၆၂။ လေညှင်းကို ထိခိုက်

1.6K 351 15
                                    

*ခေါင်းစဉ်အဓိပ္ပါယ်က လူအများ အထင်အမြင်ကို ထိခိုက်စေခြင်း/ နာမည် ဂုဏ်သိက္ခာပျက်ပြား

၆၂။ လေညှင်းကို ထိခိုက် (Nc)

ဂျင်ဆင်းနီဖြစ်ရပ် ဖြစ်ပြီးသည့်နောက်ပိုင်း တာ့ဖူးရန်က ဇီယန်ကို အခန်းထဲပိတ်လှောင်ထားပြီး ရောင်းပစ်လိုက်ဖို့ ရည်ရွယ်ထားခဲ့သည်။ သို့သော် ဇီယန် ခိုးထွက်သွားပြီး လီမင်ဖုန်းကို နှောင့်ယှက်မည်ဟု မထင်ထားခဲ့။ သူမက လီမင်ဖုန်းတို့သာ သူမကို ထွက်သွားရစေလျှင် သူမ အရာအားလုံး လူအများသိအောင်လုပ်မည်ဟုလည်း ခြိမ်းခြောက်၍ ပြဿနာရှာခဲ့သေးသည်။

တာ့ဖူးရန် မျက်မှောင်ကြုတ်လိုက်မိသည်။ "ညစာစားပွဲကောင်းကောင်း... ကလေးဆန်တဲ့ ယားထိုတစ်ယောက်ကြောင့် ပျက်စီးသွားရပြီ၊ လာကြ သူ့ကို သယ်သွားကြ"

ချက်ချင်းဆိုသလို တစ်စုံတစ်ယောက်ရောက်လာပြီး ဇီယန်ကို သယ်မရန်ပြုသည်။ ပိုင်ကျစ်ကလည်း ဇီယန့် အင်္ကျီစကို အတင်းပြန်ဆွဲထားလေ၏။ နှစ်ဖက်စလုံးက မလျှော့ဘဲ ဆွဲနေသောကြောင့် ဇီယန့်ဝတ်စုံလည်း ပြဲသွားလေသည်။ တာ့ဖူးရန် အော်ငေါက်တော့သည်။ "မြန်မြန် သယ်ထုတ်သွားလေ...!"

ပိုင်ကျစ်လည်း ရုတ်တရက် အော်ပြောလိုက်၏။ "ကြည့်ကြပါဦး...!"

အားလုံးက သူမ ပြောလိုက်သည်နှင့် ကြည့်လာကြတော့ ဇီယန့် လက်မောင်းဖြူဖြူနှင့် လည်တိုင် ညှပ်ရိုးတို့မှာ ခရမ်းညိုရောင် အညို့အမည်းအကွက်တို့ အပြည့်စွဲကျန်နေသည်ကို တွေ့လိုက်ကြတော့လေသည်။ ကြည့်လိုက်ရုံနှင့် သူမ ညှင်းပန်းနှိပ်စက်ခံထားရမှန်း သိသာ၏။

လီချန်းလဲ့ အမြန် လှည့်ကြည့်လိုက်ရာ သူမ နားထက်ပန်ဆင်ထားသော ရွှေနှင့် ပတ္တမြား နားဆွဲက တွဲလဲခါယမ်းနေတော့သည်။ သူမ အေးစက်စွာ ပြောလိုက်လေသည်။ "သူ အရှက်မရှိတဲ့ ရမ္မက်ရာဂကိစ္စတွေ လွန်လွန်ကျူးကျူး တစ်ခုခု လုပ်ခဲ့တာဖြစ်မယ်...!" [၁]

သည်နေရာမှာက ကျောက်စိမ်းသဖွယ် စင်ကြယ်လှပသော မိန်းမငယ်လေးများလည်း ရှိနေကြသေးသည်။

ပဉ္စမမင်းသားကလည်း ချက်ချင်း ဝင်ပြောတော့သည်။ "တာ့ရှောင့်ကျဲ ဒီလို မသတီစရာ ညစ်ညမ်းတာတွေ ကြည့်မနေပါနဲ့၊ မျက်လုံးတွေ ညစ်နေပါဦးမယ်...!"

အဆိပ်/လီဝေယန်းWhere stories live. Discover now