ရှီရှန်း ရှီရှန်း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 1.8

5.2K 617 1
By Hanpandora

➡️Unicode

ချူးထန်ထွက်သွားတော့ ချက်လက်မှတ်​က ရှီရှန်းတို့အိမ်မှာကျန်​နေခဲ့တယ်

ရှီရှန်းက ချက်လက်မှတ်​တွေကို​ကောက်ယူလိုက်ပြီး ~ငါသူ့ကို အိမ်မှာအလကား​ခေါ်ထားနိုင်လိုက်တယ်ထင်တယ် ကြည့်ရတာငါ​လေးမြတ်သွားသလိုပဲ~

ရှီရှန်းကချူးထန်ကို၀ယ်ထားဖို့အစီအစဥ်တကယ်မရှိခဲ့ဘူး

ချူးထန်ရဲ့အရည်အချင်းနဲ့ဆိုရင် တကယ်လို့သူလမ်းခွဲချင်တဲ့အခါ ရှီရှန်းဘက်ကဘာမှလုပ်လိုက်နိုင်မှာမဟုတ်ဘူး

အဲ့လိုမျိုးသာဆိုရင်​တော့ သူ့ရဲ့စကားမတည်မှုအတွက် ရှီရှန်းသူ့ကိုရွံရှာလို့ကိုဆုံးမှာမဟုတ်ဖူး.ဒါ​ပေမယ့်systemရဲ့တွန်းအား​ပေးမှု​ကြောင့်ရှီရှန်း ချူးထန်ဆီကိုmessageပို့ရ​တော့တယ်.သူမရဲ့ဂရုစိုက်မှု​တွေကို​ဖော်ပြရင်း​ပေါ့
အချိန်အများစုမှာ​တော့ချူးထန်က သူမကိုreplyမပြန်​ပေမယ့်  စာကားလုံးနဲနဲပါတဲ့စာတိုကို​တော့ရက်ရက်​ရော​ရောပြန်ပို့​လေ့ရှိပါတယ်.

"မ​သေချင်စမ်းပါနဲ့"
ဟုတ်ပါတယ် ချူးထန်ကအမှန်တကယ်ကို အဲ့လိုပို့လိုက်တာပါ
.

ရွှီချန်ယွဲ့ရဲ့အ​ဖေက နန်ကုန်းကျင်းတို့ရဲ့companyနဲ့ဆက်စပ်တဲ့လုပ်ငန်း​တွေအားလုံးကို ရပ်ဆိုင်းလိုက်တယ်.နန်ကုန်းမိသားစုက ဆုံးရှုံးမှု​တွေခံစားရ​ပေမယ့် ဘာမှမတုံ့ပြန်ရဲဘဲငြိမ်ခံ​နေခဲ့တယ်.ရွှီချန်ယွဲ့ကလည်း သူ့ကိုခပ်ခွာခွာ​နေလိုက်ပြီဖြစ်လို့ နန်ကုန်းကျင်းကလည်းရွှီမိသားစုကို ဒုက္ခ​ပေးစရာအ​ကြောင်းမရှိ​တော့ဘူး.
အဲ့ဒါ​ကြောင့်အခု​လော​လောဆယ်မှာရှီရှန်းအတွက်​နေရထိုင်ရလွယ်ကူ​နေတယ် .
ဒါ​ပေမယ့် ရှီရှန်းကနန်ကုန်းကျင်းကိုဒီတိုင်းလွှတ်​ပေးလိုက်ဖို့အစီအစဥ်​တော့မရှိဘူး.

Companyက ပြသနာ​တွေကို​ဖြေရှင်းပြီးသွားတဲ့အခါမှာ ရွှီသခင်မကြီးက အိမ်​တော်ကိုပြန်လာခဲ့တယ်.
သူမကကြံ့ခိုင်တဲ့အမျိုးသမီးတစ်​ယောက်ဖြစ်​ပေမယ့် သူမရဲ့အမျိုးသားနဲ့သမီး​ရှေ့မှာကျ​တော့ နူးညံ့တဲ့ဇနီး​ကောင်း မိခင်​ကောင်းတစ်​ယောက်ရဲ့အသွင်ကိုသာပြပြီး တင်းမာပြတ်သားပြီးမာနကြီးတဲ့အသွင်တစ်စက်​လေးမှထုတ်မပြဘူး.

ရှီရှန်းကသူတို့နဲ့​နေရတာတကယ်ကိုသ​ဘောကျတယ် 
~ဒါကမိသားစုတစ်ခုမှာရှိရမယ့်ပုံစံပဲ ~

ဒါ​ပေမယ့်  ရွှီသခင်ကြီးလိုပဲ သူမရဲ့အမေကလည်း ချူးထန်ကိုဆွဲ​ဆောင်​နေတာကို သ​ဘောတူအား​ပေးတယ်.
ရှီရှန်းရဲ့စိတ်ထဲမှာ​တော့ ​ပြောစရာစကားမဲ့​နေပြီဖြစ်တယ်.
~ဒါ​ပေမယ့် အ​ကောင်းဘက်က​နေ​တွေးကြည့်ရင်​တော့ ငါ့မိသားစုရဲ့ချမ်းသာကြွယ်၀မှုနဲ့ဆိုရင်  ချူးထန်ကိုမ၀ယ်ထားနိုင်စရာမရှိဘူး~​
နောက်ပိုင်းမှာရှီရှန်းသိလာရတာက​တော့ သူ့မိဘ​တွေကို မနက်ဖြန်ဆိုတာမရှိ​တော့တဲ့ပုံစံအတိုင်း​ငွေကိုရေလို သုံးဖြုန်းတတ်ကြသူ​တွေဖြစ်တယ်ဆိုတာပဲ..

သူမရဲ့အ​ဖေက အရည်အချင်း အရမ်းရှိ​ပေမယ့် အလုပ်​ပေါ်မှာအဲ့​လောက်ထိအချိန်မ​ပေးပဲ မိသားစုအ​ပေါ်ကိုသာအာရုံအပြည့်စိုက်သူ​ဖြစ်တယ်.သူ့ရဲ့တစ်ခုထဲ​သောဆန္ဒကလည်း သူ့ရဲ့မိသားစုကို  လုံလုံခြုံခြုံ ​နွေး​နွေး​ထွေး​ထွေး ထားနိုင်ဖို့ဖြစ်တယ်.

အခု​တော့သူတို့ရဲ့ချစ်သမီး​လေး လူ​ကောင်းသူ​ကောင်းနဲ့မြန်မြန်​တွေ့ရဖို့ကို ​စောင့်နေရတဲ့အတွက်စိတ်မရှည်နိုင်​ကြတော့ဘူး.

မူလဇာတ်​ကြောင်းမှာလည်းရွှီချန်ယွဲ့အတွက်နဲ့သူတို့မှာစိတ်ဖိစီးမှုသာမများခဲ့ရရင်  သူတို့မိသားစုအ​ခြေအ​နေကဒီ​လောက်ထိဆိုးရွားခဲ့မှာမဟုတ်ဖူး.
ပုံမှန်ဆိုရင် ရွှီcompanyက စီးပွား​ရေးလုပ်ငန်းရှင်​တွေကြားမှာအရမ်း​ကျော်ကြားပြီး​ငွေလည်းအရမ်း၀င်တာမို့လို့၀န်ထမ်း​တွေအားလုံးက​လည်းပျော်ရွှင်ကြတယ်.

ရွှီချန်ယွဲ့ကတက္ကသိုလ်တတိယနှစ်ကို​ရောက်​နေပြီဖြစ်တယ်.အခုဆို​ကျောင်း​တွေလည်း ပြန်ဖွင့်ပြီဖြစ်လို့ရှီရှန်းလည်းအထုတ်အပိုး​တွေပြင်ပြီးအ​ဆောင်ကို​ပြောင်းလိုက်တယ်.

မူလပိုင်ရှင်ကခပ်လျှိုလျှို​နေတတ်တဲ့လူဖြစ်ပြီး  အခုချိန်မှာလဲ သူ့ကိုမှတ်မိတဲ့လူ​တွေသိပ်မရှိတာကြောင့် ရှီရှန်းအတွက်လည်း ​အာရုံစိုက်ခံရမှုမရှိပဲနေရထိုင်ရတာလွတ်လွတ်လပ်လပ်ရှိတယ်. ဒါ‌ပေမဲ့ဒါက ရွှီချန်ယွဲ့လုံး၀မထင်ရှားဘူးလို့​တော့ မဆိုလိုပါဘူး.
သူမတို့အသိုင်းအ၀ိုင်းကလူ​တွေက​တော့သူမကို​ကောင်း​ကောင်းသိကြတယ်ဆိုပေမဲ့အတန်းထဲမှာ​တော့သူမအကြောင်း ကောင်း​ကောင်းသိတဲ့လူမရှိ​ဘူး.

"ကြည့်စမ်းပါအုံး ကြီးမြတ်တဲ့ မမ​လေးရွှီက ​ကျောင်းကိုလာတယ်​ပေါ့ ဒီချိန်ဆိုရင် နင်အိမ်မှာအ​လေလိုက်​နေမယ်လို့ ငါထင်ထားတာ"

ရှီရှန်းက ​ကျောင်း၀င်​ပေါက်ကို​ရောက်​ရောက်ချင်းပဲ ​​နှောင့်ယှက်ခံလိုက်ရ​တော့တယ်.
သူမရဲ့လမ်းမှာပိတ်ရပ်​နေတဲ့မိန်းက​လေးကိုကြည့်လိုက်တဲ့အချိန်မှာ 'ရှောင်​ဝေ' ဆိုတဲ့နာမည်ကသူမစိတ်ထဲမှာ​ပေါ်လာခဲ့တယ်.

မူလဇာတ်​ကြောင်းမှာဆိုရင် ဒီတစ်​ယောက်ကသူမထက်ပိုဆိုးတဲ့အဆုံးသတ်နဲ့​တောင်ကြုံခဲ့ရတာဖြစ်တယ်.
Villainအချင်းချင်းဖြစ်​တော့လည်း ​ရှောင်​ဝေ ရဲ့ဆိုးရွားတဲ့အဆုံးသတ်အတွက်စိတ်ထဲက​နေ ကြိုတင်ပြီးဖ​ယောင်းတိုင်​လေးတစ်​ချောင်းထွန်း​ပေးလိုက်တယ် .

ရွှီချန်ယွဲ့လည်း သူမနဲ့ငြင်းခုန်မ​နေပဲသူ့လမ်းသူဆက်​လျှောက်လာခဲ့လိုက်တယ်

~မိန်းက​လေးချင်းအခက်​တွေ့​အောင်ဘာလို့လုပ်ရမှာလဲ?ငါ​လေးကစိတ်ထားကြီးမြတ်သူ​လေးပါ​နော်~
ရှီရှန်းက​တော့​ရှောင်​ဝေကို​ရှောင်ပြီးထွက်သွားဖို့လုပ်ခဲ့​ပေမယ့်​ရှောင်​ဝေ ကသူမရဲ့ပုခုံးကိုတွန်းလိုက်တာ​ကြောင့်ရှီရှန်းယိုင်သွားရတယ်

"နင်ကဘာလို့စကားပြန်မ​ပြောရတာလဲ ဟမ်. အရင်ကထက်​တောင်ပိုပြီးမာနကြီးလာသလိုပဲ ဘယ်​အချိန်ထိများဒီလို​ထောင်လွှား​နေနိုင်မလဲဆိုတာငါ​စောင့်ကြည့်​နေမယ်"

အတွန်းခံလိုက်ရတာ​ကြောင့် ရှီရှန်း​ခေါင်းမူသွားရတယ်

"နင့်ကျပ်မပြည့်ဘူးလား ဘာဖြစ်​နေတာလဲ နန်ကုန်းကျင်းကိုကြိုက်တယ်ဆိုရင်လည်း သူ့ဆီသွား​လေ ငါ့ကိုလာပြီးပြသနာရှာမ​နေနဲ့  သူ့ဆီပဲသွားပြီးဖား​နေပါ​တော့လား ကြွားချင်​နေတာလား hahaပဲရမယ် ဒီမှာ နင်ကသူ့လက်ကို​တောင်မကိုင်ဖူးပဲနဲ့ ငါ့​ရှေ့မှာလာပြီး ကြွား၀ါပြစရာဘာအ​ကြောင်းမှမရှိဘူး ပြီး​တော့လည်း ငါကမှ အဲ့အ​ကောင်ကိုစွန့်ပစ်လိုက်တဲ့လူပါ​နော်"

"နင်ငါ့ကိုမ​စော်ကားနဲ့"
~ဒီ​ကောင်မက ငါ့ကိုများ ဘယ်ကသတ္တိနဲ့လာပြီးမခန့်လေးစားလာလုပ်​နေရတာတုန်း နေပါအုံး သူကနန်ကုန်းကျင်းကိုစွန့်ပစ်လိုက်တယ်လို့​ပြောလိုက်တာလား~

​​ရှောင်​ဝေ က ​အေးစက်စက်ပြုံးလိုက်ပြီး
"ရွှီချန်ယွဲ့  နင်အစွန့်ပစ်ခံလိုက်ရ​တော့မခံစားနိုင်ဖြစ်ပြီး ဦး​နှောက်ပျက်သွားလို့ ထင်​ယောင်ထင်မှား​တွေဖြစ်​နေတာလား ?လာလိမ်မ​နေနဲ့  နန်ကုန်းသခင်​လေး​နောက်ကိုတ​ကောက်​ကောက်လိုက်ခဲ့တာနင်​လေ အခုကကျတော့ နင်ကသူ့ကိုကန်ထုတ်လိုက်တာတဲ့လား? ​ပြောရဲတယ်​နော် သူများတွေကြားရင် အရီလွန်ပြီး သွား​တွေ​တောင်ကျွတ်ထွက်ကုန်ကြဦးမယ်"

စေ့စပ်ပွဲကိုဖျက်သိမ်းခဲ့တဲ့အချိန်တုန်းက နှစ်ဖက်မိသားစုလုံးက အကြောင်းအရင်းကိုရှင်းရှင်းလင်းလင်းမပြောခဲ့တာကြောင့်အပြင်လူတွေအနေနဲ့ဘယ်သူကဘယ်သူ့ကိုဘာအကြောင်းကြောင့်စွန့်ပစ်ခဲ့တယ်ဆိုတာ သေချာမသိကြဘူး.

ဒါပေမဲ့  ရှောင်ဝေလိုတစ်ချို့လူတွေကတော့ သူတို့ထင်ချင်သလိုထင်ပြီး တွေးချင်သာလိုတွေးနေကြတာပါပဲ.

ရှောင်ဝေကတော့ နန်ကုန်းကျင်းကသာ ရွှီချန်းယွဲ့ကို စွန့်ပစ်လိုက်သူလို့သာထင်ပြီး တစ်ခြားဘယ်အကြောင်းကိုမှမယုံကြည်ချင်သူဖြစ်တယ်

"ယုံတာမယုံတာက နင့်အပိုင်းပဲ  ငါ့ကို​တော့ဒုက္ခထပ်မ​ပေးနဲ့​တော့ အခုချိန်မာနင့်ရဲ့အချစ်ပြိုင်ဘက်ကြီးဆိုတာ စုရီရီတစ်​ယောက်ထဲပဲ"
"စုရီရီဆိုတာ နင်တို့အတန်းထဲကတစ်​ယောက်လား"

ဇာတ်လိုက်တစ်​ယောက်ဖြစ်တာမို့လို့ စုရီရီရဲ့နာမည်ကို မသိတဲ့လူမရှိသ​လောက်ပဲ.
ရှီရှန်းက​ရှောင်​ဝေ့ကိုမျက်​လုံးလှန်ပြလိုက်တယ်

~နင့်ရဲ့စိတ်ညစ်စရာဇာတ်လမ်းကြီးကိုအဆုံးမသတ်​တော့ဘူးဆိုရင်လည်း နင်နဲ့စကားဆက်​ပြောရင်း ငါပျင်းပြီး​သေလိမ့်မယ်~

" ဒီ​နေ့​ကျောင်းစဖွင့်တဲ့​နေ့ပဲ နင်မယုံရင်စုရီရီရဲ့အ​ဆောင်​ရှေ့ကိုသွားပြီး သူ့ကိုလိုက်ပို့တဲ့သူက နန်ကုန်းကျင်းဟုတ်မဟုတ်သွားကြည့်​ပေါ့"
~ဒီ​နေ့ ငါ​လေးစိတ်​ကောင်း၀င်​နေတဲ့အတွက်နင့်ကို​ကောင်း​ကောင်းမွန်မွန်လမ်းညွှန်​ပေးလိုက်မယ် ငါ​လေးကို​ကျေးဇူးတင်စရာမလိုပါဘူး~
ရှောင်​ဝေ ကခုထိမယုံနိုင်​သေးသလို ရှီရှန်းကသူ့ကို လာ​နောက်​နေတယ်လို့ခံစား​နေရတုန်းပဲ.
*စုရီရီက​ကျောင်းမှာအ​တော်အသင့်​လောက်​ကျော်ကြားတယ်ဆို​ပေမယ့်သူမရဲ့မိသားစုက ပုံမှန်အဆင့်အတန်းထဲကပဲ နန်ကုန်းကျင်းလိုမျိုး companyပိုင်ရှင် သူ​ဌေးသားတစ်​ယောက်နဲ့ ​ဘယ်လိုလုပ်တွေ့နိုင်မှာလဲ*

ရှီရှန်းကလုံး၀လျစ်လျူရှုထားပြီးသူမရဲ့မျက်နှာ​ပေါ်မှာလည်း'နင့်ရဲ့အချစ်စစ်ဆိုတာကြီးကိုဆုံးရှုံးသွားရရင် ငါ့ကိုအပြစ်မတင်နဲ့´ လို့​ရေးထားသလိုဖြစ်​နေတယ်

ရှီရှန်းထွက်သွားတဲ့အထိလည်း ​ရှောင်​ဝေ က ​တွေ​ဝေနေတုန်းပဲ​.

ကျောင်းမှာအိပ်​ဆောင်​တွေရှိတယ်ဆို​ပေမယ့်လည်းရွှီချန်ယွဲ့က အ​ဆောင်မှာ​နေတယ်ဆိုတာခပ်ရှားရှား.ချူးထန်ကိုအမိဖမ်းဖို့ အားကြိုးမာန်တက်တိုက်တွန်း​နေကြတဲ့သူမရဲ့မိဘ​တွေဆီက​နေ​ဝေးဝေးပြေးဖို့နဲ့တက္ကသိုလ်​ကျောင်းသူဘ၀ကိုခံစားဖို့အတွက် ရှီရှန်းက ဒီနှစ်တော့ အ​ဆောင်​နေဖို့ဆုံးဖြတ်ခဲ့တယ်.

ဒီ​တက္ကသိုလ်က​နေဘွဲ့ရတဲ့ လူချမ်းသာ​တွေက ​ကျောင်းကို​ငွေ​တွေပြန်လှူကြပြီး သူတို့ရဲ့မိခင်​ကျောင်း​တော်ကြီးကိုမ​မေ့​လျော့​ကြောင်း ကမ္ဘာကြီးကိုပြသကြတယ်.

အဲ့ဒါ​ကြောင့်မို့လို့ သူတို့​ကျောင်းကအ​ဆောင်​တွေက ​နေရထိုင်ရတကယ်ကိုအဆင်​ပြေတယ်.အ​ဆောင်အခန်းတစ်ခန်းမှာ လူ​လေး​ယောက်​နေရတယ်ဆို​ပေမယ့် အခန်းကအ​တော်ကျယ်တာမို့​အဆင်​ပြေပါတယ်.

ရှီရှန်းအ​ဆောင်ကို​ရောက်တဲ့အခါမှာ အခန်းထဲကိုဘယ်သူမှမ​ရောက်​သေးဘူးရွှီချန်ယွဲ့လည်းသူမအိပ်ရာကိုရှာရင်းနဲ့ သူမပစ္စည်း​တွေထားဖို့​နေရာကို​ရွေးလိုက်တယ်

ရှီရှန်းက သူမရဲ့ပစ္စည်း​တွေကို​နေရာချ​နေတုန်းပဲ အခန်းတံခါးကပွင့်သွားတယ်

​​ကော်ရစ်ဒါမှာ လူတစ်ချို့​ပျော်ရွှင်​နေကြတဲ့ဆူဆူညံညံအသံ​တွေကိုဖွင့်ထားတဲ့ တံခါး​ကြောင့်ကြားနေရတယ်

ဆံပင်တိုနဲ့မိန်းက​လေးတစ်​ယောက်က အခန်းတံခါးကိုဖွင့်လိုက်တာဖြစ်ပြီး ရှီရှန်းကိုမြင်လိုက်တဲ့အခါမှာ ခန​လောက်​ကြောင်အသွားပြီးသူမရဲ့​နေရာကိုလာစပ်စု​တော့တယ်

"ရွှီချန်ယွဲ့ နင်ကဒီစာသင်နှစ်အတွက် အ​ဆောင်မှာ​နေမလို့လား"

ရွှီချန်ယွဲ့အ​ဆောင်ကိုလာတဲ့အကြိမ်အ​ရေအတွက်က ပထမနှစ်ထဲက​နေအခုချိန်ထိကို လက်ချိုး​ရေလို့​တောင်ရတယ်.
သူမကိုအခုလိုအ​ဆောင်မှာမြင်ရတာကို မအံ့သြဘူးဆိုတာကမှ ပိုလို့​တောင်ထူးဆန်း​နေဦးမယ်.

ရှီရှန်းရဲ့စိတ်ထဲမှာ ဒီ​ကောင်မ​လေးရဲ့နာမည်က 'ရှနဥ်'လို့​ပေါ်လာတယ်

ချန်ယွဲ့ကသူမရဲ့အခန်း​ဖော်​တွေနဲ့မရင်းနှီးတဲ့အပြင် ရှီရှန်းကိုယ်တိုင်ကလည်း သူတို့နဲ့ သူငယ်ချင်းဖြစ်ချင်စိတ်မရှိတဲ့အတွက် ​ခေါင်းကိုငြင်ငြင်သာသာ​လေးငြိမ့်ပြပြီး စာအုပ်ပြန်ဖတ်​နေလိုက်တယ်.

ရှနဥ်ကလည်းသူ့ပစ္စည်း​တွေကို​နေရာမချခင် ကို့ရို့ကားယားဖြစ်သွားရတယ်

"ရီရီရယ် မငိုပါနဲ့ အဲ့ဒီမိန်းမကို အရူးလို့သာ ​တွေးလိုက်စမ်းပါ အခု​တော့နင့်မျက်နှာကိုမြန်မြန်​ဆေးလိမ်းကြရ​အောင် ချမ်းသာတဲ့လူ​တွေကသူတို့ကိုယ်သူတို့အမြဲတမ်းအထင်ကြီးကြတယ် ဒါ​ပေမယ့် အကြင်နာတရားနဲနဲမှရှိကြတဲ့ဟာ​တွေမဟုတ်ဖူး"

ရှီရှန်းက သူမရဲ့မျက်နှာကိုလက်နဲ့အမြန်ကွယ်လိုက်တယ်
~shit!!​ငါ​လေးက ဇာတ်လိုက်မ နဲ့ တစ်​ဆောင်ထဲ​နေရတယ်ဆိုတာကို မေ့​နေတာ ~

ရွှီချန်ယွဲ့​ကြောင့်သာမဟုတ်ရင် စုရီရီနဲ့နန်ကုန်းကျင်းတို့ကတစ်​ယောက်နဲ့တစ်​ယောက်​တွေ့ဖူးလိုက်မှာပင်မဟုတ်ဖူး

~ငါ​လေး​​တေ့ အ​ဆောင်​ပြောင်း​ပြေးရ​တော့မယ့်ပုံပဲ စုရီရီနဲ့တစ်မိုးထဲ​အောက်မှာ​နေနိုင်ရ​လောက်​အောင် ငါမ​ရူး​သေးဘူး~

အပြင်က​နေ လူနှစ်​ယောက် ၀င်လာကြတယ်ဒေါသ​တွေထွက်​နေပြီး ပါးစပ်က​နေမျိုးစုံဆဲဆို​နေတဲ့မိန်းက​လေးတစ်​ယောက်ကစုရီရီကို တွဲ​ပေးထားတယ်

"ရွှီချန်....."
အ​ဆောင်မှာ ရွှီချန်ယွဲ့ကိုမြင်လိုက်တဲ့အခါမှာ စုရီရီရဲ့မျက်နှာက ​အေးခဲသွားရတယ်.
စုရီရီရဲ့မျက်နှာ​ပေါ်မှာလက်၀ါးရာကြီး ထင်း​နေတာမို့လို့ တစ်​ယောက်​ယောက်ပါးရိုက်လွှတ်လိုက်မှန်း သိသာတယ်

"ရီရီ ဘာဖြစ်လာတာလဲ"
ရှနဥ်က စပ်စပ်စုစုနဲ့​မေးလိုက်တယ်

စုရီရီကိုတွဲ​ခေါ်လာတဲ့မိန်းက​လေးက ​ဒေါသတကြီးနဲ့​ပြောလိုက်တယ်
"​ရှောင်​ဝေပေါ့ ဘယ်ကမှန်းမသိရုတ်တရတ်​ကြီးပေါ်လာပြီး ရီရီ့ကိုအ​ကြောင်းပြချက်မရှိ ရိုက်ချသွားတာ"

အဲ့ဒီမိန်းက​လေးက အဖြစ်အပျက်ကို မခံမရပ်နိုင်ဖြစ်​နေတဲ့​လေသံနဲ့ ပြန်​ပြောပြ​တော့တယ်

Translated by
#Dora💜
#Anna💚
#Mia💙
12th Dec 2020

➡️Zawgyi






"မ​သေချင်စမ်းပါနဲ့"
.




ဒါ​ပေမယ့် သူမရဲ့အ​မေကလည်း  ရွှီသခင်ကြီးလိုပဲ ချူးထန်ကိုဆွဲ​ဆောင်​နေတာကိုသ​ဘောတူအား​ပေးကြတယ်.







သူမရဲလမ်းမှာပိတ်ရပ်​နေတဲ့မိန်းက​လေးကိုကြည့်လိုက်တဲ့အချိန်မှာ 'ရှောင်​ဝေ' ဆိုတဲ့နာမည်ကသူမစိတ်ထဲမှာ​ပေါ်လာခဲ့တယ်.




"နင်ကဘာလို့စကားပြန်မ​ပြောရတာလဲ ဟမ်. အရင်ကထက်​တောင်ပိုပြီးမာနကြီးလာသလိုပဲ ဘယ်​အချိန်ထိများဒီလို​ထောင်လွှား​နေနိုင်ဦးမလဲဆိုတာငါ​စောင့်ကြည့်​နေမယ်"


"နင့်ကျပ်မပြည့်ဘူးလား ဘာဖြစ်​နေတာလဲ နန်ကုန်းကျင်းကိုကြိုက်တယ်ဆိုရင်လည်း သူ့ဆီသွား​လေ ငါ့ကိုလာပြီးပြသနာရှာမ​နေနဲ့  သူ့ဆီပဲသွားပြီးဖား​နေပါ​တော့လား ကြွားချင်​နေတာလား hahaပဲရမယ် ဒီမှာ နင်ကသူ့လက်ကို​တောင်မကိုင်ဖူးပဲနဲ့ ငါ့​ရှေ့မှာလာပြီး ကြွားဝါပြစရာဘာအ​ကြောင်းမှမရှိဘူး ပြီး​တော့လည်း ငါကမှ အဲ့အ​ကောင်ကိုစွန်ပစ်လိုက်တဲ့လူပါ​နော်"


ရှောင်​ဝ က ​အေးစက်စက်ပြုံးလိုက်ပြီး






~နင့်ရဲ့စိတ်ညစ်စရာဇာတ်လမ်းကြီးကိုအဆုံးမသတ်​တော့ဘူးဆိုရင် နင်နဲ့စကားဆက်​ပြောဖို့ငါပျင်းပြီး​သေလိမ့်မယ်~










ဆံပင်တိုနဲ့မိန်းက​လေးတစ်​ယောက်က အခန်းတံခါးကိုဖွင့်လိုက်တာဖြစ်ပြီး ရှီရှန်းကိုမြင်လိုက်တဲ့အခါမှာ ခန​လောက်​ကြောင်အသွားပြီးရှီရှန်းရဲ့​နေရာကိုလာစပ်စု​တော့တယ်











"ရွှီချန်....."

"ရီရီ ဘာဖြစ်လာတာလဲ"



Translated by
#Dora💜
#Anna💚
#Mia💙
12th Dec 2020


Continue Reading

You'll Also Like

94.8K 8.2K 8
OUR SECOND MASTER - MYANMAR TRANSLATION [ unicode version is also added ✔️] Original Chinese Author - Twentine ENG translator - Onesecondspring I...
48.7K 4.7K 14
ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...
236K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...