ရှီရှန်း ႐ွီ႐ွန္း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 1.14

4.9K 576 5
By Hanpandora


➡️Unicode

နန်ကုန်ကျင်းကလျင်လျင်မြန်မြန်ရောက်လာခဲ့တယ်။.

လင်းဟောက်ကသူနဲ့စကားပြောတဲ့လူတွေအနားကထွက်လာခဲ့ပြီးနေရာအနှံ့စုရီရီကိုလိုက်ရှာနေတာနဲ့ပဲအလုပ်ရှုပ်နေတယ်။

လင်းဟောက်နဲ့နန်ကုန်ကျင်းကိုwaiterတစ်​ယောက်က စုရီရီ နားနေခန်းကိုလျှောက်သွားတာတွေ့လိုက်တယ်လို့ပြောလိုက်မှပဲ နှစ်ယောက်လုံးက နားနေခန်းကိုအလျင်အမြန်ပြေးသွားကြတယ်

ရှီရှန်းကလည်းအခွင်အ​ရေးကိုလက်လွှတ်မခံဘဲသူတို့နောက်ကနေလိုက်သွားလိုက်တယ် ရှောင်ဝေလည်း ခနလောက်တော့တုန်လှုပ်​သွား​ပေမယ့် စုရီရီကိုစိတ်ပူလာပြီးလိုက်ရှာခဲ့တယ်.

သူမသာစုရီရီရဲ့ဖုန်းနဲ့ နန်ကုန်းကျင်းဆီကိုစာမပို့ခဲ့ဘူးဆိုရင်ဒီကိစ္စမှာပါနေမှာမဟုတ်ဘူး။ ရှီရှန်းနဲ့​ရှောင်​ဝေတို့က နန်ကုန်းကျင်းတို့​နောက်ကိုလိုက်သွားပြီးတဲ့​နောက်မှာ ​စုရီရီကိုဆေးခတ်ခိုင်းတဲ့မိန်းက​လေးက မူးလဲဟန်​ဆောင်လိုက်တာ​ကြောင့် လူ​တွေကသူမကို နား​နေခန်းထဲကို တွဲပို့ဖို့ ပြင်ဆင်လိုက်ကြတယ် ဒီမှာကနားနေခန်းတွေအများကြီးရှိတယ်

လူတိုင်းကပင်ပန်းလာပြီဆိုရင် ကြိုက်တဲ့နားနေခန်းကိုသွားပြီးအနားယူနိုင်တယ်

နန်ကုန်ကျင်းက စုရီရီက နားနေခန်းတစ်ခုမှာဆိုတဲ့စာတစ်စောင်သာရခဲ့ပြီး ဘယ်အခန်းလဲဆိုတာတိတိကျကျဖော်မပြထားလို့ တစ်ခန်းပြီးတစ်ခန်းဝင်စစ်ဆေးနေရုံဘဲရှိတယ်

နန်ကုန်ကျင်းနဲ့လင်းဟောက်ရဲ့ပြာယာခတ်​နေတဲ့ပုံစံကို နားနေခန်းတိုင်းကလူတွေကအာရုံစိုက်မိလာကြတယ်

စုရီရီက နောက်ဆုံးနားနေခန်းကိုရည်ရွယ်ချက်ရှိရှိခေါ်သွားခံရတာဖြစ်လို့ အခြားနားနေခန်းမှာရှိတဲ့သူတွေကလည်းဘာဖြစ်နေတာလဲဆိုတာ ကြည့်ဖို့ထွက်လာကြတယ်

နောက်ဆုံးအခန်းရဲ့တံခါးနားရောက်တဲ့အခါမှာတော့ အခန်းထဲကနေ ညည်းညူနေတဲ့အသံထွက်လာခဲ့တယ်

နန်ကုန်ကျင်းကတံခါးနားမှာခနလောက်ကြောင်သွားပြီး အထဲကမြင်ကွင်းကို စိုက်ကြည့်လိုက်တဲ့အခါမှာ​တော့ထိတ်လန့်သွားခဲ့ရတယ်

စုရီရီကယောကျာ်းတစ်ယောက်ရဲ့ခန္ဓာကိုယ်အောက်မှာရောက်နေပီးသူမမျက်နှာကအနီရောင်သန်းနေတယ်.သူမရဲ့အကြည့်တွေကလည်းအာရုံစိုက်နိုင်မှုမရှိတော့ဘဲ အဲ့ဒီယောကျ်ားလေးရဲ့လက်မောင်းကိုသာဆုပ်ကိုင်ထားပြီးညည်းညူနေတဲ့အသံသာထွက်လာခဲ့တယ်

သူတို့ရဲ့အခန်းတံခါးကပွင့်သွားတာတောင် မသိဘဲ အဲ့ဒီကိစ္စကိုဆက်လုပ်နေခဲ့ကြတယ်

လင်းဟောက်ကလည်း အဲ့အသံတွေကိုကြားတဲ့အခါမှာ​တော့ရောက်နေတဲ့အခန်းကနေပြေးထွက်လာပြီး အခန်းမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာအရမ်းကိုဒေါသထွက်သွား​ပြီး နန်ကုန်ကျင်းကိုတွန်းဖယ်ကာအထဲကလူကို ဆွဲထိုးလိုက်တယ်

"ရီရီ...."

လင်းဟောက်ကစိုးရိမ်တဲ့အသံနဲ့ခေါ်လိုက်ပြီးစုရီရီကိုဖက်ထားလိုက်တယ် ကြမ်းပြင်မှာပြန့်ကျဲနေတဲ့အဝတ်အချို့ကိုကောက်ယူပြီးသူမကိုယ်ကိုဖုံးထား​ပေးလိုက်တယ်.

ဆေးရဲ့အရှိန်ကတော်တော်ပြင်းတာ​ကြောင့်ကြားလူဝင်တားတာခံရတော့ စုရီရီကသူမကိုယ်ကိုမသက်မသာလှိမ့်လိုက်ပြီးသူမအရှေ့ကသူကိုသတိပြုမိခဲ့တယ်

"စီနီယာ....ကျွန်မနေလို့မကောင်းဘူး..ကျေးဇူးပြုပြီးပေးပါ....,ရီရီလိုချင်တယ်"

နန်ကုန်ကျင်းကစုရီရီရေရွတ်နေတာကြား​တော့မှ သတိပြန်ဝင်လာခဲ့ပြီးအခန်းထဲကိုဝင်လာကာတံခါးကိုဆောင့်ပိတ်လိုက်တယ် တံခါးပိတ်လိုက်တဲ့အသံက အခန်းအပြင်ဘက် ဟိန်းထွက်လာတယ်

.အဲ့ဒီအသံက တော်တော်အားသုံးပြီးဆောင့်ပိတ်ထားမှန်းသိသာတယ်

~ဒီနှစ်ယောက်ကတော့ စုရီရီကိုသုံးယောက်ပေါင်းလုပ်ဖို့ ကြံစည်နေတာမဟုတ်လောက်ပါဘူးနော်...~

ရှီရှန်းက နံရံကိုမှီပြီးတွေးနေခဲ့တယ်

ရှောင်ဝေကလည်း နန်ကုန်ကျင်းကအခန်းထဲကိုဝင်သွားပြီးတံခါးကိုဆောင့်ပိတ်လိုက်တာကိုမြင်လိုက်တဲ့အခါမှာတော့ ရုတ်တရက်စိတ်ပျက်သွားခဲ့ရတယ်.

တစ်ခါတစ်ရံလူတစ်ယောက်ကိုနှစ်သက်သ​ဘောကျမိဖို့ဆိုတာလွယ်ကူပေမဲ့စိတ်ပျက်သွားဖို့ဆိုတာလည်းခနဘဲကြာတယ်

သူမရှီရှန်းကိုနောက်ပြန်လှည့်ကြည်လိုက်တဲ့အခါ အခန်းတံခါးကိုဖောက်ပြီး အခန်းထဲကိုမြင်နေရသလိုစိတ်ဝင်စားစွာစိုက်ကြည့်နေတဲ့မျက်လုံးတွေကိုတွေ့လိုက်တယ်

.....

"အထဲမှာရှိနေတာဘယ်သူလဲ"

"အဲ့ဒီလူက သခင်လေးနန်ကုန်းနဲ့မတူဘူးလား"

"နင်ဘာကိုဆိုလိုတာလဲ,..သခင်လေးကျင်း​​ရော စီနီယာလင်းဟောက်​ရောနှစ်ယောက်လုံးအထဲကိုဝင်သွားတာပဲ​လေ.အထဲမှာရှိနေတဲ့မိန်းကလေးကဘယ်သူမို့လို့လဲ"

"မမလေးရွှီ​နဲ့ နတ်ဘုရားမလေးရှောင်​ဝေကရော ဒီမှာအတူတူရပ်ကြည့်နေကြတယ်..ဘုရားသခင်!!!!ဒီနေ့ဘာတွေဖြစ်နေတာလဲ"

~ဒီကိစ္စကတွေးလေလေ စိတ်ရှုပ်​ဖို့ကောင်း‌လေ​လေပဲ ~

ပါတီမှာရှိနေတဲ့ကျောင်းသားတွေကလည်း အထဲမှာရှိနေတဲ့မိန်းကလေးကိုတွေ့ချင်ကြတာကြောင့် ထွက်မသွားကြဘဲအပြင်မှာစောင့်နေခဲ့ကြတယ်

ဒီသတင်းကိုကြားတဲ့သူအချို့လည်းအခန်း​ရှေ့မှာလာ​စောင့်ကြည့်ကြတယ်.ကံကောင်းစွာနဲ့ပဲ အချိန်ခနအကြာမှာ​တော့တံခါးကပွင့်လာပြီးအဝတ်ဝတ်ထားတဲ့စုရီရီကို နန်ကုန်းကျင်းက​ပွေ့ချီပြီးထွက်လာတယ် .

သူမရဲ့မျက်နှာကိုဖုံးထားတဲ့အတွက်စုရီရီကိုမသိတဲ့သူ​တွေက သူမဘယ်သူလဲဆိုတာမသိကြဘူး

လင်းဟောက်ကခနအကြာမှာမူးနေတဲ့အထဲက​ယောကျ်ားကိုကိုဆွဲပီးထွက်လာခဲ့တယ်

အဲ့လူက ပုံမှန်ဘောင်းဘီအတိုကိုသာဝတ်ထားပြီးသူရဲ့မျက်နှာက မှုခင်းတစ်ခုခုဖြစ်ထားသလိုမျိုး သွေးတွေထွက်နေတယ်

နန်ကုန်ကျင်းရဲ့အကြည့်တွေက ရွှီချန်းယွဲ့ဆီရောက်သွားတယ်.သူရဲ့မျက်လုံး​တွေကနီရဲနေပီး သူ့ရဲ့ခန့်ညားတဲ့မျက်နှာကလည်းဒေါသတွေနဲ့ပြည့်နေတယ်

  "ရွှီချန်းယွဲ့.....ငါမင်းကိုဒီကိစ္စအတွက်လုံးဝခွင့်မလွှတ်ဘူး"

လင်းဟောက်ရဲ့မျက်လုံးတွေကလည်း အေးစက်နေပီးကြည့်မိတဲ့သူတိုင်းကိုကြောက်ရွံ့တုန်လှုပ်စေတယ်

"ဒီနှစ်ယောက်ကကြောက်ဖို့ကောင်း​လိုက်တာ"

လူတွေက နောက်ကိုဆုတ်သွားကြတဲ့အတွက် သူတို့ကြားမှာမလှုပ်မယှက်ပဲ ရပ်နေကြတဲ့ ရှောင်​ဝေ နဲ့ရှီရှန်းတို့နှစ်ယောက်က လူအုပ်ကြားမှာ ထင်ထင်ရှားရှားကြီးဖြစ်​နေတယ်

ရှောင်ဝေက ကိစ္စ​တွေကိုပြန်မေးချင်ပေမဲ့.နန်ကုန်ကျင်းရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါမှာ​တော့ ဘာကိုမှမေးချင်စိတ်မရှိတော့ဘူး

ရှီရှန်းကသူမကိုယ်ကိုမတ်လိုက်ပြီး နန်ကုန်းကျင်းဆီခြေလှမ်းအနည်းငယ်လှမ်းလိုက်တယ်

"နန်ကုန်ကျင်း....ရှင်ကကျွန်မကိုဒီကိစ္စနဲ့ပတ်သက်ပြီးအပြစ်တင်ချင်နေတာလား"

"ဒီကိစ္စမှာရှင်​ရောမပါဘူးလို့ အာမခံနိုင်လို့လား"

စုရီရီကိုသာသူပွေ့မထားရင် သူမကိုသတ်မိသွားလိမ့်မယ်. သူမဘာလို့ဒီလောက်တောင်ရဲတင်းလာပါလိမ့်

"သူမလိုအ​ရေးမပါတဲ့လူတစ်​ယောက်အတွက်ငါ့အနာဂတ်ကိုငါကဘာလို့ဖျက်ဆီးရမှာလဲ" ရှီရှန်းက​ပြောလိုက်တယ်

"သူမ နဲ့အခန့်မသင့်တာဆိုလို့မင်းပဲရှိတာ။မင်းကလွဲပီးတခြားဘယ်သူဖြစ်နိုင်မှာလဲ"

သူကသူမအပေါ်အရမ်းကိုအထင်ကြီးလွန်းနေတာပဲ. ဒီလိုဦး​နှောက်မရှိတဲ့ဇာတ်လိုက်​တွေ​ကြောင့် သူမကိုအသက်ရှင်လျက်နဲ့ငရဲကျသလိုခံစားရ​စေတယ်

"သခင်လေးနန်ကုန်းရဲ့စကားကဘာအဓိပ္ပါယ်လဲ.အနောက်မှာရပ်နေတာက မမလေးရွှီဆိုရင် သူပွေ့ထားတာဘယ်သူလဲ ငါမမြင်ရဘူး"

"ဒီဝတ်စုံကိုကြည့်ရတာ......ကြည့်ရတာ... စုရီရီဟာပဲ , စုရီရီကဒီ​နေ့ဒီဝတ်စုံကိုဝတ်ထားတာ" လို့လူအုပ်ထဲကအသံထွက်လာတဲ့အခါအုတ်အုတ်ကျက်ကျက်ဖြစ်လာတော့တယ်

"စုရီရီလား...မဖြစ်နိုင်ပါဘူး"

"မမလေးရွှီရယ်,သခင်လေးနန်ကုန်းရယ်,စုရီရီရယ် သခင်လေးလင်းရယ်...သူတို့၄​ယောက်ရဲ့ဆက်ဆံရေးကဘာတွေလဲ"

"တော်တော်ကိုရှုပ်ထွေးတာဘဲ,မမလေးရွှီနောက်မှာနတ်ဘုရားမလေး ရှောင်ဝေလည်း မတ်တပ်ရပ်နေ​သေးတယ်"

ရှောင်ဝေကနန်ကုန်းကျင်းကိုကြိုက်တာလူတိုင်းသိကြတယ်.ဒါ​ပေမယ့်အခုတော့သူမက သခင်လေးကျင်းရဲ့ရည်းစားဟောင်းအနောက်မှာရပ်နေတယ်။

သူတို့နှစ်ယောက်ဘာတွေ ပေါင်းကြံနေကြတာလဲ။

နန်ကုန်ကျင်းရဲ့စူးရှတဲ့အကြည့်တချက်က လူအုပ်ဆီကိုပြောင်းသွားတယ်

"ဒီနေ့ဒီနေရာမှာဘာဖြစ်ခဲ့တာဆိုတာ အပြင်ကိုပြောရဲတဲ့ဘယ်သူမဆို ငါ့ကိုကရုဏာမရှိဘူးဆိုပြီးအပြစ်မတင်နဲ့"

လူတိုင်းကနှုတ်ပိတ်သွားကြတယ်။နန်ကုန်ကျင်းရဲ့နောက်ခံအသိုင်းအဝိုင်းကိုယှဥ်နိုင်တာလို့ ရှောင်မိသားစုနဲ့လင်းမိသားစုဘဲရှိတယ်

"ရွှီချန်ယွဲ့.....ငါတို့မပီးသေးဘူး"

စုရီရီကိုစိတ်ပူတာကြောင့်နန်ကုန်ကျင်းကအကြာကြီးမနေရဲဘူး အကယ်လို့သူလက်စားပြန်ချေမယ်ဆိုရင်ဘယ်အချိန်ဖြစ်ဖြစ်ချေလို့ရတယ်

လင်းဟောက်ကလည်းဟိုလူကိုဆွဲပီးနန်ကုန်ကျင်း​နောက်ကိုလိုက်မသွားခင် ရှီရှန်းကို သတိပေးတဲ့အကြည့်တစ်ချက်ပေးခဲ့တယ်

ရှီရှန်းကတော့လက်ခလယ်ထောင်ပြပြီးသာဆဲလိုက်​တော့တယ်

"စောက်ရူး"

ရှောင်ဝေလည်းချွေးပြန်နေပြီ

~ဒီအချစ်ဇာတ်လမ်းနဲ့ပတ်သက်ပြီးတစ်ခုခုတော့လွဲနေသလိုပဲ~

သူမလိုဘဲအခြားသူတွေလဲတွေးနေကြတယ်

ရှီရှန်းလည်းရှောင်ဝေကိုထားခဲ့ပြီးအဆောင်ကိုတစ်​ယောက်တည်းပြန်လာခဲ့တယ်။

ရှနဥ်နဲ့အားနန်တို့ကတော့ဟိုအ​နောက်ဘက်ခန်းမမှာကျင်းပတဲ့ပါတီက​နေပြန်မရောက်ကြသေးဘူး

ရှီရှန်းကအိပ်ရာမဝင်ခင်ရေချိုးလိုက်သေးတယ်.တစ်ချို့သောသူတွေကတော့ဒီည​ကောင်း​ကောင်းအိပ်​ပျော်ကြမယ်မထင်ဘူးဆိုတဲ့အကြောင်းကိုတွေးပြီး ပျော်ပျော်ရွှင်ရွှင်ပဲအိပ်ပျော်သွားခဲ့တယ်

.

လင်းဟောက်ရဲ့စံအိမ်တော်မှာ​တော့ ရေချိုးခန်းထဲကရေစီးသံတွေဟာ ဒေါသတွေနဲ့ပင့်ရှိုက်သံတွေရောနှောနေတယ်

လင်းဟောက်ကနန်ကုန်းကျင်းကိုကြည့်လိုက်တဲ့အခါမှာသူတို့နှစ်ယောက်လုံးရဲ့မျက်လုံး​တွေနီရဲနေပြီးဒေါသထွက်ချင်တာတောင်မထွက်ရက်တာကြောင့် သူတို့ရဲ့​​ဒေါသကိုနှလုံးသားထဲမှာဘဲ,သိမ်းထားပြီးအခုဖြစ်​နေတဲ့ပုံစံအမှန်ကိုဖုံးကွယ်ခဲ့ကြတယ်

သူတို့နှစ်ယောက်လုံးရဲ့ပုံစံကပုံမှန်ဖြစ်မနေပဲအလင်းရောင်ဖောက်နိုင်တဲ့တံခါးကိုသာစိုးရိမ်ကြီးစွာကြည့်နေကြတယ်

လင်းဟောက်ကဘာလုပ်ရမှန်းမသိတာ​ကြောင့်.သူ့လက်ကတံခါးကိုသာအဆက်မပြတ်ခေါက်နေခဲ့တယ်.

ဒါ​ပေမယ့်သူဘယ်လောက်ဘဲခေါက်ခေါက်

စုရီရီကတံခါးကိုမဖွင့်ပေးခဲ့ဘူး

"ရွှီချန်ယွဲ!!!!!!"

နန်ကုန်ကျင်းကအံကိုတင်းတင်းကြိတ်ပြီး နံရံကိုလက်သီးနဲ့​ဒေါသတကြီးထိုးလိုက်တာ​ကြောင့် ​သွေး​တွေက အဖြူ​ရောင်နံရံမှာ ​ပေပွသွားတယ်

လင်းဟောက်ကစုရီရီကိုမချော့ခင်သူ့​ဒေါသကို​ဖြေ​ဖျောက်ရန်အတွက် ဟိုလူကိုထိုးဖို့ထွက်သွားခဲ့တယ်

စုရီရီကရေချိုးခန်းအခန်းတံခါးနားမှာမတ်တပ်ရပ်နေတယ် လင်း​ဟောက်ကအတော်ကိုကြိုးစားချော့မော့ပြီးတဲ့နောက်မှာ စုရီရီကိုအခန်းအပြင်ထွက်လာဖို့စည်းရုံးနိုင်ခဲ့တယ်

သူမရဲ့မျက်နှာကိုစိုရွှဲနေတဲ့ဆံပင်ကဖုံးအုပ်ထားပြီး မျက်လုံးတွေကငိုထားတာကြောင့်အတော်ကိုနီရဲနေတယ်

သူမရဲ့ပုံစံကလည်းသနားစဖွယ်လေးဖြစ်နေတယ်။

နန်ကုန်ကျင်းကစုရီရီကို​ပွေ့ချီဖို့လာခဲ့ပေမဲ့သူရုတ်တရပ်တုံ့ဆိုင်းသွားခဲ့တယ်

နားနေခန်းမှာတုန်းက တစ်ခြား​ယောက်ျား​အောက်မှာညည်းညူနေတဲ့ သူမရဲ့အသံကိုသာပြန်ကြားနေမိတယ်။ အဲ့ဒီ​ယောက်ျား​နေရာမှာလင်းဟောက်သာဆိုရင်​ရော လို့​တွေးမိလာတယ်

.အဲဒါကြောင့်သူရဲ့နားထဲမှာ ရှီရှန်းပြောသွားတဲ့ "နင့်ရဲ့ကြာပန်းဖြူမလေး ခြံခုန်မသွားဖို့သာထိန်းသိမ်းထားစမ်းပါ "ဆိုတဲ့စကားကိုထပ်ခါထပ်ခါကြားယောင်လာခဲ့တယ်

သူပုံမှန်အားဖြင့်အသေးစိတ်သတိမပြုမိတဲ့ကိစ္စတွေကအခုတော့ပေါ်ထွက်လာပြီး စုရီရီနဲ့လင်းဟောက်ရဲ့ဆက်ဆံရေးကိုဒွိဟဖြစ်လာစေတယ်

နန်ကုန်ကျင်းတုံ့ဆိုင်းနေတာကိုစုရီရီမြင်တော့ ၀မ်းနည်းပမ်းနည်းစငိုတော့တယ်

သူမရဲ့နှလုံးသားက နာကြည်းမုန်းတီးမှုတွေ

၀မ်းနည်းထိတ်လန့်မှုတွေနဲ့ပြည့်နေခဲ့တယ်

လင်းဟောက်ကစုရီရီကိုပွေ့ပြီး အိပ်ရာဆီမခေါ်သွားခင်မှာ နန်ကုန်ကျင်းကိုအေးစက်စွာကြည့်လိုက်တယ်။ .

#Dora💜

#Anna💚

#Mia💙

17th Dec 2020

➡️Zawgyi

နန္ကုန္က်င္းကလ်င္လ်င္ျမန္ျမန္ေရာက္လာခဲ့တယ္။.

လင္းေဟာက္ကသူနဲ႔စကားေျပာတဲ့လူေတြအနားကထြက္လာခဲ့ၿပီးေနရာအႏွံ႔စုရီရီကိုလိုက္႐ွာေနတာနဲ႔ပဲအလုပ္႐ႈပ္ေနတယ္။

လင္းေဟာက္နဲ႔နန္ကုန္က်င္းကိုwaiterတစ္​ေယာက္က စုရီရီ နားေနခန္းကိုေလွ်ာက္သြားတာေတြ႕လိုက္တယ္လို႔ေျပာလိုက္မွပဲ ႏွစ္ေယာက္လုံးက နားေနခန္းကိုအလ်င္အျမန္ေျပးသြားၾကတယ္

႐ွီ႐ွန္းကလည္းအခြင္အ​ေရးကိုလက္လႊတ္မခံဘဲသူတို႔ေနာက္ကေနလိုက္သြားလိုက္တယ္ ေ႐ွာင္ေဝလည္း ခနေလာက္ေတာ့တုန္လႈပ္​သြား​ေပမယ့္ စုရီရီကိုစိတ္ပူလာၿပီးလိုက္႐ွာခဲ့တယ္.

သူမသာစုရီရီရဲ႕ဖုန္းနဲ႔ နန္ကုန္းက်င္းဆီကိုစာမပို႔ခဲ့ဘူးဆိုရင္ဒီကိစၥမွာပါေနမွာမဟုတ္ဘူး။ ႐ွီ႐ွန္းနဲ႔​ေ႐ွာင္​ေဝတို႔က နန္ကုန္းက်င္းတို႔​ေနာက္ကိုလိုက္သြားၿပီးတဲ့​ေနာက္မွာ ​စုရီရီကိုေဆးခတ္ခိုင္းတဲ့မိန္းက​ေလးက မူးလဲဟန္​ေဆာင္လိုက္တာ​ေၾကာင့္ လူ​ေတြကသူမကို နား​ေနခန္းထဲကို တြဲပို႔ဖို႔ ျပင္ဆင္လိုက္ၾကတယ္ ဒီမွာကနားေနခန္းေတြအမ်ားႀကီး႐ွိတယ္

လူတိုင္းကပင္ပန္းလာၿပီဆိုရင္ ႀကိဳက္တဲ့နားေနခန္းကိုသြားၿပီးအနားယူႏိုင္တယ္

နန္ကုန္က်င္းက စုရီရီက နားေနခန္းတစ္ခုမွာဆိုတဲ့စာတစ္ေစာင္သာရခဲ့ၿပီး ဘယ္အခန္းလဲဆိုတာတိတိက်က်ေဖာ္မျပထားလို႔ တစ္ခန္းၿပီးတစ္ခန္းဝင္စစ္ေဆးေန႐ုံဘဲ႐ွိတယ္

နန္ကုန္က်င္းနဲ႔လင္းေဟာက္ရဲ႕ျပာယာခတ္​ေနတဲ့ပုံစံကို နားေနခန္းတိုင္းကလူေတြကအာ႐ုံစိုက္မိလာၾကတယ္

စုရီရီက ေနာက္ဆုံးနားေနခန္းကိုရည္႐ြယ္ခ်က္႐ွိ႐ွိေခၚသြားခံရတာျဖစ္လို႔ အျခားနားေနခန္းမွာ႐ွိတဲ့သူေတြကလည္းဘာျဖစ္ေနတာလဲဆိုတာ ၾကည့္ဖို႔ထြက္လာၾကတယ္

ေနာက္ဆုံးအခန္းရဲ႕တံခါးနားေရာက္တဲ့အခါမွာေတာ့ အခန္းထဲကေန ညည္းညဴေနတဲ့အသံထြက္လာခဲ့တယ္

နန္ကုန္က်င္းကတံခါးနားမွာခနေလာက္ေၾကာင္သြားၿပီး အထဲကျမင္ကြင္းကို စိုက္ၾကည့္လိုက္တဲ့အခါမွာ​ေတာ့ထိတ္လန္႔သြားခဲ့ရတယ္

စုရီရီကေယာက်ာ္းတစ္ေယာက္ရဲ႕ခႏၶာကိုယ္ေအာက္မွာေရာက္ေနပီးသူမမ်က္ႏွာကအနီေရာင္သန္းေနတယ္.သူမရဲ႕အၾကည့္ေတြကလည္းအာ႐ုံစိုက္ႏိုင္မႈမ႐ွိေတာ့ဘဲ အဲ့ဒီေယာက်္ားေလးရဲ႕လက္ေမာင္းကိုသာဆုပ္ကိုင္ထားၿပီးညည္းညဴေနတဲ့အသံသာထြက္လာခဲ့တယ္

သူတို႔ရဲ႕အခန္းတံခါးကပြင့္သြားတာေတာင္ မသိဘဲ အဲ့ဒီကိစၥကိုဆက္လုပ္ေနခဲ့ၾကတယ္

လင္းေဟာက္ကလည္း အဲ့အသံေတြကိုၾကားတဲ့အခါမွာ​ေတာ့ေရာက္ေနတဲ့အခန္းကေနေျပးထြက္လာၿပီး အခန္းျမင္ကြင္းကိုျမင္လိုက္ရတဲ့အခ်ိန္မွာအရမ္းကိုေဒါသထြက္သြား​ၿပီး နန္ကုန္က်င္းကိုတြန္းဖယ္ကာအထဲကလူကို ဆြဲထိုးလိုက္တယ္

"ရီရီ...."

လင္းေဟာက္ကစိုးရိမ္တဲ့အသံနဲ႔ေခၚလိုက္ၿပီးစုရီရီကိုဖက္ထားလိုက္တယ္ ၾကမ္းျပင္မွာျပန္႔က်ဲေနတဲ့အဝတ္အခ်ိဳ႕ကိုေကာက္ယူၿပီးသူမကိုယ္ကိုဖုံးထား​ေပးလိုက္တယ္.

ေဆးရဲ႕အ႐ွိန္ကေတာ္ေတာ္ျပင္းတာ​ေၾကာင့္ၾကားလူဝင္တားတာခံရေတာ့ စုရီရီကသူမကိုယ္ကိုမသက္မသာလွိမ့္လိုက္ၿပီးသူမအေ႐ွ႕ကသူကိုသတိျပဳမိခဲ့တယ္

"စီနီယာ....ကြၽန္မေနလို႔မေကာင္းဘူး..ေက်းဇူးျပဳၿပီးေပးပါ....,ရီရီလိုခ်င္တယ္"

နန္ကုန္က်င္းကစုရီရီေရ႐ြတ္ေနတာၾကား​ေတာ့မွ သတိျပန္ဝင္လာခဲ့ၿပီးအခန္းထဲကိုဝင္လာကာတံခါးကိုေဆာင့္ပိတ္လိုက္တယ္ တံခါးပိတ္လိုက္တဲ့အသံက အခန္းအျပင္ဘက္ ဟိန္းထြက္လာတယ္

.အဲ့ဒီအသံက ေတာ္ေတာ္အားသုံးၿပီးေဆာင့္ပိတ္ထားမွန္းသိသာတယ္

~ဒီႏွစ္ေယာက္ကေတာ့ စုရီရီကိုသုံးေယာက္ေပါင္းလုပ္ဖို႔ ၾကံစည္ေနတာမဟုတ္ေလာက္ပါဘူးေနာ္...~

႐ွီ႐ွန္းက နံရံကိုမွီၿပီးေတြးေနခဲ့တယ္

ေ႐ွာင္ေဝကလည္း နန္ကုန္က်င္းကအခန္းထဲကိုဝင္သြားၿပီးတံခါးကိုေဆာင့္ပိတ္လိုက္တာကိုျမင္လိုက္တဲ့အခါမွာေတာ့ ႐ုတ္တရက္စိတ္ပ်က္သြားခဲ့ရတယ္.

တစ္ခါတစ္ရံလူတစ္ေယာက္ကိုႏွစ္သက္သ​ေဘာက်မိဖို႔ဆိုတာလြယ္ကူေပမဲ့စိတ္ပ်က္သြားဖို႔ဆိုတာလည္းခနဘဲၾကာတယ္

သူမ႐ွီ႐ွန္းကိုေနာက္ျပန္လွည့္ၾကည္လိုက္တဲ့အခါ အခန္းတံခါးကိုေဖာက္ၿပီး အခန္းထဲကိုျမင္ေနရသလိုစိတ္ဝင္စားစြာစိုက္ၾကည့္ေနတဲ့မ်က္လုံးေတြကိုေတြ႕လိုက္တယ္

.....

"အထဲမွာ႐ွိေနတာဘယ္သူလဲ"

"အဲ့ဒီလူက သခင္ေလးနန္ကုန္းနဲ႔မတူဘူးလား"

"နင္ဘာကိုဆိုလိုတာလဲ,..သခင္ေလးက်င္း​​ေရာ စီနီယာလင္းေဟာက္​ေရာႏွစ္ေယာက္လုံးအထဲကိုဝင္သြားတာပဲ​ေလ.အထဲမွာ႐ွိေနတဲ့မိန္းကေလးကဘယ္သူမို႔လို႔လဲ"

"မမေလး႐ႊီ​နဲ႔ နတ္ဘုရားမေလးေ႐ွာင္​ေဝကေရာ ဒီမွာအတူတူရပ္ၾကည့္ေနၾကတယ္..ဘုရားသခင္!!!!ဒီေန႔ဘာေတြျဖစ္ေနတာလဲ"

~ဒီကိစၥကေတြးေလေလ စိတ္႐ႈပ္​ဖို႔ေကာင္း‌ေလ​ေလပဲ ~

ပါတီမွာ႐ွိေနတဲ့ေက်ာင္းသားေတြကလည္း အထဲမွာ႐ွိေနတဲ့မိန္းကေလးကိုေတြ႕ခ်င္ၾကတာေၾကာင့္ ထြက္မသြားၾကဘဲအျပင္မွာေစာင့္ေနခဲ့ၾကတယ္

ဒီသတင္းကိုၾကားတဲ့သူအခ်ိဳ႕လည္းအခန္း​ေ႐ွ႕မွာလာ​ေစာင့္ၾကည့္ၾကတယ္.ကံေကာင္းစြာနဲ႔ပဲ အခ်ိန္ခနအၾကာမွာ​ေတာ့တံခါးကပြင့္လာၿပီးအဝတ္ဝတ္ထားတဲ့စုရီရီကို နန္ကုန္းက်င္းက​ေပြ႕ခ်ီၿပီးထြက္လာတယ္ .

သူမရဲ႕မ်က္ႏွာကိုဖုံးထားတဲ့အတြက္စုရီရီကိုမသိတဲ့သူ​ေတြက သူမဘယ္သူလဲဆိုတာမသိၾကဘူး

လင္းေဟာက္ကခနအၾကာမွာမူးေနတဲ့အထဲက​ေယာက်္ားကိုကိုဆြဲပီးထြက္လာခဲ့တယ္

အဲ့လူက ပုံမွန္ေဘာင္းဘီအတိုကိုသာဝတ္ထားၿပီးသူရဲ႕မ်က္ႏွာက မႈခင္းတစ္ခုခုျဖစ္ထားသလိုမ်ိဳး ေသြးေတြထြက္ေနတယ္

နန္ကုန္က်င္းရဲ႕အၾကည့္ေတြက ႐ႊီခ်န္းယြဲ႕ဆီေရာက္သြားတယ္.သူရဲ႕မ်က္လုံး​ေတြကနီရဲေနပီး သူ႕ရဲ႕ခန္႔ညားတဲ့မ်က္ႏွာကလည္းေဒါသေတြနဲ႔ျပည့္ေနတယ္

  "႐ႊီခ်န္းယြဲ႕.....ငါမင္းကိုဒီကိစၥအတြက္လုံးဝခြင့္မလႊတ္ဘူး"

လင္းေဟာက္ရဲ႕မ်က္လုံးေတြကလည္း ေအးစက္ေနပီးၾကည့္မိတဲ့သူတိုင္းကိုေၾကာက္႐ြံ႕တုန္လႈပ္ေစတယ္

"ဒီႏွစ္ေယာက္ကေၾကာက္ဖို႔ေကာင္း​လိုက္တာ"

လူေတြက ေနာက္ကိုဆုတ္သြားၾကတဲ့အတြက္ သူတို႔ၾကားမွာမလႈပ္မယွက္ပဲ ရပ္ေနၾကတဲ့ ေ႐ွာင္​ေဝ နဲ႔႐ွီ႐ွန္းတို႔ႏွစ္ေယာက္က လူအုပ္ၾကားမွာ ထင္ထင္႐ွား႐ွားႀကီးျဖစ္​ေနတယ္

ေ႐ွာင္ေဝက ကိစၥ​ေတြကိုျပန္ေမးခ်င္ေပမဲ့.နန္ကုန္က်င္းရဲ႕မ်က္ႏွာကိုျမင္လိုက္တဲ့အခါမွာ​ေတာ့ ဘာကိုမွေမးခ်င္စိတ္မ႐ွိေတာ့ဘူး

႐ွီ႐ွန္းကသူမကိုယ္ကိုမတ္လိုက္ၿပီး နန္ကုန္းက်င္းဆီေျခလွမ္းအနည္းငယ္လွမ္းလိုက္တယ္

"နန္ကုန္က်င္း....႐ွင္ကကြၽန္မကိုဒီကိစၥနဲ႔ပတ္သက္ၿပီးအျပစ္တင္ခ်င္ေနတာလား"

"ဒီကိစၥမွာ႐ွင္​ေရာမပါဘူးလို႔ အာမခံႏိုင္လို႔လား"

စုရီရီကိုသာသူေပြ႕မထားရင္ သူမကိုသတ္မိသြားလိမ့္မယ္. သူမဘာလို႔ဒီေလာက္ေတာင္ရဲတင္းလာပါလိမ့္

"သူမလိုအ​ေရးမပါတဲ့လူတစ္​ေယာက္အတြက္ငါ့အနာဂတ္ကိုငါကဘာလို႔ဖ်က္ဆီးရမွာလဲ" ႐ွီ႐ွန္းက​ေျပာလိုက္တယ္

"သူမ နဲ႔အခန္႔မသင့္တာဆိုလို႔မင္းပဲ႐ွိတာ။မင္းကလြဲပီးတျခားဘယ္သူျဖစ္ႏိုင္မွာလဲ"

သူကသူမအေပၚအရမ္းကိုအထင္ႀကီးလြန္းေနတာပဲ. ဒီလိုဦး​ေႏွာက္မ႐ွိတဲ့ဇာတ္လိုက္​ေတြ​ေၾကာင့္ သူမကိုအသက္႐ွင္လ်က္နဲ႔ငရဲက်သလိုခံစားရ​ေစတယ္

"သခင္ေလးနန္ကုန္းရဲ႕စကားကဘာအဓိပၸါယ္လဲ.အေနာက္မွာရပ္ေနတာက မမေလး႐ႊီဆိုရင္ သူေပြ႕ထားတာဘယ္သူလဲ ငါမျမင္ရဘူး"

"ဒီဝတ္စုံကိုၾကည့္ရတာ......ၾကည့္ရတာ... စုရီရီဟာပဲ , စုရီရီကဒီ​ေန႔ဒီဝတ္စုံကိုဝတ္ထားတာ" လို႔လူအုပ္ထဲကအသံထြက္လာတဲ့အခါအုတ္အုတ္က်က္က်က္ျဖစ္လာေတာ့တယ္

"စုရီရီလား...မျဖစ္ႏိုင္ပါဘူး"

"မမေလး႐ႊီရယ္,သခင္ေလးနန္ကုန္းရယ္,စုရီရီရယ္ သခင္ေလးလင္းရယ္...သူတို႔၄​ေယာက္ရဲ႕ဆက္ဆံေရးကဘာေတြလဲ"

"ေတာ္ေတာ္ကို႐ႈပ္ေထြးတာဘဲ,မမေလး႐ႊီေနာက္မွာနတ္ဘုရားမေလး ေ႐ွာင္ေဝလည္း မတ္တပ္ရပ္ေန​ေသးတယ္"

ေ႐ွာင္ေဝကနန္ကုန္းက်င္းကိုႀကိဳက္တာလူတိုင္းသိၾကတယ္.ဒါ​ေပမယ့္အခုေတာ့သူမက သခင္ေလးက်င္းရဲ႕ရည္းစားေဟာင္းအေနာက္မွာရပ္ေနတယ္။

သူတို႔ႏွစ္ေယာက္ဘာေတြ ေပါင္းၾကံေနၾကတာလဲ။

နန္ကုန္က်င္းရဲ႕စူး႐ွတဲ့အၾကည့္တခ်က္က လူအုပ္ဆီကိုေျပာင္းသြားတယ္

"ဒီေန႔ဒီေနရာမွာဘာျဖစ္ခဲ့တာဆိုတာ အျပင္ကိုေျပာရဲတဲ့ဘယ္သူမဆို ငါ့ကိုက႐ုဏာမ႐ွိဘူးဆိုၿပီးအျပစ္မတင္နဲ႔"

လူတိုင္းကႏႈတ္ပိတ္သြားၾကတယ္။နန္ကုန္က်င္းရဲ႕ေနာက္ခံအသိုင္းအဝိုင္းကိုယွဥ္ႏိုင္တာလို႔ ေ႐ွာင္မိသားစုနဲ႔လင္းမိသားစုဘဲ႐ွိတယ္

"႐ႊီခ်န္ယြဲ႕.....ငါတို႔မပီးေသးဘူး"

စုရီရီကိုစိတ္ပူတာေၾကာင့္နန္ကုန္က်င္းကအၾကာႀကီးမေနရဲဘူး အကယ္လို႔သူလက္စားျပန္ေခ်မယ္ဆိုရင္ဘယ္အခ်ိန္ျဖစ္ျဖစ္ေခ်လို႔ရတယ္

လင္းေဟာက္ကလည္းဟိုလူကိုဆြဲပီးနန္ကုန္က်င္း​ေနာက္ကိုလိုက္မသြားခင္ ႐ွီ႐ွန္းကို သတိေပးတဲ့အၾကည့္တစ္ခ်က္ေပးခဲ့တယ္

႐ွီ႐ွန္းကေတာ့လက္ခလယ္ေထာင္ျပၿပီးသာဆဲလိုက္​ေတာ့တယ္

"ေစာက္႐ူး"

ေ႐ွာင္ေဝလည္းေခြၽးျပန္ေနၿပီ

~ဒီအခ်စ္ဇာတ္လမ္းနဲ႔ပတ္သက္ၿပီးတစ္ခုခုေတာ့လြဲေနသလိုပဲ~

သူမလိုဘဲအျခားသူေတြလဲေတြးေနၾကတယ္

႐ွီ႐ွန္းလည္းေ႐ွာင္ေဝကိုထားခဲ့ၿပီးအေဆာင္ကိုတစ္​ေယာက္တည္းျပန္လာခဲ့တယ္။

႐ွနဥ္နဲ႔အားနန္တို႔ကေတာ့ဟိုအ​ေနာက္ဘက္ခန္းမမွာက်င္းပတဲ့ပါတီက​ေနျပန္မေရာက္ၾကေသးဘူး

႐ွီ႐ွန္းကအိပ္ရာမဝင္ခင္ေရခ်ိဳးလိုက္ေသးတယ္.တစ္ခ်ိဳ႕ေသာသူေတြကေတာ့ဒီည​ေကာင္း​ေကာင္းအိပ္​ေပ်ာ္ၾကမယ္မထင္ဘူးဆိုတဲ့အေၾကာင္းကိုေတြးၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲအိပ္ေပ်ာ္သြားခဲ့တယ္

.

လင္းေဟာက္ရဲ႕စံအိမ္ေတာ္မွာ​ေတာ့ ေရခ်ိဳးခန္းထဲကေရစီးသံေတြဟာ ေဒါသေတြနဲ႔ပင့္႐ိႈက္သံေတြေရာေႏွာေနတယ္

လင္းေဟာက္ကနန္ကုန္းက်င္းကိုၾကည့္လိုက္တဲ့အခါမွာသူတို႔ႏွစ္ေယာက္လုံးရဲ႕မ်က္လုံး​ေတြနီရဲေနၿပီးေဒါသထြက္ခ်င္တာေတာင္မထြက္ရက္တာေၾကာင့္ သူတို႔ရဲ႕​​ေဒါသကိုႏွလုံးသားထဲမွာဘဲ,သိမ္းထားၿပီးအခုျဖစ္​ေနတဲ့ပုံစံအမွန္ကိုဖုံးကြယ္ခဲ့ၾကတယ္

သူတို႔ႏွစ္ေယာက္လုံးရဲ႕ပုံစံကပုံမွန္ျဖစ္မေနပဲအလင္းေရာင္ေဖာက္ႏိုင္တဲ့တံခါးကိုသာစိုးရိမ္ႀကီးစြာၾကည့္ေနၾကတယ္

လင္းေဟာက္ကဘာလုပ္ရမွန္းမသိတာ​ေၾကာင့္.သူ႕လက္ကတံခါးကိုသာအဆက္မျပတ္ေခါက္ေနခဲ့တယ္.

ဒါ​ေပမယ့္သူဘယ္ေလာက္ဘဲေခါက္ေခါက္

စုရီရီကတံခါးကိုမဖြင့္ေပးခဲ့ဘူး

"႐ႊီခ်န္ယြဲ!!!!!!"

နန္ကုန္က်င္းကအံကိုတင္းတင္းႀကိတ္ၿပီး နံရံကိုလက္သီးနဲ႔​ေဒါသတႀကီးထိုးလိုက္တာ​ေၾကာင့္ ​ေသြး​ေတြက အျဖဴ​ေရာင္နံရံမွာ ​ေပပြသြားတယ္

လင္းေဟာက္ကစုရီရီကိုမေခ်ာ့ခင္သူ႕​ေဒါသကို​ေျဖ​ေဖ်ာက္ရန္အတြက္ ဟိုလူကိုထိုးဖို႔ထြက္သြားခဲ့တယ္

စုရီရီကေရခ်ိဳးခန္းအခန္းတံခါးနားမွာမတ္တပ္ရပ္ေနတယ္ လင္း​ေဟာက္ကအေတာ္ကိုႀကိဳးစားေခ်ာ့ေမာ့ၿပီးတဲ့ေနာက္မွာ စုရီရီကိုအခန္းအျပင္ထြက္လာဖို႔စည္း႐ုံးႏိုင္ခဲ့တယ္

သူမရဲ႕မ်က္ႏွာကိုစို႐ႊဲေနတဲ့ဆံပင္ကဖုံးအုပ္ထားၿပီး မ်က္လုံးေတြကငိုထားတာေၾကာင့္အေတာ္ကိုနီရဲေနတယ္

သူမရဲ႕ပုံစံကလည္းသနားစဖြယ္ေလးျဖစ္ေနတယ္။

နန္ကုန္က်င္းကစုရီရီကို​ေပြ႕ခ်ီဖို႔လာခဲ့ေပမဲ့သူ႐ုတ္တရပ္တုံ႔ဆိုင္းသြားခဲ့တယ္

နားေနခန္းမွာတုန္းက တစ္ျခား​ေယာက်္ား​ေအာက္မွာညည္းညဴေနတဲ့ သူမရဲ႕အသံကိုသာျပန္ၾကားေနမိတယ္။ အဲ့ဒီ​ေယာက်္ား​ေနရာမွာလင္းေဟာက္သာဆိုရင္​ေရာ လို႔​ေတြးမိလာတယ္

.အဲဒါေၾကာင့္သူရဲ႕နားထဲမွာ ႐ွီ႐ွန္းေျပာသြားတဲ့ "နင့္ရဲ႕ၾကာပန္းျဖဴမေလး ျခံခုန္မသြားဖို႔သာထိန္းသိမ္းထားစမ္းပါ "ဆိုတဲ့စကားကိုထပ္ခါထပ္ခါၾကားေယာင္လာခဲ့တယ္

သူပုံမွန္အားျဖင့္အေသးစိတ္သတိမျပဳမိတဲ့ကိစၥေတြကအခုေတာ့ေပၚထြက္လာၿပီး စုရီရီနဲ႔လင္းေဟာက္ရဲ႕ဆက္ဆံေရးကိုဒြိဟျဖစ္လာေစတယ္

နန္ကုန္က်င္းတုံ႔ဆိုင္းေနတာကိုစုရီရီျမင္ေတာ့ ၀မ္းနည္းပမ္းနည္းစငိုေတာ့တယ္

သူမရဲ႕ႏွလုံးသားက နာၾကည္းမုန္းတီးမႈေတြ

၀မ္းနည္းထိတ္လန္႔မႈေတြနဲ႔ျပည့္ေနခဲ့တယ္

လင္းေဟာက္ကစုရီရီကိုေပြ႕ၿပီး အိပ္ရာဆီမေခၚသြားခင္မွာ နန္ကုန္က်င္းကိုေအးစက္စြာၾကည့္လိုက္တယ္။ .

#Dora💜

#Anna💚

#Mia💙

17th Dec 2020




Continue Reading

You'll Also Like

236K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
865K 48.3K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
20K 1.1K 23
Romance, teenage comedy , OC Unicode+Zawgyi