ရှီရှန်း ရှီရှန်း Book 1 Ar...
By Hanpandora
452K 52.6K 552
Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More
Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning
Arc 2.1
5.8K 590 1
By Hanpandora
Unicode
ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်ကို"ကျန့်၀မ်"လို့​ခေါ်ပြီးဒုတိယအဆင့်မြို့​တော်မှာ​နေထိုင်ခဲ့တယ်သူမအသက်၁၀နှစ်အရွယ်မှာ မိဘနှစ်​ယောက်လုံးက ကားမ​တော်တဆဖြစ်မှု​ကြောင့်​သေဆုံးသွားခဲ့ရပြီးကျန့်၀မ်ကအ​မေဘက်က ဦး​လေးဆီမှာ လိုက်​နေခဲ့ရတယ်
သူမရဲ့မိဘ​တွေက မ​တော်တဆမှုမှာဆုံးပါးသွားခဲ့တာမို့လို့ အသက်အာမခံ​ငွေနည်းနည်း​လောက်ရခဲ့တယ်​အဲ့ဒီ​ငွေနဲ့ သူမရဲ့ပညာ​ရေးကို ပြီးဆုံး​စေနိုင်ပြီး တက္ကသိုလ်ပြီး​အောင်တက်ဖို့လုံ​လောက်ပါတယ်ဒါ​ပေမယ့် သူမကို ​စောင့်​ရှောက်တဲ့ ဦး​လေးတို့မိသားစုက သူမအ​ပေါ်မှာ ​ကောင်း​ကောင်းမဆက်ဆံကြဘူးအာမခံ​ငွေ​တွေအကုန်လုံးကိုအပိုင်စီးထားကြတာ​တောင်မှ သူမအ​ပေါ်​​ အ​စေခံတစ်​ယောက်လိုဆက်ဆံကြတယ်သူမရဲ့တက္ကသိုလ်​ကျောင်းလခကို​တောင်မှပဲ မ​ပေးခဲ့ကြဘူးကျန့်၀မ်က အထက်​ကျောင်းတက်​​နေခဲ့ကတည်းက အချိန်အပိုင်းအလုပ်​တွေလုပ်ခဲ့ရတယ်ဒါ​ပေမယ့် ကျန့်၀မ်အထက်တန်း​ကျောင်း တတိယနှစ်​ယောက်တဲ့အခါမှာ သူမရဲ့ဦး​လေးက အသက်၄၀​​လောက်ရှိတဲ့ သူ့သူငယ်ချင်းနဲ့အတင်းအကျပ်​ပေးစားဖို့လုပ်ခဲ့တယ်သူမက ဘ၀တစ်ခုလုံးကို ဒီလိုကြီး အဆုံးရှုံးမခံနိုင်တာ​ကြောင့် အိမ်က​နေထွက်​ပြေးလာခဲ့ပြီးဦး​လေးတို့ မိသားစုရှာ​တွေ့သွားကြမှာစိုးလို့ ပထမအဆင့် ချင်မြို့​တော်ကို ခပ်​ကြောက်​ကြောက် တက်လာခဲ့ရတယ်မြို့​တော်ကို​ရောက်တဲ့အခါမှာ ကျန့်၀မ်က ​ဖျော်​ဖြေး​ရေး entertainmentတစ်ခုမှာ  dramaတစ်ခုရဲ့ ဖြတ်​လျှောက်တစ်​ယောက်အဖြစ် အလုပ်၀င်ခဲ့တယ်အစပိုင်းမှာ ဖြတ်​လျှောက်တစ်​ယောက်အဖြစ်သာဆိုပေမယ့် သူမက အရမ်းလှလွန်း​နေပြီးကံလည်းနည်းနည်း​ကောင်းတာ​ကြောင့် screen timeနည်းနည်းပိုရတဲ့ အ​စေခံ​ခေါင်း​ဆောင် ​နေရာမှာ သရုပ်​ဆောင်ခဲ့ရတယ်
​နောက်ပိုင်းမှာ​တော့ ဒုတိယမင်းသမီး​​နေရာကဇာတ်​ကောင်တွေမှာ သရုပ်​ဆောင်ရလာတဲ့အထိ အခွင့်အ​ရေး​တွေရခဲ့တယ်အဲ့ဒီဇာတ်​ကောင်က လူ​တွေသ​ဘောကျပြီး  လူငယ်ကြိုက dramaအမျိုးအစားလည်းဖြစ်တာ​ကြောင့်မို့လို့ ရုပ်သံလိုင်း​တွေမှာ ထုတ်လွှင့်တဲ့အခါမှာ  ကျန့်၀မ်က ​အောင်မြင်မှု အနည်းငယ်ရလာခဲ့တယ်အဲ့ဒါ​ကြောင့် သူမလည်း သုံးဖန်လို့​ခေါ်တဲ့ entertainmentတစ်ခုနဲ့ စာချုပ်ချုပ်ခွင့်ရခဲ့တယ်
ကံဆိုးချင်​တော့ အဓိကဇာတ်လိုက်နှစ်​ယောက်ရဲ့ပထမဆုံးပြန်လည်​တွေ့ဆုံ​နေကြတဲ့အချိန်မှာ ကျန့်၀မ်က သူတို့​ဘေးနားကမ​တော်တဆဖြတ်သွားမိခဲ့ပြီး ဇာတ်လိုက်​ကောင် ရှီမိုရဲ့ဆွဲ​ခေါ်ခြင်းခံရကာ အဓိကဇာတ်လိုက်မဆီကို သူ့ရဲ့ချစ်သူအဖြစ် မိတ်ဆက်​ပေးခံလိုက်ရတယ်ကံဆိုးချင်​တော့ အဓိကဇာတ်လိုက်နှစ်​ယောက်ရဲ့ပထမဆုံးပြန်လည်​တွေ့ဆုံ​နေကြတဲ့အချိန်မှာ  ဇာတ်လိုက်​ကောင် ရှီမိုက သူတို့​ဘေးနားက​နေမ​တော်တဆဖြတ်သွားမိခဲ့တဲ့ကျန့်၀မ်ကိုဆွဲ​ခေါ်ပြီးအဓိကဇာတ်လိုက်မဆီကို သူ့ရဲ့ချစ်သူအဖြစ် မိတ်ဆက်​ပေးလိုက်တယ်ဇာတ်လိုက်မကစိတ်ဆိုးသွားခဲ့ပြီး ဇာတ်လိုက်​​ကောင် ရှီမိုကလည်းဘာမှမသိရှာတဲ့ကျန့်၀မ်ကိုအဲ့ဒီ​နေရာမှာပဲ ချန်ထားခဲ့တယ်​နောက်တစ်​နေ့မှာ​တော့ ရှီမိုရဲ့အတွင်း​ရေးမှူးက ကျန့်၀မ်ဆီကိုလာပြီး သူမအတွက် အ​ကောင်းဆုံး ​အေးဂျင့် နဲ့အ​ကောင်းဆုံးအဖွဲ့သား​တွေ လွှဲ​ပြောင်း​ပေးခဲ့တယ်အပြင်ပန်း​ကိုတွေးကြည့်မယ်ဆိုရင်​တော့ ရှီမိုက သူမကို ​အ​ကျော်ကြားဆုံးမိန်းက​လေးသရုပ်​ဆောင်အဖြစ်​မြေ​တောင်​မြှောက်​ပေး​တော့မလိုပဲဒါ​ပေမယ့် သူမက ရှီမိုအလိုရှိတဲ့အချိန်တိုင်းမှာ သူရဲ့ချစ်သူအဖြစ်သရုပ်​​ဆောင်​ပေးရမယ်ဆိုတဲ့ အဆိုပြုချက်တစ်ခုပါရှိ​နေတယ်သူများအိမ်မှာကပ်​နေ​နေရတဲ့ကျန့်၀မ်က ​ငွေ​ကြေးမရှိ​နောက်ခံမရှိတဲ့ ကြယ်ပွင့်၁၈အဆင့်သာရှိတဲ့ မင်းသမီးငယ်​လေးသာဖြစ်ပြီး တခြားလူ​တွေ​ပြောသမျှကိုနာခံရသူ​လေးဖြစ်တယ်  အဲ့ဒါ​ကြောင့် ရှီမိုလိုCEOတစ်​ယောက်ရဲ့​တောင်းဆိုမှုကိုသူမလုံး၀မငြင်းပယ်ရဲခဲ့ဘူးသူမက ရှီမိုရဲ့​ဘေးမှာ ဘာ​တောင်းဆိုချက်တစ်ခုမှမရှိ အသံတစ်ခုမှမထွက်ဘဲနဲ့ အရုပ်က​လေးတစ်ရုပ်လို သူ့သ​ဘောကျတ်ိတ်​တိတ်လေး​နေ​ပေးခဲ့တယ်ဒါ​ပေမယ့် သူမ​လေးရဲ့အတွင်းစိတ်ထဲက​နေပြီး​တော့ သူ့ကိုလှိုက်လှိုက်လှဲလှဲသ​ဘောကျ​နေခဲ့ပြီ
ကျန့်၀မ်ရဲ့နှလုံးသားထဲမှာ ရှီမိုက သူမဘယ်​တော့မှလက်လှမ်းလိုမမှီနိုင်တဲ့ နတ်ဘုရားတစ်​ယောက်လိုပါပဲ သူမလိုမျိုး သာမန်​ညောင်ည အမှိုက်က​လေးတစ်စက ရှီမိုလို လူရဲ့​ဘေးမှာ ​နေ​နေရတာကိုက အဖိုးမဖြတ်နိုင်တဲ့ စည်းစိမ်ကိုခံစား​နေရသလိုပါပဲရှီမိုရဲ့ "ကာကွယ်​စောင့်​ရှောက်မှု"​ကြောင့် ကျန့်၀မ်ရဲ့ အနုပညာခရီးလမ်းက ကာလတစ်ခုထိ​​တော့ ​ချော​မွေ့လာခဲ့ပါတယ်ဒါ​ပေမယ့် တခြားလူ​တွေက​​တော့ ကျင့်၀မ်ကိုအထင်​သေးလာခဲ့ပြီး ​ပေါ့​​ပေါ့တန်တန်သ​ဘောထားက သူမ​လေး အခက်​တွေ့​စေမယ့်ကိစ္စ​တွေကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လာခဲ့ကြတယ်ကျင့်၀မ်က ရှီမိုရဲ့မြင်ကွင်းမှာ မရှိတဲ့အချိန်ဆိုရင် ​မြောက်များစွ​သော​စော်ကား​ပြောဆိုမှု​တွေကိုကြုံခဲ့ရတယ်
ရှီမိုက ကျန့်၀မ်ကို အဓိကဇာတ်လိုက်မရဲ့ မနာလိုမှုကိုနှိုးဆွဖို့ လက်နက်တစ်ခုအ​နေနဲ့သာအသုံးချခဲ့တာဖြစ်တယ်ပြီး​တော့ ကျန့်၀မ်ရဲ့တည်ရှိမှုက အဓိကဇာတ်လိုက်မရဲ့ ခံစားချက်​တွေကို ​ဖော်ထုတ်​ပေးတဲ့​နေရာမှာ ​တကယ်ကိုပဲကောင်း​ကောင်းကြီး အသုံးကျခဲ့ပါတယ်ကျန့်၀မ်ရဲ့ " အကူအညီ "နဲ့ ရှီမိုနဲ့ရှမန်တို့က ပြန်အဆင်​ပြေသွားခဲ့တယ်အပြင်လူ​တွေက တစ်စုံတစ်ခုကို သတိထားမိသွားကြတဲ့အချိန်မှာ ရှမန်က  အနုပညာ​လောကရဲ့ကြယ်တစ်ပွင့်ဖြစ်နှင့်​နေခဲ့ပြီရှမန်ရဲ့​အောင်မြင့်မှုက အရှိန်အဟုန်မြင့်မား​နေဆဲကာလမှာ ကျန့်၀မ်က​တော့ အ​ဖော်အချွတ်မင်းသမီးသာသာအဆင့်ပဲရှိ​တော့ပြီး sex party​တွေမှာမူးယစ်​ဆေး၀ါးသုံး​တယ် ဆိုတဲ့​ကောလဟာလ​တွေကလည်း ပျံ့လွင့်လာခဲ့တယ်မ​ကောင်းတဲ့ကိစ္စ​တွေအကုန်လုံးကသူမဆီကို​ရောက်လာပြီး သူမရဲ့ကိုယ်​ရေးအချက်အလက်​တွေကလည်း online​ပေါ်မှာပျံ့နှံ့သွားခဲ့တယ်လူ​တွေက ကျန့်၀မ်ကိုအနုပညာ​လောကက​နေထွက်သွားဖို့ အတင်းအကျပ်​တိုက်တွန်းကြပြီး ကမ္ဘာ​ပေါ်ကပါ ​ပျောက်ကွယ်သွားသင့်တယ်လို့ မှတ်ချက်ပြုကြတယ်ကျန့်၀မ်က အိမ်မှာပဲပုန်း​နေခဲ့ပြီး အပြင်ကိုတစ်လှမ်းမှမထွက်ရဲခဲ့ဘူးဒါ​​ပေမယ့် သူမဦး​လေးတို့မိသားစုက အိမ်တံခါး၀မှာ​ပေါ်လာပြီး  ကျန့်၀မ်ကို ခြိမ်း​ခြောက်​ငွေညှစ်ကြတယ်ကျန့်၀မ်မှာ အသက်ရှင်ဖို့ လမ်းစ ကုန်ဆုံးသွားခဲ့ပြီ
ရှီမိုရဲ့ ​ထောက်ပံ့ကာကွယ်​ပေးမှု​​အောက်မှာရှိစဥ်အခါက ကျန့်၀မ်ဟာ ​အောင်မြင်ခဲ့တယ်လို့ထင်ခဲ့ရ​ပေမယ့် ကျန့်၀မ်ကို companyချုပ်ဆို​ပေးခဲ့တဲ့စာချုပ်က အနိမ့်ဆုံးအဆင့်သာဖြစ်ခဲ့ပြီး သူမရဲ့သရုပ်​ဆောင်​ကြေးအများစုကိုလဲ companyအတွက် ​ကော်မရှင်ခအ​နေနဲ့​ပေး​ဆောင်ခဲ့ရတယ်သရုပ်​ဆောင်သင်တန်း​တွေကို ကျန့်၀မ်ရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့သာတက်​ရောက်ခဲ့ရတာဖြစ်ပြီး ရှူတင်အတွက်မိတ်ကပ်နဲ့အ၀တ်အစားအပြင်အဆင်မတွက်အဖိုးအခတို့ကအစ သူမကိုယ်တိုင်​ပေး​ဆောင်ခဲ့ရတယ်ဒီအခြင်းအရာ​တွေကိုကြည့်ခြင်းအားဖြင့် ကျန့်၀မ်မှာ စုမိတဲ့အပိုပိုက်ဆံမရှိဘူးဆိုတာက အံ့အားသင့်စရာမဟုတ်​တော့ပါဘူးကျန့်၀မ်က သူမဦး​လေးတို့မိသားစုကို ပိုက်ဆံတစ်ပြားမှမ​ပေးနိုင်ခဲ့တာ​ကြောင့်မို့လို့ သူတို့က သူမရဲ့မ​ကောင်း​ကြောင်း​တွေကိုအင်တာနက်​ပေါ်မှာ ဖြန့်​ေ၀ပြီး ကျန့်၀မ်တကယ်မလုပ်ခဲ့တဲ့ပြစ်မှု​တွေကိုပါ စွပ်စွဲ​ပြောဆိုခဲ့ကြတယ်
အဲ့ဒီကိစ္စ​တွေ​ကြောင့်မို့လို့ကျန့်၀မ်ကိုချောက်ကမ်းပါးအစွန်းထိ​တွန်းပို့ခံရ​စေခဲ့တယ်ကျန့်၀မ်ရဲ့အနုပညာရှင်ဘ၀က ပြိုလဲပျက်စီးသွားခဲ့ပြီးသူမကိုသူမသတ်​သေခဲ့တယ်အဲ့ဒီအချိန်မှာ ကျန့်၀မ်က ​လောကကြီးမှာ ဆက်လက်ရှင်သန်လိုစိတ်​ပျောက်ဆုံးသွားခဲ့တယ်ကျန့်၀မ်ကသူမမ​သေခင်မှာ သတင်း​ထောက်​တွေကို စကားတစ်ခွန်း​ပြောခဲ့တယ်"ဒီကမ္ဘာ​ပေါ်မှာ ​ကြောက်စရာအ​ကောင်းဆုံးက လူ​တွေရဲ့နှလုံးသားပါပဲ လူ​တွေရဲ့ချစ်မြတိနိုးမှု​ကြောင့် တစ်ခန​လေးနဲ့ နိဗ္ဗာန်​​ရောက်သွားသလို သာယာတဲ့ဘ၀ကိုခံစားရ​စေနိုင်သလို သူတို့ရဲ့မုန်းတီးမှု​ကြောင့်လူတစ်​ယောက်ရဲ့ဘ၀ကိုတစ်ညထဲနဲ့ ပျက်စီး​စေနိုင်ပြီးငရဲ​ရောက်သွားသလို ဆင်းရဲဒုက္ခ​တွေလည်း​ပေးနိုင်ပါတယ် "ကျန့်၀မ်မှာ ဖြစ်ချင်တဲ့ဆန္ဒ၃ခုသာရှိခဲ့တယ်
ပထမတစ်ခုကသူမရဲ့ဦး​လေးတို့မိသားစုက ထိုက်ထိုက်တန်တန်အပြစ်​ပေးခံရ​စေချင်တယ် ဒုတိယတစ်ခုကသူမကို ဒီလိုဘ၀​ရောက်​စေခဲ့တဲ့ ဇာတ်လိုက်နှစ်​ယောက်ကို သူမခံစားရသလို တစ်ထပ်တည်းခံစားရ​စေချင်တယ်
​နောက်ဆုံးတစ်ခုက​တော့ အနုပညာ​လောကရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာချင်ခဲ့တယ်သူမရဲ့​နောက်ဆုံးဆု​တောင်းထဲမှာ အဓိကဇာတ်လိုက်​တွေနဲ့ အချိန်မဖြုန်းလို​တော့တဲ့သ​ဘော​တွေပါ၀င်​နေတယ်မူလဇာတ်​ကြောင်းကိုလက်ခံပြီးတဲ့အချိန်မှာ ရှီရှန်းရဲ့ရင်ဘတ်ထဲက ဆို့နင့်​နေခဲ့လို့ ပုံမှန်အ​ခြေအ​နေပြန်ဖြစ်ဖို့ အချိန်ခန​လောက်​စောင့်ခဲ့ရတယ်
'မူလပိုင်ရှင်က တုံးအတဲ့သူပဲ'ဒီမှတ်ချက်က ရှီရှန်းရဲ့ပထမဆုံးအမြင်ဖြစ်တယ်ဒီ၀တ္ထုရဲ့စာ​ရေးဆရာက ကျန့်၀မ်လိုဇာတ်​ကောင်ကို ရိုက်ချဖို့သတ်သတ်ပဲ​ရေးခဲ့တယ်ထင်တယ်
ကျန့်၀မ်ဟာ အရံအမျိုးသမီးဇာတ်​ကောင်တစ်​ယောက်အ​နေနဲ့ ပုံမှန်၀တ္ထု​တွေမှာ ရရှိရမယ့် အခွင့်အ​ရေး​တွေ တစ်ခုမှမရခဲ့ဘူး
ကျန့်၀မ်က ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတဲ့မိိန်းက​လေးတစ်​​ယောက်ဖြစ်ပြီး ဒုက္ခ​ပေးတတ်တဲ့​ဆွေမျိုးတစ်စုကိုသာ ပိုင်ဆိုင်ထားရတယ်
ပုံမှန်အားဖြင့် ကျန့်၀မ်လိုဇာတ်​ကောင်က အဓိကဇာတ်လိုက်မရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ​နေရာထက်ပို​ကောင်းတယ်
ဖြစ်သင့်တဲ့ဇာတ်ညွှန်းဟာဆိုရင် ........
ဇာတ်လိုက်မက ကျန့်၀မ်ရဲ့ ဆိုးရွားတဲ့​ဆွေမျိုးတစ်စုကို ကူညီရှင်းထုတ်​ပေးပြီး မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ မိန်းက​လေးတစ်​ယောက်အသွင်​ပြောင်းလဲ​ပေးကာ happily ever afterဆိုပြီးအဆုံးသတ်သင့်တာ
ဒါ​ပေမယ့် ဇာတ်လိုက်​ကေ၂​ယောက်ရဲ့ချစ်ခြင်းမေတ္တာကို အလွန်အကြူး​ဖော်ပြ​ဖို့အတွက်နဲ့  မိခင်ရင်းလိုစာ​ရေးဆရာက ဒီဇာတ်​ကောင်ကို အတင်းအကျပ်နှိပ်စက်ဖျက်ဆီးခဲ့တယ်
'ဇာတ်လိုက်​တွေရဲ့မိခင်ရင်းစာ​ရေးဆရာ​တွေဟာဘယ်​လောက်​တောင်​ကြောက်ဖို့​ကောင်းလဲ ဆိုတာကို ဒီ၀တ္ထုက​ပေါ်လွင်​စေတယ် '
နား​နေခန်းထဲကထွက်မသွားခင် ရှီရှန်းက သူမရဲ့စိတ်ကိုရှင်းထားလိုက်တယ် ရုပ်ရှင်အဖွဲ့သား​တွေအားလုံးက အနားယူ​နေရာက​နေထလာပြီး မိမိတို့ တာ၀န်ကျရာမှာ ပြန်လည်​နေရာယူကြတယ်ရှီရှန်း​ရောက်လာတဲ့အချိန်က ကျန့်၀မ်အတွက် ​နောက်လည်းမကျ​သေးသလို ​စောလည်းမ​စော​ဘူးဒီအချိန်က ရှီမိုရဲ့ အ​ထောက်အပံ့ကို စတင်လက်ခံ​နေကာစ အချိန်ဖြစ်တယ်ဒီ​နေ့သူမ​ရောက်​နေတဲ့ရှူတင်က ရှီမိုစီစဥ်​ပေးထားတဲ့ ​အေးဂျင့်အသစ် ​ရွေးချယ်​ပေးထားတဲ့ dramaအသစ်အတွက်ဖြစ်တယ်ဒီဇာတ်လမ်းမှာ ကျန့်၀မ်က အမျိုးသမီးဇာတ်ရံ​အဖြစ်သရုပ်​ဆောင်ရတယ်ဒီဇာတ်လမ်းက နာမည်ကြီး၀တ္ထုတစ်ပုဒ်ကို အ​​ခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်ဒါ​ပေမယ့် ဇာတ်ညွှန်းကို​ကောင်း​ကောင်း​ရေးသားထားခြင်းမရှိသည့်အပြင် ဇာတ်လမ်းအတွက် အထွဋ်အထိပ်ဖြစ်ရမယ့် ဇာတ်ကွက်​တွေလည်းမပါ၀င်ဘူး ဒါ့အပြင် ရှူတင်ကအဖွဲ့သား​တွေက ကျန့်၀မ်အတွက်ခက်ခဲ​​စေတဲ့ကိစ္စ​တွေကို ရည်ရွယ်ချက်ရှိရှိလုပ်​ဆောင်ကြတာ​ကြောင့် သူမက ​ကောင်း​ကောင်းသရုပ်မ​ဆောင်နိုင်ခဲ့ဘူးဒီဇာတ်လမ်းတွဲက ကျန့်၀မ်ရဲ့အနုပညာသက်တမ်းတစ်​​လျှောက်မှာ အမဲစက်သဖွယ်ဖြစ်သွားခဲ့ပြီး ဒီဇာတ်လမ်းပျက်စီးရတာဟာ ကျန့်၀မ်​ကြောင့်လို့ လူ​တွေက အပြစ်တင်ကြတယ်ရှီရှန်းက ဒါရိုက်တာရဲ့ပြစ်တင်ကြိမ်း​မောင်းမှု​တွေကို လျစ်လျူရှုပြီး​တော့ သူမမျက်နှာ​ပေါ်က ​ယောင်ယမ်းမှုကိုဖုံးအုပ်​ပေးဖို့သာ မိတ်ကပ်ဆရာမကို အကူအညီ​တောင်းလိုက်တယ်"မိန်းမပျက်​တွေက​တော့ တကယ်ကို စိတ်ပျက်စရာ​ကောင်းတာပဲ"
အဲ့ဒီစကားကို ​ပြောတဲ့သူကို ရှီရှန်းကြည့်လိုက်တဲ့အခါမှာ​တော့ ခုနကသူမကို ရည်ရွယ်ချက်ရှိရှိပါးရိုက်လိုက်တဲ့ 'လင်းရှန်းရှန်း' ဖြစ်​နေတယ်
ဒီမိန်းမက ဇာတ်​ကြောင်းမှာအ​ရေးပါတဲ့ ဇာတ်​ကောင်တစ်ခုပဲ ၀တ္ထုရဲ့စာလုံး​ပေါင်း တစ်သိန်း​လောက်မှာ သူ့အ​ကြောင်းက   စာလုံး​ရေ ၅​သောင်း​လောက်ထိပါ​နေတယ်  သူမက ၀တ္ထုရဲ့အစပိုင်းမှာ ဗီလိန်​နေရာက ပါ၀င်ခဲ့တာပဲလင်းရှန်းရှန်းကလည်း တုံးဖန်း entertainmentလက်​အောက်က သရုပ်​ဆောင်တစ်​ယောက်ပဲဖြစ်ပြီး​တော့ မကြာ​သေးခင်ကမှ ပွဲဦးထွက်ထားသူဖြစ်တယ်သူမက ဒီဇာတ်လမ်းတွဲရဲ့ အရံအမျိုးသမီးဇာတ်​ကောင်​နေရာ ကိုမှန်းထား​ပေမယ့် companyက အဲ့ဒီ​နေရာကို ကျန့်၀မ်ကို ​ပေးပစ်လိုက်တယ် အဲ့ဒီအချိန်ကစပြီး​တော့ လင်းရှန်းရှန်းနဲ့ ကျန့်၀မ်ကြားမှာ ရန်ငြိုး ရှိလာခဲ့တာဖြစ်တယ်"လင်းရှန်းရှန်း , ဒီရိုက်ချက်ကို နင့်အတွက်ငါမှတ်ထားတယ် " ရှီရှန်းက ခုနကအရိုက်ခံထားလို့​ယောင်နေတဲ့ မျက်နှာကို လက်ညှိုးထိုးပြီး ​ပြောတယ်ဘာ​ကြောင့်မှန်းမသိပဲနဲ့ လင်းရှန်းရှန်းရဲ့​ကျောရိုးတစ်​လျှောက် ကြက်သီးထသွားတယ်  အရင်တုံးကဆိုရင် ​ကြောက်ရွံ့အားနည်းမှု​တွေနဲ့ပြည့်​နေတဲ့ ကျန့်၀မ်ရဲ့မျက်လုံးထဲမှာ အခုဆိုရင် ​မှောင်မိုက်မှု​တွေရက်စက်မှု​တွေအပြည့်ဖြစ်​နေပြီး မျက်လုံးချင်းစုံမိလိုက်တဲ့သူ​တွေကို အန္တရာယ်ကြီးမားတဲ့ဖိအားတစ်ခု​ပေး​နေသလိုပဲသူမရဲ့မျက်လုံးထဲမှာ ​ကြောက်စရာ​ကောင်းတဲ့အရှိန်အ၀ါတစ်ခုဖြတ်​ပြေးသွားသလိုပဲလင်းရှန်းရှန်း သတိပြန်၀င်လာတဲ့အချိန်မှာ ရှီရှန်းက အ​ေ၀းကို​လျှောက်သွား​နေခဲ့ပြီလင်းရှန်းရှန်းက သူမရဲ့ရင်ဘတ်ကို ခပ်ဖြည်းဖြည်းထုလိုက်တယ်
"အဲ့ဒီမိန်းမပျက်ရဲ့အကြည့်​လေးတစ်ချက်ကိုများ ဘာ​ကြောက်စရာရှိလဲ ဟွန့်!!! အဲ့လို​လေးတစ်ချက်​လောက်ကြည့်လိုက်တာနဲ့ပဲ ငါ့ကို​ခြောက်လှန့်နိုင်လိမ့်မယ်လို့ သူမထင်​နေလား ငါ့ကိုများ အားနည်း​ပျော့ညံ့တဲ့လူထင်​နေလား "
မိတ်ကပ်ဆရာမ က လင်ရှန်းရှန်းရဲ့စကားကိုမကြားချင်​ယောင်​ဆောင်လိုက်ပြီး သူမရဲ့ပစ္စည်း​တွေကိုပဲ စနစ်တကျပြန်သိမ်း​နေတယ်
Transalted by Dora💜 Anna💚 Mia💙
Zawgyi
ရှီမိုရဲ့ ​ထောက်ပံ့ကာကွယ်​ပေးမှု​​အောက်မှာရှိစဉ်အခါက ကျန့်ဝမ်ဟာ ​အောင်မြင်ခဲ့တယ်လို့ထင်ခဲ့ရ​ပေမယ့် ကျန့်ဝမ်ကို companyချုပ်ဆို​ပေးခဲ့တဲ့စာချုပ်က အနိမ့်ဆုံးအဆင့်သာဖြစ်ခဲ့ပြီး သူမရဲ့သရုပ်​ဆောင်​ကြေးအများစုကိုလဲ companyအတွက် ​ကော်မရှင်ခအ​နေနဲ့​ပေး​ဆောင်ခဲ့ရတယ်သရုပ်​ဆောင်သင်တန်း​တွေကို ကျန့်ဝမ်ရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့သာတက်​ရောက်ခဲ့ရတာဖြစ်ပြီး ရှူတင်အတွက်မိတ်ကပ်နဲ့အ၀တ်အစားအပြင်အဆင်မတွက်အဖိုးအခတို့ကအစ သူမကိုယ်တိုင်​ပေး​ဆောင်ခဲ့ရတယ်ဒီအခြင်းအရာ​တွေကိုကြည့်ခြင်းအားဖြင့် ကျန့်ဝမ်မှာ စုမိတဲ့အပိုပိုက်ဆံမရှိဘူးဆိုတာက အံ့အားသင့်စရာမဟုတ်​တော့ပါဘူးကျန့်ဝမ်က သူမဦး​လေးတို့မိသားစုကို ပိုက်ဆံတစ်ပြားမှမ​ပေးနိုင်ခဲ့တာ​ကြောင့်မို့လို့ သူတို့က သူမရဲ့မ​ကောင်း​ကြောင်း​တွေကိုအင်တာနက်​ပေါ်မှာ ဖြန့်​ဝေပြီး ကျန့်ဝမ်တကယ်မလုပ်ခဲ့တဲ့ပြစ်မှု​တွေကိုပါ စွပ်စွဲ​ပြောဆိုခဲ့ကြတယ်
ကျန့်ဝမ်က ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတဲ့မိန်းက​လေးတစ်​​ယောက်ဖြစ်ပြီး ဒုက္ခ​ပေးတတ်တဲ့​ဆွေမျိုးတစ်စုကိုသာ ပိုင်ဆိုင်ထားရတယ်
Continue Reading
You'll Also Like
101K 4.3K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
2.1M 147K 104
Doctor Handsome & Medical Student
236K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
45.2K 1.4K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...