၄၉။ ကိုယ်စီကိုယ်ငှ ကြံစည်များနှင့်

1.6K 358 23
                                    

၄၉။ ကိုယ်စီကိုယ်ငှ ကြံစည်များနှင့် (Nc)

တာ့ဖူးရန် ပြုံးကာ ဆိုလိုက်သည်။ "တကယ်လဲ မင်းအဖေက သူ့မျှော်လင့်ချက်တွေကို စွန့်လွှတ်ပစ်လိုက်မဲ့ လူစားမျိုး မဟုတ်ဘူး... တစ်ခုခုလွဲချော်တာနဲ့ပဲ ဒီအစီအစဉ်ကို ရုတ်သိမ်းလိုက်မှာတော့ မဟုတ်ဘူး၊ လုပ်စရာရှိတာ သွားစရာရှိတာတွေကတော့ ဆက်ဖြစ်နေမှာပဲ၊ ဆောင်ရွက်ပေးရမယ့်လူ မတူတော့တာပဲ ရှိမယ်၊ မင်း မလုပ်နိုင်ရင် ချန်ရှောင်း ချန်ရှီး ရှိတယ်၊ သူတို့လဲ မလုပ်နိုင်ရင် ဒုတိယအိမ်တော်အခွဲက ချန်းရုရှိတယ်၊ အခုဆို ပါးနပ် ဉာဏ်ကောင်းတဲ့ လီဝေယန်းကိုပါ ထည့်စဉ်းစားလို့ ရနေပြီ၊ ပင်မဇနီးက မွေးတာပဲ ဖြစ်ဖြစ်၊ ကိုယ်လုပ်တော်ဖွားပဲ ဖြစ်ဖြစ်... တကယ်တော့ အမည်ခံပဲရှိတာ... ဆုံးဖြတ်ပိုင်ခွင့်က မင်းအဖေလက်ထဲမှာပဲ ရှိနေတယ်" 

လီချန်းလဲ့ လက်ချောင်းများ တုန်လာပြီး ရင်ထဲ ထိတ်ပြာသွားမိသည်။

တာ့ဖူးရန်လည်း သူမ စိတ် အပေါ်သက်ရောက်သွားပုံကို တွေ့လိုက်ရတော့ သူမအား ဆက်မခြောက်လှန့်တော့ရန် ဆုံးဖြတ်လိုက်သည်။ "သမီးကို အမှန်တိုင်းပြောရရင်... ချန်ရှောင်းဖြစ်ဖြစ် ချန်ရှီးဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ်... သူတို့ဟာ လီအိမ်တော် တကယ်မလှုပ်ရှားခင် ရေထဲ စမ်းပစ်ကြည့်မဲ့ ကျောက်တုံးကလေးတွေချည်းပဲ၊ သူတို့ ကြီးပြင်းလာတာနဲ့အမျှ ပိုပြီး အသုံးဝင်လာမယ်၊ ဒါပေမဲ့ အဆုံးမှာတော့ သူတို့တတွေဟာ သမီးအတွက် ခင်းပေးထားမဲ့ လမ်းခင်းကျောက်စရစ်သာသာပဲ... သမီးနားလည်လား၊ ဒါကြောင့်မို့ သမီး ဘာအမှားမှ လုပ်လို့မဖြစ်တာ... အထူးသဖြင့် သမီးတာ့ကောကိုပါ ဆွဲထည့်ပြီး ဒုက္ခမရောက်စေနဲ့"

လီချန်းလဲ့ မျက်ဝန်းများ မျက်ရည်တို့ ဝိုင်းခိုလာတော့သည်။ ဖယောင်းတိုင်မီးရောင်အောက်မှာတော့ သူမ မျက်ဝန်းကလေးများမှာ ပိုမို ချစ်ခင်သနားဖွယ်ကောင်းနေပြီး တစ်ပါးသူ၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေနေနိုင်လေသည်။ "အမေရယ်. . . "

တာ့ဖူးရန် သူမလက်ကို အသာပုတ်လိုက်သည်။ "သမီးဟာ ဒီအိမ်တော်မှာ အဖိုးတန် ကျောက်စိမ်း အလှလေးပဲ၊ သာမာန်လမ်းခင်းကျောက်ပြားအတွက်နဲ့ အပျက်စီးခံစရာလား၊ အမေတောင် သည်းခံနိုင်တာ သမီးလဲ သည်းခံရမယ်... စိတ်ရှည်ရှည်နဲ့ အခွင့်ကောင်းရလာမှာကိုပဲ စောင့်ပါ"

အဆိပ်/လီဝေယန်းWhere stories live. Discover now