၃၇။ မောင်နှမနှစ်ယောက် ပူးပေါင်းကြံစည်ကြခြင်း

1.6K 331 10
                                    

၃၇။ မောင်နှမနှစ်ယောက် ပူးပေါင်းကြံစည်ကြခြင်း (Ncm, Sharr)

*mufei (မူဖေး): တော်ဝင် မင်းသား/မင်းသမီးတို့က ၄င်းတို့၏ ဖေးဘွဲ့ရမိခင်အား ခေါ်ဝေါ်ရသော အသုံးအနှုန်း

[ဝမ်ဟုတ် = မိဘုရားခေါင်ကြီး
သားတော်၊ သမီးတော်များက မိဖုရားခေါင်ကြီးကိုခေါ်လျှင် မူဟုတ် ဟုခေါ်ကြရသည်

ဖေးလေးပါးကို ခေါ်လျှင်တော့ မူဖေး ဟုခေါ်ကြရသည်

ဤကားစကားချပ်]

*qinwang (ချင်းဝမ်): မင်းသားတစ်ပါးအား တရားဝင်အပ်နှင်းသည့် ဘွဲ့

*muqin (မူချင်း): သာမန်ပြည်သူကလေးတို့၏ မိခင်ကို ရည်ညွှန်းသည်

*buyao (ပုယောင်): တွဲလဲကျဆံထိုး

*sun'er (စွန်းအာ): မြေးယောက်ျားလေးမှ ဘိုးဘွားများရှေ့ မိမိကိုယ်ကို ရည်ညွှန်းသည်

~~~~~~~~~~~~~~~~~~~

အခန်းထဲတွင်တော့ လီချန်းလဲ့ကိုယ်တိုင် လီမင်ဖုန်းကို လက်ဖက်ရည်ဆက်သနေသည်။ "ကောကော ခရီးကနေပြန်လာတော့ ပင်ပန်းနေမှာပဲ"

လီမင်ဖုန်းပြုံးကာ ပြောလိုက်သည်။ "မေးမေး ငါတို့မတွေ့ဖြစ်တဲ့ ခြောက်လအတွင်း မင်းက ပိုပိုလှလာတယ်၊ စန်းဟွမ်းဇီတောင် မင်းဆီကနေ အကြည့်မလွှဲနိုင်တော့ဘူး"

လီချန်းလဲ့ အသာပြုံးလိုက်သည်။ ထောပါကျန်းသည် တကယ့်ကို ချောမောပြီး ဆွဲဆောင်မှုရှိလှသည်။ သို့သော်  သူ့မူဖေးသည် နိမ့်ကျသောနောက်ခံအသိုင်းအဝိုင်းလာသည်။ ထို့ကြောင့် ဘုရင်မင်းမြတ်၏ ချစ်ခင်နှစ်သက်မှုကိုရပြီး သိပ်မကြာခင်မှာပင် သူ့ကိုဖွားမြင်ခဲ့သည်။ ဘုရင်မင်းမြတ်က သူ့ကို ချစ်ခင်နှစ်သက် မျက်နှာသာပေးခြင်း မရှိပေ။ ကံကောင်းချင်တော့ သူ့အမေ ကံတော်ကုန်စ သူ့ကို ကလေးမရှိသေးတဲ့ ဝူရှန်းဖေးကမွေးစားလိုက်တယ်။ သည်လိုနောက်ခံချို့တဲ့ပုံမျိုးနှင့်ဆို သည်မင်းသား  ထီးနန်းရနိုင်မည်မဟုတ်ပေ။ ထောပါကျန်း၏ ချောမောလှသော မျက်နှာကို ပြန်မြင်ယောင်ရင်း လီချန်းလဲ့ မရည်ရွယ်ဘဲ စာနာပြုံးတစ်ခု ပြုံးလိုက်မိသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now