၁၃။ တစ်ပါးသူ၏ သြဇာအာဏာအားဖြင့် တုံ့ပြန်ခြင်း

1.9K 365 28
                                    

၁၃။ တစ်ပါးသူ၏ သြဇာအာဏာအားဖြင့် တုံ့ပြန်ခြင်း (Nc)

လောင်ဖူးရန် သူမ၏ လက်ဖက်ရည်နွေးအား သောက်ဖူးပြီးသွားသည်နှင့် အခြားသူ နှပ်စပ်ပေးသော အခါးရည်နွေးကို သောက်နိုင်တော့မည် မဟုတ်သည်ကို လီဝေယန်း အခိုင်အမာ ယုံကြည်မှုရှိလေသည်။ ထောပါကျန်းသည် လက်ဖက်ရည်အခါးရည်ကြမ်း နှစ်သက်သူဖြစ်သောကြောင့် သူ့အလိုကျ စိတ်ပျော်ရစေရန် လီဝေယန်းမှာ  လက်ဖက်ရည်ကြမ်းဖျော်နှပ်ကျွမ်းသော ပညာရှင်များကို နန်းတော်သို့ ပင့်ဖိတ်၍ နည်းပညာများကို အထူးတလည် လေ့လာဆည်းပူးသင်ယူထားခဲ့၏။ ရှစ်နှစ်ကြာသောအခါတွင်ကား၊ သူမ၏ လက်ဖက်ရည်ကြမ်းကျိုနှပ်သော အရည်အချင်းမှာ တစ်ဖက်ကမ်းခတ်ဖြစ်လာပြီး မည်သူမျှ သာလွန်နိုင်မည် မဟုတ်တော့ကြောင်း သူမ ယုံကြည်ခိုင်မာစွာ လက်ခံနိုင်လာတော့သည်။ 

တာ့ဖူးရန် ဤကိစ္စကို စုံစမ်းစစ်ဆေး နောက်ကြောင်းလိုက်မည်ကိုလည်း သူမ မကြောက်။ ဖိန်ချန်းမြို့ရှိ သခင်မလေးတိုင်း လက်ဖက်ရည်ကျိုနှပ်တတ်ကြ၏။ သူမက ဖိန်ချန်းတွင် အချိန်ကာလတစ်ခုအထိ နေခဲ့သည်ဖြစ်ရာ သူမ၏ လက်ဖက်ရေကြမ်း စပ်နှပ်သည့် အတွေ့အကြုံ ပညာ တိုးတက်လာသည်မှာ ယုတ္တိရှိနေပြီး ဆန်းကြယ်သော ကိစ္စမဟုတ်ပေ။ 

ဧကန်သေချာစွာပင် မုန်းရှီသည် လီဝေယန်း၏  လက်ဖက်ရည်ကြမ်းကို လွန်စွာ စိတ်တိုင်းကျသွားလေသည်။ သူမအပြုံးက ပိုမိုနွေးထွေးစွာဖြင့် လီဝေယန်းကို ကြည့်လိုက်တော့သည်။ "သမီး လက်ဖက်ရည်နှပ်ထားပုံက သူများတွေနဲ့ မတူဘူးပဲ၊ ဒီလို လက်ဖက်ရည် ကျိုနှပ်တတ်ဖို့ ဘယ်ကများ သင်လာတာလဲကွယ်"

ယခင်ဘဝမှာတုန်းက သူမသည် နှစ်လပိုင်းတွင် မွေးဖွားသော ကိုယ်လုပ်တော်သမီး ဖြစ်နေသောကြောင့် ကိုယ်နှုတ်အမူအရာများကို အထူးသတိထားခဲ့ရသည်။ မည်သည့် အခန်းအနားပွဲလမ်း၊ လူကြီးသူမ ရှေ့မှာမဆို သူမသည် အခန်းထောင့်၌ တိတ်ဆိတ်စွာသာ ထိုင်ကာနေခဲ့ရပြီး လောင်ဖူးရန်နှင့် တစ်ကြိမ်တစ်ခါမျှ စကားတုံ့စမြည် ဖလှယ် ပြောဆိုခဲ့ဖူးခြင်းမရှိခဲ့ပေ။ သို့သော် ယခုတော့ သူမသည် နှုတ်ဆိတ်နေမည့်သူ မဟူတ်တော့။

အဆိပ်/လီဝေယန်းWhere stories live. Discover now