၅၆။ အန်းဖိန် မင်းသမီး

1.5K 329 19
                                    

[၁] အန်းဖိန် ရှန့်ကျူ - ပဒေသရာဇ်ခေတ်၌ အမျိုးသမီးများကို ချီးမြှင့်သော ဘွဲ့အမည်။ ကုန်းကျူ (ဘုရင့်သမီးတော်) ဟူသော မင်းသမီးဘွဲ့/ နန်းဆောင်တော်ရ ပထမအဆင့် မင်းသမီး၊ ကျွင်းကျူ (ဘုရင့်တူမတော်၊ နှမတော်) ဟူသော မင်းသမီးဘွဲ့များနှင့်မတူ။ ရှန့်ကျူသည် ကုန်းကျူနှင့် ကျွင့်ကျူတို့ထက် အဆင့်နိမ့်သည်။ --- အန်းဖိန်ကတော့ ချီးမြှင့်ခံရသူ၏ ဝိသေသ စရိုက်လက္ခဏာတို့ပေါ်မူတည်၍ ပေးသော ဘွဲ့ထူးဖြစ်သည်။
_

ချန်နွီ - ရှင်ဘုရင်နှင့် စကားပြောသောအခါ အမျိုးသမီးအမှုထမ်းများ/ အရပ်သူများ မိမိကိုယ်ကို ရည်ညွန်းသုံးနှုန်းသည့် နာမ်စား။ (ဝါ) ကျွန်တော်မျိုးမ။

တိမူ - ကိုယ်လုပ်တော်ဖွား သား သမီးများ၏ တရားဝင်အမေ/ ဖခင်၏ တရားဝင်ဇနီးအား ကိုယ်လုပ်တော်ဖွားသားသမီးများက တိမူဟု ခေါ်ရသည်။

နွီဟိုင် - သမီးငယ်၊ ကလေးမ။

ရှီချန် - (တိုက်ရိုက်) ရှည်လျားသော နာရီ။ နေ့တစ်နေ့လျင် နှစ်နာရီခန့်ကြာမြင့်သော ကာလအပိုင်းအခြား ၁၂ ခု ဖွဲ့စည်းပါရှိသည်။

ရှုရန် - ကြင်နာတတ်၍ ဖြောင့်မတ်မှန်ကန်သော သူ။

__________

၅၆။ အန်းဖိန် မင်းသမီး (Nc)

မိန်းမစိုးတစ်ဦးက ချီးမြှင့်ပေးလိုက်သော လက်ဆောင်ဆုလာဘ်စာရင်းပေလွှာကို လိပ်လိုက်ပြီး ဆုတော်များ တင်ဆောင်ထားသော လင်ဗန်းပေါ် တင်ပေးလိုက်သည်။ သူ လီဝေယန်းကို စကားဆိုတော့ အသံက ပြတ်သားကြည်လင်နေသည်။ "အမိန့်တော်ကို လက်ခံပြီး အရှင်မင်းမြတ်ကို ကျေးဇူးတင်လိုက်ပါ"

လီဝေယန်း တရိုတသေ ဒူးထောက်ကန်တော့လိုက်ပြီး ဆိုသည်။ "ပိရှရဲ့ သဘောထားကြီးမြတ်မှုအတွက် ချန်နွီ ကျေးဇူးအထူး တင်ရှိပါတယ်၊ ဒါပေမဲ့ ဘေးဒုက္ခရောက်နေတဲ့ ပြည်သူလူထုအကြောင်း ချန်နွီတွေးမိတဲ့အခါတိုင်း ဒီလိုရတနာမြောက်များစွာကို ချန်နွီ ကိုယ်ကျိုးအတွက် လက်မခံရက်ပါဘူး... ပိရှသာ ကြည်ဖြူလက်ခံမယ်ဆိုရင် ချန်နွီ ဒီရတနာတွေကို ဒုက္ခသည်တွေအတွက် အိုးအိမ်ပြန်လည် တည်ဆောက်ပေးရာမှာ အသုံးပြုလိုပါတယ်"

အဆိပ်/လီဝေယန်းWhere stories live. Discover now