အဆိပ်/လီဝေယန်း

Av Sharr7

137K 25.2K 1.1K

Collaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ... Mer

၁။ နန်းကျ ဧကရီ
၂။ မလိုသော သမီး
၃။ ရိုးရိုးရှင်းရှင်း တစ်​နပ်​စာ
၎။ လျူရှီအား အပြစ်​ပေးခြင်း
၅။ ဝက်တွေ လွတ်ကုန်ပြီ
၆။ မိတ်ဆွေ ဟောင်းများပြန်ဆုံကြခြင်း
၈။ သဘောထားပြည့်ဝသော မိခင်၊ ရိုသေလေးစားတတ်သော သမီး
၉။ ပန်းများဝေလျက်
၁၀။ အစ်မကြီး လီချန်းလဲ့
၁၁။ ပေါ့လျော့သော အပြစ်ဒဏ်ဖြင့် သတိပေးခြင်း
၁၂။ အခါးရည် နှပ်သော စွမ်းရည်
၁၃။ တစ်ပါးသူ၏ သြဇာအာဏာအားဖြင့် တုံ့ပြန်ခြင်း
၁၄။ မိထွေး သွေးထွက်* - နစ်နာဆုံးရှုံးသည်
၁၅။ လျှို့ဝှက်ကြံစည်ကြခြင်း
၁၆။ အညှာအတာမရှိ၊ နှလုံးသား မရှိ
၁၇။ အပြစ်အနာအဆာမရှိ/ ဟာကွက်မရှိသော အမှုအခင်း
၁၈။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖုံးကွယ်ပေးကြခြင်း
၁၉။ ကျိန်စာသင့် ကံကြမ္မာ
၂၀။ ပြယ်ပျက်သွားသော အလှ
၂၁။ အားလုံးက ဟ​န်​ဆောင်​မှု​တွေချည်းပဲ
၂၂။ မီးထဲ ဆီထည့်
၂၃။ ကံကောင်းစေသော ကြောင်
၂၄။ ဖျက်​ဆီးခံရ​သော ပိုးထည်
၂၅။ ဘယ်သူက ရုပ်သေးရုပ်လဲ
၂၆။ မရှုနိုင်​မကယ်​နိုင်​ဖြစ်​အောင်​လုပ်​သည်
၂၇။ အမုန်းတရားတို့ နက်ရှိုင်းလွန်းသည်
၂၈။ လူရှုပ်​လူ​ပွေ
၂၉။ မိုး​ရေထဲက ဖိတ်​စာ
၃၀။ လူယုတ်မာကို နာနာရိုက်
၃၁။ မာနကြီးပြီး အထက်​စီးဆန်​ခြင်း
၃၂။ ကိုယ့်ဒုက္ခ ကိုယ်ရှာ
၃၃။ သမီးကို ဆိုဆုံးမခြင်း
၃၄။ လက်ထဲက ပုလဲရတနာ
၃၅။ အသိအကျွမ်းဟောင်းများနှင့် ပြန်ဆုံတွေ့ခြင်း
၃၆။ ရန်သူရန်ဘက်တို့ လာဆုံကြ
၃၇။ မောင်နှမနှစ်ယောက် ပူးပေါင်းကြံစည်ကြခြင်း
၃၈။​ ကောက်​ကျစ်​သော အကြံအစည်​
၃၉။ လျို့ဝှက်ပူးပေါင်းခြင်း
၄၀။ လက်ဆောင်ပြန်ပေးခြင်း နောက်ကွယ်က မုန်တိုင်း
၄၁။ အဖိုးတန်​ရတနာကို ဆန္ဒမရှိဘဲ​ပေးလိုက်​ခြင်း
၄၂။ မျက်နှာသာရရန်အတွက်နှင့် သူတစ်ပါးကို ရောင်းစားသည်
၄၃။ ငြင်းဆန်၍ မရသော သက်သေ
၄၄။ ဖြစ်ကြောင်းကို ပြန်လှန်ပြောင်း
၄၅။ ကစားပွဲကို ဦးဆောင်ချုပ်ကိုင်
၄၆။ ဒူးထောက်၍ အပြစ်ကို ချေ
၄၇။ အကြံသမား လက်ဆောင်ပို့လာ
၄၈။ တိုင်းပြည့် မိခင်
၄၉။ ကိုယ်စီကိုယ်ငှ ကြံစည်များနှင့်
၅၀။ နှင်းထဲ ငါးမျှား
၅၁။ သူတစ်ပါးပိုင်ဆိုင်မှုကို လုယူ၍ မိမိအပိုင် ပြုခြင်း
၅၂။ အိမ်တော်အတွင်း လေပြင်းတိုက်ခတ်
၅၃။ လှည့်ဖျား ဉာဏ်ဆင်ခဲ့ရုံမျှသာ
၅၄။ ကြွယ်ဝမှုကို ဖွေရှာသည်
၅၅။ ထိုးထွင်းသိမြင်လွယ်ခြင်း
၅၆။ အန်းဖိန် မင်းသမီး
၅၇။ အရေးနိမ့်သွားသော အကောက်ကြံမှု
၅၈။ ဂုဏ်ပြု စားသောက်ပွဲ
၅၉။ လေပွေ အဝေ့
၆၀။ စမ်းရေကြည်မှ ဂယက်လှိုင်း
၆၁။ ရုတ်ရုတ်သဲသဲ ဆူညံ
၆၂။ လေညှင်းကို ထိခိုက်
၆၃။ ပိတ်လှောင်ထားခံရခြင်းမှသည် ဆုတ်ယုတ်ပျက်စီးခြင်းသို့
၆၄/၁။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း
၆၄/၂။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း
၆၅/၁။ ဗျူဟာထဲက ဗျူဟာ
၆၅/၂။ ဗျူဟာထဲက ဗျူဟာ
၆၅/၃။ ဗျူဟာထဲက ဗျူဟာ
၆၅/၄။ ဗျူဟာထဲက ဗျူဟာ
၆၆/၁။ ကိုယ့်သေတွင်း ကိုယ်တူး
၆၆/၂။ ကိုယ့်သေတွင်း ကိုယ်တူး
၆၇/၁။ ဘဝနိဂုံးချုပ်အံ့ဆဲဆဲ

၇။ လီအိမ်တော်သို့ ပြန်လာခြင်း

2K 374 12
Av Sharr7

၇။ လီအိမ်တော်သို့ ပြန်လာခြင်း
(NC,SHARR)

ဖိန်ချန်းမြို့ရှိ လီအိမ်တော်၌ လဝက်ခန့်နေရပြီးနောက်၊ သူတို့က မြို့တော်အပြန် ဝေယန်းအတွက် အစေခံမိန်းကလေးနှစ်ဦးနှင့် မားမားနှစ်ဦး စီစဉ်ပေးလိုက်သည်။ မြင်းရထားက အမတ်ချုပ်ကြီးအိမ်တော်မှ စေလွှတ်လိုက်ခြင်းဖြစ်သည်။ ကန့်လန့်ကာတွင် ရောင်စုံကျောက်မျက်များ စီခြယ်ထားပြီး ထည်ဝါသော အနီရင့်ရင့်ပိုးသားနှင့်၊ ပျိုနီပန်းပုံကြွရွနေအောင် ထိုးထားသည်။ အပြင်ပိုင်းက ရိုးရှင်းပြီး ခြိုးခြံထားပုံရသော်လည်း အတွင်းပိုင်းအပြင်အဆင်မှာ လွန်စွာ ဆန်းကြယ်၍ ထည်ဝါခန်းနားလှသည်။

ဝေယန်းကတော့ တစ်ချက်မျှ ဝေ့ဝိုက်ကြည့်ပြီးသည်နှင့် ဆက်၍ ဂရုထားမနေတော့ချေ။ ဤလှည်းယာဉ်မှာ သခင်မကြီးက သူမအား ခြောက်လန့်ရန် သိမ်ငယ်စေရန် အသုံးချစရာတစ်ခုသာဖြစ်မှန်း သူမသိသည်။

ဒါ အစပဲရှိသေးတယ်....

လှည်းယာဉ်အတွင်းတွင်တော့ ပိုင်ကျီက တမလန်းသားဖြင့် ထုလုပ်ထားသော စားပွဲငယ်ပေါ်သို့ လက်ဖက်ရည်ပူပူနွေးကို ချထားလိုက်သည်။ သူမ မျက်လုံးမှိတ်ထား၍ နားနေသော လီဝေယန်းအား ငဲ့ကြည့်လိုက်သည်။ သူမ စိတ်ပူနေသည်။ လီဝေယန်းနှင့် စကားစမြည်ဆိုသင့်၊ မသင့် ချီတုံချတုံဖြစ်နေမိသည်။ တတိယသခင်မလေးမှာ ခရီးသွားရာ၌ တစ်ဦးတည်းနေတတ်သူနှင့်လည်း မတူဟု သူမ ထင်မိသည်။

အခြားတစ်ဖက်တွင်ထိုင်နေသော ဇီယန်အား သူမ လှမ်းကြည့်လိုက်သည်။ ဇီယန့်မျက်နှာပေါ်မှ တူညီသော မျက်နှာထားကို တွေ့ရသောအခါ သူမပို၍ စိတ်ပူပန်လာသည်။ သူတို့နှစ်ဦးစလုံးမှာ ဖိန်ချန်းမြို့လီအိမ်တော်မှ တတိယသခင်မလေးအား အလုပ်အကျွေးပြုရန် လွှတ်လိုက်သော အစေခံမများဖြစ်သည်။ သို့သော် ဤတတိယသခင်မလေး၏ စိတ်နေသဘောထားအား သူတို့မမှန်းဆတတ်သောကြောင့် စကားပင်မဟရဲ့ကြပေ။

လီဝေယန်း မျက်လုံးအစုံအသာမှိတ်ထားရင်းက ထိုစဉ်အခါ အမတ်ချုပ်ကြီးအိမ်တော်ကို ပြန်ရောက်သည့်အချိန်မှ အဖြစ်အပျက်များအား အမှတ်ရနေမိသည်။ သူမမှာ အမတ်ချုပ်ကြီး အိမ်တော်တွင်းသို့ မဝံ့မရဲဝင်ခဲ့ရသည်။ သခင်မကြီးက သူမအား ခေါင်းအစခြေအဆုံး ပြန်ပြန်လှန်လှန် ကြည့်နေခဲ့သည်။

ထို့နောက် ကြည်သာရွှင်လန်းစွာ အပြုံးတစ်ခု သူမ မျက်နှာပေါ် ထင်ဟပ်လာ၍ သူမက ဆိုသည်။

"အို... ဒီကလေးမက ကံကောင်းမယ့်ပုံပဲ... သူ့အဝတ်အစားလေး သွားလဲပေးကြပါဦး..."

ထိုစဉ်အခါက သူမသည် အားငယ်နေသည်။ ထိတ်လန့်နေသည်၊ ကြောက်ရွံ့နေသည်၊ သိမ်ငယ်နေသည်။ သို့သော် ဤစကားများကြားသောအခါ သူမ ကျေးဇူးတင်၍ ဝမ်းသာမိသည်။ နိမ့်ကျသော ကိုယ်လုပ်တော်တစ်ဦး၏ သမီးဖြစ်သူ သူမ၊ နှစ်လပိုင်းဖွား သူမ၊ သခင်မကြီး သဘောထားကြီး၍သာ မဟုတ်လျင် ဖခင်က သူမအား အဘယ်မှာ အမှတ်ရသတိရမည်နည်း။ ကံမကောင်းအကြောင်းမလှတော့ သခင်မကြီး၏ မျက်ဝန်းထဲမှ နက်ရှိုင်းစွာ ခိုအောင်းနေသော ရွံရှာစက်ဆုပ်မှု၊ မုန်းတီးနာကျည်းမှုတို့အား သူမ သတိမထားမိခဲ့ပေ။

ထိုစဉ်က သူမ အမတ်ချုပ်အိမ်တော်ကို ပြန်ရောက်သောအခါ၊ စာမတတ် ပေမတတ်ဖြစ်ခဲ့သည်။ သူမ စာတစ်လုံးပင်မဖတ်တတ်။ သူမမှာ တကယ့်တောသူမသဖွယ်ဖြစ်နေသည်။ သူမသည် အမတ်ချုပ်ကြီး သမီးဖြစ်ပါလျက် ရေးတတ်ဖတ်တတ်ခြင်းမရှိဟုသာ သတင်းပျံ့ပါက လူအများ ရယ်သွမ်းသွေးခံရမည်မှာ အမှန်ပင်ဖြစ်သည်။

ထောပါကျန်းတစ်ယောက် ဂုဏ်သတင်းမကျော်စောခဲ့သော၊ အာဏာအင်အားမကြီးထွားသေးသော၊ မင်းဖြစ်ရန် အလားအလာမရှိခဲ့သော မင်းသားတစ်ပါးသာဖြစ်ခဲ့သည့် ထိုအတိတ်အား သူမ ပြန်တွေးနေမိသည်။ ထိုအကြောင်းများကြောင့် သူမ ဖခင်က နတ်မိမယ်အလားလှပသည့် အစ်မ လီချန်းလဲ့အား နတ္ထိဗလာသာပိုင်ဆိုင်သည့် ထောပါကျန်းနှင့် လက်မထပ်ပေးရခြင်းဖြစ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ထောပါကျန်း၌ ဂုဏ်သရေကြီးမား၊ မြင့်မြတ်ထင်ရှားသည့် မွေးစားမယ်တော် ဝူရှန်းဖေး မိဖုရားရှိနေသည်။ ထို့ကြောင့်လည်း စေ့စပ်ညှိနှိုင်းလာသည်ကို ငြင်းပယ်ရအခက်ဖြစ်နေခဲ့သည်။ သို့ရာတွင် ထောပါကျန်း နောင်တစ်ချိန်တွင် မင်းဖြစ်လာမည်ဟု မည်သူကမျှ မတွေးမိခဲ့ကြပေ။ ထိုမျှမက လွန်ခဲ့သော နှစ်အနည်းငယ်က မိမိနာမည်ပင် စာလုံးမပေါင်းတတ်သော တောသူမသည်လည်း မိဖုရားခေါင်ကြီး ဧကရီအရာရောက်လာခဲ့မည်ဟု မထင်ခဲ့ကြပေ။ ထိုစဉ်က သူမ သခင်မကြီးနှင့် တွေ့ဆုံပြီးသောအခါ ကျွန်မတစ်ယောက်နောက် လိုက်လာခဲ့ရသည်။ စာကြည့်ခန်းအား ဖြတ်သွားသောအခါ တစ်စုံတစ်ဦး ကဗျာပေစာဖတ်သံအား ကြားလိုက်ရသည်။

အသံငယ်က တန်ပြန်ကာ ထွက်ပေါ်လာသည်ကို ဝေယန်း ကြားခဲ့သည်။

"မက်မွန်ငယ်က နုနယ်ပျိုမြစ်လို့နေသည်...

ပန်းလွှာပန်းက ပွင့်လန်း... ဝေဆာလို့နေသည်...

မိန်းမငယ်က... နောင်ခါအိမ်သို့ သွားရပါလိမ့်...

သူ့အိမ်ခန်း... အိမ်ထောင် နိုင်နင်း ထိန်းသိမ်းနိုင်ရပေလိမ့်..."

ထိုစဉ်က လီဝေ့ယန်မှာ စာမတတ်သေး။ သို့သော် ထိုသူ၏ စာရွတ်သံမှာ လွန်စွာ နားဝင်ချိုလှသည်ဟု ထင်မိသည်။ သူမ ဆက်၍ နားထောင်ဦးမလို့ပင် သို့သော် အော်သံတစ်သံကြောင့် လန့်သွားခဲ့မိသည်။

"အား... နင် ဒီမှာ ဘာလုပ်နေတာလဲ..."

အံ့အားသင့်၍ လီဝေယန်းလည်း မော့ကြည့်မိရာ၊ အလွန်လှပသော မိန်းမငယ်တစ်ဦး သူမအား ဝိုင်းစက်စက်မျက်ဝန်းများဖြင့် ကြည့်နေသည်ကို တွေ့လိုက်၏။

ကဗျာရွတ်ဖတ်နေသော ဆရာကလည်း လှည့်ကြည့်သည်။ ဆရာက မေးခွန်းထုတ်ခဲ့သည်ကိုလည်း လီဝေယန်းကြားခဲ့သေးသည်။

"သူက အိမ်တော်က အစေခံတစ်ယောက်လား..."

ဤသို့ရိုးစင်းသော အမေးစကားလေးတစ်ခွန်းက ဝေယန်းအား ရှက်ရွှံ့၍ မျက်နှာတစ်ပြင်လုံး နီမြန်းသွားစေခဲ့သည်။

မိန်းမလှလေးက သူမအား ငေးကြည့်နေခဲ့သည်။ ဝေယန်းမည်သူမည်ဝါမှန်း သူမ မှန်းဆသိလောက်နေပြီ။ သို့ပါလျက် သူမက ပါးစပ်ကို လက်ဖြင့်အသာအုပ်၍ တခစ်ခစ်ရယ်မောနေလေသည်။

"လာကြစမ်း... ဘာဖြစ်လို့ အိမ်တော်တွင်းမှာ ဒီလောက်စုတ်ပြတ်နေတဲ့ အစေခံကို ထားထားရတာလဲ...!"

သူမ စကားလုံးတွေက လှောင်ရယ်သံတွေအပြည့်နှင့်။

လီဝေယန်းတစ်ယောက် ခေါင်းငိုက်စိုက်ကာ မိမိကိုယ်ကို ပြန်ကြည့်လိုက်မိသည်။ မြင့်မြတ်သော အိမ်တော်တို့မှ ဤသခင်မလေးတိူ့နှင့် ယှဉ်လျှင် သူမက ကမ္ဘာတခြားရောက်နေသကဲ့သို့ ဖြစ်နေသည်။ သူမ လက်သီးတို့ကို တင်းတင်းဆုပ်ထားမိခဲ့သည်။ မကျေမနပ်ဖြစ်ခဲ့ရသည်။

မိန်းမလှလေးမှာ စိတ်မရှည်တော့ဟန်ဖြစ်လာသည်။

"နင်... ဘာရပ်လုပ်နေသေးတာလဲ... နင် ဆရာ့သင်ခန်းစာကို အနှောင့်အယှက်ဖြစ်နေစေတယ်ဆိုတာ မတွေ့ဘူးလား... သွားစမ်း!"

"တတိယမမလေး... ကျမတို့ သွားကြရအောင်နော်..."

သူမ နံဘေးမှ အစေခံက တီးတိုးဆိုလာသည်။ မြေကြီးမှ တွင်းတစ်ခုပေါ်လာကာ သူမအား ဝါးမြိုသွားလျှင်ကောင်းလိမ့်မည်ဟု လီဝေယန်းတွေးနေမိသည်။

ထိုအချိန်ကလေး၌ တစ်နေရာစီမှ အသံသာသာတစ်ခု လွင့်ပျံ့လာသည်။

"ချန်ရှီ... သူက ညီမ မမ(၃)လေ... ဘယ်လိုများ စိတ်လိုက်မာန်ပါတွေ ပြောနေရတာလဲ..." ထိုအသံက နတ်ဘုံနတ်နန်းမှ သံစဉ်ပမာ သူမအား စိတ်သက်သာရာရစေခဲ့သည်။

သိပ်မကြာလိုက်၊ သူမ သိလိုက်ရသည်။ သူမအား ကူညီခဲ့သည့် မိန်းကလေးမှာ လီချန်းလဲ့ဖြစ်လေသည်။ လီဝေယန်းကတော့ ထိုနေရာတင်ပင် ကြောင်အန်းအန်းနှင့် အကြာကြီးရပ်နေမိသည်။ သူမ ဤမျှသော ထူးခြားသူမျိုးအား ယခင်က တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ ဤမျှသာယာနာပျော်ဖွယ် အသံသာသာကိုလည်း တစ်ခါမျှ မကြားခဲ့ဖူးပေ။ သူမဘာသာ တိတ်တိတ်ကလေးပင်တွေးနေမိသည်။ နတ်မိမယ်တောင်မှ သူ့လောက်လှပါ့မလား....

"တတိယ မမလေး... တတိယ မမလေး..." ဇီယန်က သူမအား ညှင်သာစွာခေါ်လိုက်သည်။

လီဝေယန်း မျက်လုံး ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူမ မတ်မတ်ထိုင်ကာ ပြုံးလိုက်သည်။ အပြုံးမှာ မသိသာလှ၊ သို့သော် သူမအား တက်ကြွ၍ နှစ်လိုဖွယ်ကောင်းသွားဟန်ပေါ်စေသည်။

"ဘာတဲ့လဲ..."

ဇီယန်က ပြုံးကာ ဆိုသည်။ "တတိယမမလေး... ကျွန်မတို့ ရောက်ပါတော့မယ်.."

လီဝေယန်း လိုက်ကာခန်းစီးများအား ဆွဲပိတ်လိုက်သည်။ မြင်းလှည်းက ချန်အန်းမြို့တော်၏ ဂိတ်တံခါးဝမှ ဖြတ်သွားလေပြီ။ သိပ်မကြာခင် အမတ်ချုပ်ကြီးအိမ်တော်ရှိရာ ချန်းမန်သို့ ရောက်ရှိပေတော့မည်။ အမတ်ချုပ်ကြီးအိမ်တော်က လူသူထူထပ်ရာ၌ မဟုတ်သလို၊ ဆိတ်ငြိမ်လွန်းသော အခြားမြင့်မြတ်သောအမျိုးနွယ်တို့ အိမ်တော်များအနီးတွင်လည်း မဟုတ်ပေ။ အိမ်တော်ကြီး ပထမဆုံးအကြိမ်စတည်စဉ်က မင်းသားတစ်ပါးက အလိုရှင်သဖြင့် ရှင်ဘုရင်ထံမှ တောင်းခံခဲ့သည်။ သို့သော် တည်နေရာအား သဘောမကျ၍ ဆက်လက်နေထိုင်ခြင်းမပြုတော့ပေ။ နောက်ပိုင်း အဆိုပါမင်းသားလည်း ထီးနန်းလုရန်ကြိုးစားပြီး မအောင်မြင်သောအခါ အဆိပ်ဝိုင်သောက်၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ သူ၏ ပိုင်ဆိုင်မှုနှင့် အိမ်တော်ကို တိုင်းပြည်က သိမ်းလိုက်သည်။ နောက်ဆုံးတော့ အိမ်တေ်အား လီမျိုးနွယ်တို့အား ရောင်းချလိုက်သဖြင့် ယနေ့အထိ မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ကြခြင်းဖြစ်သည်။

မူလက အိမ်တော်ကြီးအား ထိုမင်းသား အနားယူသောအခါနေရန် ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။ ဥယျာဉ်ထဲတွင် ကျောက်တုံးကျောက်ဆောင်များ၊ ခက်နွယ်ခက်ပန်းများနှင့် အလှဆင်ထားသည်။ လွန်စွာ ကျက်သရေရှိ၍ အနုစိတ်သည်။ နေရာအကျယ်ချင်းတွင်မူ ဤဥယျာဉ်မှာ မြို့တွင်းရှိ အခြားစံအိမ်များအား ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။ သို့သော် ဗိသူကာလက်ရာချင်းယှဉ်လျင်မူ အကောင်းဆုံးဟု ဆိုရပေးမည်။

ခရီးက သိပ်မဝေးလှ။ သို့သော် ပျင်းခြောက်ခြောက် ငြီးငွေ့ဖွယ် မြင်းခွာသံက အချိန်ကုန်နှေးလှသည်ဟု ထင်ရစေသည်။

အချိန်အနည်းငယ်ကြာတော့၊ မြင်းလှည်းလည်း ရပ်သွားတော့သည်။

အပြင်မှာဘက်ဆီက မိန်းမကြီးအသံတစ်သံ ယဉ်ကျေးစွာထွက်ပေါ်လာသည်။

"တတိယသခင်မလေး ရောက်လာပြီ..."

ထို့နောက် သူမက မြင်းလှည်းနံဘေး ခုံပုကလေးတစ်လုံးချပေးလိုက်သည်။ ပိုင်ကျီနှင့် ဇီယန်တို့က ခုံကလေးမှ ဆင်းသွားပြီးနောက် ဝေယန်းအားမြင်းလှည်းမှ ဆင်းနိုင်ရန် ကူညီပေးသည်။

သူမ အိမ်တော်ထဲဝင်လာကာ စင်္ကြံလမ်းအား ဖြတ်လျှောက်ခဲ့သည်။ စင်္ကြံလမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင်တော့ ဝါးလှောင်အိမ်ကလေးများ ချိတ်တန်းထားသည်။ ဘီလုံး၊ ငှက်တော်၊ သာလိကာ၊ ကြက်တူရွေး၊ ချိုးငှက်စသည်ဖြင့် ငှက်မျိုးစုံ၊ ခိုပါမကျန် ရှိနေသည်။ ရာချီသော ငှက်မျိုးစုံတို့မြည်တွန်သံက ငြိမ့်ညောင်းသာယာသော တေးတစ်ပုဒ်အလား။ လီဝေယန်း သိမ်းငှက်တစ်ကောင်၏ စူးရှသော မျက်လုံးများအားမော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ အကြည့်လွှဲလိုက်လေသည်။

လမ်းတစ်လျှောက် အစိမ်းနှင့် အပြာဝတ်အစေခံများစွာ တွေ့ခဲ့ရသည်။ သူတို့ ငြိမ်သက်စွာရပ်နေကြသည်။ သို့သော် လီဝေယန်းကို တွေ့သောအခါ ဦးညွှတ်ကာ အရိုအသေပေးကြတော့သည်။ အဖြစ်အပျက်မြင်ကွင်းတို့မှာ ယခင်ဘဝနှင့် တထေရာတည်း။

ယခင်ဘဝတုန်းကတော့ ဤအစေခံများအားတွေ့သောအခါ သူမ ထိတ်လန့်ကာ အနေအထိုင်မတတ်ဖြစ်ခဲ့ရသည်။ ပြန်စဉ်းစားကြည့်လျှင် သခင်မကြီးက သူမအား စည်းမျဉ်းစည်းကမ်းတို့ အရင်သင်ပြပေးလိုက်လို့ရပါလျက် မသင်ပြခဲ့၊ သို့မဟုတ် ဖိန်ချန်းရှိလီအိမ်တော်မှ ကြိုတင်အသိပေးခဲ့၍ ရပါလျက် အသိမပေးခဲ့ပေ။ ထိုအစား သူတို့အားလုံးက သူမအား ဤအစေခံတို့ရှေ့၌ မသိနားမလည် ယောင်နနဟန် ဖြစ်နေစေခဲ့သည်။ တစ်ပါးသူတို့အမြင်၌ တောသူမသည် ဘယ်သောအခါမှ မြင့်မြတ်တော်ဝင်လာမည်မဟုတ်ဟု အထင်ရောက်စေခဲ့သည်။

လီဝေယန်း ထိုယခင်အချိန်တို့အား ပြန်လည်အမှတ်ရနေမိသည်။ သူမ ပြုံးလိုက်သည်။ သို့သော် သူမအနား အစေခံများဝိုင်းရံနေသည့်အကြားက လမ်းလျှောက်မရပ်ခဲ့ပေ။ သူမအား လမ်းပြပေးနေသော အစေခံနောက်သာ လိုက်နေသည်။ ပိုင်ကျီနှင့် ဇီယန်ကတော့ သူမ ခြေလှမ်းများအား အမီလိုက်နေကြရသည်။

"တွေ့လား... အဲ့တစ်ယောက်က တတိယသခင်မလေးဟဲ့..."

"သူက လှတယ်နော်... အိန္ဒြေလည်းအကြီးသား... သူများတွေပြောတော့ သူက တောမှာကြီးတာဆို..."

"ဟုတ်ပ... သခင်မလေးဆိုတာ သခင်မလေးပဲ... သူ့ကို ဘယ်လိုပဲ ပြုစုပျိုးထောင်ခဲ့ပါစေ... ဘယ်လိုပဲ ကြီးပြင်းလာရပါစေ... ကိုယ်နှုတ်အမူအရာတွေ... ဟိတ်ဟန်သွင်ပြင်တွေကတော့... ပြောင်းလဲမသွားဘူး... သိမ်ငယ်ကြောက်ရွံ့တတ်သူအဖြစ်ပြောင်းမသွားဘူးနော်..."

လီဝေယန်းကတော့ သူတို့ဆွေးနွေးနေသည်တို့ကို အမှုမထား။ သူမဘာသာ ဟော်ရှန်းယွမ် (ကြာပန်းစံအိမ်) ဘက်သို့ ဆက်လျှောက်နေလိုက်သည်။ ဝေယန်းရောက်လာသည်ကို တွေ့တော့ ကျွန်မတစ်ဦးက အလိုက်တစ်သိ လိုက်ကာမပေးလိုက်သည်။ သူမက ရွှင်ပြုံးစွာ ဆိုသည်။

"တတိယမမလေး..."

လီဝေ့ယန် အသာပြုံးလျက် ထိုအစေခံအား ခေါင်းညိတ်ပြလိုက်ပြီး အခန်းတွင်း ဝင်လိုက်လေသည်။ ကြမ်းခင်းမှာ အဝါရောင်ကျောက်သားချပ်တို့ စီရီခင်းထားသည်။ ပြောင်လက်နေအောင်တိုက်ချွတ်အရောင်တင်ထားသဖြင့် ကြေးမုံပြင်သဖွယ် အရိပ်ပင်ထင်နေသည်။ သူတို့၏ဦးခေါင်းအထက်၌ ရှစ်ထောင့်ပါမီးအိမ်များရှိနေပြီး တမလန်းသားတိုင်လုံးများ၊ ဆင်စွယ်ပန်းပုတို့ဖြင့် ထွင်းထုထားရာ ဝင်းပပြောင်လက်နေသည်။ အရာရာအား ကျွန်းသစ်၊ ပျဉ်းကတိုးတို့ဖြင့် ထုထွင်းထားပြီး ပန်းနွယ်ပန်းခက် ပန်းပုတို့လည်း ဆင်ထားလေသည်။ လွန်စွာ တင့်တယ်၍ အကြည့်မလွှဲနိုင်လောက်အောင် ရင်သပ်ရှုမောဖွယ်ဖြစ်နေလေသည်။

ဖိန်ချန်းမှ အိမ်စေနှစ်ဦးမှာ အသက်ရှူရပ်သွားသည့်အလား ထင်မှားမိသည်။ သိပ်ကို ခမ်းနားထည်ဝါတာပဲ...!

ဤအိမ်တော်ကြီး၏ ထည်ဝါမှုကြောင့် အံ့အားသင့်နေသင့်သူ လီဝေယန်းမှာ ထိုအရာများအား လှည့်ပင်မကြည့်။ သူမ ကျက်သရေရှိ တည်ငြိမ်စွာ ရှေ့ကိုသာ လှမ်းလို့နေသည်။ အပြုံးတစ်ပွင့်နှင့်၊ သူမက အလယ်ခုံအမြင့်၌ထိုင်နေသော မယ်မယ်ကြီးအား ဦးချအရိုအသေပြုလိုက်လေသည်။

"ဝေယန်း... ဖွားဖွားကို ဂါဝရပြုပါတယ်... မေမေကြီးနဲ့ ဒေါ်ဒေါ်နှစ်ယောက်ကိုလည်း ဂါဝရပြုပါတယ်..."

Fortsett å les

You'll Also Like

328K 43.3K 200
Book-6 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
193K 20.8K 101
ဘာသာပြန်သူ - စွဲညို့အသင်း
13.9K 2.2K 30
💙 තම රාජධානිය වෙනුවෙන් පණ වුවද පිදිය හැකි සීතල හදවතක් හිමි කුමරෙක්..... ❤ තම ආදරණීයන් වෙනුවෙන් සියල්ල කැප කළ හැකි උණුසුම් හදවතක් හිමි තරුණයෙක්..... ...
661K 76.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...