၂၄။ ဖျက်​ဆီးခံရ​သော ပိုးထည်

1.5K 302 6
                                    

၂၄။ ဖျက်​ဆီးခံရ​သော ပိုးထည် (Sharr)

အားလုံးက သူတို့ပိုးထည်များနှင့် ပျော်ပျော်ရွှင်ရွှင် ပြန်သွားကြချိန်တွင် လီဝေယန်း နောက်မှာသာနေခဲ့သည်။ နေ့လည်ခင်းတိုင်း လောင်ဖူးရန်အတွက် လက်ဖက်ရည်ကြမ်း ဖျော်စပ်ရန်နေခဲ့လေ့ရှိသည်။

လောင်ဖူးရန်သည် သူမ လီအိမ်တော်ပြန်မလာခင်က သူမ၏လူနေမှုဘဝကို စိတ်ဝင်စားကာ သူမအကြောင်း အမြဲမေးလေ့ရှိသည်။

လီဝေယန်းသည် နူးညံ့သိမ်မွေ့လှသောအသံဖြင့် ဖိန်ချန်းရှိ လီအိမ်တော်တွင် မမျှော်လင့်ဘဲကြုံတွေ့ခဲ့ရသော စိတ်ဝင်စားဖွယ်ဇာတ်လမ်းများကို လောင်ဖူးရန်အား ပြောပြလေသည်။

သို့သော်လည်း လောင်ဖူးရန်သည် ခေါင်းကိုယမ်းကာ ပြောလိုက်၏။ "စန်းယားထို (မိန်းကလေး ၃)....မင်းက စကားကို အမှန်အတိုင်း မပြောဘူးပဲ"

လောင်ဖူးရန်၏ ကြည်လင်ပြတ်သားသော မျက်ဝန်းတစ်စုံကိုကြည့်၍ အနည်းငယ်ကြာပြီးမှ နောက်ဆုံးတွင် လီဝေယန်း ပြောလာတော့သည်။ "လောင်ဖူးရန်က တကယ်ပဲ အမှန်ကို နားထောင်ချင်ရဲ့လား"

လောင်ဖူးရန် ခေါင်းငြိမ့်လိုက်၏။ "ငါ အမှန်အတိုင်းပဲ ကြားချင်တယ်"

လီဝေယန်း သက်ပြင်းချမိ၏။ နောင်တရစရာတွေဖြစ်နေမယ်ဆိုရင်တောင် လူတွေက သူတို့ တကယ်သိချင်ပြီဆိုရင် နောက်ဆုံးမှာတော့ အမှန်တရားကို ရှာတွေ့ သွားကြတာချည်းပဲ။ ဒါဆိုလည်း ဖုံးကွယ်စရာမလိုတော့ဘူးပေါ့။

"သမီး အသက်ခုနှစ်နှစ်မပြည့်ခင်ကတည်းက ဖိန်ချန်းက လီအိမ်တော်မှာ နေခဲ့တယ်၊ အမတ်ချုပ်ကြီးအိမ်တော်က သမီးကိုခေါ်ဖို့ လူမလွှတ်လို့ သူတို့တွေ သမီးကို ရွာမှာနေတဲ့ ကျောက်မိသားစုဆီ ချက်ချင်း ပို့လိုက်ကြတယ်၊ ကျောက်မိသားစုရဲ့ အိမ်ထောင်ရှင်မနာမည်က လျူရှီတဲ့၊ သူက အရမ်းကြမ်းတမ်းပြီးရက်စက်တယ်၊ သမီးကိုလည်း ဘယ်တော့မှ ထမင်းမကျွေးဘူး၊ သမီးငယ်ငယ်တုန်းက တစ်ချို့အရာတော်တော်များများကို နားမလည်သေးဘူး၊ အဲ့တာကြောင့် မီးဖိုချောင်ထဲက စားစရာတွေကို သမီး ခိုးစားပေမယ့် လျူရှီ ရှာတွေ့သွားတိုင်း သမီး အရိုက်ခံရတယ်" လီဝေယန်း သူမအင်္ကျီလက်ကို ဆွဲတင်လိုက်တော့ သူမလက်ကောက်ဝတ်တွင် အမာရွတ်တို့ကို တွေ့ရလေသည်။ "ဒီနေရာတွေ၊ နောက်ကျောနဲ့ ခြေထောက်တွေအားလုံးမှာ အမာရွတ်တွေချည်းပဲ"

အဆိပ်/လီဝေယန်းWhere stories live. Discover now