၅၃။ လှည့်ဖျား ဉာဏ်ဆင်ခဲ့ရုံမျှသာ

1.5K 331 18
                                    

1欺君之罪: lese-majesty: ဘုရင်အား လိမ်လည်လှည့်စားသည့် ပြစ်မှု

2孟氏: Meng Shi: မုန်းရှီ၊ မုန်းသည် သူမ၏ မိဘမျိုးရိုးနာမည် ဖြစ်ပြီး၊ ရှီသည် အိမ်ထောင်ပြုပြီးသူကို ကိုယ်စားပြုသည်
(လီအိမ်တော်၏ မုန်းရှီ ဟူသည်မှာ လီအိမ်တော်၌ လက်ထပ်ဝင်ထားသည့် မုန်းမျိုးနွယ် ချွေးမ ဟု ဆိုလိုသည်)

3时辰: Shi chen: ရှီချန်၊ ၂ နာရီမျှ ကြာချိန်၊ တစ်ရက်တွင် ၁၂ ရှီချန် ပါဝင်သည်။

4开门便是见山: တကယ့်စာသား စကားစုမှာ 开门见山 (kai men jian san) ဖြစ်သည်။ အဓိပ္ပာယ်က 'လိုရင်းကို ရောက်အောင်/ လိုရင်းရောက်စေသည်'

_____

၅၃။ လှည့်ဖျား ဉာဏ်ဆင်ခဲ့ရုံမျှသာ (Nc)

ထို့နောက်ပိုင်း လီရှောင်းရန်၌ ဖိအားများစွာ သက်ရောက်လာခဲ့လေသည်။ သူ့မှာ တစ်နေကုန် တစ်နေခမ်း မအားလပ်နိုင်ရရှာ။ ငါးရက်တိုင်တိုင် ထိုသို့ အလုပ်ပိသည့်ဒဏ်ကို ခံစားနေရလေသည်။

မော့ကျူ အပြင်မှနေ၍ လက်ဘက်ရည်တစ်ခွက် ယူဆောင်လာပြီး လီဝေယန်း မျက်နှာ အရိပ်အကဲကို ကြည့်နေလိုက်လေသည်။ "ရှောင်ကျဲ... ဒီနေ့ တာ့ဖူးရန်က လောင်ယဲ့ဆီကို 'ဆု'အကြောင်း မေးဖို့ သွားခဲ့ပါတယ်၊ နောက်တော့---"

လီဝေယန်း မျက်ခုံးတို့ကို ပင့်လိုက်ပြီး သူမကို ကြည့်လာလေသည်။

မော့ကျူ၏ နှုတ်ခမ်းများ မသိမသာ တွန့်ကွေးသွားလေသည်။ "လောင်ယဲက တော်တော် စိတ်အနှောင့်အယှက်ဖြစ်သွားတာ၊ သူ ချက်ချင်းကို ခုန်ထလိုက်ပြီး တာ့ဖူးရန်ကို ပြင်းပြင်းထန်ထန်ဆူတော့တာပဲတဲ့... နူပိ ကြားမိတာက တာ့ဖူးရန် လောင်ယဲ စာကြည့်ခန်းကနေ ထွက်လာတဲ့ အခါမှာ မျက်လုံးတွေနီနေတယ်တဲ့...!" 

ဤအရာများအားလုံးမှာ လီဝေယန်း ခန့်မှန်းထားပြီးနှင့်သည့် အခြေအနေအတွင်းမှာပင် ဖြစ်လေသည်။ သူမ လက်ဘက်ရည်ကြမ်းကို ဖြည်းဖြည်းချင်း အရသာခံသောက်ရင်း ပြောလိုက်သည်။ "ပြီးတော့ရော..."

မော့ကျူက ဆက်ပြောလေသည်။ "တာ့ရှောင့်ယဲကို ဖြေရှင်းနည်း တချို့စဉ်းစားလာဖို့ လောင်ယဲက အမိန့်ပေးလိုက်ပေမဲ့ နောက်ဆုံးမှာ သူ ပေးသမျှ အကြံဉာဏ်တွေကို လောင်ယဲက ငြင်းတယ်တဲ့လေ... နူပိ စုံစမ်းကြည့်သလောက်တော့ တာ့ရှောင်ယဲ ပူလောင်ဗျာများပြီး ညှာတာရကောင်းမှန်းကိာ မသိတော့ဘူးတဲ့၊ ရှောင်ကျဲကို ချုပ်နှောင်ပြီး စစ်ဆေးမေးမြန်းသင့်တယ်လို့တောင် ပြောလာတယ်တဲ့... လောင်ယဲက သူ့ကို ပါးချပေးလိုက်ရော၊ ပြီးတော့ စာကြည့်ခန်းကနေ မောင်းထုတ်လိုက်တယ်တဲ့လေ"

အဆိပ်/လီဝေယန်းWhere stories live. Discover now