၆၃။ ပိတ်လှောင်ထားခံရခြင်းမှသည် ဆုတ်ယုတ်ပျက်စီးခြင်းသို့

1.9K 405 37
                                    

[၁]. 栽赃陷害: သူတစ်ပါးအား စွပ်စွဲချောက်ချရန် သက်သေတုဖန်တီး

[၂]. 三人成虎: လူသုံးယောက်က ကျားရှိသည်ဟု ပြောသောအခါ တကယ်မရှိသော်လည်း အမှန်တရားဖြစ်သွားတတ်သည်။ - မုသားက အမှန်တရားဖြစ်လာ

[၃]. 添油加醋: ဆီထည့် ရှာလကာထည့် - ချဲ့ကား အရောင်ဆိုးသည်။

_____

၆၃။ ပိတ်လှောင်ထားခံရခြင်းမှသည် ဆုတ်ယုတ်ပျက်စီးခြင်းသို့ (Nc)

လီဝေယန်း အဓိကခန်းမတွင်းမှ ထွက်လာပြီးနောက် ဖြည်းညင်းစွာ သက်ပြင်းတစ်ချက်ပြန်ရှူ ထုတ်လိုက်မိသည်။ ပိုင်ကျစ်က အပြင်ကနေ စောင့်နေပြီး လီဝေယန်းထွက်လာသည်ကို တွေ့မိတော့ သူမအမြန် ပြေးလာလိုက်သည်။ "ရှောင့်ကျဲ..."

လီဝေယန်း သူမအားလှည့်ကြည့်မိတော့ သူမ မျက်ဝန်းထောင့်များ၌ မျက်ရည်စတို့ တွဲလဲခိုနေလေသည်။ သူမ အလိုလို သက်ပြင်းချလိုက်မိတော့သည်။ "ဇီယန့်အဖြစ်ကြောင့် မင်း စိတ်မကောင်းဖြစ်နေရတာလား"

ပိုင်ကျစ် မျက်ရည်တို့ကို သုတ်လိုက်ကာ ပြန်ဖြေသည်။ "ရှောင့်ကျဲ နူပိနဲ့ ဇီယန်က အိမ်တော်ကို အတူတူရောက်လာခဲ့တာ... ဒါပေါ့ ကျွန်မတို့ရဲ့ ခင်မင်မှုက သူများတွေနဲ့ ဘယ်တူပါ့မလဲ၊ သူ ဒုက္ခရောက်တာ သူ့ထိုက်နဲ့ သူ့ကံဆိုပေမဲ့ အသေ ဆိုးလွန်းတာပဲ၊ နူပိတကယ်ကို စိတ်မကောင်း. . ."

လီဝေယန်း ခေါင်းညိတ်လိုက်သည်။ တာ့ရှောင်ယဲက ဇီယန်ကို အပြစ်ပေးပြီး မသေမချင်း နှိပ်စက်ခဲ့ကြောင်း စန်းဖူးရန် လူလွှတ်ပြီး သူမအား အသိပေးစဉ်က လီဝေယန်း ယခုကဲ့သို့ စီစဉ်ရန် ချက်ချင်း အကြံရသွားခဲ့သည်။ သူမ လီရှောင်းရန်ကို နားလည်သည်။ သူ့ဂုဏ်သိက္ခာနှင့် ရာထူးနေရာကို ခြိမ်းခြောက်ထိပါးလာသူ ရှိလာပါက သူ ခွင့်မလွှတ်တတ်ပေ။

လီဝေယန်း မျက်ဝန်းများ ဟိုသည်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိလေသည်။ "မင်တျဲနဲ့ စန်းဖူးရန်တို့ ပြန်သွားပြီလား..."

ပိုင်ကျစ် သိပ်မသိ၊ သူမ ပြန်ဖြေလိုက်သည်။ "စန်းဖူးရန် ပြန်သွားတာတော့ တွေ့လိုက်တယ်၊ စန်းရှောင့်ယဲကတော့ မသိဘူး..."

အဆိပ်/လီဝေယန်းWhere stories live. Discover now