​နေတယ်  ဒီအစီအစဥ်မှာပါတဲ့ တာ၀န်​တွေက အရမ်းကြီးမခက်ခဲဘူးဆို​ပေမယ့် သူတို့​တွေအမှန်တကယ်ကြိုးစားမှ​သာ​အောင်မြင်နိုင်တယ်
ဒီအစီအစဥ်ရဲ့ Season 1က လူကြိုက်လည်းမများခဲ့သလို သိပ်လည်းမ​အောင်မြင်ခဲ့ဘူး ဒါ​ပေမယ့် ဒါရိုက်တာလင်းက ​အောင့်အည်းသည်းခံပြီး​တော့  Season 2ကိုဆက်ရိုက်ခဲ့တယ် သူက ​ငွေ​တွေအများကြီးသုံးပြီး​တော့  ရုပ်ရည်​ချော​မောတဲ့ အနုပညာကြယ်ပွင့်​မြောက်များစွာကို ဒီအစီအစဥ်မှာပါ၀င်လာ​အောင်ဖိတ်​ခေါ်ခဲ့တယ် ရလဒ်အ​နေနဲ့ အစီအစဥ်ကအရမ်းကို​အောင်မြင်လာခဲ့တယ်
ရှီရှန်းတို့ပါ၀င်​နေတာက​တော့ Season 3ရဲ့အပိုင်း၃ ဖြစ်တယ်
ဒီအပိုင်းမှာ ရုပ်ရည်ကြည့်​ကောင်းပြီး​တော့ကြင်နာတတ်တဲ့အမျိုးသားအနုပညာရှင်၂​ယောက်ပါ၀င်ဖို့လိုအပ်တယ်
ပါ၀င်မယ့်မင်းသား​တွေကို​ရွေးချယ်ထားပြီးပြီဆို​ပေမယ့် ရိုက်ကွင်းစခါနီးမှ သူတို့က မလာနိုင်​တော့ဘူးလို့​ပြောလာခဲ့တဲ့အတွက် ဒါရိုက်တာလင်းက အခက်​တွေ့ရ​တော့တယ်
အခုချိန်မှ လူသစ်​တွေသွားရှာဖို့လည်းမလွယ်​တော့ဘူး​လေ ဒါ​ပေမယ့် ရှီရှန်းက​တော့ အစီအစဥ်ကို မင်းသားအသစ်​လေး၂​ယောက်အပြင် မင်းသမီးအသစ်၂​ယောက်ကိုပါ​ခေါ်လာ​ပေးခဲ့တယ်
အဓိကအချက်က​တော့ သူတို့၄​ယောက်လုံးက အင်မတန်ကို​ချော​မောလှပကြတယ်
ရှီရှန်းက လူ၄​ယောက်ထပ်​ခေါ်လာတဲ့အတွက် သူ့အ​နေနဲ့ ဇာတ်ညွှန်းကိုနဲနဲ​လောက်ပဲပြင်ဖို့လိုတယ်
"ဒီ​နေ့အပိုင်းက နန်ရှန်းမှာသွားရိုက်ကြမှာပါ တကယ်လို့လူ​တွေစုံရင် ကျွန်​တော်တို့စထွက်ကြမယ်"
ဒါရိုက်တာလင်းက ရှီရှန်းတို့အဖွဲ့ကိုကြည်နူးစွာကြည့်ရင်း​ပြောလိုက်တယ်
သူက​ကျေနပ်​ပျော်ရွှင်​နေလွန်းလို့ပါးစပ်ကနားရွက်ကိုတပ်ချိတ်​တော့မလိုပဲ
ဒါရိုက်တာလင်းက ရှီရှန်းတို့အဖွဲ့အတွက် သီးသန့်ကားတစ်စီးစီစဥ်​ပေးလိုက်တယ်ရှီရှန်း​ဘေးမှာထိုင်​နေပြီးအဖွဲ့ထဲမှာ သတ္တိအရှိဆုံးဖြစ်တဲ့ ဟန်လင်းက မ၀ံ့မရဲ​မေးတယ်
"အမ၀မ်... ကျွန်​တော်တို့ဒီအစီအစဥ်ကိုအရင်ကကြည့်ဖူးတယ် ကစားရတာအရမ်းခက်မယ့်ပုံပဲ​နော် "
ကျန်တဲ့၃​ယောက်ကလည်း အကြီးအကျယ်စိတ်လှုပ်ရှား​နေကြတဲ့ပုံစံ​လေး​တွေနဲ့ရှီရှန်းကို​မျှော်လင့်တကြီးကြည့်နေကြတယ်
အမှန်အတိုင်း​ပြောရရင်သူတို့က အခုမှတက်သစ်စ​လေး​တွေမို့လို့ဘယ်အစီအစဥ်မှာမှ မပါ၀င်ဖူး​သေးဘူး
"​သေချာ​ပေါက်ခက်တာပေါ့"
ရှီရှန်းက ဘာမှမထူးဆန်းတဲ့ပုံနဲ့​ခေါင်းငြိမ့်ပြလိုက်တယ်
'တကယ်မခက်ရင် ဘာကိစ္စနာမည်ကြီး​နေရအုံးမှာလဲဟ'
အသစ်​လေး၃​ယောက်မျက်နှာငယ်​လေး​တွေနဲ့ဖြစ်ကုန်တယ်
ရှီရှန်းနဲ့ companyကိုမျက်နှာပျက်​စေမှာသူတို့​ကြောက်တယ်
"ဘာ​တွေကို အဲ့​လောက်ထိစိုးရိမ်​နေကြတာလဲ မင်းတို့​တွေက အစီအစဥ်ရဲ့ဧည့်သည်​တွေပဲ​လေ ရှုံးသွားရင်​တောင်အနုပညာနဲ့ဘာမှမဆိုင်တဲ့ကိစ္စမို့ အရမ်း​တွေစိတ်ပူစရာမလိုဘူး "
လူသစ်​လေးများ "........"
'အမ၀မ်က ငါတို့ကို​​​လှောင်​နေတယ်လို့ ဘာလို့ခံစား​နေရပါလိမ့်'
သူတို့က ဘာမှထပ်မ​ပြောရဲ​တော့တဲ့အတွက် ကားထဲမှာ တိတ်တ်ိတ်​​လေးပဲထိုင်​နေကြတယ်
ဒါ​ပေမယ့် အချိန်အ​တော်ကြာတဲ့အထိ သူတို့​တွေ ရိုက်ကွင်း​နေရာကို စထွက်ရမယ့်ပုံမ​ပေါ်လာဘူး
ရှီရှန်းက စိတ်မရှည်​တော့တဲ့အတွက် ​နေကာမျက်မှန်ကိုချွတ်ပြီး​တော့ ကား​ရှေ့ခန်းမှာထိုင်​နေတဲ့သူကိုလှမ်း​မေးလိုက်တယ်
"ကျွန်မတို့ဘာလို့မထွက်ကြ​သေးတာလဲ ရှင်တို့​ဒီမှာပဲထိုင်ပြီး ပိုက်ဆံရှာကြ​တော့မလို့လား"
ကားသမားက နဲနဲတွန့်သွား​ပေမယ့် ဘာမှမ​ပြောဘဲ ​ေ၀ါ်ကီ​တော်ကီကိုပဲထုတ်ပြီး​တော့ အဖွဲ့သား​တွေပိုအကျိုးအ​ကြောင်း​မေးလိုက်တယ်
[TN/​ေ၀ါ်ကီ​တော်ကီ=စကား​ပြောစက်]
အကျိုးအ​ကြောင်းသိရပြီးတဲ့​နောက်မှာ သူကရှီရှန်းကိုရှင်းပြတယ်
"လူမစုံ​သေးတာ​ကြောင့် ကျွန်​တော်​တို့​စောင့်ရအုံးမယ်"
"မနက်၁၀နာရီအ​ရောက်လာရမယ်လို့ ​ပြောထားတာမဟုတ်ဖူးလား "
' ဖာခ့်ပဲ​ဟေ့!!!!အချိန်မှီ​အောင်လို့ ငါတို့မှာ ၀ရုန်းသုန်းကား လာခဲ့ရတာ​လေ အခု​တော့ ဒီ​လောက်ကြာတဲ့အထိ တစ်​ယောက်​ယောက်ကို ​စောင့်​နေတယ်လို့ နင်​ပြောရဲတယ်လား !!!! '

"အစီအစဉ် ရဲ့အဖွဲ့သားတွေကလည်းရောက်နေကြပြီ..ပြီးတော့စုမယ်လို့ပြောထားတဲ့နေရာကလမ်းမှာမီးပွိုင့်လည်းသိပ်မမိဘူး။လာရတာမြန်တယ်။အဲဒါကိုအခုချိန်ထိမရောက်သေးတဲ့သူကရှိသေးတာလား "
ကားဒရိုင်ဘာကဘာပြန်ပြောရမှန်းမသိဘူး။
"အဲဒါရုပ်ရှင်ဘုရင်မရှရွှမ်းပါ...ငါတို့သူနဲ့အလုပ်လုပ်ရဖို့အတွက်အတော်ကြိုးစားထားရတာ။နောက်ကျတာလောက်ကတော့ပြသနာမရှိပါဘူး "
~ရှရွှမ်း!!သေစမ်း။ဒီအစီအစဥ်ကလူတွေကငါနဲ့ရန်ဖြစ်ချင်နေကြတာလား~
"ရှောင်မင် မင်းယူလာတဲ့.မုန်တွေ​ရော??? "
~ငါစိတ်တိုနေတာပျောက်သွားအောင်မုန့်စားရမယ် ~
"ကျွန်တော်လန့်သွားတာပဲ။
ရှောင်မင်ကကြောင်သွားတယ်
"အမဝမ်...ကျွန်တော့ကိုရှောင်မင်လို့မခေါ်ပါနဲ့လား "
~ရှောင်မင်ဆိုတာကလေနေရာတကာမှာအလွယ်တကူသုံးတဲ့နာမည်ကြီးလေ။သူဒီလောက်လိမ္မာပါးနပ်တာဒီလိုနာမ်မည်နဲ့ဘယ်အခေါ်ခံချင်ပါ့မလဲ ~
"ငါသိပြီရှောင်မင်"

ကျန်းမင် "...."
ကျန်းမင်ကသူ့ရဲ့အဖွဲ့သားတွေရဲ့သနားစဖွယ်အကြည့်ကြောင့်တုန့်ဆိုင်းသွားတယ်။
သူကရှီရှန်းလက်ထဲကိုအာလူးကြော်ထုပ်ပေးပြီးတော့ရှီရှန်းရဲ့စိတ်တိုတာကိုခံရမှာစိုးလို့သူ့အဖွဲ့သားတွေနဲ့တိတ်တိတ်​လေးပြန်သွားထိုင်​နေတယ်။ကားထဲမှာရှီရှန်းရဲ့အာလူးကြော်တကြွပ်ကြွပ်ဝါးတဲ့အသံတွေကိုသာကြားရတယ်။ရှီရှန်းအာလူးကြော်စားနေတာကအခြားလူတွေကိုလည်းဗိုက်ဆာစေတယ်။ကံကောင်းစွာနဲ့ပဲကျန်းမင်ကအစားပုပ်လေးဖြစ်လို့သူ့မှာမုန့်တွေအများကြီးပါလာတယ်။သူတို့ကရှီရှန်းအကြောင်းကိုအများကြီးမသိကြဘူး။သူတို့သိတာဆိုလို့သူမကဒါရိုက်တာထန်းနဲ့အရမ်းကြီးရင်းနှီးပြီးသူမရဲ့အဆင့်အတန်းကကုမ္ပဏီမှာအရမ်းမြင့်တယ်ဆိုတာပဲ
ကုမ္ပဏီရဲ့ကောလဟာလတွေအရသူမကရင်းနှီးဖို့မလွယ်ကူဘူးလို့သိရ​ပေမယ့်တကယ်တမ်းကျ​တော့အခြားသရုပ်ဆောင်တွေထက်ပေါင်းရသင်းရပိုလွယ်ကူတယ်
သူတို့တွေအာလူးကြော်ဝေစားပြီးတဲ့နောက်မှာသူမနဲ့ပိုရင်းနှီးသွားသလိုခံစားရတယ်။ဒါရိုက်တာလင်းကတောင်းပန်ဖို့လာပေမဲ့သူတို့တွေမုန့်စားနေတာမြင်တဲ့အခါစိတ်သက်သာရာရသွားတယ်။သူတို့ကိုကြည့်ရာတာအဲလောက်စိတ်ဆိုးပုံလည်းမပေါ်ပါဘူး။
'အခြားသူအချို့က လက်ပေါက်ကပ်ပေမဲ့ဒီလူငါးယောက်ကတော့ညှိနှိုင်းရလွယ်ပါ​သေးတယ်လေ'
ရှရွှမ်းရောက်တဲ့အချိန်မှာနေ့လယ်ကိုရောက်နေပြီ

ရှရွှမ်းက သူမနဲ့အတူ သတင်း​ထောက်​တွေကိုပါ​ခေါ်လာလိုက်​သေးတယ်
ရှရွှမ်းရဲ့​နှောင့်​နှေးမှု​ကြောင့်မို့လို့ အဖွဲ့က ​နေ့လည်၁နာရီမှစတင်ထွက်ခွာဖြစ်သွားတယ်

#သရုပ်ဆောင်လောကရဲ့ဘုရင်မ ရှရွှမ်းက အစွန်းရောက်ကမ္ဘာဆိုတဲ့အစီအစဥ်မှာပါဝင်မယ်#

Weiboမှာတင်လိုက်တဲ့ပိုစ့်ကအရမ်းကိုhotဖြစ်သွားတယ်။
အစီအစဥ်ရဲ့အဖွဲ့သားအားလုံးကရှရွှမ်းနားမှာဝိုင်းဝိုင်းလည်နေကြတယ်။ရှီရှန်းကသူမနဲ့အတူပွဲထွက်စသရုပ်ဆောင်လေးဦးပါလာတယ်ဆို​ပေမယ့်သူမရဲ့နားမှာလူတွေမရှိသလောက် ရှရွှမ်းရဲ့နားမှာတော့လူတွေဝိုင်းဝိုင်းလည်နေကြတယ်။
ဟန်လင်းကငိုသံပါကြီးနဲ့ပြောလိုက်တယ်။
"အမဝမ် ရှရွှမ်းကလေနောက်ကျအောင်လုပ်ရုံတင်မကဘူးအခုလည်းအဖွဲ့သားတွေကိုသူ့ဘက်ပါအောင်ဆွဲထားပြန်ပြီ။ဒါကနည်းနည်း​တော့မတရားသလိုမဖြစ်ဖူးလား"
ဖန်ယင်းယွီကလည်းခေါင်းညှိတ်လိုက်တယ်။ကျန်းမင်းနဲ့ရန်ကျဲ့က​တော့ကြည့်ရုံသာကြည့်ပြီးဘာမှမပြောခဲ့ဘူး။
ရှီရှန်းက ကကျန်းမင်ပေးတဲ့နွားနို့ကိုသောက်ပြီး ဗလုံးဗ​ထွေးပြောလိုက်တယ်။
"ငါမင်းတို့ကိုတိုးတိုးတိတ်တိတ်မှာစရာရှိတယ်..ခနနေရင်အစီအစဥ်ကအဖွဲ့သားတွေနဲ့ရိုက်ကူးရေးလုပ်ရင်အာရုံစိုက်ကြ"

.'ငါတို့ကဘာကိုအာရုံစိုက်ရမှာလဲ'
ရှီရှန်းကပြုံးပြီးတော့တောင်​ခြေဘက်ကိုလမ်းလျှောက်သွားလိုက်တယ်။
ရှရွှမ်းနောက်ကျတာကိုတောင်းပန်တဲ့အနေနဲ့ဒါရိုက်တာလင်းကရှီရှန်းကိုဒီနေ့အပိုင်းရဲ့အရေးကြီးတာကိုပြောပြလိုက်တယ်။
"ဒီနေ့ငါတို့ကနာမည်ကြီးတဲ့သရုပ်ဆောင်တွေတောင်တက်တာကိုရိုက်ကူးမှာ။တောင်ထိပ်ကိုအရင်ဆုံးရောက်တဲ့သူကဆုလဒ်အနေနဲ့အထူးညစာနဲ့အ​ကောင်းဆုံးအိပ်ဖို့နေရာရလိမ့်မယ်"
အခြားသရုပ်ဆောင်တွေကရှရွှမ်းနားမှာ၀ိုင်းနေတဲ့အချိန်မှာရှီရှန်းကတော့စပြီးတက်နှင့်နေပြီ။ဒါရိုက်တာလင်းကဘယ်စည်းမျဥ်းစည်းကမ်းကိုမှချိုးဖောက်ပြီးပြောလိုက်တာမဟုတ်ဘူးဘာလို့လဲဆိုတော့အစီအစဥ်နဲ့ပတ်သက်ပြီးလက်ကမ်းစာစောင်တွေဝေကတည်းကပါပြီးသား။
သူတို့အာရုံစိုက်လေလေဒီရိုက်ကူးရေးကဘာအတွက်လုပ်တယ်ဆိုတာကိုနားလည်လေလေပဲ။ဒါပေမဲ့ဘယ်သူကမှသေသေချာချာအာရုံမစိုက်ကြဘူး။
"အကိုရှောင်း..ရှင်မောနေပြီလား"ရှီရှန်းကအနောက်ကိုလှည့်ပြီးကင်မရာမန်းကိုပြုံးပြီးမေးလိုက်တယ်။ကင်မရာမန်းတွေကိုစကားပြောဖို့ခွင့်ပြုထားတာမဟုတ်လို့သူကခေါင်းကိုပဲခါပြလိုက်တယ်။
"ကောင်းတာပေါ့"
ကင်မရာမန်းကရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်လိုက်တယ်
"ရှင်မမောဘူးဆိုရင်ကျွန်မစပြီးပြေးပြီနော်။ရှင်မရိုက်နိုင်ရင်ကျွန်မအမှားမဟုတ်ဘူး"
ကင်မရာမန်း"......."
'အဲ့လိုမလုပ်နဲ့လေ။ဒီကင်မရာဘယ်လောက်ကြီးလည်းသိရဲ့သားနဲ့။ဒါကြီးသယ်ပြီးတောင်ထိပ်ဆီနင့်နောက်ငါကဘယ်လို​ပြေးလိုက်ရမလဲ'
ကင်မရာမန်းကဘာမှပြန်မပြောလိုက်နိုငွခင်မှာပဲရှီရှန်းကတောင်ထိပ်ဆီပြေးတက်သွားတယ်။သူမပြေးတဲ့နှုန်းကမြန်လွန်းလို့အချိန်ခနလေးအတွင်းမှာမြင်ကွင်းက​​နေပျောက်သွားရတယ်။
"ဟင်း"
~သူတို့ပြောတာမှန်သားပဲ...ဒီသရုပ်ဆောင်ကအလုပ်ကြိုးစားတယ်..ငါလူလဲလို့မရဘူးလား~

Transalated by Dora💜 Anna💚 Mia💙

Zawgyi

႐ွီ႐ွန္းရဲ႕ complainတက္မႈကမ​ေအာင္ျမင္တဲ့အတြက္ လူသစ္​ေလး၄​ေယာက္ကိုပါ ႐ိႈးကို​ေခၚလာခဲ့ရတယ္
႐ွီ႐ွန္း​ေခၚလာတဲ့အဖြဲ႕မွာလူ၄​ေယာက္ပါၿပီး​ေတာ့ မိန္းက​ေလး၂​ေယာက္​ ေယာက်္ား​ေလး၂​ေယာက္ပါ၀င္တယ္
ဒီလို အဖြဲ႕ဖြဲ႕စည္းပုံက ​ေအာင္ျမင္ဖို႔အခြင့္အ​ေရးသိပ္မ႐ွိတာမို႔လို႔ အခု​ေခတ္မွာျမင္ရခဲတယ္
ဒါ​ေပမယ့္ ႐ွီ႐ွန္းတို႔companyက​ေတာ့ ဒီအဖြဲ႕ကို​ေသခ်ာဆုံးျဖတ္ၿပီးမွဖြဲ႕စည္း​ေပးထားတာျဖစ္ၿပီး ၄​​ေယာက္လုံးက ႐ုပ္ရည္​ေခ်ာ​ေမာၾကတယ္
အခ်ိန္အ​ေတာ္ၾကာ​ေအာင္ အတူတကြ​ေလ့က်င့္ၿပီးတဲ့​ေနာက္မွာ​ေတာ့ သူတို႔၄​ေယာက္က အခ်င္းခ်င္းနားလည္လာၾကၿပီး ကူညီ႐ိုင္းပင္းစိတ္လည္း႐ွိၾကတာ​ေၾကာင့္ companyက ဒီအဖြဲ႕ကို ပြဲထုတ္​ေပးလိုက္ခဲ့တယ္

႐ိႈးရဲ႕ဒါ႐ိုက္တာက ႐ွီ႐ွန္းကို အ​ေျပးအလႊားလာႏႈတ္ဆက္ၿပီး သူမနဲ႔ပါလာတဲ့ လူသစ္​ေလး၄​ေယာက္ကိုျမင္တဲ့အခါမွာ​ေတာ့သူ႕မ်က္လုံး​ေတြ အ​ေရာင္လက္သြားတယ္
"​ေ႐ွာင္၀မ္....မင္း​ေရာက္ၿပီလား...အိုးဟိုးဟိုး လက္စသတ္​ေတာ့​ေ႐ွာင္၀မ္က လူသစ္​ေလး​ေတြ​ေခၚလာတာကိုး...."
~ဒီက​ေလး​ေတြက ​ေတာ္႐ုံတန္႐ုံလွတာမဟုတ္ဖူးဟ!!!!!~
"အင္း...သူတို႔​ေတြအ​ေတြ႕အၾကဳံယူရ​ေအာင္လို႔​ေခၚလာ​ေပးတာ"
႐ွီ႐ွန္းက ႏွစ္ဖက္လူ​ေတြကိုမိတ္ဆက္​ေပးလိုက္တယ္
"သူက ဒီအစီအစဥ္ရဲ႕ ဒါ႐ိုက္တာလင္းပဲ
ဒါ႐ိုက္တာ​လင္း..... သူတို႔က ကြၽန္မတို႔companyက လူသစ္​ေလး​ေတြ
ဟန္လင္း ,ဖန္က်င္းယြီ,ယန္းက်ဲ႕  နဲ႔  က်န္းမင္ တို႔ပါ "
"မဂၤလာပါ ဒါ႐ိုက္တာလင္း"အသစ္​ေလး​ေတြက ခ်စ္စရာ​ေကာင္းစြာႏႈတ္ဆက္လိုက္ၾကတယ္
"​ေကာင္းတယ္ ..., သိပ္​ေကာင္းတယ္"
ဒါ႐ိုက္တာလင္းက ရယ္​ေမာၿပီး ​ေခါင္းၿငိမ့္လိုက္တယ္
သူက ​​ေခ်ာ​ေမာတဲ့ သ႐ုပ္​ေဆာင္အသစ္​ေလး​ေတြ႐ွာတဲ့​​ေနရာမွာ အဆင္မ​ေျပလို႔ စိုးရိမ္​ေနခဲ့ရတာ အခု​ေတာ့ သူ႕ဆီကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကို​ေရာက္လာၾကပါလား
~က်န္႔၀မ္က တကယ့္ကို ငါ့ရဲ႕လာဘ္​ေကာင္​ေလးပဲ ငါဒုကၡ​ေရာက္​ေနတိုင္းသူမက ​ေကာင္းက်ိဳး​ေတြသယ္လာ​ေပးတယ္~

ဒီအစီအစဥ္ကို "အစြန္း​ေရာက္ကမ႓ာ"လို႔​ေခၚၿပီး​ေတာ့ အသစ္အသစ္​ေသာ mission​ေတြစိန္​ေခၚမႈ​ေတြနဲ႔ စိတ္လႈပ္႐ွားဖြယ္ျဖစ္​ေနတယ္  ဒီအစီအစဥ္မွာပါတဲ့ တာ၀န္​ေတြက အရမ္းႀကီးမခက္ခဲဘူးဆို​ေပမယ့္ သူတို႔​ေတြအမွန္တကယ္ႀကိဳးစားမွ​သာ​ေအာင္ျမင္ႏိုင္တယ္
ဒီအစီအစဥ္ရဲ႕ Season 1က လူႀကိဳက္လည္းမမ်ားခဲ့သလို သိပ္လည္းမ​ေအာင္ျမင္ခဲ့ဘူး ဒါ​ေပမယ့္ ဒါ႐ိုက္တာလင္းက ​ေအာင့္အည္းသည္းခံၿပီး​ေတာ့  Season 2ကိုဆက္႐ိုက္ခဲ့တယ္ သူက ​ေငြ​ေတြအမ်ားႀကီးသုံးၿပီး​ေတာ့  ႐ုပ္ရည္​ေခ်ာ​ေမာတဲ့ အႏုပညာၾကယ္ပြင့္​ေျမာက္မ်ားစြာကို ဒီအစီအစဥ္မွာပါ၀င္လာ​ေအာင္ဖိတ္​ေခၚခဲ့တယ္ ရလဒ္အ​ေနနဲ႔ အစီအစဥ္ကအရမ္းကို​ေအာင္ျမင္လာခဲ့တယ္
႐ွီ႐ွန္းတို႔ပါ၀င္​ေနတာက​ေတာ့ Season 3ရဲ႕အပိုင္း၃ ျဖစ္တယ္
ဒီအပိုင္းမွာ ႐ုပ္ရည္ၾကည့္​ေကာင္းၿပီး​ေတာ့ၾကင္နာတတ္တဲ့အမ်ိဳးသားအႏုပညာ႐ွင္၂​ေယာက္ပါ၀င္ဖို႔လိုအပ္တယ္
ပါ၀င္မယ့္မင္းသား​ေတြကို​ေ႐ြးခ်ယ္ထားၿပီးၿပီဆို​ေပမယ့္ ႐ိုက္ကြင္းစခါနီးမွ သူတို႔က မလာႏိုင္​ေတာ့ဘူးလို႔​ေျပာလာခဲ့တဲ့အတြက္ ဒါ႐ိုက္တာလင္းက အခက္​ေတြ႕ရ​ေတာ့တယ္
အခုခ်ိန္မွ လူသစ္​ေတြသြား႐ွာဖို႔လည္းမလြယ္​ေတာ့ဘူး​ေလ ဒါ​ေပမယ့္ ႐ွီ႐ွန္းက​ေတာ့ အစီအစဥ္ကို မင္းသားအသစ္​ေလး၂​ေယာက္အျပင္ မင္းသမီးအသစ္၂​ေယာက္ကိုပါ​ေခၚလာ​ေပးခဲ့တယ္
အဓိကအခ်က္က​ေတာ့ သူတို႔၄​ေယာက္လုံးက အင္မတန္ကို​ေခ်ာ​ေမာလွပၾကတယ္
႐ွီ႐ွန္းက လူ၄​ေယာက္ထပ္​ေခၚလာတဲ့အတြက္ သူ႕အ​ေနနဲ႔ ဇာတ္ၫႊန္းကိုနဲနဲ​ေလာက္ပဲျပင္ဖို႔လိုတယ္
"ဒီ​ေန႔အပိုင္းက နန္႐ွန္းမွာသြား႐ိုက္ၾကမွာပါ တကယ္လို႔လူ​ေတြစုံရင္ ကြၽန္​ေတာ္တို႔စထြက္ၾကမယ္"
ဒါ႐ိုက္တာလင္းက ႐ွီ႐ွန္းတို႔အဖြဲ႕ကိုၾကည္ႏူးစြာၾကည့္ရင္း​ေျပာလိုက္တယ္
သူက​ေက်နပ္​ေပ်ာ္႐ႊင္​ေနလြန္းလို႔ပါးစပ္ကနား႐ြက္ကိုတပ္ခ်ိတ္​ေတာ့မလိုပဲ
ဒါ႐ိုက္တာလင္းက ႐ွီ႐ွန္းတို႔အဖြဲ႕အတြက္ သီးသန္႔ကားတစ္စီးစီစဥ္​ေပးလိုက္တယ္႐ွီ႐ွန္း​ေဘးမွာထိုင္​ေနၿပီးအဖြဲ႕ထဲမွာ သတၱိအ႐ွိဆုံးျဖစ္တဲ့ ဟန္လင္းက မဝံ့မရဲ​ေမးတယ္
"အမ၀မ္... ကြၽန္​ေတာ္တို႔ဒီအစီအစဥ္ကိုအရင္ကၾကည့္ဖူးတယ္ ကစားရတာအရမ္းခက္မယ့္ပုံပဲ​ေနာ္ "
က်န္တဲ့၃​ေယာက္ကလည္း အႀကီးအက်ယ္စိတ္လႈပ္႐ွား​ေနၾကတဲ့ပုံစံ​ေလး​ေတြနဲ႔႐ွီ႐ွန္းကို​ေမွ်ာ္လင့္တႀကီးၾကည့္ေနၾကတယ္
အမွန္အတိုင္း​ေျပာရရင္သူတို႔က အခုမွတက္သစ္စ​ေလး​ေတြမို႔လို႔ဘယ္အစီအစဥ္မွာမွ မပါ၀င္ဖူး​ေသးဘူး
"​ေသခ်ာ​ေပါက္ခက္တာေပါ့"
႐ွီ႐ွန္းက ဘာမွမထူးဆန္းတဲ့ပုံနဲ႔​ေခါင္းၿငိမ့္ျပလိုက္တယ္
'တကယ္မခက္ရင္ ဘာကိစၥနာမည္ႀကီး​ေနရအုံးမွာလဲဟ'
အသစ္​ေလး၃​ေယာက္မ်က္ႏွာငယ္​ေလး​ေတြနဲ႔ျဖစ္ကုန္တယ္
႐ွီ႐ွန္းနဲ႔ companyကိုမ်က္ႏွာပ်က္​ေစမွာသူတို႔​ေၾကာက္တယ္
"ဘာ​ေတြကို အဲ့​ေလာက္ထိစိုးရိမ္​ေနၾကတာလဲ မင္းတို႔​ေတြက အစီအစဥ္ရဲ႕ဧည့္သည္​ေတြပဲ​ေလ ႐ႈံးသြားရင္​ေတာင္အႏုပညာနဲ႔ဘာမွမဆိုင္တဲ့ကိစၥမို႔ အရမ္း​ေတြစိတ္ပူစရာမလိုဘူး "
လူသစ္​ေလးမ်ား "........"
'အမ၀မ္က ငါတို႔ကို​​​ေလွာင္​ေနတယ္လို႔ ဘာလို႔ခံစား​ေနရပါလိမ့္'
သူတို႔က ဘာမွထပ္မ​ေျပာရဲ​ေတာ့တဲ့အတြက္ ကားထဲမွာ တိတ္တ္ိတ္​​ေလးပဲထိုင္​ေနၾကတယ္
ဒါ​ေပမယ့္ အခ်ိန္အ​ေတာ္ၾကာတဲ့အထိ သူတို႔​ေတြ ႐ိုက္ကြင္း​ေနရာကို စထြက္ရမယ့္ပုံမ​ေပၚလာဘူး
႐ွီ႐ွန္းက စိတ္မ႐ွည္​ေတာ့တဲ့အတြက္ ​ေနကာမ်က္မွန္ကိုခြၽတ္ၿပီး​ေတာ့ ကား​ေ႐ွ႕ခန္းမွာထိုင္​ေနတဲ့သူကိုလွမ္း​ေမးလိုက္တယ္
"ကြၽန္မတို႔ဘာလို႔မထြက္ၾက​ေသးတာလဲ ႐ွင္တို႔​ဒီမွာပဲထိုင္ၿပီး ပိုက္ဆံ႐ွာၾက​ေတာ့မလို႔လား"
ကားသမားက နဲနဲတြန္႔သြား​ေပမယ့္ ဘာမွမ​ေျပာဘဲ ​ေ၀ၚကီ​ေတာ္ကီကိုပဲထုတ္ၿပီး​ေတာ့ အဖြဲ႕သား​ေတြပိုအက်ိဳးအ​ေၾကာင္း​ေမးလိုက္တယ္
[TN/​ေ၀ၚကီ​ေတာ္ကီ=စကား​ေျပာစက္]
အက်ိဳးအ​ေၾကာင္းသိရၿပီးတဲ့​ေနာက္မွာ သူက႐ွီ႐ွန္းကို႐ွင္းျပတယ္
"လူမစုံ​ေသးတာ​ေၾကာင့္ ကြၽန္​ေတာ္​တို႔​ေစာင့္ရအုံးမယ္"
"မနက္၁၀နာရီအ​ေရာက္လာရမယ္လို႔ ​ေျပာထားတာမဟုတ္ဖူးလား "
' ဖာခ့္ပဲ​ေဟ့!!!!အခ်ိန္မွီ​ေအာင္လို႔ ငါတို႔မွာ ၀႐ုန္းသုန္းကား လာခဲ့ရတာ​ေလ အခု​ေတာ့ ဒီ​ေလာက္ၾကာတဲ့အထိ တစ္​ေယာက္​ေယာက္ကို ​ေစာင့္​ေနတယ္လို႔ နင္​ေျပာရဲတယ္လား !!!! '

"အစီအစဥ္ ရဲ႕အဖြဲ႕သားေတြကလည္းေရာက္ေနၾကၿပီ..ၿပီးေတာ့စုမယ္လို႔ေျပာထားတဲ့ေနရာကလမ္းမွာမီးပြိဳင့္လည္းသိပ္မမိဘူး။လာရတာျမန္တယ္။အဲဒါကိုအခုခ်ိန္ထိမေရာက္ေသးတဲ့သူက႐ွိေသးတာလား "
ကားဒ႐ိုင္ဘာကဘာျပန္ေျပာရမွန္းမသိဘူး။
"အဲဒါ႐ုပ္႐ွင္ဘုရင္မ႐ွ႐ႊမ္းပါ...ငါတို႔သူနဲ႔အလုပ္လုပ္ရဖို႔အတြက္အေတာ္ႀကိဳးစားထားရတာ။ေနာက္က်တာေလာက္ကေတာ့ျပသနာမ႐ွိပါဘူး "
~႐ွ႐ႊမ္း!!ေသစမ္း။ဒီအစီအစဥ္ကလူေတြကငါနဲ႔ရန္ျဖစ္ခ်င္ေနၾကတာလား~
"ေ႐ွာင္မင္ မင္းယူလာတဲ့.မုန္ေတြ​ေရာ??? "
~ငါစိတ္တိုေနတာေပ်ာက္သြားေအာင္မုန္႔စားရမယ္ ~
"ကြၽန္ေတာ္လန္႔သြားတာပဲ။
ေ႐ွာင္မင္ကေၾကာင္သြားတယ္
"အမဝမ္...ကြၽန္ေတာ့ကိုေ႐ွာင္မင္လို႔မေခၚပါနဲ႔လား "
~ေ႐ွာင္မင္ဆိုတာကေလေနရာတကာမွာအလြယ္တကူသုံးတဲ့နာမည္ႀကီးေလ။သူဒီေလာက္လိမၼာပါးနပ္တာဒီလိုနာမ္မည္နဲ႔ဘယ္အေခၚခံခ်င္ပါ့မလဲ ~
"ငါသိၿပီေ႐ွာင္မင္"

က်န္းမင္ "...."
က်န္းမင္ကသူ႕ရဲ႕အဖြဲ႕သားေတြရဲ႕သနားစဖြယ္အၾကည့္ေၾကာင့္တုန္႔ဆိုင္းသြားတယ္။
သူက႐ွီ႐ွန္းလက္ထဲကိုအာလူးေၾကာ္ထုပ္ေပးၿပီးေတာ့႐ွီ႐ွန္းရဲ႕စိတ္တိုတာကိုခံရမွာစိုးလို႔သူ႕အဖြဲ႕သားေတြနဲ႔တိတ္တိတ္​ေလးျပန္သြားထိုင္​ေနတယ္။ကားထဲမွာ႐ွီ႐ွန္းရဲ႕အာလူးေၾကာ္တႂကြပ္ႂကြပ္ဝါးတဲ့အသံေတြကိုသာၾကားရတယ္။႐ွီ႐ွန္းအာလူးေၾကာ္စားေနတာကအျခားလူေတြကိုလည္းဗိုက္ဆာေစတယ္။ကံေကာင္းစြာနဲ႔ပဲက်န္းမင္ကအစားပုပ္ေလးျဖစ္လို႔သူ႕မွာမုန္႔ေတြအမ်ားႀကီးပါလာတယ္။သူတို႔က႐ွီ႐ွန္းအေၾကာင္းကိုအမ်ားႀကီးမသိၾကဘူး။သူတို႔သိတာဆိုလို႔သူမကဒါ႐ိုက္တာထန္းနဲ႔အရမ္းႀကီးရင္းႏွီးၿပီးသူမရဲ႕အဆင့္အတန္းကကုမၸဏီမွာအရမ္းျမင့္တယ္ဆိုတာပဲ
ကုမၸဏီရဲ႕ေကာလဟာလေတြအရသူမကရင္းႏွီးဖို႔မလြယ္ကူဘူးလို႔သိရ​ေပမယ့္တကယ္တမ္းက်​ေတာ့အျခားသ႐ုပ္ေဆာင္ေတြထက္ေပါင္းရသင္းရပိုလြယ္ကူတယ္
သူတို႔ေတြအာလူးေၾကာ္ေဝစားၿပီးတဲ့ေနာက္မွာသူမနဲ႔ပိုရင္းႏွီးသြားသလိုခံစားရတယ္။ဒါ႐ိုက္တာလင္းကေတာင္းပန္ဖို႔လာေပမဲ့သူတို႔ေတြမုန္႔စားေနတာျမင္တဲ့အခါစိတ္သက္သာရာရသြားတယ္။သူတို႔ကိုၾကည့္ရာတာအဲေလာက္စိတ္ဆိုးပုံလည္းမေပၚပါဘူး။
'အျခားသူအခ်ိဳ႕က လက္ေပါက္ကပ္ေပမဲ့ဒီလူငါးေယာက္ကေတာ့ညႇိႏိႈင္းရလြယ္ပါ​ေသးတယ္ေလ'
႐ွ႐ႊမ္းေရာက္တဲ့အခ်ိန္မွာေန႔လယ္ကိုေရာက္ေနၿပီ

႐ွ႐ႊမ္းက သူမနဲ႔အတူ သတင္း​ေထာက္​ေတြကိုပါ​ေခၚလာလိုက္​ေသးတယ္
႐ွ႐ႊမ္းရဲ႕​ေႏွာင့္​ေႏွးမႈ​ေၾကာင့္မို႔လို႔ အဖြဲ႕က ​ေန႔လည္၁နာရီမွစတင္ထြက္ခြာျဖစ္သြားတယ္

#သ႐ုပ္ေဆာင္ေလာကရဲ႕ဘုရင္မ ႐ွ႐ႊမ္းက အစြန္းေရာက္ကမ႓ာဆိုတဲ့အစီအစဥ္မွာပါဝင္မယ္#

Weiboမွာတင္လိုက္တဲ့ပိုစ့္ကအရမ္းကိုhotျဖစ္သြားတယ္။
အစီအစဥ္ရဲ႕အဖြဲ႕သားအားလုံးက႐ွ႐ႊမ္းနားမွာဝိုင္းဝိုင္းလည္ေနၾကတယ္။႐ွီ႐ွန္းကသူမနဲ႔အတူပြဲထြက္စသ႐ုပ္ေဆာင္ေလးဦးပါလာတယ္ဆို​ေပမယ့္သူမရဲ႕နားမွာလူေတြမ႐ွိသေလာက္ ႐ွ႐ႊမ္းရဲ႕နားမွာေတာ့လူေတြဝိုင္းဝိုင္းလည္ေနၾကတယ္။
ဟန္လင္းကငိုသံပါႀကီးနဲ႔ေျပာလိုက္တယ္။
"အမဝမ္ ႐ွ႐ႊမ္းကေလေနာက္က်ေအာင္လုပ္႐ုံတင္မကဘူးအခုလည္းအဖြဲ႕သားေတြကိုသူ႕ဘက္ပါေအာင္ဆြဲထားျပန္ၿပီ။ဒါကနည္းနည္း​ေတာ့မတရားသလိုမျဖစ္ဖူးလား"
ဖန္ယင္းယြီကလည္းေခါင္းညႇိတ္လိုက္တယ္။က်န္းမင္းနဲ႔ရန္က်ဲ႕က​ေတာ့ၾကည့္႐ုံသာၾကည့္ၿပီးဘာမွမေျပာခဲ့ဘူး။
႐ွီ႐ွန္းက ကက်န္းမင္ေပးတဲ့ႏြားႏို႔ကိုေသာက္ၿပီး ဗလုံးဗ​ေထြးေျပာလိုက္တယ္။
"ငါမင္းတို႔ကိုတိုးတိုးတိတ္တိတ္မွာစရာ႐ွိတယ္..ခနေနရင္အစီအစဥ္ကအဖြဲ႕သားေတြနဲ႔႐ိုက္ကူးေရးလုပ္ရင္အာ႐ုံစိုက္ၾက"

.'ငါတို႔ကဘာကိုအာ႐ုံစိုက္ရမွာလဲ'
႐ွီ႐ွန္းကျပဳံးၿပီးေတာ့ေတာင္​ေျခဘက္ကိုလမ္းေလွ်ာက္သြားလိုက္တယ္။
႐ွ႐ႊမ္းေနာက္က်တာကိုေတာင္းပန္တဲ့အေနနဲ႔ဒါ႐ိုက္တာလင္းက႐ွီ႐ွန္းကိုဒီေန႔အပိုင္းရဲ႕အေရးႀကီးတာကိုေျပာျပလိုက္တယ္။
"ဒီေန႔ငါတို႔ကနာမည္ႀကီးတဲ့သ႐ုပ္ေဆာင္ေတြေတာင္တက္တာကို႐ိုက္ကူးမွာ။ေတာင္ထိပ္ကိုအရင္ဆုံးေရာက္တဲ့သူကဆုလဒ္အေနနဲ႔အထူးညစာနဲ႔အ​ေကာင္းဆုံးအိပ္ဖို႔ေနရာရလိမ့္မယ္"
အျခားသ႐ုပ္ေဆာင္ေတြက႐ွ႐ႊမ္းနားမွာဝိုင္းေနတဲ့အခ်ိန္မွာ႐ွီ႐ွန္းကေတာ့စၿပီးတက္ႏွင့္ေနၿပီ။ဒါ႐ိုက္တာလင္းကဘယ္စည္းမ်ဥ္းစည္းကမ္းကိုမွခ်ိဳးေဖာက္ၿပီးေျပာလိုက္တာမဟုတ္ဘူးဘာလို႔လဲဆိုေတာ့အစီအစဥ္နဲ႔ပတ္သက္ၿပီးလက္ကမ္းစာေစာင္ေတြေဝကတည္းကပါၿပီးသား။
သူတို႔အာ႐ုံစိုက္ေလေလဒီ႐ိုက္ကူးေရးကဘာအတြက္လုပ္တယ္ဆိုတာကိုနားလည္ေလေလပဲ။ဒါေပမဲ့ဘယ္သူကမွေသေသခ်ာခ်ာအာ႐ုံမစိုက္ၾကဘူး။
"အကိုေ႐ွာင္း..႐ွင္ေမာေနၿပီလား"႐ွီ႐ွန္းကအေနာက္ကိုလွည့္ၿပီးကင္မရာမန္းကိုျပဳံးၿပီးေမးလိုက္တယ္။ကင္မရာမန္းေတြကိုစကားေျပာဖို႔ခြင့္ျပဳထားတာမဟုတ္လို႔သူကေခါင္းကိုပဲခါျပလိုက္တယ္။
"ေကာင္းတာေပါ့"
ကင္မရာမန္းက႐ႈပ္ေထြးတဲ့အၾကည့္နဲ႔ၾကည့္လိုက္တယ္
"႐ွင္မေမာဘူးဆိုရင္ကြၽန္မစၿပီးေျပးၿပီေနာ္။႐ွင္မ႐ိုက္ႏိုင္ရင္ကြၽန္မအမွားမဟုတ္ဘူး"
ကင္မရာမန္း"......."
'အဲ့လိုမလုပ္နဲ႔ေလ။ဒီကင္မရာဘယ္ေလာက္ႀကီးလည္းသိရဲ႕သားနဲ႔။ဒါႀကီးသယ္ၿပီးေတာင္ထိပ္ဆီနင့္ေနာက္ငါကဘယ္လို​ေျပးလိုက္ရမလဲ'
ကင္မရာမန္းကဘာမွျပန္မေျပာလိုက္ႏိုငြခင္မွာပဲ႐ွီ႐ွန္းကေတာင္ထိပ္ဆီေျပးတက္သြားတယ္။သူမေျပးတဲ့ႏႈန္းကျမန္လြန္းလို႔အခ်ိန္ခနေလးအတြင္းမွာျမင္ကြင္းက​​ေနေပ်ာက္သြားရတယ္။
"ဟင္း"
~သူတို႔ေျပာတာမွန္သားပဲ...ဒီသ႐ုပ္ေဆာင္ကအလုပ္ႀကိဳးစားတယ္..ငါလူလဲလို႔မရဘူးလား~

Transalated by Dora💜 Anna💚 Mia💙

Continue Reading

You'll Also Like

20K 1.1K 23
Romance, teenage comedy , OC Unicode+Zawgyi
855K 107K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
98.3K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)