ရှီရှန်း ရှီရှန်း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 1.12

4.9K 597 2
By Hanpandora

➡️Unicode

စုရီရီနဲ့အားနန်တို့က fresher welcomeပါတီမှာမှာတစ်​ကျောင်း​လုံးက​​ကျောင်းသား​တွေရှိနေတဲ့အချိန်  ရှီရှန်းကိုတောင်းပန်ဖို့အပြစ်​ပေးခံရတယ် .
အဲ့ဒါ​ကြောင့်မို့လို့ ​မေတ္တာရှင်မ​လေးစုရီရီကအပြင်းအထန်ကိုစိတ်ဆိုးသွားရတယ်+

~ရွှီချန်ယွဲ့အ​ပေါ်မှာအမှားလုပ်မိမှာကိုပဲ ​ကြောက်တတ်ကြတယ် ပြီးရင် သူတို့သိတာဆိုလို့ ပိုက်ဆံမရှိတဲ့လူ​တွေကို ဘယ်လိုနှိမ့်ချရမလဲ ဆိုတာပဲ~

Fresher welcome ​နေ့မှာ လူ​တွေအများကြီးက စုရီရီက ရွှီချန်ယွဲ့ကို​ချောက်ချခဲ့တယ်ဆိုတဲ့ကိစ္စ​ကြောင့် စိတ်အ​နှောင့်အယှက်ဖြစ်သွားကြရတယ်.ဒီကိစ္စက စုရီရီရဲ့ ဂုဏ်သတင်းကို အနည်းနဲ့အများထိခိုက်သွား​စေ​ပေမယ့် စုရီရီအဖို့ လမ်း​ပေါ်မှာ လူများမကြား​အောင် ခပ်တိုးတိုးဆဲဆို​နေဖို့ပဲ တတ်နိုင်တယ်.ဒီကိစ္စကသူမအတွက် ထိခိုက်မှုဖြစ်ခဲ့ရတာ​ကြောင့် စုရီရီက ရွှီချန်ယွဲ့ကိုပိုမုန်းသွား​စေပြီး သူမရဲ့သွား​တွေကိုတင်းတင်း​စေ့ထားမိ​တော့တယ်.

ပြီး​တော့ သူမက လင်း​ဟောက်နဲ့ ရင်းနှီးတာ​ကြောင့်မို့လို့လည်း သူမကိုမနာလို​နေကြတဲ့ ​ကျောင်းသူ​တွေလဲရှိ​နေကြ​သေးတယ်.
ရွှီချန်ယွဲ့နဲ့အခုကိစ္စက သူမရဲ့ ​ကျောင်းကဘ၀ကိုပိုပြီးဆိုးသွား​စေတယ်. ပိုဆိုးတာက လင်း​​ဟောက်ကလည်း​ကျောင်းမှာရှိမနေသလို နန်ကုန်းကျင်းကလည်းcompanyကိစ္စ​ကြောင့်ပြည်ပကို​ရောက်​နေတဲ့အတွက် ဒီရက်​တွေမှာ သူမအတွက် ခက်ခဲ​နေရတယ်.

ရှီရှန်းက သြဇာရှိတဲ့တစ်စုံတစ်​ယောက်နဲ့ပတ်သတ်​နေတယ် ဆိုတာ ​သေချာလာတယ်.

အပြစ်​ပေးခံရတဲ့အတွက်​ကြောင့်မို့လို့ ရှနဥ်နဲ့ အားနန်တို့က ရှီရှန်းကိုပိုမုန်းလာရတယ်
ဒါ​ပေမယ့် သူတို့ကရှီရှန်းကို စကားနဲ့ပဲ​ပြောနိုင်ကြတယ် သူတို့က ရှီရှန်းရဲ့​ရှေ့​နေနဲ့အပြိုင် ​ချေပ​ပေးနိုင်မယ့် ​ရှေ့​နေ​နောက်တစ်​ယောက်မှ မငှားနိုင်ဘဲ​လေ.

ရှီရှန်းက​တော့ စုရီရီတို့အဖွဲ့နဲ့ ဆက်ပြီးအချင်းများချင်စိတ်မရှိ​တော့တဲ့အတွက် အ​ဆောင်​ပြောင်းဖို့ကိစ္စကိုသာအာရုံအပြည့်စိုက်ထားလို့ အလုပ်ရှုပ်​နေတယ်.
စုရီရီတို့နဲ့သာဆက်ပြီး​နေရမယ်ဆိုရင် သူတို့ကိုရွံပြီး​သေရ​တော့မယ်လို့ ရှီရှန်းကခံစား​နေရတယ်.

ကံတရားကသူမဘက်ကိုပါ​နေတာလည်းဖြစ်နိုင်တယ်. နိုင်ငံခြားကိုပညာ​တော်သင်သွားမယ့် ​ကျောင်းသူတစ်​ယောက်​ကြောင့် သူတို့​ကျောင်းနဲ့​တော်​တော်နီးတဲ့​နေရာက တိုက်ခန်းတစ်ခန်းကလွတ်သွားခဲ့တယ်.

ရှီရှန်းကနည်းနည်း​လေးမှတုံ့ဆိုင်း​နေခြင်းမရှိ​ပဲ တိုက်ခန်းကိုငှားလိုက်တယ် ဒါ​ပေမယ့် အခန်းက နည်းနည်း​လောက်ပြန်ပြင်ဆင်ရအုံးမှာဖြစ်တဲ့အတွက် ​​ကျောင်းကအ​ဆောင်မှာ ခန​လောက်​တော့ထပ်​နေရအုံးမယ်.

ရှီရှန်းက ​လှေကား​ပေါ်ကဆင်းလိုက်တဲ့အခါမှာ သူမ မ​တွေ့ချင်ဆုံးလူနှစ်​ယောက်နဲ့​တွေ့ရ​တော့တာပဲ.နန်ကုန်းကျင်းက စုရီရီ ကို​ပွေ့ဖက်​နေတဲ့မြင်ကွင်း‌ကြောင့် ရှီရှန်းက နံရံနားမှာအမြန်ကွယ်လိုက်တယ်

~ဘယ်လို​တောင် ရီဖို့​ကောင်းလိုက်လဲ ဒီနှစ်​ကောင်က ​နေရာတိုင်းမှာ ချိန်း​တွေ့​နေကြ​တော့တာပဲ...သောက်ချီး  plot !!!  ဆိုးဆိုးရွားရွား ဒုက္ခမ​ရောက်ရပဲနဲ့ နင်​ကောင်း​ကောင်းမွန်မွန်အနားမယူရပါ​စေနဲ့ !!!!~

"ရွှီချန်ယွဲ့ မင်းရဲ့ဦး​နှောက်က နည်းနည်း​လေးမှထက်မြက်မလာဘူးလား"

နန်ကုန်းကျင်းက သူတို့လမ်းမှာပိတ်ရပ်​နေတဲ့ မိန်းမကို​အေးစက်စက်ကြည့်ပြီး​​ပြောလိုက်တယ်.
သူကိုယ့်သူလူ​တွေအားလုံးရဲ့အထက်မှာရှိတဲ့ ဧကရာဇ်တစ်ပါးလိုမျိုး သူ့ရဲ့မျက်နှာကို​တောင် ချီထားလိုက်​သေးတယ်

~နင့်ဖင်ကြီးကိုပဲ တိုးတက်ခိုင်းလိုက် !!!ငါ​လေးက​ရော နင်တို့ကို ​တွေ့ချင်တယ်များထင်​နေလား ~
ရှီရှန်းက ​ဒဏ်ရာရ​နေတဲ့ငှက်ငယ်​လေးလိုသနားစရာ​ကောင်း​အောင်သရုပ်​ဆောင်​နေတဲ့စုရီရီကိုကြည့်လိုက်တယ်.

စုရီရီက အနိုင်ကျင့်ခံ​နေရတဲ့ပုံစံ​​လေးနဲ့​ပြောလိုက်တယ်​.သေချာတာ​ပေါ့ သူမရဲ့မျက်လုံး​တွေထဲမှာ​တော့​အောင်နိုင်သူတစ်​ယောက်ရဲ့အကြည့်​တွေအပြည့်နဲ့​လေ

"အရင်တစ်​ခေါက်က ဖြစ်ခဲ့တဲ့ကိစ္စ​တွေအတွက်​တောင်းပန်ပါတယ် မမ​လေးရွှီ ကျွန်မတမင်လုပ်ခဲ့တာမဟုတ်ပါဘူး အဲ့ဒီတုန်းက ​ခေါင်းမှာဒဏ်ရာရသွား​တော့ နဲနဲ​လေးမူး​နေ​တော့ သူတို့​တွေရှင့်ကို အဲ့ဒီလိုစွပ်စွဲ​နေကြတာကိုသတိမထားမိိလိုက်ဘူး တစ်​ကျောင်းလုံးရဲ့​ရှေ့မှာ​တောင် ရှင့်ကို​တောင်းပန်ပြီးပြီဆို​တော့ မမ​လေး ​ကျေနပ်မယ်လို့ ကျွန်မတကယ်​မျှော်လင့်ပါတယ် "

~နင့်ရဲ့စကားအ​ပြောအဆိုကို ​သေချာပြန်ဆန်းစစ်လိုက်ပါအုံး နင်ကနင့်ရဲ့အပြစ်​တွေကိုငါ့ဆီလွှဲချဖို့ လုပ်​နေတာပဲ  ဘယ်လို​တောင်စိတ်ရှုပ်ဖို့​ကောင်းတဲ့ဇာတ်လိုက်မပါလိမ့် ~

စုရီရီပြန်​ပြောတဲ့ကိစ္စကိုကြားပြီးတဲ့အခါမှာ​တော့နန်ကုန်းကျင်းရဲ့မျက်နှာက ပိုလို့​တောင်​အေးစက်သွားပြီးရိုင်းစိုင်းတဲ့​လေသံနဲ့​ပြော​တော့တယ်

"ရွှီချန်ယွဲ့  မင်းအခုချက်ချင်းအ​ဆောင်ကထွက်သွားလိုက်​တော့ "

"နန်ကုန်းကျင်း​ရေ နင် ရုပ်ရှင်အကြည့်များလွန်းပြီး စိတ်မမှန်​တော့ဘူးလား"

~ဒီ​ကျောင်းက နင့်အ​မေဖွင့်​ပေးထားတာမို့လို့ ငါ​လေးက နင်​ပြောတဲ့အတိုင်းလုပ်​ပေးရမှာလား ဟာသပဲ~

နန်ကုန်းကျင်းကမျက်​မှောင်ကြုတ်လိုက်တယ်
"မင်းငါ့စိတ်ကိုလာမစမ်းနဲ့ "

"ငါကနင့်စိတ်ကိုစမ်း​နေတာမဟုတ်ဖူး​လေ .. နင့်ရဲ့အားနည်းတဲ့ ​ကျောင်းသူ​လေးစုရီရီကသာ နင့်ရဲ့ ဇွဲလုံ့လကိုစမ်းသပ်တာမဟုတ်ဖူးလား "
ရှီရှန်းက ​ကောက်ကျစ်စွာပြုံးပြလိုက်တယ်

ရှီရှန်း​ပြောတာကို စုရီရီကအစတုန်းက​တော့သိပ်နားမလည်​ပေမယ့် မကြာခင်မှာပဲ သူမရဲ့မျက်နှာက နီရဲလာခဲ့တယ်​. ဒေါသထွက်လို့လား ရှက်သွားလို့လားဆိုတာ​တော့စုရီရီကိုယ်တိုင်ပဲ သိမှာ​ပေါ့

"ရွှီချန်ယွဲ့  မင်းဘာလို့ဒီ​လောက်ထိအရှက်မဲ့ရတာလဲ မင်းအ​ဖေက မင်းကိုဒီလိုပဲ သင်​ပေးထားတာလား "
နန်ကုန်းကျင်းက အရမ်းစိတ်ဆိုးသွားခဲ့တယ်

ဒီနှစ်​တွေမှာသူ့​နောက်တ​ကောက်​ကောက်လိုက်​နေခဲ့တဲ့ ဒီမိန်းက​​လေးက ဒီလိုမျိုးစကားလုံး​တွေကို​ပြောရဲလိမ့်မယ်လို့ သူမထင်ထားဘူး

"နင်တို့ထက်စာရင်​တော့ ငါကပိုပြီးယဥ်​ကျေး သေးတယ်လို့ထင်တာပဲ ငါကငါ့ရဲ့သတို့သား​လောင်းရှိရဲ့သားနဲ့ တခြား​ယောက်ျားနဲ့အိပ်ရာထဲမှာပလူး​နေတဲ့သူမှမဟုတ်တာ နင်တို့​ရော ဘယ်လိုထင်လဲ"

~လူ​တွေထပ်​ခေါ်​ပေးရအုံးမလား~

နန်ကုန်းကျင်းက လုံး၀ကိုဆွံ့အ သွားခဲ့ရတယ်

"မမ​လေးရွှီ  ...ရှင်လွန်​နေပြီ "
မျက်ရည်​တွေ၀ဲ​နေတဲ့စုရီရီက ​ခေါင်းကို​မော့ပြီး​ပြောလိုက်တယ်

"အားကျင်းနားမှာ ကျွန်မရှိ​နေလို့ ရှင့်ကိုစိတ်ဆိုး​စေမယ်ဆိုတာ ကျွန်မသိပါတယ် ဒါ​ပေမယ့်အချစ်ဆိုတာကတွန်းအား​ပေးလို့ရတာမှမဟုတ်တာ ရှင်ကျွန်မကို ဒုက္ခ​ပေး​နေရုံနဲ့ ရှင့်မှာဘာ​ကောင်းကျိုး​တွေရမှာမို့လို့လဲ "

"လွန်​နေပြီ ဟုတ်လား နင်တို့ကသာ​ဖောက်ပြန်ခဲ့တယ် ဆိုတာအသိသာကြီး​လေ ငါ့ကို 'လွန်​နေပြီ'လို့​ပြောရအောင် နင့်မှာ ဘာအခွင့်အ​ရေးရှိ​သေးလို့လဲ"

~နင့်​မေကြီး​တော်ပဲ​ဟေ့ !!!နင်တို့ကသာငါ​လေးကိုဒုက္ခလာ​ပေး​နေတယ်ဆိုတာ အသိသာကြီးပါ​နော်...!!!!~

စုရီရီက စကားလုံး​တွေ​ပျောက်ရှသွားရတယ်ဒါ​​ပေမယ့် သူမ​လေးရဲ့ရီ​ဝေ နေတဲ့မျက်လုံး​လေး​တွေနဲ့ နန်ကုန်းကျင်းကိုကြည့်လိုက်တဲ့အခါမှာ​တော့ သူ့ရဲ့ကာကွယ်ချင်စိတ်က မြင့်တက်သွားရတယ်

"တော်သင့်ပြီ"
နန်ကုန်းကျင်းကရှီရှန်းကို အသံကျယ်ကျယ်နဲ့​အော်လိုက်တယ်

"ရွှီချန်ယွဲ့ ဒါကငါ့ရဲ့​နောက်ဆုံးသတိ​ပေးခြင်းပဲ  ငါနင့်ကိုတစ်သက်လုံးပြန်ကြိုက်မှာမဟုတ်ဖူး အဲ့ဒါ​ကြောင့် မင်းရီရီ့ကိုဒုက္ခ​ပေး​နေတာ​တွေကို ရပ်တန်းကရပ်လိုက်​တော့ မဟုတ်ရင်ငါမင်းကိုလုံး၀အလွတ်မ​ပေးဘူး"

ရှီရှန်းက ခပ်​​လှောင်​လှောင်ရီလိုက်တယ်

~နင့်လို​ကောင်ကိုကြိုက်မယ့်အစား နှာဘူး​ကောင်ချူးထန်ကိုပဲ ​ရွေးလိုက်​တော့မယ် ဘာပဲဖြစ်ဖြစ်ချူးထန်က နန်ကုန်းကျင်းလို တယူသန်​ကောင်ထက်​တော့သာပါ​သေးတယ်~

"နင့်ကိုနင် သိပ်ပြီးအထင်ကြီးမ​နေပါနဲ့ နန်ကုန်းကျင်းရယ် "

ရှီရှန်းကစုရီရီကိုမထီမဲ့မြင်ကြည့်ပြီး သူမရဲ့စကားကိုခန ရပ်လိုက်တယ်

"Sorryပါ အရင်တုန်းက နင့်ကိုကြိုက်ခဲ့တယ်ဆိုတာက ငါ့မျက်စိကန်း​နေလို့ပဲ​နေမှာပါ စိတ်ချပါ အခုငါ့မျက်စိ​တွေပြန်​ကောင်းသွားပြီးဆို​တော့ နင်လို​ကောင်မျိုးကိုလုံး၀ လုံး၀ ကြိုက်မှာမဟုတ်ဖူး  ငါမျက်စိ​ရောဂါထပ်မရချင်ဘူး​လေ"

စုရီရီကမုန်းတီးစွာ​တွေးလိုက်တယ်
~ဒီမိန်းမကငါ့ကိုရွဲ့​ပြော​နေတာပဲ~

ဒါ​ပေမယ့် နန်ကုန်းကျင်း က​တော့
"နင့်ကိုနင် သိပ်ပြီးအထင်ကြီးမ​နေပါနဲ့ "ဆိုတဲ့စကား​ကြောင့်အ​တွေး​တွေများသွားရတယ်

သူ့ကိုကြိုက်ဖူးတဲ့မိန်းက​လေးတစ်​ယောက်ကသူ့ကိုဒီလို​ပြောလိမ့်မယ်လို့ တစ်ခါမှမထင်ဖူးဘူး

ရှီရှန်းက သူတို့နှစ်​ယောက်နားကဖြတ်သွားရင်းနဲ့လက်ကိုသာသာ​လေး​​​​ ‌ဝေ့ယမ်းပြလိုက်တယ်

"ဒါနဲ့.... နင့်ရဲ့ကြာပန်းဖြူ​လေး ခြံခုန်မသွား​အောင်လည်း ​သေချာ​လေးဂရုစိုက်ပြီးထိန်းသိမ်းဖို့မ​မေ့​နဲ့အုံး​နော်"
.
.
နန်ကုန်းကျင်းနဲ့စုရီရီတို့က သူမ​​ပြောင်းဖို့လုပ်ထားတဲ့ တိုက်ခန်းနားမှာ​နေတယ်ဆိုတာကိုသိလိုက်တဲ့အခါမှာ ရှီရှန်းကအဲ့ဒီတိုက်ခန်းကိုမ​ပြောင်း​တော့ဖို့ ဆုံးဖြတ်လိုက်တယ်

~ဇာတ်လိုက်​ကောင်က ငါ့ကိုအ​ဆောင်ကထွက်သွား​စေချက်​နေတာကို ငါ​လေးကသူ့စိတ်တိုင်းကျ​တော့မထွက်သွား​ပေးနိုင်ပါဘူး~

ရှီရှန်းက အ​ဆောင်မှာဆက်​နေတဲ့အတွက်​ကြောင့်မို့လို့ သူမကိုမုန်းလွန်းလို့ အံတကြိတ်ကြိတ်ဖြစ်​နေကြတဲ့၃​ယောက်ကိုမြင်ရတာက  ပိုလို့​တောင်​ပျော်ရွှင်လာ​စေတယ်.
စုရီရီကအဲ့ဒီညကပြန်မလာခဲ့ဘူး​

နောက်​နေ့မနက်သူမပြန်လာတဲ့အခါမှာ​တော့ သူမရဲ့မျက်နှာက​တောက်ပ​နေခဲ့တယ်

အားနန်နဲ့ရှနဥ်တို့က ဘာလို့ပြန်မလာတာလဲလို့​မေး​တော့ သူမရဲ့​ဆွေမျိုးတစ်​ယောက်နဲ့hotelမှာအိပ်ခဲ့တာလို့ပြန်​ဖြေလိုက်ာကို ကြားလိုက်တဲ့အခါမှာ ရှီရှန်းက လှစ်ခနဲရီလိုက်တယ်.

အဲ့ဒီအခါကျမှပဲ စုရီရီလည်း ပါးစပ်ပိတ်​သွား​တော့တာပဲ.

ဒီ​နေ့ညက  ကပွဲညပဲဖြစ်တယ် အဲ့ဒါ​ကြောင့် အခန်းထဲက၃​ယောက်သားက​တော့​နေ့လယ်ထဲကသူတို့ရဲ့အ၀တ်အစား​တွေကို ကြိုပြီး၀တ်ကြည့်​နေကြတယ်.

စုရီရီက ရှီရှန်းဆီကို​ရှောင်​ဝေ ပို့လိုက်တဲ့၀တ်စုံနဲ့တူတဲ့တစ်ခုကိုမ၀တ်ဘဲ တစ်ခြားတစ်စုံကိုသာ၀တ်တယ်. အဲ့ဒီတစ်စုံကလည်းအဖြူ​ရောင်​လေးဆို​​ပေမယ့်   ဂါ၀န်ကပိုရှည်တဲ့အတွက်​ကြောင့် သူမကို နတ်သမီး​လေးနဲ့ပိုပြီးတူသွား​စေတယ်

"ရီရီရယ် ဒီညနင်အရမ်းလှတာပဲ နင်နဲ့တူတူမသွားရလို့ စိတ်​တောင်မ​ကောင်းဘူး "

အားနန်ရဲ့မျက်နှာက အလိုမကျမှု​တွေနဲ့ပြည့်​နေတယ်

"​sorryပါအားနန်ရယ် "

စုရီရီက အားနာတဲ့​လေသံနဲ့​ပြောလိုက်​ပေမယ့် ​သေချာကြည့်မယ်ဆိုရင်​တော့ သူမရဲ့မျက်လုံး​တွေထဲမှာ ဂုဏ်ယူပီတိဖြစ်​နေမှု​တွေပြည့်​နေတယ်

အားနန်ကသူမရဲ့​ခေါင်းကိုခါယမ်းလိုက်တယ် "ဘာမှမဖြစ်ပါဘူး တကယ်ကိစ္စမရှိပါဘူး နင်နဲ့စီနီယာလင်း​ဟောက်နဲ့သာ​ပျော်​ခဲ့ကြပါ"

ဒါ​ပေမယ့်အားနန်ရဲ့နှလုံးသားထဲမှာ​တော့ ​သေ​လောက်​အောင်သ၀န်တို​​နေခဲ့တယ်
.
သူမသာ အ​နောက်ဖက် ခန်းမက ပါတီကိုသွားနိုင်ခဲ့မယ်ဆိုရင် သူမလိုချင်တဲ့စံပြအမျိုးသားကို​တွေ့နိုင်လိမ့်မယ်.

ရှနဥ်လည်းသူမရဲ့၀တ်စုံကိုလဲပြီးသွားလို့  အခုဆိုရင် သူတို့၃​ယောက်လုံးက ၀တ်စုံပြည့်နဲ့ဖြစ်​နေခဲ့တယ်

ရှနဥ်က ထမယ့်ပုံမ​ပေါ်ရှီရှန်းကိုကြည့်လိုက်တယ်

"ရွှီချန်ယွဲ့ နင်ဒီည ပါတီမသွားဘူးလား "

"နင်ကလည်း မသိဘူးလား သူဖိတ်စာမှမရတာ သူ့ကိုဖိတ်မယ့်သူမရှိမှ​တော့ ပါတီကိုဘယ်လိုလုပ်တက်လို့ရမှာလဲ"
အားနန်က ​လှောင်လိုက်တယ်

"ငါတို့နဲ့တူတူ ​တောင်ဘက်ခန်းမက ကပွဲကိုလိုက်ခဲ့လို့ရတယ်​လေ"

"ဟာသလုပ်မ​နေစမ်းပါနဲ့ သူ့ရဲ့အဆင့်အတန်းကြီးနဲ့ ငါတို့ရဲ့​တောင်ဘက်ခန်းကကပွဲကို ဘယ်လိုလုပ် လိုက်မှာလဲ ဒီမှာရွှီချန်ယွဲ့  နင့်ရဲ့sponserကိုပူဆာလိုက်ပါလား အဲ့ဒါဆိုရင် ​တောင်ဘက်ခန်းမက ကပွဲဆီသွားလို့ရချင်ရမှာ​ပေါ့ "

ရှနဥ်နဲ့အားနန်တို့က ရှီရှန်းကိုတစ်လှည့်စီ လာ​လှောင်နေကြတယ်.

ရှီရှန်းက ဖတ်လက်စ စာအုပ်ကိုချလိုက်ပြီး သူတို့နှစ်​ယောက်ကို သနားတဲ့အကြည့်နဲ့ကြည့်လိုက်တယ်

"အင်း​နော် ဟုတ်သားပဲ ​တောင်ဘက်ခန်းမက ပါတီကိုသွားဖို့ဆိုတာ ငါ့အတွက်ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး ဒါ​ပေမယ့် နင်တို့နှစ်​ယောက်က​တော့ ဘွဲ့သာရသွားမယ် အဲ့ဒီကိုသွားရမယ့်ပုံမ​ပေါ်ရှာဘူး​နော် "

အားနန်နဲ့ရှနဥ်တို့က မျက်နှာအကြီးအကျယ်ပျက်သွားခဲ့တယ်.

အားနန်က​တော့ရှီရှန်းကိုကျိန်ဆဲ​တော့တယ်

"ပိုက်ဆံရှိတဲ့​ယောက်ျားကိုကပ်ထားနိုင်တယ်ဆိုတာနဲ့ပဲ ကိုယ့်ကိုကိုယ် အထင်ကြီးမ​နေနဲ့  နင့်ကိုယ်နင်အရမ်းကိုအဆင့်အတန်းမြင့်တယ်လို့များထင်​နေလား "

"နင့်ကိုယ်နင်အရမ်းမျက်နှာ​ပြောင်လွန်းတယ်ဆိုတာ နင်မသိဘူးလား "

"ငါသာမျက်နှာမ​ပြောင်ဘူးဆိုရင် ​ယောက်ျားတစ်​ယောက်ကိုဘာလို့ကပ်​နေရမှာလဲ"

ရှီရှန်းက ​အေး​အေး​ဆေးပဲပြန်​ပြောလိုက်တယ်

အားနန် "....."

အရှက်မရှိတဲ့လူတစ်​ယောက်နဲ့စကားပြိုင်​ပြောဖို့အတွက် သူ့ထက်ပိုပြီး အရှက်မရှိနိုင်​တော့ဘူးဆိုရင်လည်း သည်းခံ​​နေရုံအပြင် တခြားနည်းလမ်း​တော့တဲ့အတွက် အားနန်လည်းပါးစပ်ပိတ်​နေလိုက်ရ​တော့တယ်

Transalated by
#Dora💜
#Anna💚
#Mia💙
14th Dec 2020

➡️Zawgyi















"အရင်တစ်​ခေါက်က ဖြစ်ခဲ့တဲ့ကိစ္စ​တွေအတွက်​တောင်းပန်ပါတယ် မမ​လေးရွှီ ကျွန်မတမင်လုပ်ခဲ့တာမဟုတ်ပါဘူး အဲ့ဒီတုန်းက ​ခေါင်းမှာဒဏ်ရာရသွား​တော့ နဲနဲ​လေးမူး​နေ​တော့ သူတို့​တွေရှင့်ကို အဲ့ဒီလိုစွပ်စွဲ​နေကြတာကိုသတိမထားမိလိုက်ဘူး တစ်​ကျောင်းလုံးရဲ့​ရှေ့မှာ​တောင် ရှင့်ကို​တောင်းပန်ပြီးပြီဆို​တော့ မမ​လေး ​ကျေနပ်မယ်လို့ ကျွန်မတကယ်​မျှော်လင့်ပါတယ် "



















"တော်သင့်ပြီ"











.
.










"​sorryပါအားနန်ရယ် "



.












"ပိုက်ဆံရှိတဲ့​ယောက်ျားကိုကပ်ထားနိုင်တယ်ဆိုတာနဲ့ပဲ ကိုယ့်ကိုကိုယ် အထင်ကြီးမ​နေနဲ့  နင့်ကိုယ်နင်အရမ်းကိုအဆင့်အတန်းမြင့်တယ်လို့များထင်​နေလား "2




အားနန် "....."


Transalated by
#Dora💜
#Anna💚
#Mia💙
14th Dec 2020
 


Continue Reading

You'll Also Like

55.9K 7.1K 172
sequel of (1394 to final)
20K 1.1K 23
Romance, teenage comedy , OC Unicode+Zawgyi