Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

6

2.5K 491 56
By callme__kitty

[Unicode]

'ကလေးတစ်ယောက်ကဲ့သို့'

နေ့လည် ၁၂နာရီ ထိုးပြီးချိန်မှာတော့ Miss လီက သူတို့အား နေ့လည်စာ သွားစားဖို့ ပြောလာသည်။ သူမက သူတို့ကို ဝန်ထမ်းများအတွက် ဖွင့်ထားသည့် စားသောက်ဆိုင်မှ ယာယီသုံး ထမင်းစားကတ်တောင် ပေးလိုက်သေးသည်။

ဝမ်ချောင်၏ခြေထောက်များက တုန်ယင်လွန်းနေတာမို့ သူ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်။ သူ့ကိုယ်တစ်ဝက်ကို ရှဲ့ကျူရှင်းပေါ် မှီချထားရင်း လမ်းလျှောက်လိုက်တိုင်း သူ့ပေါင်တွေ နာကျင်ရကြောင်း တိုင်တန်းနေလေသည်။ ရှဲ့ကျူရှင်းမှာ သူ့ကို ထိန်းပြီးသာ လျှောက်ရတော့သည်။

သူတို့နှစ်ယောက် စားသောက်ဆိုင်အတွင်းသို့ ယိုင်တိယိုင်တိုင်နှင့် ရောက်သွားကြသည်။ သူတို့ ရောက်သွားချိန်မှာတော့ 12:40တောင် ရှိနေပြီဖြစ်တာမို့ စားသောက်ဆိုင်အတွင်း ထိုင်ခုံအလွတ်များ အများအပြား ရှိနေသည်။ အနုပညာကုမ္ပဏီများတွင် လူသစ်များက မကြာခဏဆိုသလို ဝင်လိုက်ထွက်လိုက် ရှိနေတာမို့ မရင်းနှီးသော မျက်နှာစိမ်းများကြောင့် လန့်ဖြန့်သွားသည့် အလုပ်သမားများမရှိကြ။

ရှဲကျူရှင်း ဝမ်ချောင်းကို ထိန်းပေးထားရင်း အနီးအနားမှ ခုံလွတ်တစ်လုံးကို ရှာလိုက်သည်။ ဝမ်ချောင် ခက်ခက်ခဲခဲ ထိုင်ချပြီးသည့်နောက် ရှဲ့ကျူရှင်းမှ ပြောလိုက်သည်။ "ငါ စားစရာတွေ သွားယူတော့မလို့။ မင်း စားရ မကြိုက်တာမျိုး ရှိလား။"

ဝမ်ချောင် သူ့ခြေထောက်ကို ဖွဖွလေး ထုနေရင်း စိတ်ဓာတ်ကျသလို အသံဖြင့် ပြန်ပြောသည်။ "ဟင့်အင်း၊ ဘာပဲဖြစ်ဖြစ် ရတယ်။ ငါ့ကို ထမင်း အပိုပါ ယူခဲ့ပေး။ ဆာနေပြီ။"

ရှဲ့ကျူရှင်း နှစ်ယောက်စာ သယ်လျက် အလျင်အမြန်ပင် ပြန်လာသည်။ ဝမ်ချောင်မှာ မနက်စာ မစားထားရသေးတာမို့ အခုလောလောဆယ် သူ အတော်လေး ဗိုက်ဆာလို့နေသည်။ သူ့တူကို လျှပ်စီးလက်သလို အရှိန်နှင့် ရွေ့လျားနေပြီး သူ့ထမင်းဟင်းကိုကော အရံဟင်းပွဲများကိုပါ ဆယ်မိနစ်အတွင်း အပြောင်ရှင်းသွားလေသည်။ သူက ငါးဟင်းတွင် ပါသည့် ကြက်သွန်မိတ်ဖက်များနှင့် ကြက်သွန်နီများကိုတောင် တစ်ခုမကျန် စားနေ၏။

ရှဲ့ကျူရှင်း ပြုံးသွားသည်။ "မင်းပဲ အရမ်း ဗိုက်ဆာနေတာလား၊ ဒါမှမဟုတ် အစားအသောက်နဲ့ ပတ်သတ်ပြီး ချေးမများတတ်တာလား။"

ဝမ်ချောင် လေချဉ်တက်ပြီးနောက် ပြောလာသည်။ "ငါ အစားချေးမများဘူးဆိုတာ ဘာပြောတာလဲ။ ငါ စားလို့ မကြိုက်တဲ့အရာတွေမှ အများကြီးပဲ။ ကြက်သွန်နီ၊ နံနံရွက်၊ တရုတ်နံနံရွက်၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဖြူ၊ ငရုတ်သီးအစိမ်း၊ အနီ၊ အဝါ၊ ကြက်သွန်မိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ အကုန်လုံးပဲ။"

ဝမ်ချောင် မျက်နှာငယ်လေးနှင့် ဆက်ပြောသည်။ "ငါ ငယ်ငယ်တုန်းက စားမကြိုက်ဘူးဆိုတဲ့ အရာတွေ ပါလာရင် ဖယ်ထုတ်ပစ်တတ်တယ်။ ငါ့အဖေလည်း သိကော ရိုက်တော့တာပဲ။ အဲ့ကတည်းက ငါ နောက်ထပ်တစ်ကြိမ် မစမ်းကြည့်ရဲတော့ဘူး။"

ရှဲ့ကျူရှင်း : "..."

သူ မတရားခံလိုက်ရသည့်အလား ဝမ်ချောင် ထပ်ပြောပြသည်။ "ဒါပေမယ့် ငါ Miss လီရဲ့ အကြော​လျော့တာကို ခံရမယ့်အစား အခါတစ်ရာပဲ အရိုက်ခံလိုက်မယ်။ အဲ့အကြောလျော့တာက အရိုက်ခံရတာထက်တောင် ပိုနာတယ်။"

ရှဲ့ကျူရှင်း ဝမ်ချောင်ကို ကြည့်နေရင်း အက သင်ကာစ ကလေးတစ်ယောက်နှင့် တူသည်ဟုတောင် တွေးမိလာသည်။ ထို့ကြောင့်လည်း သူ နှစ်သိမ့်ပေးသလို ပြောလိုက်သည်။ "အစကတော့ အမြဲ ဒီလိုပဲ။ ကြွက်သား အကြောတွေ ဖြေလျော့တာကို ခန္ဓာကိုယ်က ကျင့်သားရသွားရင် ထပ်ပြီး မနာတော့ဘူး။"

ဝမ်ချောင် ဆက်နားမထောင်ချင်တော့။ "အပြောကတော့ လွယ်တာပေါ့၊ ဒါပေမယ့် တကယ် လုပ်နိုင်ဖို့က ခက်တယ်လေ။ မင်းလည်း ငယ်ငယ်ကတည်းက အကြောလျော့ ကျွမ်းခဲ့တာမလား။ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက် ပျော့ပျောင်းလဲဆိုတာကော မင်းသိရဲ့လား။ ငါ အခု ခံစားနေရတဲ့ နာကျင်မှုကို မင်း ဘယ်လိုလုပ်နားလည်မှာလဲ။"

"ငါ အသက်၁၂ရောက်မှ အက စသင်ခဲ့တာ။ ကိုယ့်ခန္ဓာကိုယ်လည်း အဲ့လောက်ကြီး မပျော့ပြောင်းတော့ဘူး။ နေ့တိုင်း တင်ပါးကို အကြိမ်မရေတွက်နိုင်အောင် ဖိချခဲ့ရတယ်။"

ဝမ်ချောင် ခြေထောက်များပင် တုန်ယင်လာတော့သည်။ "မနာဘူးလား။"

"သင်ယူချင်စိတ်ကို နှလုံးသွင်းထားရင်တော့ မနာဘူး။"

"ငါ မသင်ချင်တော့ဘူး။"

ရှဲ့ကျူရှင်း မေးခွန်းထုတ်လိုက်သည်။ "ဒါဆို မင်း ဘာလို့ အိုင်ဒေါအဖွဲ့ထဲ ဝင်လာလဲ။"

'ဒီကောင်လေးက အနောက်တံခါးကနေ ဝင်ခွင့်ရတဲ့သူထဲက တစ်ယောက်များလား။'

ဝမ်ချောင်က နောင်တရဖို့တောင် စတင်နေပြီဖြစ်သည်။ ထိုကဲ့သို့ ထပ်အမေးခံလိုက်ရချိန်တွင် သူ ငိုပါ ငိုချင်သွားတော့သည်။ "အိုင်ဒေါအဖွဲ့ထဲ ဝင်ရတာ ဒီလောက်အလုပ်တွေများမယ်လို့ ငါ ဘယ်လိုလုပ်သိမှာလဲ။ သူတို့တွေက ငါတို့မျက်နှာကိုပဲ ကြည့်မှာလို့ ထင်ထားတာလေ!"

ရှဲ့ကျူရှင်း : "..."

နေ့လည်ခင်းမှာတော့ သူတို့နှစ်ယောက်လုံး ၁၂လွှာမှ အသံလေ့ကျင့်ခန်းသို့ သွားလိုက်ကြသည်။

သူတို့နှင့် ပထမဆုံးတွေ့ဆုံကြရသည့် ဆရာမက သူတို့နှစ်ယောက်လုံး ကျွမ်းသည့် သီချင်းတစ်ပုဒ်ကို ဆိုဖို့ ပြောလာသည်။ ရှဲ့ကျူရှင်းက 'ပဲနီစေ့လေး'ဟူသည့် သီချင်းမှ စာကြောင်းအနည်းငယ် ဆိုလိုက်ပြီး ဝမ်ချောင်က သူ ရပ်လိုက်သည့်နေရာမှ ဆက်ဆိုလေသည်။ သို့ပေမယ့်လည်း သူ ဆိုနေရင်း သီချင်းစာသား မေ့သွားပြီး ပြောလိုက်သည်။ "ဘာဆိုဘာကမှ ဘလာဘလာဘလာ၊ ဒါပေမယ့် ငါကတော့ တစ်ခါတလေ ဘလာဘလာဘလာ .. အဲ့နား စာသားက ဘာတဲ့လဲ။"

ဆရာမမှာ "..ရပြီ၊ ရပြီ။ အသံအတက်အကျ အဆင်ပြေတယ်။" ဟုသာ ပြောနိုင်တော့သည်။

သူတို့နှစ်ယောက်လုံး အရင်က အသံပိုင်း သီချင်းဂီတများကို Levelတစ်ခုအထိ သင်ထားဖူးတာမို့ အသက်ရှုလေ့ကျင့်ခန်းတို့ ရင်ခေါင်းသံ တုန်ခါခြင်း လေ့ကျင့်ခန်းများနှင့် စိမ်းသက်မနေခဲ့။

မနက်ခင်း အကလေ့ကျင့်ချိန်အတွင်း ခက်ခဲကြမ်းတမ်းခဲ့တာများက အခုလေ့ကျင့်ချိန်တွင် ဝမ်ချောင်ကို လိုက်နာကျိုးနွံ့နေစေပုံပင်။ ပျင်းရိစရာ နှစ်နာရီစာ အတန်းချိန်အတွင်း လေ့ကျင့်ခန်းများကို အနှောင့်အယှက် ပြုလုပ်လာခြင်းမရှိပဲ အေးအေးချမ်းချမ်းသာ ပြီးဆုံးသွားစေ၏။

အတန်းချိန် ပြီးသွားသည့်နောက် သူတို့နှစ်ယောက် သွမ့်ယိခွန်းကို သွားတွေ့လိုက်သည်။ အခြားအဖွဲ့ဝင်လေးယောက်ကလည်း ရောက်နှင့်နေပြီးဖြစ်သည်။

သွမ့်ယိခွန်းမှ ဒီနေ့ အတန်းချိန်များအကြောင်းကို မေးမြန်းလာသည်။ ထို့နောက် သူ မတ်တပ်ထရပ်ပြီး ဝမ်ချောင်ရှိရာဆီ လျှောက်သွားရင်း မေးလေသည်။ "ဒီနေ့ အက လေ့ကျင့်ရတာ ဘယ်လိုနေလဲ။"

ဝမ်ချောင် တစ်ဖက်လှည့်သွားပြီး ဘာမှပြန်မဖြေ။

ဤသည်နှင့် သွမ့်ယိခွန်းက ဝမ်ချောင်၏ဘေးတွင် ထိုင်နေသည့် ရှဲ့ကျူရှင်းအား လှမ်းကြည့်ရတော့သည်။

"ဆရာမကတော့ သူ့အပြုအမူလေးတွေ မဆိုးဘူးလို့ ပြောတယ်။"

သွမ့်ယိခွန်း ခေါင်းငြိမ့်ပြရင်း ပြောလာသည်။ "ဝမ်ချောင်၊ ကောင်းစီ့ယွမ် နှစ်ယောက်လုံးရဲ့ အကစွမ်းရည်က အခြေခံလစ်ဟင်းနေတယ်။ ချောင်းယောင့်က အသံအတက်အကျတွေ လေ့ကျင့်ဖို့လိုတယ်။ မင်းတို့အကုန်လုံးမှာ မတတ်ကျွမ်းသေးတဲ့ နေရာတစ်ခုစီ ရှိနေကြသေးတယ်၊ မဟုတ်ရင် မင်းတို့ အကုန်လုံး လေ့ကျင့်နေဖို့တောင် လိုမှာ မဟုတ်ဘူး။"

သူ အားပေးစကားများ အနည်းငယ်ထပ်ပြောပေးပြီး နောက်ဆုံးမှာတော့ ပြောလာသည်။ "ဒီနေ့အတွက် ဒီလောက်ပါပဲ။ လူတိုင်းလည်း ပင်ပန်းနေပြီပဲ။ ပြန်သွားပြီး နားတော့။ မနက်ဖြန် လာတဲ့အချိန်ကျ ခရီးဆောင်အိတ်တွေ ယူလာကြဦး။ ပြီးရင် ငါတို့က မင်းတို့ အဆောင်မှာ နေနိုင်ဖို့ စီစဉ်ပေးမယ်။"

ဝမ်ချောင် လက်မြှောက်ကာ မျက်နှာတည်ဖြင့် ပြောလိုက်သည်။ "ကျွန်တော် အဲ့မှာ မနေနိုင်ဘူး။"

"မင်းတို့တွေ အရင်ပြန်နှင့်ကြ။ မနက်ဖြန် မနက်၉နာရီ အရောက်လာဖို့ မှတ်ထားဦးနော်။ ဝမ်ချောင်၊ မင်း နေခဲ့။"

လူတိုင်း ပြန်သွားသည်နှင့် သွမ့်ယိခွန်း ဝမ်ချောင်အား ကြင်ကြင်နာနာ ပြောလေသည်။ "မင်း ကရလို့ ပင်ပန်းနေပြီလား။ ငါ အကဆရာမဆီကနေ ပြန်ကြားတာ မင်း နာလို့ အမေ တပြီးတောင် ငိုနေတယ်ဆို။"

ဝမ်ချောင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ "ခွန်း-ကော၊ ဒီလို ရူးမိုက်မိုက် လေ့ကျင့်မှုတွေ လုပ်ရလိမ့်မယ်လို့ ခင်ဗျား ကျွန်တော့်ကို မပြောထားဘူး!"

"စာချုပ်ထဲမှာ အကုန်ရေးထားပြီးသားလေ။ မင်း လုံးဝ ဖတ်မကြည့်ထားဖူးလား။" သွမ့်ယိခွန်း ပြောလိုက်သည်။

ဝမ်ချောင် အလိမ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဝမ်ချီက သူ့အစား စာချုပ်ဖတ်ပေးထားတာဖြစ်ပြီး ဒီကိစ္စကိုလည်း သိထားပြီးဖြစ်ရမည်။ သို့ပေမယ့် သူ့ကိုတော့ မပြောပြလာ။ ဒီမနက် အိမ်မှ အမြန်တွန်းလွှတ်ချိန်မှာတောင် "လက်မှတ်ထိုးပြီးတာနဲ့ အိမ်ပြန်လာရုံပဲ"ဟု ညာလိုက်သေးသည်။

သူ့ဒေါသထွက်နေစိတ်က မပြေပျောက်သေး။ အဆိုတော်တစ်ယောက်ဖြစ်ချင်တယ်ဟု ပြောခဲ့တာလည်း သူပင်။ ဝမ်ချီက သူ့အား ဆူငေါက်ရင်းနှင့် အဆက်အသွယ်များသုံးပြီး သူ့အတွက် အချိတ်အဆက်များရှာပေးလာသည်။ ထို့ကြောင့်လည်း သူ ဟွေ့ရှင်း အနုပညာကုမ္ပဏီသို့ ဝင်ခွင့်ရခဲ့ပြီး ရွှေတံဆိပ်အဆင့်ရှင် သွမ့်ယိခွန်းနှင့် သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။ ဝမ်ချီက သူ့ကို တစ်နေကုန် အော်ဟစ်ရိုက်နှက်နေပေမယ့် သူ့အတွက်လည်း အကုန်ပြင်ဆင်ထားပေးပြီးဖြစ်သည်။

အခု စာချုပ်အထိ လက်မှတ်ထိုးပြီးမှတော့ သူ နှုတ်ထွက်လို့ မရနိုင်။ သေချာသလောက်ကို ဝမ်ချီ သတ်တာ ခံရမှာပင်။

"ဒါပေမယ့် ကျွန်တော် အဆောင်မှာ မနေချင်ဘူး။" ဝမ်ချောင် ပြောလိုက်သည်။ "ဘယ်သူက ယောက်ျားလေးတွေ အစုအပြုံလိုက်ကြီးနဲ့ နေချင်မှာလဲ။ ကျွန်တော်ဖြင့် သူတို့ကို သိတောင် မသိဘူး။ ပြီးတော့ ကျွန်တော့်အိမ်ကလည်း ဒီနေရာကနေ ဝေးတာမှ မဟုတ်တာ။ ကျွန်တော် အိမ်မှာပဲ နေမယ်။"

သွမ့်ယိခွန်း တိုက်တွန်းဖို့ကြိုးစားသည်။ "မင်းတို့တွေ လေ့ကျင့်ရေးကာလအတွင်းတော့ အတူနေမှ ရမယ်။ ဒီနေ့က ပထမနေ့မို့ မင်းတို့ကို အစောပြန်ခွင့် ပေးလိုက်တာ။ အခုချိန်ကစပြီး သက်ညှာပေးတော့မှာ မဟုတ်ဘူး။ မင်းတို့ တစ်ရက်ကို အတန်းချိန် သုံးချိန်ရှိတယ်။ မနက်ခင်း ရှစ်နာရီဆိုတာနဲ့ အဆောင်ကနေ ထွက်ရမယ်။ ည ရှစ်နာရီ၊ ကိုးနာရီလောက်မှ ပြန်လို့ရမယ်။ အဲ့တော့ မင်းတို့အကုန်လုံး အတူစုနေရင် ပိုအဆင်ပြေသွားမှာ။ ငါ့ဘက်ကလည်း မင်းတို့ကို အကြို၊အပို့ လုပ်ပေးဖို့ ကားတစ်စီး စီစဉ်ပေးလို့ ရတော့ ဘယ်သူမှလည်း အတန်းချိန် လွတ်တော့မှာ မဟုတ်ဘူး။"

ဝမ်ချောင်က အတန်းချိန်လွတ်မည့်အကြောင်းအား လုံးဝ စိုးရိမ်မှု မရှိတာမို့ သဘောထား ပြောင်းလဲသွားခြင်းမရှိ။

သွမ့်ယိခွန်း တွေးကြည့်ပြီး ထပ်ပြောလိုက်သည်။ "ကျိကျဲနဲ့ ကောင်းစီ့ယွမ်ကို ကြည့်။ သူတို့ဆက်ဆံရေးက အစကောင်းနေပြီ။ သူတို့ အတူနေလိုက်ပြီဆိုတာနဲ့ ဒီ့ထက်ပိုပြီးပဲ ကောင်းလာတော့မှာ။"

"ကောင်းပါတယ်၊ ကောင်းပါတယ်။ အဲ့တော့ ဘာဖြစ်လဲ။"

"ရှောင်းရှဲ့ကလည်း သူနဲ့အတူနေရမှာလေ။ သူတို့နဲ့ နေ့တိုင်း တွေ့နေရမှာဆိုတော့ သေချာပေါက် သူလည်း သူတို့နဲ့ ပိုပြီး ရင်းနှီးလာမှာပေါ့။"

"..."

သွမ့်ယိခွန်း ဖြည်းဖြည်းချင်း ဆက်ပြောသည်။ "သေချာပေါက် ငါကလည်း အဖွဲ့တစ်ခုတည်းမှာ ဟိုတစ်စု ဒီတစ်စု ကွဲနေတာကို ခွင့်မပြုဘူးပေါ့။ လူတိုင်း အတူတကွ ပါဝင်တိုးတက်လာတာက အကောင်းဆုံးပဲလေ။"

ဒုတိယနေ့တွင်တော့ လူတိုင်း ကုမ္ပဏီသို့ အဝတ်အစားအိတ်များ ကိုယ်စီ ဆွဲပြီး ရောက်လာကြသည်။ ဝမ်ချောင်လည်း သူနှင့်အတူ ခရီးဆောင်အိတ်အသေးလေးတစ်လုံး ယူလာလေသည်။

အဖွဲ့ဝင်တိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ 'မင်းပဲ ဒီမှာမနေချင်ဘူးလို့ မပြောခဲ့ဘူးလား။'

ဝမ်ချောင် ရှဲ့ကျူရှင်းကို ဆွဲလှုပ်ပြီး ပြောလိုက်သည်။ "အဆောင်ခန်းက သုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းရှိတယ်။ မင်းက ငါနဲ့ တစ်ခန်းတည်းနေရလိမ့်မယ်။"

"...အို၊ အိုကေလေ။"

တူရိယာဂီတ အတန်းချိန်က ဝမ်ချောင်အတွက် ဖိအား သိပ်မပေး။ သူ ပီယာနိုဖြင့် Chopin ဂီတသံစဉ်အချို့ကို တီးပြလိုက်ပြီး ဆရာမကလည်း သူ၏ ဖျော်ဖြေရေး ကောင်းမွန်မှုအတွက် ချီးကျူးလာသည်။ အသံ ဂီတ အတန်းချိန်တွင်တော့ အသံပဲ့တင်လိုက်ခြင်း လေ့ကျင့်ရေးကို နှစ်နာရီကျော်ကြာအောင် သူ လေ့ကျင့်လိုက်ရသည်။

သူတို့ အကလေ့ကျင့်ခန်းသို့ ရောက်လာချိန်တွင် Miss လီက မနေ့က ဖြစ်ခဲ့သည့် ကိစ္စများအား လတ်လတ်ဆတ်ဆတ်မှတ်မိလို့နေသေးတာမို့ သူမ အရှေ့ဆက်တိုးမလာတော့ပဲ ရှဲ့ကျူရှင်းကိုသာ ဝမ်ချောင်၏အကြောလျော့မှုကို ကူခိုင်းလိုက်သည်။ ဝမ်ချောင်လည်း နောက်ထပ်တစ်ကြိမ် ထပ်၍ သနားစဖွယ် အော်ငိုပြီး သူ၏နှာရည်၊ မျက်ရည်အကုန်လုံးကို ရှဲ့ကျူရှင်းကိုယ်ပေါ် ပွတ်သုတ်လိုက်လေသည်။

သူတို့ ညနေ အတန်းပြီးချိန်မှာတော့ ကုမ္မဏီမှ သူတို့အားလုံးကို အဆောင်သို့ လိုက်ပို့ပေးပြီး သွမ့်ယိခွန်းလည်း သူတို့နှင့်အတူ လိုက်ပါလာလေသည်။

အဆောင်ဟု ပြောပေမယ့်လည်း တကယ်တမ်းတော့ အိပ်ခန်း သုံးခန်းပါဝင်သည့် တိုက်ခန်းတစ်ခုဖြစ်သည်။ တစ်ခန်းချင်းဆီတွင် တစ်ယောက်အိပ်ကုတင် နှစ်လုံးဆီ ရှိသည်။ မီးဖိုခန်းနှင့် လျှပ်စစ်တပ်ဆင်ထားမှု အကုန်လုံးကတော့ အသစ်စက်စက်ဖြစ်နေသည်။ အခန်း အလှဆင်ထားမှုများကလည်း အလွန်ကို ကောင်းမွန်လှသည်။

သွမ့်ယိခွန်း သူတို့အား ပတ်ပတ်လည်လျှောက်ပြပြီးနောက် ပြောလာသည်။ "လျှပ်စစ်ပစ္စည်းမှန်သမျှ သုံးလို့ရတယ်၊ ဂရုတစိုက်သာ သုံး။ ဘယ်သူကြောင့်ပဲ ပျက်ပျက် ပျက်တဲ့သူက ပြန်ပြင်ဖို့အတွက် တာဝန်ယူရလိမ့်မယ်။ ရေခဲသေတ္တာထဲမှာတော့ အချိုရည်တွေ သောက်စရာတွေ ရှိတယ်၊ အရက်တော့ မရှိဘူး။ ငါ မင်းတို့အကုန်လုံးကို အခုကတည်းက စည်းကမ်းချက်တွေ ပြောပြထားမယ်။ အရက်မသောက်ရဘူး၊ အလောင်းအစားမလုပ်ရဘူး၊ ရန်မဖြစ်ရဘူး၊ ပြီးတော့ အပြင်လူလည်း ခေါ်လာလို့မရဘူး။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် မရဘူး။"

လူတိုင်း ခေါင်းငြိမ့်ပြပေမယ့် ဝမ်ချောင်တစ်ယောက်တည်းသာ ဆိုဖာပေါ် ခေါင်းငုံ့ထိုင်နေပြီး သူ့ဖုန်းနှင့် ဆော့ကစားနေသည်။

သွမ့်ယိခွန်း သူ့အား လှမ်းခေါ်လိုက်သည်။ "ဝမ်ချောင်၊ မင်း ငါပြောတာ ကြားလား။"

ဝမ်ချောင် ခေါင်းမော့ မလာ။ "ကြားတယ်၊ ကျွန်တော်လည်း ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်မှ ခေါ်သွင်းလာမှာ မဟုတ်ဘူး။ ကုတင်က ကျဉ်းလွန်းတယ်။"

သွမ့်ယိခွန်း ခေါင်းလှည့်ပြီး ဆက်ပြောသည်။ "ကျန်တာ ဘာမှ မရှိတော့ဘူး။ အခု မင်းတို့တွေ မင်းတို့အခန်းဖော်ကို စိတ်ကြိုက်ရွေးလို့ ရပြီ။"

ကျိကျဲနှင့် ချန်းယောင့်က တစ်ခန်းထဲမှာ အတူနေပြီး ကောင်းစီ့ယွမ်နှင့် ယန်ရှောင်းမူကလည်း တစ်ခန်း အတူနေလိုက်ကြသည်။

သွမ့်ယိခွန်း ထွက်သွားသည်နှင့် ဝမ်ချောင် သူ့ခရီးဆောင်အိတ်အသေးလေးကို အခန်းအတွင်းသို့ ဆွဲသွားလိုက်တော့သည်။

ကောင်းစီ့ယွမ်နှင့် ယန်ရှောင်းမူတို့လည်း သူတို့အခန်းထဲသူတို့ ပစ္စည်း ရှင်းလင်းရေးလုပ်ရန် ဝင်သွားလိုက်ကြပြီး ချန်းယောင့်ကတော့ ပူတယ်ဟုဆိုကာ သူ့ပစ္စည်းများ မရှင်းလင်းခင် အရင်ဆုံး ရေအမြန်သွားချိုးလေသည်။

ထို့ကြောင့် ဧည့်ခန်းအတွင်း ကျိကျဲနှင့် ရှဲ့ကျုရှင်းသာ စကားစမြည်ပြောရင်း ကျန်ခဲ့တော့သည်။

သူတို့ခြောက်ယောက်လုံးက အသက်အားဖြင့် သိပ်မကွာလှ။ အသက်အကြီးဆုံးက အသက်၂၂အရွယ် ရှဲ့ကျူရှင်းဖြစ်ပြီး အငယ်ဆုံးကတော့ အသက်၂၀ပင် ရှိသေးသည့် ချန်းယောင့်ဖြစ်သည်။ သူက နှုတ်ချိုသည့် တောင်ပိုင်းသားတစ်ယောက် ဖြစ်ပြီး အသံဝဲဝဲလေးနှင့် လူတိုင်းကို "ကော"လို့ ခေါ်ရခြင်းအား ကြိုက်နှစ်သက်လေသည်။ ထို့ကြောင့် ကျန်သုံးယောက်ကလည်း သူ့ခြေရာနင်းကာ ရှဲ့ကျူရှင်းကို "ကော"ဟု ခေါ်လာကြတော့သည်။

"ကော၊ အရင်က နိုင်ငံတကာ ကုန်သွယ်ရေးစင်တာမှာ အက သင်တန်းများ လုပ်ဖူးသေးလား။" ကျိကျဲ ပြောလိုက်သည်။

"အင်း"

ကျိကျဲ ပြုံးပြီး ဆက်ပြောသည်။ "ကောကို စိတ်ထဲ ဘာလို့ ရင်းနှီးနေတာပါလဲလို့ တွေးနေတာ။ ကျွန်တော် အရင်က ကောရဲ့ သင်တန်းချိန်နှစ်ခုမှာ လာတက်ဖူးသေးတယ်။ ဒါပေမယ့် လူတွေက အရမ်းများတော့ ကော ကျွန်တော့်ကို မမှတ်မိလောက်ဘူး။"

ရှဲ့ကျူရှင်း တကယ်လည်း မမှတ်မိ၊ သို့ပေမယ့်လည်း — "တိုက်ဆိုင်လိုက်တာ၊ ကိုယ် အဲ့မှာ နှစ်လလောက်ပဲ သင်ဖူးတာ။"

"Miss လီက ကျွန်တော့်ကို ပျော့ပျော့ပျောင်းပျောင်း ရှိပေမယ့် အရမ်း မပျော့ပျောင်းသေးဘူးတဲ့။ ကောက သူ သင်ပေးဖူးသမျှထဲ အရည်အချင်းအရှိဆုံး ကျောင်းသားတစ်ယောက်ပဲလို့တောင် ပြောလာသေးတယ်။ ကောမှာ အချိန်များ ပိုရင် ကျွန်တော့်ကို နည်းနာ နည်းနည်းပေးပါဗျ။"

"ရပါတယ်၊ ဒါပေမယ့် Miss လီကတော့ တမင် ချဲ့ကား ပြောနေတာပါ။"

ကျိကျဲ ပြုံးပြီး ပြောလိုက်သည်။ "ကျေးဇူးပါ ကော"

ထို့နောက်မှာတော့ ဝမ်ချောင် အခန်းထဲမှ လှမ်းအော်လေသည်။ "ရှဲ့ကျူရှင်း! မင်း ဘာလုပ်နေတာလဲ၊ အပြင်မှ စကားတွေ အဲ့လောက်ပြောနေတာ။ အထဲဝင်!"

ကျိကျဲ မျက်ဆံလန်ပြလိုက်သည်။

ရှဲ့ကျူရှင်း ပြုံးပြီး ပြောလိုက်သည်။ "မင်းလည်း ပစ္စည်းတွေ မြန်မြန် နေရာသွားချတော့လေ။"

သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဝမ်ချောင် သူ့လက်ကို ခါးမှာထောက်ထားရင်း ပြောလာသည်။ "တံခါးပိတ်"

စကားဆုံးသည်နှင့် ရှဲ့ကျူရှင်း တံခါးပိတ်ပေးလိုက်သည်။

"သူ မင်းကို ဘာတွေပြောနေတာလဲ။"

"စကားစမြည်ပါပဲ။"

"စကားစမြည်? ပြီးတော့ သူက မင်းကို ကော လို့ ခေါ်တယ်? ဘာလို့ ငါ့ကျ ကော လို့ မခေါ်လဲ။"

"သူက 1992 Juneမှာ မွေးတာလေ။ သူက မင်းထက် အသက်ကြီးတယ်။"

ဝမ်ချောင် ဒေါသတကြီး ပြောလိုက်သည်။ "မင်းက ဘယ်လိုဖြစ်လို့ သူ့မွေးနေ့ကို သိနေရတာလဲ။ ဘယ်အချိန်တုန်းက သူနဲ့ အဲ့လောက် ရင်းနှီးသွားတာလဲ။"

"... အဖွဲ့ဝင် ကိုယ်ရေးရာဇဝင်မှတ်တမ်းမှာ ရေးထားတာတွေလေ။"

ဝမ်ချောင် ဒေါသထွက်လာပြီး ဆူငေါက်တော့သည်။ "ဘယ်လိုတောင် ရူးမိုက်လှတဲ့ ခွေးသားလေးလဲ! သူ ငါ့ကို စိတ်ရှုပ်အောင် လုပ်ချင်တယ်ဆိုရင် အဆင်ပြေတယ်။ ဒါပေမယ့် သူက ငါ့လူကို လုယူသွားချင်တယ်? ဟ! ရယ်စရာကောင်းလိုက်တာ။"

ရှဲ့ကျူရှင်း ခေါင်းရှုပ်သွားသလို အမူအရာနှင့် မေးလိုက်သည်။ "ဘယ်တုန်းက ငါက မင်းလူဖြစ်သွားရတာလဲ။"

ဝမ်ချောင် သူ့အား စူးကနဲ ကြည့်လိုက်သည်။ "ငါက အဲ့လိုပြောရင် အဲ့လိုပဲပေါ့။ ဘာလဲ။ မဖြစ်ရဲဘူးလား။"

"..."

ဘာလို့ ဒီကောင်လေးက ကလေးတစ်ယောက်လို ပြုမူနေရတာလဲ။

KittyKitling

_____///_____

[Zawgyi]

'ကေလးတစ္ေယာက္ကဲ့သို႔'

ေန႔လည္ ၁၂နာရီ ထိုးၿပီးခ်ိန္မွာေတာ့ Miss လီက သူတို႔အား ေန႔လည္စာ သြားစားဖို႔ ေျပာလာသည္။ သူမက သူတို႔ကို ဝန္ထမ္းမ်ားအတြက္ ဖြင့္ထားသည့္ စားေသာက္ဆိုင္မွ ယာယီသုံး ထမင္းစားကတ္ေတာင္ ေပးလိုက္ေသးသည္။

ဝမ္ေခ်ာင္၏ေျခေထာက္မ်ားက တုန္ယင္လြန္းေနတာမို႔ သူ လမ္းေတာင္ ေကာင္းေကာင္းမေလၽွာက္နိုင္။ သူ႔ကိုယ္တစ္ဝက္ကို ရွဲ႕က်ဴရွင္းေပၚ မွီခ်ထားရင္း လမ္းေလၽွာက္လိုက္တိုင္း သူ႔ေပါင္ေတြ နာက်င္ရေၾကာင္း တိုင္တန္းေနေလသည္။ ရွဲ႕က်ဴရွင္းမွာ သူ႔ကို ထိန္းၿပီးသာ ေလၽွာက္ရေတာ့သည္။

သူတို႔ႏွစ္ေယာက္ စားေသာက္ဆိုင္အတြင္းသို႔ ယိုင္တိယိုင္တိုင္ႏွင့္ ေရာက္သြားၾကသည္။ သူတို႔ ေရာက္သြားခ်ိန္မွာေတာ့ 12:40ေတာင္ ရွိေနၿပီျဖစ္တာမို႔ စားေသာက္ဆိုင္အတြင္း ထိုင္ခုံအလြတ္မ်ား အမ်ားအျပား ရွိေနသည္။ အႏုပညာကုမၸဏီမ်ားတြင္ လူသစ္မ်ားက မၾကာခဏဆိုသလို ဝင္လိုက္ထြက္လိုက္ ရွိေနတာမို႔ မရင္းႏွီးေသာ မ်က္ႏွာစိမ္းမ်ားေၾကာင့္ လန့္ျဖန့္သြားသည့္ အလုပ္သမားမ်ားမရွိၾက။

ရွဲက်ဴရွင္း ဝမ္ေခ်ာင္းကို ထိန္းေပးထားရင္း အနီးအနားမွ ခုံလြတ္တစ္လုံးကို ရွာလိုက္သည္။ ဝမ္ေခ်ာင္ ခက္ခက္ခဲခဲ ထိုင္ခ်ၿပီးသည့္ေနာက္ ရွဲ႕က်ဴရွင္းမွ ေျပာလိုက္သည္။ "ငါ စားစရာေတြ သြားယူေတာ့မလို႔။ မင္း စားရ မႀကိဳက္တာမ်ိဳး ရွိလား။"

ဝမ္ေခ်ာင္ သူ႔ေျခေထာက္ကို ဖြဖြေလး ထုေနရင္း စိတ္ဓာတ္က်သလို အသံျဖင့္ ျပန္ေျပာသည္။ "ဟင့္အင္း၊ ဘာပဲျဖစ္ျဖစ္ ရတယ္။ ငါ့ကို ထမင္း အပိုပါ ယူခဲ့ေပး။ ဆာေနၿပီ။"

ရွဲ႕က်ဴရွင္း ႏွစ္ေယာက္စာ သယ္လ်က္ အလ်င္အျမန္ပင္ ျပန္လာသည္။ ဝမ္ေခ်ာင္မွာ မနက္စာ မစားထားရေသးတာမို႔ အခုေလာေလာဆယ္ သူ အေတာ္ေလး ဗိုက္ဆာလို႔ေနသည္။ သူ႔တူကို လၽွပ္စီးလက္သလို အရွိန္ႏွင့္ ေရြ႕လ်ားေနၿပီး သူ႔ထမင္းဟင္းကိုေကာ အရံဟင္းပြဲမ်ားကိုပါ ဆယ္မိနစ္အတြင္း အေျပာင္ရွင္းသြားေလသည္။ သူက ငါးဟင္းတြင္ ပါသည့္ ၾကက္သြန္မိတ္ဖက္မ်ားႏွင့္ ၾကက္သြန္နီမ်ားကိုေတာင္ တစ္ခုမက်န္ စားေန၏။

ရွဲ႕က်ဴရွင္း ျပဳံးသြားသည္။ "မင္းပဲ အရမ္း ဗိုက္ဆာေနတာလား၊ ဒါမွမဟုတ္ အစားအေသာက္နဲ႔ ပတ္သတ္ၿပီး ေခ်းမမ်ားတတ္တာလား။"

ဝမ္ေခ်ာင္ ေလခ်ဥ္တက္ၿပီးေနာက္ ေျပာလာသည္။ "ငါ အစားေခ်းမမ်ားဘူးဆိုတာ ဘာေျပာတာလဲ။ ငါ စားလို႔ မႀကိဳက္တဲ့အရာေတြမွ အမ်ားႀကီးပဲ။ ၾကက္သြန္နီ၊ နံနံရြက္၊ တ႐ုတ္နံနံရြက္၊ ဟင္းႏုႏြယ္၊ ခရမ္းခ်ဥ္သီး၊ မုန္လာဥနီ၊ ျဖဴ၊ င႐ုတ္သီးအစိမ္း၊ အနီ၊ အဝါ၊ ၾကက္သြန္မိတ္၊ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ အကုန္လုံးပဲ။"

ဝမ္ေခ်ာင္ မ်က္ႏွာငယ္ေလးႏွင့္ ဆက္ေျပာသည္။ "ငါ ငယ္ငယ္တုန္းက စားမႀကိဳက္ဘူးဆိုတဲ့ အရာေတြ ပါလာရင္ ဖယ္ထုတ္ပစ္တတ္တယ္။ ငါ့အေဖလည္း သိေကာ ရိုက္ေတာ့တာပဲ။ အဲ့ကတည္းက ငါ ေနာက္ထပ္တစ္ႀကိမ္ မစမ္းၾကည့္ရဲေတာ့ဘူး။"

ရွဲ႕က်ဴရွင္း : "..."

သူ မတရားခံလိုက္ရသည့္အလား ဝမ္ေခ်ာင္ ထပ္ေျပာျပသည္။ "ဒါေပမယ့္ ငါ Miss လီရဲ့ အေၾကာ​ေလ်ာ့တာကို ခံရမယ့္အစား အခါတစ္ရာပဲ အရိုက္ခံလိုက္မယ္။ အဲ့အေၾကာေလ်ာ့တာက အရိုက္ခံရတာထက္ေတာင္ ပိုနာတယ္။"

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင္ကို ၾကည့္ေနရင္း အက သင္ကာစ ကေလးတစ္ေယာက္ႏွင့္ တူသည္ဟုေတာင္ ေတြးမိလာသည္။ ထို႔ေၾကာင့္လည္း သူ ႏွစ္သိမ့္ေပးသလို ေျပာလိုက္သည္။ "အစကေတာ့ အျမဲ ဒီလိုပဲ။ ႂကြက္သား အေၾကာေတြ ေျဖေလ်ာ့တာကို ခႏၶာကိုယ္က က်င့္သားရသြားရင္ ထပ္ၿပီး မနာေတာ့ဘူး။"

ဝမ္ေခ်ာင္ ဆက္နားမေထာင္ခ်င္ေတာ့။ "အေျပာကေတာ့ လြယ္တာေပါ့၊ ဒါေပမယ့္ တကယ္ လုပ္နိုင္ဖို႔က ခက္တယ္ေလ။ မင္းလည္း ငယ္ငယ္ကတည္းက အေၾကာေလ်ာ့ ကၽြမ္းခဲ့တာမလား။ ကေလးတစ္ေယာက္ရဲ့ ခႏၶာကိုယ္က ဘယ္ေလာက္ ေပ်ာ့ေပ်ာင္းလဲဆိုတာေကာ မင္းသိရဲ့လား။ ငါ အခု ခံစားေနရတဲ့ နာက်င္မွုကို မင္း ဘယ္လိုလုပ္နားလည္မွာလဲ။"

"ငါ အသက္၁၂ေရာက္မွ အက စသင္ခဲ့တာ။ ကိုယ့္ခႏၶာကိုယ္လည္း အဲ့ေလာက္ႀကီး မေပ်ာ့ေျပာင္းေတာ့ဘူး။ ေန႔တိုင္း တင္ပါးကို အႀကိမ္မေရတြက္နိုင္ေအာင္ ဖိခ်ခဲ့ရတယ္။"

ဝမ္ေခ်ာင္ ေျခေထာက္မ်ားပင္ တုန္ယင္လာေတာ့သည္။ "မနာဘူးလား။"

"သင္ယူခ်င္စိတ္ကို ႏွလုံးသြင္းထားရင္ေတာ့ မနာဘူး။"

"ငါ မသင္ခ်င္ေတာ့ဘူး။"

ရွဲ႕က်ဴရွင္း ေမးခြန္းထုတ္လိုက္သည္။ "ဒါဆို မင္း ဘာလို႔ အိုင္ေဒါအဖြဲ႕ထဲ ဝင္လာလဲ။"

'ဒီေကာင္ေလးက အေနာက္တံခါးကေန ဝင္ခြင့္ရတဲ့သူထဲက တစ္ေယာက္မ်ားလား။'

ဝမ္ေခ်ာင္က ေနာင္တရဖို႔ေတာင္ စတင္ေနၿပီျဖစ္သည္။ ထိုကဲ့သို႔ ထပ္အေမးခံလိုက္ရခ်ိန္တြင္ သူ ငိုပါ ငိုခ်င္သြားေတာ့သည္။ "အိုင္ေဒါအဖြဲ႕ထဲ ဝင္ရတာ ဒီေလာက္အလုပ္ေတြမ်ားမယ္လို႔ ငါ ဘယ္လိုလုပ္သိမွာလဲ။ သူတို႔ေတြက ငါတို႔မ်က္ႏွာကိုပဲ ၾကည့္မွာလို႔ ထင္ထားတာေလ!"

ရွဲ႕က်ဴရွင္း : "..."

ေန႔လည္ခင္းမွာေတာ့ သူတို႔ႏွစ္ေယာက္လုံး ၁၂လႊာမွ အသံေလ့က်င့္ခန္းသို႔ သြားလိုက္ၾကသည္။

သူတို႔ႏွင့္ ပထမဆုံးေတြ႕ဆုံၾကရသည့္ ဆရာမက သူတို႔ႏွစ္ေယာက္လုံး ကၽြမ္းသည့္ သီခ်င္းတစ္ပုဒ္ကို ဆိုဖို႔ ေျပာလာသည္။ ရွဲ႕က်ဴရွင္းက 'ပဲနီေစ့ေလး'ဟူသည့္ သီခ်င္းမွ စာေၾကာင္းအနည္းငယ္ ဆိုလိုက္ၿပီး ဝမ္ေခ်ာင္က သူ ရပ္လိုက္သည့္ေနရာမွ ဆက္ဆိုေလသည္။ သို႔ေပမယ့္လည္း သူ ဆိုေနရင္း သီခ်င္းစာသား ေမ့သြားၿပီး ေျပာလိုက္သည္။ "ဘာဆိုဘာကမွ ဘလာဘလာဘလာ၊ ဒါေပမယ့္ ငါကေတာ့ တစ္ခါတေလ ဘလာဘလာဘလာ .. အဲ့နား စာသားက ဘာတဲ့လဲ။"

ဆရာမမွာ "..ရၿပီ၊ ရၿပီ။ အသံအတက္အက် အဆင္ေျပတယ္။" ဟုသာ ေျပာနိုင္ေတာ့သည္။

သူတို႔ႏွစ္ေယာက္လုံး အရင္က အသံပိုင္း သီခ်င္းဂီတမ်ားကို Levelတစ္ခုအထိ သင္ထားဖူးတာမို႔ အသက္ရွုေလ့က်င့္ခန္းတို႔ ရင္ေခါင္းသံ တုန္ခါျခင္း ေလ့က်င့္ခန္းမ်ားႏွင့္ စိမ္းသက္မေနခဲ့။

မနက္ခင္း အကေလ့က်င့္ခ်ိန္အတြင္း ခက္ခဲၾကမ္းတမ္းခဲ့တာမ်ားက အခုေလ့က်င့္ခ်ိန္တြင္ ဝမ္ေခ်ာင္ကို လိုက္နာက်ိဳးႏြံ႕ေနေစပုံပင္။ ပ်င္းရိစရာ ႏွစ္နာရီစာ အတန္းခ်ိန္အတြင္း ေလ့က်င့္ခန္းမ်ားကို အေႏွာင့္အယွက္ ျပဳလုပ္လာျခင္းမရွိပဲ ေအးေအးခ်မ္းခ်မ္းသာ ၿပီးဆုံးသြားေစ၏။

အတန္းခ်ိန္ ၿပီးသြားသည့္ေနာက္ သူတို႔ႏွစ္ေယာက္ သြမ့္ယိခြန္းကို သြားေတြ႕လိုက္သည္။ အျခားအဖြဲ႕ဝင္ေလးေယာက္ကလည္း ေရာက္ႏွင့္ေနၿပီးျဖစ္သည္။

သြမ့္ယိခြန္းမွ ဒီေန႔ အတန္းခ်ိန္မ်ားအေၾကာင္းကို ေမးျမန္းလာသည္။ ထို႔ေနာက္ သူ မတ္တပ္ထရပ္ၿပီး ဝမ္ေခ်ာင္ရွိရာဆီ ေလၽွာက္သြားရင္း ေမးေလသည္။ "ဒီေန႔ အက ေလ့က်င့္ရတာ ဘယ္လိုေနလဲ။"

ဝမ္ေခ်ာင္ တစ္ဖက္လွည့္သြားၿပီး ဘာမွျပန္မေျဖ။

ဤသည္ႏွင့္ သြမ့္ယိခြန္းက ဝမ္ေခ်ာင္၏ေဘးတြင္ ထိုင္ေနသည့္ ရွဲ႕က်ဴရွင္းအား လွမ္းၾကည့္ရေတာ့သည္။

"ဆရာမကေတာ့ သူ႔အျပဳအမူေလးေတြ မဆိုးဘူးလို႔ ေျပာတယ္။"

သြမ့္ယိခြန္း ေခါင္းၿငိမ့္ျပရင္း ေျပာလာသည္။ "ဝမ္ေခ်ာင္၊ ေကာင္းစီ့ယြမ္ ႏွစ္ေယာက္လုံးရဲ့ အကစြမ္းရည္က အေျခခံလစ္ဟင္းေနတယ္။ ေခ်ာင္းေယာင့္က အသံအတက္အက်ေတြ ေလ့က်င့္ဖို႔လိုတယ္။ မင္းတို႔အကုန္လုံးမွာ မတတ္ကၽြမ္းေသးတဲ့ ေနရာတစ္ခုစီ ရွိေနၾကေသးတယ္၊ မဟုတ္ရင္ မင္းတို႔ အကုန္လုံး ေလ့က်င့္ေနဖို႔ေတာင္ လိုမွာ မဟုတ္ဘူး။"

သူ အားေပးစကားမ်ား အနည္းငယ္ထပ္ေျပာေပးၿပီး ေနာက္ဆုံးမွာေတာ့ ေျပာလာသည္။ "ဒီေန႔အတြက္ ဒီေလာက္ပါပဲ။ လူတိုင္းလည္း ပင္ပန္းေနၿပီပဲ။ ျပန္သြားၿပီး နားေတာ့။ မနက္ျဖန္ လာတဲ့အခ်ိန္က် ခရီးေဆာင္အိတ္ေတြ ယူလာၾကဦး။ ၿပီးရင္ ငါတို႔က မင္းတို႔ အေဆာင္မွာ ေနနိုင္ဖို႔ စီစဥ္ေပးမယ္။"

ဝမ္ေခ်ာင္ လက္ေျမႇာက္ကာ မ်က္ႏွာတည္ျဖင့္ ေျပာလိုက္သည္။ "ကၽြန္ေတာ္ အဲ့မွာ မေနနိုင္ဘူး။"

"မင္းတို႔ေတြ အရင္ျပန္ႏွင့္ၾက။ မနက္ျဖန္ မနက္၉နာရီ အေရာက္လာဖို႔ မွတ္ထားဦးေနာ္။ ဝမ္ေခ်ာင္၊ မင္း ေနခဲ့။"

လူတိုင္း ျပန္သြားသည္ႏွင့္ သြမ့္ယိခြန္း ဝမ္ေခ်ာင္အား ၾကင္ၾကင္နာနာ ေျပာေလသည္။ "မင္း ကရလို႔ ပင္ပန္းေနၿပီလား။ ငါ အကဆရာမဆီကေန ျပန္ၾကားတာ မင္း နာလို႔ အေမ တၿပီးေတာင္ ငိုေနတယ္ဆို။"

ဝမ္ေခ်ာင္ စိတ္ပ်က္လက္ပ်က္ျဖစ္သြားသည္။ "ခြန္း-ေကာ၊ ဒီလို ႐ူးမိုက္မိုက္ ေလ့က်င့္မွုေတြ လုပ္ရလိမ့္မယ္လို႔ ခင္ဗ်ား ကၽြန္ေတာ့္ကို မေျပာထားဘူး!"

"စာခ်ဳပ္ထဲမွာ အကုန္ေရးထားၿပီးသားေလ။ မင္း လုံးဝ ဖတ္မၾကည့္ထားဖူးလား။" သြမ့္ယိခြန္း ေျပာလိုက္သည္။

ဝမ္ေခ်ာင္ အလိမ္ခံလိုက္ရသလို ခံစားလိုက္ရသည္။ ဝမ္ခ်ီက သူ႔အစား စာခ်ဳပ္ဖတ္ေပးထားတာျဖစ္ၿပီး ဒီကိစၥကိုလည္း သိထားၿပီးျဖစ္ရမည္။ သို႔ေပမယ့္ သူ႔ကိုေတာ့ မေျပာျပလာ။ ဒီမနက္ အိမ္မွ အျမန္တြန္းလႊတ္ခ်ိန္မွာေတာင္ "လက္မွတ္ထိုးၿပီးတာနဲ႔ အိမ္ျပန္လာ႐ုံပဲ"ဟု ညာလိုက္ေသးသည္။

သူ႔ေဒါသထြက္ေနစိတ္က မေျပေပ်ာက္ေသး။ အဆိုေတာ္တစ္ေယာက္ျဖစ္ခ်င္တယ္ဟု ေျပာခဲ့တာလည္း သူပင္။ ဝမ္ခ်ီက သူ႔အား ဆူေငါက္ရင္းႏွင့္ အဆက္အသြယ္မ်ားသုံးၿပီး သူ႔အတြက္ အခ်ိတ္အဆက္မ်ားရွာေပးလာသည္။ ထို႔ေၾကာင့္လည္း သူ ေဟြ႕ရွင္း အႏုပညာကုမၸဏီသို႔ ဝင္ခြင့္ရခဲ့ၿပီး ေရႊတံဆိပ္အဆင့္ရွင္ သြမ့္ယိခြန္းႏွင့္ သိကၽြမ္းခဲ့ရျခင္း ျဖစ္သည္။ ဝမ္ခ်ီက သူ႔ကို တစ္ေနကုန္ ေအာ္ဟစ္ရိုက္ႏွက္ေနေပမယ့္ သူ႔အတြက္လည္း အကုန္ျပင္ဆင္ထားေပးၿပီးျဖစ္သည္။

အခု စာခ်ဳပ္အထိ လက္မွတ္ထိုးၿပီးမွေတာ့ သူ ႏွုတ္ထြက္လို႔ မရနိုင္။ ေသခ်ာသေလာက္ကို ဝမ္ခ်ီ သတ္တာ ခံရမွာပင္။

"ဒါေပမယ့္ ကၽြန္ေတာ္ အေဆာင္မွာ မေနခ်င္ဘူး။" ဝမ္ေခ်ာင္ ေျပာလိုက္သည္။ "ဘယ္သူက ေယာက္်ားေလးေတြ အစုအျပဳံလိုက္ႀကီးနဲ႔ ေနခ်င္မွာလဲ။ ကၽြန္ေတာ္ျဖင့္ သူတို႔ကို သိေတာင္ မသိဘူး။ ၿပီးေတာ့ ကၽြန္ေတာ့္အိမ္ကလည္း ဒီေနရာကေန ေဝးတာမွ မဟုတ္တာ။ ကၽြန္ေတာ္ အိမ္မွာပဲ ေနမယ္။"

သြမ့္ယိခြန္း တိုက္တြန္းဖို႔ႀကိဳးစားသည္။ "မင္းတို႔ေတြ ေလ့က်င့္ေရးကာလအတြင္းေတာ့ အတူေနမွ ရမယ္။ ဒီေန႔က ပထမေန႔မို႔ မင္းတို႔ကို အေစာျပန္ခြင့္ ေပးလိုက္တာ။ အခုခ်ိန္ကစၿပီး သက္ညႇာေပးေတာ့မွာ မဟုတ္ဘူး။ မင္းတို႔ တစ္ရက္ကို အတန္းခ်ိန္ သုံးခ်ိန္ရွိတယ္။ မနက္ခင္း ရွစ္နာရီဆိုတာနဲ႔ အေဆာင္ကေန ထြက္ရမယ္။ ည ရွစ္နာရီ၊ ကိုးနာရီေလာက္မွ ျပန္လို႔ရမယ္။ အဲ့ေတာ့ မင္းတို႔အကုန္လုံး အတူစုေနရင္ ပိုအဆင္ေျပသြားမွာ။ ငါ့ဘက္ကလည္း မင္းတို႔ကို အႀကိဳ၊အပို႔ လုပ္ေပးဖို႔ ကားတစ္စီး စီစဥ္ေပးလို႔ ရေတာ့ ဘယ္သူမွလည္း အတန္းခ်ိန္ လြတ္ေတာ့မွာ မဟုတ္ဘူး။"

ဝမ္ေခ်ာင္က အတန္းခ်ိန္လြတ္မည့္အေၾကာင္းအား လုံးဝ စိုးရိမ္မွု မရွိတာမို႔ သေဘာထား ေျပာင္းလဲသြားျခင္းမရွိ။

သြမ့္ယိခြန္း ေတြးၾကည့္ၿပီး ထပ္ေျပာလိုက္သည္။ "က်ိက်ဲနဲ႔ ေကာင္းစီ့ယြမ္ကို ၾကည့္။ သူတို႔ဆက္ဆံေရးက အစေကာင္းေနၿပီ။ သူတို႔ အတူေနလိုက္ၿပီဆိုတာနဲ႔ ဒီ့ထက္ပိုၿပီးပဲ ေကာင္းလာေတာ့မွာ။"

"ေကာင္းပါတယ္၊ ေကာင္းပါတယ္။ အဲ့ေတာ့ ဘာျဖစ္လဲ။"

"ေရွာင္းရွဲ႕ကလည္း သူနဲ႔အတူေနရမွာေလ။ သူတို႔နဲ႔ ေန႔တိုင္း ေတြ႕ေနရမွာဆိုေတာ့ ေသခ်ာေပါက္ သူလည္း သူတို႔နဲ႔ ပိုၿပီး ရင္းႏွီးလာမွာေပါ့။"

"..."

သြမ့္ယိခြန္း ျဖည္းျဖည္းခ်င္း ဆက္ေျပာသည္။ "ေသခ်ာေပါက္ ငါကလည္း အဖြဲ႕တစ္ခုတည္းမွာ ဟိုတစ္စု ဒီတစ္စု ကြဲေနတာကို ခြင့္မျပဳဘူးေပါ့။ လူတိုင္း အတူတကြ ပါဝင္တိုးတက္လာတာက အေကာင္းဆုံးပဲေလ။"

ဒုတိယေန႔တြင္ေတာ့ လူတိုင္း ကုမၸဏီသို႔ အဝတ္အစားအိတ္မ်ား ကိုယ္စီ ဆြဲၿပီး ေရာက္လာၾကသည္။ ဝမ္ေခ်ာင္လည္း သူႏွင့္အတူ ခရီးေဆာင္အိတ္အေသးေလးတစ္လုံး ယူလာေလသည္။

အဖြဲ႕ဝင္တိုင္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္ၾကသည္။ 'မင္းပဲ ဒီမွာမေနခ်င္ဘူးလို႔ မေျပာခဲ့ဘူးလား။'

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းကို ဆြဲလွုပ္ၿပီး ေျပာလိုက္သည္။ "အေဆာင္ခန္းက သုံးခန္းနဲ႔ ဧည့္ခန္းတစ္ခန္းရွိတယ္။ မင္းက ငါနဲ႔ တစ္ခန္းတည္းေနရလိမ့္မယ္။"

"...အို၊ အိုေကေလ။"

တူရိယာဂီတ အတန္းခ်ိန္က ဝမ္ေခ်ာင္အတြက္ ဖိအား သိပ္မေပး။ သူ ပီယာနိုျဖင့္ Chopin ဂီတသံစဥ္အခ်ိဳ႕ကို တီးျပလိုက္ၿပီး ဆရာမကလည္း သူ၏ ေဖ်ာ္ေျဖေရး ေကာင္းမြန္မွုအတြက္ ခ်ီးက်ဴးလာသည္။ အသံ ဂီတ အတန္းခ်ိန္တြင္ေတာ့ အသံပဲ့တင္လိုက္ျခင္း ေလ့က်င့္ေရးကို ႏွစ္နာရီေက်ာ္ၾကာေအာင္ သူ ေလ့က်င့္လိုက္ရသည္။

သူတို႔ အကေလ့က်င့္ခန္းသို႔ ေရာက္လာခ်ိန္တြင္ Miss လီက မေန႔က ျဖစ္ခဲ့သည့္ ကိစၥမ်ားအား လတ္လတ္ဆတ္ဆတ္မွတ္မိလို႔ေနေသးတာမို႔ သူမ အေရွ႕ဆက္တိုးမလာေတာ့ပဲ ရွဲ႕က်ဴရွင္းကိုသာ ဝမ္ေခ်ာင္၏အေၾကာေလ်ာ့မွုကို ကူခိုင္းလိုက္သည္။ ဝမ္ေခ်ာင္လည္း ေနာက္ထပ္တစ္ႀကိမ္ ထပ္၍ သနားစဖြယ္ ေအာ္ငိုၿပီး သူ၏ႏွာရည္၊ မ်က္ရည္အကုန္လုံးကို ရွဲ႕က်ဴရွင္းကိုယ္ေပၚ ပြတ္သုတ္လိုက္ေလသည္။

သူတို႔ ညေန အတန္းၿပီးခ်ိန္မွာေတာ့ ကုမၼဏီမွ သူတို႔အားလုံးကို အေဆာင္သို႔ လိုက္ပို႔ေပးၿပီး သြမ့္ယိခြန္းလည္း သူတို႔ႏွင့္အတူ လိုက္ပါလာေလသည္။

အေဆာင္ဟု ေျပာေပမယ့္လည္း တကယ္တမ္းေတာ့ အိပ္ခန္း သုံးခန္းပါဝင္သည့္ တိုက္ခန္းတစ္ခုျဖစ္သည္။ တစ္ခန္းခ်င္းဆီတြင္ တစ္ေယာက္အိပ္ကုတင္ ႏွစ္လုံးဆီ ရွိသည္။ မီးဖိုခန္းႏွင့္ လၽွပ္စစ္တပ္ဆင္ထားမွု အကုန္လုံးကေတာ့ အသစ္စက္စက္ျဖစ္ေနသည္။ အခန္း အလွဆင္ထားမွုမ်ားကလည္း အလြန္ကို ေကာင္းမြန္လွသည္။

သြမ့္ယိခြန္း သူတို႔အား ပတ္ပတ္လည္ေလၽွာက္ျပၿပီးေနာက္ ေျပာလာသည္။ "လၽွပ္စစ္ပစၥည္းမွန္သမၽွ သုံးလို႔ရတယ္၊ ဂ႐ုတစိုက္သာ သုံး။ ဘယ္သူေၾကာင့္ပဲ ပ်က္ပ်က္ ပ်က္တဲ့သူက ျပန္ျပင္ဖို႔အတြက္ တာဝန္ယူရလိမ့္မယ္။ ေရခဲေသတၱာထဲမွာေတာ့ အခ်ိဳရည္ေတြ ေသာက္စရာေတြ ရွိတယ္၊ အရက္ေတာ့ မရွိဘူး။ ငါ မင္းတို႔အကုန္လုံးကို အခုကတည္းက စည္းကမ္းခ်က္ေတြ ေျပာျပထားမယ္။ အရက္မေသာက္ရဘူး၊ အေလာင္းအစားမလုပ္ရဘူး၊ ရန္မျဖစ္ရဘူး၊ ၿပီးေတာ့ အျပင္လူလည္း ေခၚလာလို႔မရဘူး။ ေယာက္်ားျဖစ္ျဖစ္၊ မိန္းမျဖစ္ျဖစ္ မရဘူး။"

လူတိုင္း ေခါင္းၿငိမ့္ျပေပမယ့္ ဝမ္ေခ်ာင္တစ္ေယာက္တည္းသာ ဆိုဖာေပၚ ေခါင္းငုံ႔ထိုင္ေနၿပီး သူ႔ဖုန္းႏွင့္ ေဆာ့ကစားေနသည္။

သြမ့္ယိခြန္း သူ႔အား လွမ္းေခၚလိုက္သည္။ "ဝမ္ေခ်ာင္၊ မင္း ငါေျပာတာ ၾကားလား။"

ဝမ္ေခ်ာင္ ေခါင္းေမာ့ မလာ။ "ၾကားတယ္၊ ကၽြန္ေတာ္လည္း ဘယ္လိုပဲျဖစ္ျဖစ္ တစ္ေယာက္မွ ေခၚသြင္းလာမွာ မဟုတ္ဘူး။ ကုတင္က က်ဥ္းလြန္းတယ္။"

သြမ့္ယိခြန္း ေခါင္းလွည့္ၿပီး ဆက္ေျပာသည္။ "က်န္တာ ဘာမွ မရွိေတာ့ဘူး။ အခု မင္းတို႔ေတြ မင္းတို႔အခန္းေဖာ္ကို စိတ္ႀကိဳက္ေရြးလို႔ ရၿပီ။"

က်ိက်ဲႏွင့္ ခ်န္းေယာင့္က တစ္ခန္းထဲမွာ အတူေနၿပီး ေကာင္းစီ့ယြမ္ႏွင့္ ယန္ေရွာင္းမူကလည္း တစ္ခန္း အတူေနလိုက္ၾကသည္။

သြမ့္ယိခြန္း ထြက္သြားသည္ႏွင့္ ဝမ္ေခ်ာင္ သူ႔ခရီးေဆာင္အိတ္အေသးေလးကို အခန္းအတြင္းသို႔ ဆြဲသြားလိုက္ေတာ့သည္။

ေကာင္းစီ့ယြမ္ႏွင့္ ယန္ေရွာင္းမူတို႔လည္း သူတို႔အခန္းထဲသူတို႔ ပစၥည္း ရွင္းလင္းေရးလုပ္ရန္ ဝင္သြားလိုက္ၾကၿပီး ခ်န္းေယာင့္ကေတာ့ ပူတယ္ဟုဆိုကာ သူ႔ပစၥည္းမ်ား မရွင္းလင္းခင္ အရင္ဆုံး ေရအျမန္သြားခ်ိဳးေလသည္။

ထို႔ေၾကာင့္ ဧည့္ခန္းအတြင္း က်ိက်ဲႏွင့္ ရွဲ႕က်ဳရွင္းသာ စကားစျမည္ေျပာရင္း က်န္ခဲ့ေတာ့သည္။

သူတို႔ေျခာက္ေယာက္လုံးက အသက္အားျဖင့္ သိပ္မကြာလွ။ အသက္အႀကီးဆုံးက အသက္၂၂အရြယ္ ရွဲ႕က်ဴရွင္းျဖစ္ၿပီး အငယ္ဆုံးကေတာ့ အသက္၂၀ပင္ ရွိေသးသည့္ ခ်န္းေယာင့္ျဖစ္သည္။ သူက ႏွုတ္ခ်ိဳသည့္ ေတာင္ပိုင္းသားတစ္ေယာက္ ျဖစ္ၿပီး အသံဝဲဝဲေလးႏွင့္ လူတိုင္းကို "ေကာ"လို႔ ေခၚရျခင္းအား ႀကိဳက္ႏွစ္သက္ေလသည္။ ထို႔ေၾကာင့္ က်န္သုံးေယာက္ကလည္း သူ႔ေျခရာနင္းကာ ရွဲ႕က်ဴရွင္းကို "ေကာ"ဟု ေခၚလာၾကေတာ့သည္။

"ေကာ၊ အရင္က နိုင္ငံတကာ ကုန္သြယ္ေရးစင္တာမွာ အက သင္တန္းမ်ား လုပ္ဖူးေသးလား။" က်ိက်ဲ ေျပာလိုက္သည္။

"အင္း"

က်ိက်ဲ ျပဳံးၿပီး ဆက္ေျပာသည္။ "ေကာကို စိတ္ထဲ ဘာလို႔ ရင္းႏွီးေနတာပါလဲလို႔ ေတြးေနတာ။ ကၽြန္ေတာ္ အရင္က ေကာရဲ့ သင္တန္းခ်ိန္ႏွစ္ခုမွာ လာတက္ဖူးေသးတယ္။ ဒါေပမယ့္ လူေတြက အရမ္းမ်ားေတာ့ ေကာ ကၽြန္ေတာ့္ကို မမွတ္မိေလာက္ဘူး။"

ရွဲ႕က်ဴရွင္း တကယ္လည္း မမွတ္မိ၊ သို႔ေပမယ့္လည္း — "တိုက္ဆိုင္လိုက္တာ၊ ကိုယ္ အဲ့မွာ ႏွစ္လေလာက္ပဲ သင္ဖူးတာ။"

"Miss လီက ကၽြန္ေတာ့္ကို ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္း ရွိေပမယ့္ အရမ္း မေပ်ာ့ေပ်ာင္းေသးဘူးတဲ့။ ေကာက သူ သင္ေပးဖူးသမၽွထဲ အရည္အခ်င္းအရွိဆုံး ေက်ာင္းသားတစ္ေယာက္ပဲလို႔ေတာင္ ေျပာလာေသးတယ္။ ေကာမွာ အခ်ိန္မ်ား ပိုရင္ ကၽြန္ေတာ့္ကို နည္းနာ နည္းနည္းေပးပါဗ်။"

"ရပါတယ္၊ ဒါေပမယ့္ Miss လီကေတာ့ တမင္ ခ်ဲ့ကား ေျပာေနတာပါ။"

က်ိက်ဲ ျပဳံးၿပီး ေျပာလိုက္သည္။ "ေက်းဇူးပါ ေကာ"

ထို႔ေနာက္မွာေတာ့ ဝမ္ေခ်ာင္ အခန္းထဲမွ လွမ္းေအာ္ေလသည္။ "ရွဲ႕က်ဴရွင္း! မင္း ဘာလုပ္ေနတာလဲ၊ အျပင္မွ စကားေတြ အဲ့ေလာက္ေျပာေနတာ။ အထဲဝင္!"

က်ိက်ဲ မ်က္ဆံလန္ျပလိုက္သည္။

ရွဲ႕က်ဴရွင္း ျပဳံးၿပီး ေျပာလိုက္သည္။ "မင္းလည္း ပစၥည္းေတြ ျမန္ျမန္ ေနရာသြားခ်ေတာ့ေလ။"

သူ အခန္းထဲသို႔ ဝင္လိုက္သည္ႏွင့္ ဝမ္ေခ်ာင္ သူ႔လက္ကို ခါးမွာေထာက္ထားရင္း ေျပာလာသည္။ "တံခါးပိတ္"

စကားဆုံးသည္ႏွင့္ ရွဲ႕က်ဴရွင္း တံခါးပိတ္ေပးလိုက္သည္။

"သူ မင္းကို ဘာေတြေျပာေနတာလဲ။"

"စကားစျမည္ပါပဲ။"

"စကားစျမည္? ၿပီးေတာ့ သူက မင္းကို ေကာ လို႔ ေခၚတယ္? ဘာလို႔ ငါ့က် ေကာ လို႔ မေခၚလဲ။"

"သူက 1992 Juneမွာ ေမြးတာေလ။ သူက မင္းထက္ အသက္ႀကီးတယ္။"

ဝမ္ေခ်ာင္ ေဒါသတႀကီး ေျပာလိုက္သည္။ "မင္းက ဘယ္လိုျဖစ္လို႔ သူ႔ေမြးေန႔ကို သိေနရတာလဲ။ ဘယ္အခ်ိန္တုန္းက သူနဲ႔ အဲ့ေလာက္ ရင္းႏွီးသြားတာလဲ။"

"... အဖြဲ႕ဝင္ ကိုယ္ေရးရာဇဝင္မွတ္တမ္းမွာ ေရးထားတာေတြေလ။"

ဝမ္ေခ်ာင္ ေဒါသထြက္လာၿပီး ဆူေငါက္ေတာ့သည္။ "ဘယ္လိုေတာင္ ႐ူးမိုက္လွတဲ့ ေခြးသားေလးလဲ! သူ ငါ့ကို စိတ္ရွုပ္ေအာင္ လုပ္ခ်င္တယ္ဆိုရင္ အဆင္ေျပတယ္။ ဒါေပမယ့္ သူက ငါ့လူကို လုယူသြားခ်င္တယ္? ဟ! ရယ္စရာေကာင္းလိုက္တာ။"

ရွဲ႕က်ဴရွင္း ေခါင္းရွုပ္သြားသလို အမူအရာႏွင့္ ေမးလိုက္သည္။ "ဘယ္တုန္းက ငါက မင္းလူျဖစ္သြားရတာလဲ။"

ဝမ္ေခ်ာင္ သူ႔အား စူးကနဲ ၾကည့္လိုက္သည္။ "ငါက အဲ့လိုေျပာရင္ အဲ့လိုပဲေပါ့။ ဘာလဲ။ မျဖစ္ရဲဘူးလား။"

"..."

ဘာလို႔ ဒီေကာင္ေလးက ကေလးတစ္ေယာက္လို ျပဳမူေနရတာလဲ။

KittyKitling

_____///_____

Continue Reading

You'll Also Like

1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
215K 23.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...