ရှီရှန်း ႐ွီ႐ွန္း Book 1 Ar...

Od Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... Více

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 1.16

4.9K 605 14
Od Hanpandora

➡️Unicode

အဲ့ဒီလူကအခြားလူတွေရဲ့မြင်ကွင်းရှေ့မှာပိတ်ရပ်နေတာကြောင့်ရှီရှန်းဘာကိုင်ထားတယ်ဆိုတာမမြင်ကြရဘူး။
အနီးကပ်စောင့်ကြည့်ကင်မရာကနေအခန်းထဲကိုကြည့်နေတဲ့ လက်ထောက်ကသူမလက်ထဲမှာကိုင်ထားတဲ့လက်ပစ်ဗုံးကိုရှင်းရှင်းလင်းလင်းကြီး,တွေ့လိုက်တယ်။
.
အဲဒါကိုကြည့်ရတာစစ်သားတွေ အသုံးပြုတဲ့ဟာနဲ့ ခပ်ဆင်ဆင်ပဲ.ဒါပေမဲ့အနည်းငယ်ကွဲပြားနေတယ်
ရှီရှန်းကိုကြိုးတုပ်ဖို့လာတဲ့လူကြီးက ~သောက်ချီး..ဒီကောင်မလေးကဒါကိုဘယ်နေရာကနေရခဲ့တာဘာလိမ့် ~လို့တစ်ယောက်တည်းတွေးနေတယ်

"မင်းခုချိန်ထိဒီနားမှာဘာရပ်လုပ်နေတာတုန်း.သူမကိုကြိုးတုပ်လိုက်စမ်း"
နန်ကုန်ကျင်းကဒေါသပိုထွက်လာတယ်
.
ဟိုလူကြီးကချွေးပြန်နေပြီးသူမလက်ထဲမှာကိုင်ထားတဲ့ဟာကိုမြင်အောင်ဘေးကိုဖယ်ပေးလိုက်တယ်

~အဲမှာလေဘယ်ကမှန်းမသိတဲ့လက်ပစ်ဗုံးကြီး။ ငါကသူ့ကိုသွားပြီးကြိုးတုပ်ရဲမယ်လို့မင်းထင်နေတာလား~

နန်ကုန်ကျင်းကချက်ချင်းသဘောမပေါက်ပေမဲ့ လင်းဟောက်ကတော့သဘောပေါက်တယ်

အဲဒါကြောင့်သူ့ပုံစံကပြောင်းသွားပြီးစုရီရီကိုအပြင်ဘက်ခေါ်ထုတ်လိုက်တယ်.

"ရွှီချန်းယွဲ့မင်းရူးနေပီလား"

ရှီရှန်းကတော့သူတို့ကိုအထင်သေးတဲ့ပုံစံနဲ့ကြည့်ပြီးလက်ထဲကလက်ပစ်ဗုံးနဲ့ကစားနေတယ်

"ရှင့်ကိုယ်ရှင်ပြန်ကြည့်ပါဦး ကြောက်နေလိုက်တာ။ ဒါကကစားစရာအရုပ်လေးပါဘဲကျွန်မဒါကိုစောစောကမှ ဒီအခန်းထဲကရှာတွေ့တာ"

လင်းဟောက်ကသူမလက်ထဲမှာရှိနေတဲ့လက်ပစ်ဗုံးကို စိုက်ကြည့်လိုက်ပေမဲ့ အတုလားအစစ်လားခွဲမရဘူးဖြစ်နေတယ်

အချိန်ခနလောက်စဥ်းစားပြီးတဲ့နောက်မှာသူတွေးလိုက်တယ်
သူမကချမ်းသာတဲ့မိသားစုကမမလေးတစ်ယောက်ပဲဟာကိုသူ့မှာဘယ်လိုလုပ်လက်ပစ်ဗုံးရှိနေနိုင်မှာလဲ

ပြီးတော့သူမကိုဒီထဲမပို့ခင်ကတည်းကစစ်ဆေးပြီးသားလေ။သူမကိုယ်ထဲဖွက်ပြီးယူလာဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး

ဒီဗီလာက သူ့အမေရဲ့အကိုပိုင်တာဖြစ်ပြီး သူ့မှာလည်းကလေးတွေရှိတော့သူတို့တွေအားလပ်ရက်မှာဆော့ရင်းအရုပ်လေးတစ်ရုပ်ကျန်ခဲ့တာဖြစ်နိုင်တာပဲလေ

"ရွှီချန်းယွဲ့.....မင်းကသေခါနီးအချိန်တောင်မှာငါ့ကိုကြောက်အောင်ခြောက်နိုင်သေးတယ်နော်..သူမကိုကြိုးတုပ်လိုက်စမ်း.ငါသူ့ကိုသင်ခန်းစာကောင်းကောင်းပေးရမယ်"

လင်းဟောက်ကမျက်မှောင်ကြုတ်ပြီးအမိန့်ပေးလိုက်တယ်

ပြီးတော့စုရီရီဘက်ကိုနွေးထွေးစွာလှည့်လိုက်ပြီး

"ရီရီ..မင်းအရင်ပြန်နှင့်ပါလား"
လို့ငြင်ငြင်သာသာ​ပြောလိုက်တယ်

သွေးထွက်သံယိုဖြစ်လာမဲ့မြင်ကွင်းကိုသူမကိုမမြင်စေချင်ဘူး

စုရီရီကသူမနှုတ်ခမ်းကိုပင့်ပြီးနန်ကုန်ကျင်းရဲ့အကျီလက်ကိုဆွဲကာသနားစဖွယ်မျက်နှာလေးနဲ့ကြည့်လိုက်တယ်

နန်ကုန်ကျင်းကလည်းစုရီရီကိုခေါ်ထုတ်မသွားခင်ရှီရှန်းကိုလူမဆန်စွာကြည့်လိုက်သေးတယ်

ဇာတ်လိုက်မစုရီရီက​တော့ထွက်မသွားခင်ရှီရှန်းကိုအောင်နိုင်သူအပြုံးနဲ့ပျက်ရယ်ပြုခဲ့တယ်

"ဘာလဲဟာငါနေရခက်လာပြီဒီလူကြီးနှစ်ယောက်ကတော့ငါ့ကိုရတနာလို့စိုက်ကြည့်နေတော့မှာလား"
ရှီရှန်းက ခပ်​ပြောင်​ပြောင်​ပြောလိုက်တယ်

လူကြီးတစ်ယောက်ကသူမဆီလျှောက်လာပြီးလက်ထဲကလက်ပစ်ဗုံးကိုဆွဲယူလိုက်တယ်.အလေးချိန်နဲ့ခံစားမှုကအရုပ်နဲ့ကိုမတူဘဲတကယ့်အစစ်ပုံစံပေါက်နေတယ်

သူကအဲဒါကိုခနလောက်ဆစစ်​ဆေးနေတုန်း ရှီရှန်းက သူအာရုံ​ပြောင်းသွားတာကို အခွင့်ကောင်းယူပြီးပြတင်းပေါက်ဆီကိုတစ်ဟုန်ထိုး ပြေးသွားလိုက်တယ်

သူမအခန်းထဲဝင်လာကတည်းကပြတင်းပေါက်ကိုကလန့်ဖြုတ်ထားပြီးသားဆိုတော့ဖွင့်ဖို့တွန်းလိုက်ရုံဘဲ

"သနားစရာပဲ ငါဆီမှာအစကတည်းကနင်တို့၃ယောက်ဆီကထွက်​ပြေးဖို့အကြံရှိထားပြီးသား"

ရှီရှန်းကအစကတည်းကအချိန်ကိုတွက်ထားပြီးသားဖြစ်တဲ့အတွက် သူမအတွက်အန္တရာယ်မရှိနိုင်ဘူး

ဗီလာတစ်ခုလုံးကပေါက်ကွဲမှုကြောင့်တုန်လှုပ်သွားပြီး ဒုတိယထပ်သိုလှောင်ခန်းကမှန်တွေလည်းကွဲကုန်တာ​ကြောင့် အဆောက်အဦးရဲ့အပိုင်းအစတွေကနေရာအနှံလွင့်စင်ကုန်တယ်

ရှီရှန်းခုန်ထွက်လိုက်တဲ့နေရာကအစွန်းကျဥ်းဖြစ်တဲ့အပြင်ပေါက်ကွဲမှုရဲ့အရှိန်ကအရမ်းမပြင်းလို့လှုပ်ခတ်မှုကရှီရှန်းကဘာဒဏ်ရာမှမရလိုက်ဘူး

တံတိုင်းနားမှာရပ်နေတဲ့သက်တော်စောင့်တွေကပေါက်ကွဲသံကိုကြားလို့ အပေါ်ကိုမော့ကြည့်လိုက်တဲ့အခါမှာ အစွန်းနားမှာရပ်နေတဲ့ရှီရှန်းကိုတွေ့ကြရတယ်.

သူတို့တံတိုင်းကိုကျော်ပြီး ရှီရှန်းကိုဖမ်းဖို့ကြိုးစားကြ​ပေမယ့် ရှီရှန်းကတံတိုင်းပေါ်အမြန်ခုန်ဆင်းလိုက်ပြီး နောက်ထပ်လက်ပစ်ဗုံးတစ်ခုကိုဖောက်ခွဲ​ပေးလိုက်တယ်.

အ​စောင့်​တွေကို လက်ပစ်ဗုံးနဲ့အာရုံလွှဲပြီးတဲ့​နောက်မှာ ရှီရှန်းက သူတို့ကိုလှည့်စားပြီး ဗီလာထဲကထွက်​ပြေးလာခဲ့တယ်.

ရှီရှန်းဗီလာထဲကထွက်လာတာကိုမြင်တော့လက်ထောက်ကဒရိုင်ဘာကိုရှီရှန်းကိုသွားခေါ်ဖို့အမိန့်ပေးလိုက်တယ်
ရှီရှန်းကသူမရှေ့မှာရပ်နေတဲ့ကားကို ရင်းနှီသလိုဖြစ်နေတာ​ကြောင့်ကားတံခါးကိုဖွင့်ပြီး အထဲကိုစိုက်ကြည့်လိုက်တဲ့အခါမှာ အနည်းငယ်တုံ့ဆိုင်းသွားတယ်
.
အထဲမှာရှိတဲ့ဒရိုင်ဘာနဲ့လက်ထောက်ကိုသူမမှတ်မိတယ်

"မမလေးရွှီ"
လက်ထောက်ရဲ့မျက်နှာကအံသြမှု,ထိတ်လန့်မှု သံသယဖြစ်မှုတွေပြည့်​နေတယ်

~မမလေးရွှီကလက်ပစ်ဗုံးတွေသွား​လေရာသယ်သွားတာလား ဒါ.ဒါကအရမ်းကြောက်ဖို့ကောင်းတာပဲ....ငါ...ငါသခင်လေးချူးကိုမကောင်းဆိုးဝါးလို့ထပ်မခေါ်တော့ဘူး~

ရှီရှန်းကသူမကိုယ်ပေါ်ကဖုန်တွေကိုခါချလိုက်ပြီးသူ့ကိုတည်ငြိမ်စွာနဲ့ကြည့်လိုက်တယ်

"ရှင်အကုန်မြင်လိုက်တာလား"

လက်ထောက်ကခေါင်းကိုထပ်ခါထပ်ခါငြိမ့်ပြလိုက်တယ်

"ဒါဆိုငါမင်းကိုနှုတ်ပိတ်သင့်လား"

လက်ထောက်ကတံတွေးမြိုချမိလိုက်တယ်

~ဘာလို့မမလေးရွှီကသခင်လေးချူးနဲ့တူလာတယ်လို့ခံစားလာရတာပါလိမ့်
သခင်လေးကလည်းသူအပြစ်ကျူးလွန်​နေတုန်း သိသွားတဲ့လူ​တွေကိုတစ်ခါတည်းရှင်းပစ်​လေ့ရှိတယ်~

"ကျွန်တော်ဘာမှမမြင်လိုက်ပါဘူး"
လက်ထောက်ကသူ့စကားကိုချက်ချင်းပြောင်းလိုက်တယ်

လက်ထောက်ကရှီရှန်းဆီကလွတ်အောင် အဖြူရောင်ဗီလာဆီကို အမြန်ဆုံးကိုလိုက်ပို့ပေးလိုက်တယ်။ နောက်ဆုံးတော့သူအသက်ရှင်နေပါသေးတယ်လေ။

ရှီရှန်းကတံခါးဖွင့်လိုက်တဲ့အခါမှာ ဆိုဖာ​ပေါ်မှာမှီပြီး ခြေထောက်တွေကိုစားပွဲပေါ်တင်ထားတဲ့ ချူးထန်ကိုတွေ့လိုက်တယ်
.
တံခါးဖွင့်သံကြားတော့ချူးထန်ကသူ့ရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာမှာ ခပ်မိုက်မိုက်အပြုံးတစ်ခုကိုပန်ဆင်ပြီး ကိုယ်ကိုအနည်းငယ်လှည့်လိုက်ကြည့်တယ်.
သူ့ကြည့်ရတာနည်းနည်းပင်ပန်းနေပုံပေါက်တယ်

"မိန်းက​လေးရွှီကကိုယ့်ကိုတော်တော်အံ့သြစေတာဘဲ"

သူမသွားလေရာကိုလက်ပစ်ဗုံးတွေသယ်သွားမှတော့မအံသြဘဲဘယ်နေမလဲ။
ရှီရှန်းကချူးထန်ကိုမျက်နှာချင်းဆိုင်တွေ့ဖို့လျှောက်လာလိုက်တယ်

"သခင်လေးချူးကအံသြတယ်ပြော​တော့ကျွန်မအတွက်ဂုဏ်ယူစရာပါပဲ"

ချူးထန်ကသူကြည့်​နေတဲ့tabletကို ရှီရှန်းရှေ့ထားလိုက်ပြီး သူမကိုစက္ကန့်အနည်းငယ်လောက်စိတ်ဝင်တစားကြည့်လိုက်တယ်. tabletထဲမှာလက်ပစ်ဗုံးပေါက်ကွဲမှု​ကြောင့်ဖြစ်သွားတဲ့အပျက်အစီးပမာဏကို မှတ်တမ်းတင်ထားတယ်

လင်းဟောက်ကပေါက်ကွဲမှုဖြစ်ဖြစ်ချင်းသတိလစ်သွားလို့ချက်ချင်းကြီးကုသမှုခံယူနေရပြီး နန်ကုန်းကျင်းမျက်ရည်၀ဲ​နေတဲ့စုရီရီကိုကြင်နာစွာနှစ်သိမ့်ပေးနေတယ်.

ရှီရှန်းကအကြည့်တစ်ချက်ပဲပေးပြီး tablet ကိုပိတ်လိုက်တယ် .ချူးထန်ရဲ့အသံက မ​ကောင်းတာတစ်ခုခုဖြစ်တော့မဲ့သဲလွန်စကိုပေးနေပြီးပြတ်သားစွာမေးလိုက်တယ်

"မင်းကသူတို့ကိုလွှတ်ပေးလိုက်တော့မှာလား"

"ရှင့်ကိုသတ်ဖို့ကြိုးစားတဲ့သူဆိုရင်​ရောရှင်လွှတ်ပေးလိုက်လား"
ရှီရှန်းကအမေးကိုအမေးနဲ့ပြန်ဖြေလိုက်တယ်

ချူးထန်ကသူလိုချင်တဲ့အဖြေကိုရလိုက်လို့သူ့မျက်လုံးထဲကအမှောင်ကိုအပြုံးနဲ့အစားထိုးလိုက်တယ်

~ဒီနှာဘူးကောင်ကငါ့ကိုချက်ချင်းကြီးသတ်တော့မလိုပါလား.ငါအတွေးလွန်နေတယ်လို့မပြောနဲ့ငါ့စိတ်ကအလိုလိုသိတယ်~
သူမအတွေးထဲမှာတစ်ယောက်တည်းရေရွတ်နေတယ်

"ရှင်ကဘာလို့ဒီနေရာမှာရှိနေတာလဲ"
ရှီရှန်းကလက်ရှိအခြေအနေကိုမေးလိုက်တယ်

သူမကသူဒီမှာရှိနေတာတိုက်ဆိုင်မှုလို့ထင်ထားပေမယ့် သူ့ဆီမှာ သူမအဖမ်းခံထားရတဲ့ဗီလာရဲ့အ​သေးစိတ်အချက်အလက်​တွေပါရှိ​နေတော့ သူမဒါကိုတိုက်ဆိုင်မှုလို့ မမြင်တော့ဘူး

"သခင်​လေးချူးက ကျွန်မကိုသ​ဘောကျ​နေ​တာဆို​တော့ ကျွန်မနဲ့နန်ကုန်းကျင်းအတူရှိ​နေတာကိုမြင်ပြီး မနာလိုလို့ ​နောက်​ယောင်ခံလိုက်လာတာလား "
ရှီရှန်းက ခပ်ရွဲ့ရွဲ့​မေးလိုက်တယ်

~နင်ကငါ့ကိုခန့်မှန်းခိုင်းမှ​တော့ ငါလည်း နင်​သေချင်စိတ်​ပေါက်သွား​အောင် ခန့်မှန်း​ပေးလိုက်မယ်~

မျှော်လင့်ထားတဲ့အတိုင်းဘဲချူးထန်ရဲ့အပြုံးက​ပျောက်ကွယ်သွားခဲ့တယ်

"မမလေးရွှီစကားပုံတစ်ခုကိုကြားဖူးလား"

"ဘာစကားများပါလိမ့်လဲ"လို့ရှီရှန်းကမေးလိုက်တယ်

"အန္တရာယ်ဆိုတာပါးစပ်သရမ်းရာကနေဖြစ်​ပေါ်လာတယ်ဆိုတာလေ"

ချူးထန်ကသူ့ရဲ့လှပတဲ့မျက်ဝန်းတွေကိုမှေးပြီးပြုံးလိုက်တယ်.

ဒါပေမဲ့အဲဒီအပြုံးကလူတစ်ယောက်ကိုအသက်ရှုကျပ်​စေနိုင်လောက်အောင်အန္တရာယ်ကြီးတဲ့ဖိနှိပ်မှုတွေနဲ့ ပြည့်နေတယ်.

ရှီရှန်းကအကြည့်လွှဲလိုက်ပြီး သူမရဲ့ချွဲနွဲ့တတ်တဲ့ပုံစံကိုချက်ချင်းပြောင်းသွားတယ်

"ရှင်တစ်ခုခုကြားမိသေးလား.ကျွန်မဒီနေ့ဆေးသောက်ဖို့မေ့လာတယ် အဲ့တာကြောင့်စောစောက ကျွန်မ​လျှောက်​ပြောမိတာကို ဗွေမယူပါနဲ့"

"ဘယ်နေရာ နေမကောင်းဖြစ်နေတာပါလိမ့်"

ရှီရှန်းကရှက်နေတဲ့အသံလေးနဲ့ပြန်ဖြေတယ်

"ကျွန်မရနေတဲ့ရောဂါက သခင်လေးချူးကိုချစ်မိနေတဲ့ရောဂါ.သခင်လေးချူးကကျွန်မအတွက်ဆေးပါပဲ"

ချူးထန်"...."

အကယ်၍ချူးထန်ရဲ့အကြည့်တွေသာပုံမှန်ပြန်ဖြစ်သွားမယ်ဆိုရင် ရှီရှန်းသူ့ကိုမြူဆွယ်တာအောင်တယ်လို့ဆိုလို့ရမယ်

အခန်းရဲ့ထောင့်နားမှာပုန်းနေတဲ့လက်ထောက်နဲသက်တော်စောင့်တွေကထိတ်လန့်နေကြတယ်။

~မမလေးရွှီကသခင်လေးချူးကိုလက်လ
ဘယ်လိုတောင်လက်လွတ်စပယ်ပြောရဲတာပါလိမ့်~

~မမ​လေးရွှီကို ကမ္ဘာ​ပေါ်မှာ သတ္တိအရှိဆုံးဆု ​ပေးရလိမ့်မယ်  မဟုတ်ဘူး သခင်​လေးချူးကိုဒီလို​ပြောရဲတယ်ဆိုထဲက ဆု​ပေါင်း၃၆၅ ခု​ပေးရင်​တောင် မလုံ​လောက်ဘူး~

#Dora💜
#Anna💚
#Mia💙
18th Dec 2020

➡️Zawgyi
အဲ့ဒီလူကအျခားလူေတြရဲ႕ျမင္ကြင္းေ႐ွ႕မွာပိတ္ရပ္ေနတာေၾကာင့္႐ွီ႐ွန္းဘာကိုင္ထားတယ္ဆိုတာမျမင္ၾကရဘူး။
အနီးကပ္ေစာင့္ၾကည့္ကင္မရာကေနအခန္းထဲကိုၾကည့္ေနတဲ့ လက္ေထာက္ကသူမလက္ထဲမွာကိုင္ထားတဲ့လက္ပစ္ဗုံးကို႐ွင္း႐ွင္းလင္းလင္းႀကီး,ေတြ႕လိုက္တယ္။
.
အဲဒါကိုၾကည့္ရတာစစ္သားေတြ အသုံးျပဳတဲ့ဟာနဲ႔ ခပ္ဆင္ဆင္ပဲ.ဒါေပမဲ့အနည္းငယ္ကြဲျပားေနတယ္
႐ွီ႐ွန္းကိုႀကိဳးတုပ္ဖို႔လာတဲ့လူႀကီးက ~ေသာက္ခ်ီး..ဒီေကာင္မေလးကဒါကိုဘယ္ေနရာကေနရခဲ့တာဘာလိမ့္ ~လို႔တစ္ေယာက္တည္းေတြးေနတယ္

"မင္းခုခ်ိန္ထိဒီနားမွာဘာရပ္လုပ္ေနတာတုန္း.သူမကိုႀကိဳးတုပ္လိုက္စမ္း"
နန္ကုန္က်င္းကေဒါသပိုထြက္လာတယ္
.
ဟိုလူႀကီးကေခြၽးျပန္ေနၿပီးသူမလက္ထဲမွာကိုင္ထားတဲ့ဟာကိုျမင္ေအာင္ေဘးကိုဖယ္ေပးလိုက္တယ္

~အဲမွာေလဘယ္ကမွန္းမသိတဲ့လက္ပစ္ဗုံးႀကီး။ ငါကသူ႕ကိုသြားၿပီးႀကိဳးတုပ္ရဲမယ္လို႔မင္းထင္ေနတာလား~

နန္ကုန္က်င္းကခ်က္ခ်င္းသေဘာမေပါက္ေပမဲ့ လင္းေဟာက္ကေတာ့သေဘာေပါက္တယ္

အဲဒါေၾကာင့္သူ႕ပုံစံကေျပာင္းသြားၿပီးစုရီရီကိုအျပင္ဘက္ေခၚထုတ္လိုက္တယ္.

"႐ႊီခ်န္းယြဲ႕မင္း႐ူးေနပီလား"

႐ွီ႐ွန္းကေတာ့သူတို႔ကိုအထင္ေသးတဲ့ပုံစံနဲ႔ၾကည့္ၿပီးလက္ထဲကလက္ပစ္ဗုံးနဲ႔ကစားေနတယ္

"႐ွင့္ကိုယ္႐ွင္ျပန္ၾကည့္ပါဦး ေၾကာက္ေနလိုက္တာ။ ဒါကကစားစရာအ႐ုပ္ေလးပါဘဲကြၽန္မဒါကိုေစာေစာကမွ ဒီအခန္းထဲက႐ွာေတြ႕တာ"

လင္းေဟာက္ကသူမလက္ထဲမွာ႐ွိေနတဲ့လက္ပစ္ဗုံးကို စိုက္ၾကည့္လိုက္ေပမဲ့ အတုလားအစစ္လားခြဲမရဘူးျဖစ္ေနတယ္

အခ်ိန္ခနေလာက္စဥ္းစားၿပီးတဲ့ေနာက္မွာသူေတြးလိုက္တယ္
သူမကခ်မ္းသာတဲ့မိသားစုကမမေလးတစ္ေယာက္ပဲဟာကိုသူ႕မွာဘယ္လိုလုပ္လက္ပစ္ဗုံး႐ွိေနႏိုင္မွာလဲ

ၿပီးေတာ့သူမကိုဒီထဲမပို႔ခင္ကတည္းကစစ္ေဆးၿပီးသားေလ။သူမကိုယ္ထဲဖြက္ၿပီးယူလာဖို႔ဆိုတာလည္းမျဖစ္ႏိုင္ပါဘူး

ဒီဗီလာက သူ႕အေမရဲ႕အကိုပိုင္တာျဖစ္ၿပီး သူ႕မွာလည္းကေလးေတြ႐ွိေတာ့သူတို႔ေတြအားလပ္ရက္မွာေဆာ့ရင္းအ႐ုပ္ေလးတစ္႐ုပ္က်န္ခဲ့တာျဖစ္ႏိုင္တာပဲေလ

"႐ႊီခ်န္းယြဲ႕.....မင္းကေသခါနီးအခ်ိန္ေတာင္မွာငါ့ကိုေၾကာက္ေအာင္ေျခာက္ႏိုင္ေသးတယ္ေနာ္..သူမကိုႀကိဳးတုပ္လိုက္စမ္း.ငါသူ႕ကိုသင္ခန္းစာေကာင္းေကာင္းေပးရမယ္"

လင္းေဟာက္ကမ်က္ေမွာင္ၾကဳတ္ၿပီးအမိန္႔ေပးလိုက္တယ္

ၿပီးေတာ့စုရီရီဘက္ကိုေႏြးေထြးစြာလွည့္လိုက္ၿပီး

"ရီရီ..မင္းအရင္ျပန္ႏွင့္ပါလား"
လို႔ျငင္ျငင္သာသာ​ေျပာလိုက္တယ္

ေသြးထြက္သံယိုျဖစ္လာမဲ့ျမင္ကြင္းကိုသူမကိုမျမင္ေစခ်င္ဘူး

စုရီရီကသူမႏႈတ္ခမ္းကိုပင့္ၿပီးနန္ကုန္က်င္းရဲ႕အက်ီလက္ကိုဆြဲကာသနားစဖြယ္မ်က္ႏွာေလးနဲ႔ၾကည့္လိုက္တယ္

နန္ကုန္က်င္းကလည္းစုရီရီကိုေခၚထုတ္မသြားခင္႐ွီ႐ွန္းကိုလူမဆန္စြာၾကည့္လိုက္ေသးတယ္

ဇာတ္လိုက္မစုရီရီက​ေတာ့ထြက္မသြားခင္႐ွီ႐ွန္းကိုေအာင္ႏိုင္သူအျပဳံးနဲ႔ပ်က္ရယ္ျပဳခဲ့တယ္

"ဘာလဲဟာငါေနရခက္လာၿပီဒီလူႀကီးႏွစ္ေယာက္ကေတာ့ငါ့ကိုရတနာလို႔စိုက္ၾကည့္ေနေတာ့မွာလား"
႐ွီ႐ွန္းက ခပ္​ေျပာင္​ေျပာင္​ေျပာလိုက္တယ္

လူႀကီးတစ္ေယာက္ကသူမဆီေလွ်ာက္လာၿပီးလက္ထဲကလက္ပစ္ဗုံးကိုဆြဲယူလိုက္တယ္.အေလးခ်ိန္နဲ႔ခံစားမႈကအ႐ုပ္နဲ႔ကိုမတူဘဲတကယ့္အစစ္ပုံစံေပါက္ေနတယ္

သူကအဲဒါကိုခနေလာက္ဆစစ္​ေဆးေနတုန္း ႐ွီ႐ွန္းက သူအာ႐ုံ​ေျပာင္းသြားတာကို အခြင့္ေကာင္းယူၿပီးျပတင္းေပါက္ဆီကိုတစ္ဟုန္ထိုး ေျပးသြားလိုက္တယ္

သူမအခန္းထဲဝင္လာကတည္းကျပတင္းေပါက္ကိုကလန္႔ျဖဳတ္ထားၿပီးသားဆိုေတာ့ဖြင့္ဖို႔တြန္းလိုက္႐ုံဘဲ

"သနားစရာပဲ ငါဆီမွာအစကတည္းကနင္တို႔၃ေယာက္ဆီကထြက္​ေျပးဖို႔အၾကံ႐ွိထားၿပီးသား"

႐ွီ႐ွန္းကအစကတည္းကအခ်ိန္ကိုတြက္ထားၿပီးသားျဖစ္တဲ့အတြက္ သူမအတြက္အႏၲရာယ္မ႐ွိႏိုင္ဘူး

ဗီလာတစ္ခုလုံးကေပါက္ကြဲမႈေၾကာင့္တုန္လႈပ္သြားၿပီး ဒုတိယထပ္သိုေလွာင္ခန္းကမွန္ေတြလည္းကြဲကုန္တာ​ေၾကာင့္ အေဆာက္အဦးရဲ႕အပိုင္းအစေတြကေနရာအႏွံလြင့္စင္ကုန္တယ္

႐ွီ႐ွန္းခုန္ထြက္လိုက္တဲ့ေနရာကအစြန္းက်ဥ္းျဖစ္တဲ့အျပင္ေပါက္ကြဲမႈရဲ႕အ႐ွိန္ကအရမ္းမျပင္းလို႔လႈပ္ခတ္မႈက႐ွီ႐ွန္းကဘာဒဏ္ရာမွမရလိုက္ဘူး

တံတိုင္းနားမွာရပ္ေနတဲ့သက္ေတာ္ေစာင့္ေတြကေပါက္ကြဲသံကိုၾကားလို႔ အေပၚကိုေမာ့ၾကည့္လိုက္တဲ့အခါမွာ အစြန္းနားမွာရပ္ေနတဲ့႐ွီ႐ွန္းကိုေတြ႕ၾကရတယ္.

သူတို႔တံတိုင္းကိုေက်ာ္ၿပီး ႐ွီ႐ွန္းကိုဖမ္းဖို႔ႀကိဳးစားၾက​ေပမယ့္ ႐ွီ႐ွန္းကတံတိုင္းေပၚအျမန္ခုန္ဆင္းလိုက္ၿပီး ေနာက္ထပ္လက္ပစ္ဗုံးတစ္ခုကိုေဖာက္ခြဲ​ေပးလိုက္တယ္.

အ​ေစာင့္​ေတြကို လက္ပစ္ဗုံးနဲ႔အာ႐ုံလႊဲၿပီးတဲ့​ေနာက္မွာ ႐ွီ႐ွန္းက သူတို႔ကိုလွည့္စားၿပီး ဗီလာထဲကထြက္​ေျပးလာခဲ့တယ္.

႐ွီ႐ွန္းဗီလာထဲကထြက္လာတာကိုျမင္ေတာ့လက္ေထာက္ကဒ႐ိုင္ဘာကို႐ွီ႐ွန္းကိုသြားေခၚဖို႔အမိန္႔ေပးလိုက္တယ္
႐ွီ႐ွန္းကသူမေ႐ွ႕မွာရပ္ေနတဲ့ကားကို ရင္းႏွီသလိုျဖစ္ေနတာ​ေၾကာင့္ကားတံခါးကိုဖြင့္ၿပီး အထဲကိုစိုက္ၾကည့္လိုက္တဲ့အခါမွာ အနည္းငယ္တုံ႔ဆိုင္းသြားတယ္
.
အထဲမွာ႐ွိတဲ့ဒ႐ိုင္ဘာနဲ႔လက္ေထာက္ကိုသူမမွတ္မိတယ္

"မမေလး႐ႊီ"
လက္ေထာက္ရဲ႕မ်က္ႏွာကအံၾသမႈ,ထိတ္လန္႔မႈ သံသယျဖစ္မႈေတြျပည့္​ေနတယ္

~မမေလး႐ႊီကလက္ပစ္ဗုံးေတြသြား​ေလရာသယ္သြားတာလား ဒါ.ဒါကအရမ္းေၾကာက္ဖို႔ေကာင္းတာပဲ....ငါ...ငါသခင္ေလးခ်ဴးကိုမေကာင္းဆိုးဝါးလို႔ထပ္မေခၚေတာ့ဘူး~

႐ွီ႐ွန္းကသူမကိုယ္ေပၚကဖုန္ေတြကိုခါခ်လိုက္ၿပီးသူ႕ကိုတည္ၿငိမ္စြာနဲ႔ၾကည့္လိုက္တယ္

"႐ွင္အကုန္ျမင္လိုက္တာလား"

လက္ေထာက္ကေခါင္းကိုထပ္ခါထပ္ခါၿငိမ့္ျပလိုက္တယ္

"ဒါဆိုငါမင္းကိုႏႈတ္ပိတ္သင့္လား"

လက္ေထာက္ကတံေတြးၿမိဳခ်မိလိုက္တယ္

~ဘာလို႔မမေလး႐ႊီကသခင္ေလးခ်ဴးနဲ႔တူလာတယ္လို႔ခံစားလာရတာပါလိမ့္
သခင္ေလးကလည္းသူအျပစ္က်ဴးလြန္​ေနတုန္း သိသြားတဲ့လူ​ေတြကိုတစ္ခါတည္း႐ွင္းပစ္​ေလ့႐ွိတယ္~

"ကြၽန္ေတာ္ဘာမွမျမင္လိုက္ပါဘူး"
လက္ေထာက္ကသူ႕စကားကိုခ်က္ခ်င္းေျပာင္းလိုက္တယ္

လက္ေထာက္က႐ွီ႐ွန္းဆီကလြတ္ေအာင္ အျဖဴေရာင္ဗီလာဆီကို အျမန္ဆုံးကိုလိုက္ပို႔ေပးလိုက္တယ္။ ေနာက္ဆုံးေတာ့သူအသက္႐ွင္ေနပါေသးတယ္ေလ။

႐ွီ႐ွန္းကတံခါးဖြင့္လိုက္တဲ့အခါမွာ ဆိုဖာ​ေပၚမွာမွီၿပီး ေျခေထာက္ေတြကိုစားပြဲေပၚတင္ထားတဲ့ ခ်ဴးထန္ကိုေတြ႕လိုက္တယ္
.
တံခါးဖြင့္သံၾကားေတာ့ခ်ဴးထန္ကသူ႕ရဲ႕ဆြဲေဆာင္မႈ႐ွိတဲ့မ်က္ႏွာမွာ ခပ္မိုက္မိုက္အျပဳံးတစ္ခုကိုပန္ဆင္ၿပီး ကိုယ္ကိုအနည္းငယ္လွည့္လိုက္ၾကည့္တယ္.
သူ႕ၾကည့္ရတာနည္းနည္းပင္ပန္းေနပုံေပါက္တယ္

"မိန္းက​ေလး႐ႊီကကိုယ့္ကိုေတာ္ေတာ္အံ့ၾသေစတာဘဲ"

သူမသြားေလရာကိုလက္ပစ္ဗုံးေတြသယ္သြားမွေတာ့မအံၾသဘဲဘယ္ေနမလဲ။
႐ွီ႐ွန္းကခ်ဴးထန္ကိုမ်က္ႏွာခ်င္းဆိုင္ေတြ႕ဖို႔ေလွ်ာက္လာလိုက္တယ္

"သခင္ေလးခ်ဴးကအံၾသတယ္ေျပာ​ေတာ့ကြၽန္မအတြက္ဂုဏ္ယူစရာပါပဲ"

ခ်ဴးထန္ကသူၾကည့္​ေနတဲ့tabletကို ႐ွီ႐ွန္းေ႐ွ႕ထားလိုက္ၿပီး သူမကိုစကၠန္႔အနည္းငယ္ေလာက္စိတ္ဝင္တစားၾကည့္လိုက္တယ္. tabletထဲမွာလက္ပစ္ဗုံးေပါက္ကြဲမႈ​ေၾကာင့္ျဖစ္သြားတဲ့အပ်က္အစီးပမာဏကို မွတ္တမ္းတင္ထားတယ္

လင္းေဟာက္ကေပါက္ကြဲမႈျဖစ္ျဖစ္ခ်င္းသတိလစ္သြားလို႔ခ်က္ခ်င္းႀကီးကုသမႈခံယူေနရၿပီး နန္ကုန္းက်င္းမ်က္ရည္၀ဲ​ေနတဲ့စုရီရီကိုၾကင္နာစြာႏွစ္သိမ့္ေပးေနတယ္.

႐ွီ႐ွန္းကအၾကည့္တစ္ခ်က္ပဲေပးၿပီး tablet ကိုပိတ္လိုက္တယ္ .ခ်ဴးထန္ရဲ႕အသံက မ​ေကာင္းတာတစ္ခုခုျဖစ္ေတာ့မဲ့သဲလြန္စကိုေပးေနၿပီးျပတ္သားစြာေမးလိုက္တယ္

"မင္းကသူတို႔ကိုလႊတ္ေပးလိုက္ေတာ့မွာလား"

"႐ွင့္ကိုသတ္ဖို႔ႀကိဳးစားတဲ့သူဆိုရင္​ေရာ႐ွင္လႊတ္ေပးလိုက္လား"
႐ွီ႐ွန္းကအေမးကိုအေမးနဲ႔ျပန္ေျဖလိုက္တယ္

ခ်ဴးထန္ကသူလိုခ်င္တဲ့အေျဖကိုရလိုက္လို႔သူ႕မ်က္လုံးထဲကအေမွာင္ကိုအျပဳံးနဲ႔အစားထိုးလိုက္တယ္

~ဒီႏွာဘူးေကာင္ကငါ့ကိုခ်က္ခ်င္းႀကီးသတ္ေတာ့မလိုပါလား.ငါအေတြးလြန္ေနတယ္လို႔မေျပာနဲ႔ငါ့စိတ္ကအလိုလိုသိတယ္~
သူမအေတြးထဲမွာတစ္ေယာက္တည္းေရ႐ြတ္ေနတယ္

"႐ွင္ကဘာလို႔ဒီေနရာမွာ႐ွိေနတာလဲ"
႐ွီ႐ွန္းကလက္႐ွိအေျခအေနကိုေမးလိုက္တယ္

သူမကသူဒီမွာ႐ွိေနတာတိုက္ဆိုင္မႈလို႔ထင္ထားေပမယ့္ သူ႕ဆီမွာ သူမအဖမ္းခံထားရတဲ့ဗီလာရဲ႕အ​ေသးစိတ္အခ်က္အလက္​ေတြပါ႐ွိ​ေနေတာ့ သူမဒါကိုတိုက္ဆိုင္မႈလို႔ မျမင္ေတာ့ဘူး

"သခင္​ေလးခ်ဴးက ကြၽန္မကိုသ​ေဘာက်​ေန​တာဆို​ေတာ့ ကြၽန္မနဲ႔နန္ကုန္းက်င္းအတူ႐ွိ​ေနတာကိုျမင္ၿပီး မနာလိုလို႔ ​ေနာက္​ေယာင္ခံလိုက္လာတာလား "
႐ွီ႐ွန္းက ခပ္႐ြဲ႕႐ြဲ႕​ေမးလိုက္တယ္

~နင္ကငါ့ကိုခန္႔မွန္းခိုင္းမွ​ေတာ့ ငါလည္း နင္​ေသခ်င္စိတ္​ေပါက္သြား​ေအာင္ ခန္႔မွန္း​ေပးလိုက္မယ္~

ေမွ်ာ္လင့္ထားတဲ့အတိုင္းဘဲခ်ဴးထန္ရဲ႕အျပဳံးက​ေပ်ာက္ကြယ္သြားခဲ့တယ္

"မမေလး႐ႊီစကားပုံတစ္ခုကိုၾကားဖူးလား"

"ဘာစကားမ်ားပါလိမ့္လဲ"လို႔႐ွီ႐ွန္းကေမးလိုက္တယ္

"အႏၲရာယ္ဆိုတာပါးစပ္သရမ္းရာကေနျဖစ္​ေပၚလာတယ္ဆိုတာေလ"

ခ်ဴးထန္ကသူ႕ရဲ႕လွပတဲ့မ်က္ဝန္းေတြကိုေမွးၿပီးျပဳံးလိုက္တယ္.

ဒါေပမဲ့အဲဒီအျပဳံးကလူတစ္ေယာက္ကိုအသက္႐ႈက်ပ္​ေစႏိုင္ေလာက္ေအာင္အႏၲရာယ္ႀကီးတဲ့ဖိႏွိပ္မႈေတြနဲ႔ ျပည့္ေနတယ္.

႐ွီ႐ွန္းကအၾကည့္လႊဲလိုက္ၿပီး သူမရဲ႕ခြၽဲႏြဲ႕တတ္တဲ့ပုံစံကိုခ်က္ခ်င္းေျပာင္းသြားတယ္

"႐ွင္တစ္ခုခုၾကားမိေသးလား.ကြၽန္မဒီေန႔ေဆးေသာက္ဖို႔ေမ့လာတယ္ အဲ့တာေၾကာင့္ေစာေစာက ကြၽန္မ​ေလွ်ာက္​ေျပာမိတာကို ေဗြမယူပါနဲ႔"

"ဘယ္ေနရာ ေနမေကာင္းျဖစ္ေနတာပါလိမ့္"

႐ွီ႐ွန္းက႐ွက္ေနတဲ့အသံေလးနဲ႔ျပန္ေျဖတယ္

"ကြၽန္မရေနတဲ့ေရာဂါက သခင္ေလးခ်ဴးကိုခ်စ္မိေနတဲ့ေရာဂါ.သခင္ေလးခ်ဴးကကြၽန္မအတြက္ေဆးပါပဲ"4

ခ်ဴးထန္"...."

အကယ္၍ခ်ဴးထန္ရဲ႕အၾကည့္ေတြသာပုံမွန္ျပန္ျဖစ္သြားမယ္ဆိုရင္ ႐ွီ႐ွန္းသူ႕ကိုျမဴဆြယ္တာေအာင္တယ္လို႔ဆိုလို႔ရမယ္

အခန္းရဲ႕ေထာင့္နားမွာပုန္းေနတဲ့လက္ေထာက္နဲသက္ေတာ္ေစာင့္ေတြကထိတ္လန္႔ေနၾကတယ္။

~မမေလး႐ႊီကသခင္ေလးခ်ဴးကိုလက္လ
ဘယ္လိုေတာင္လက္လြတ္စပယ္ေျပာရဲတာပါလိမ့္~

~မမ​ေလး႐ႊီကို ကမ႓ာ​ေပၚမွာ သတၱိအ႐ွိဆုံးဆု ​ေပးရလိမ့္မယ္  မဟုတ္ဘူး သခင္​ေလးခ်ဴးကိုဒီလို​ေျပာရဲတယ္ဆိုထဲက ဆု​ေပါင္း၃၆၅ ခု​ေပးရင္​ေတာင္ မလုံ​ေလာက္ဘူး~

#Dora💜
#Anna💚
#Mia💙
18th Dec 2020
 


Pokračovat ve čtení

Mohlo by se ti líbit

380K 51K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
236K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
545K 63.8K 183
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...