၆၀။ စမ်းရေကြည်မှ ဂယက်လှိုင်း

1.6K 320 17
                                    

1Qianjin - ချန်ကျင်း/ ရှောင်ကျဲများကို အမွှန်းတင်စားကာ ခေါ်ဝေါ်ပုံ - တိုက်ရိုက်အဓိပ္ပာယ်မှာ ရွှေချိန်တစ်ထောင်ဖြစ်သည်၊ ရွှေချိန်တစ်ထောင်ကဲ့သို့ အဖိုးထိုက်တန်သော သမီးရတနာ

__

၆၀။ စမ်းရေကြည်မှ ဂယက်လှိုင်း (Nc)

အံ့သြမှုကြီးစွာဖြင့်၊ လူတိုင်း၏ အကြည့်က အဝင်တံခါးတွင် ရပ်နေသော လုလင်ပျိုတစ်ယောက်ဆီသို့ ရွေ့လျားသွားကြတော့သည်။

ထိုလုလင်ငယ်၏ မျက်ဝန်းတို့မှာ လပြည့်ဝန်းသဖွယ် ကြည်လင်နေသည်။ တောက်ပနေသည်။ အဝေးမှနေ၍ပင် လူငယ်၏ မျက်ဝန်းတွင်းမှ အေးစက် ရှင်းသန့်နေမှုကို မြင်တွေ့နေနိုင်သည်။ ထိုအာမျက်ဝန်းအကြည့်များကြောင့်ပင် အနီး အနားရှိလူများအားလုံးနှင့် သူမတူ ကွဲပြားနေခြင်းဖြစ်လေ၏။ သူ့အား ကြာကြာမော်မကြည့်ရဲဝံ့အောင်ပင် ဖြစ်ရစေသည်။ သူ၏ အဖြူရောင် ရိုးရိုးရှင်းရှင်း ဝတ်ရုံမှာလည်း အလိုက်သင့် တင့်တယ်နေသည်။ ငွေမင်ရောင် ပန်းထိုးချုပ်လုပ်မှုများဖြင့် ပနံသင့်လျက်နေ၏။

သူ့သွင်ပြင် ဆင်ယင်ဟန်က ရိုးရှင်း၍ သဘာဝကျစွာ ရှိနေသော်လည်း လူတိုင်း၏ လေးစားကြည်ညိုလိုစိတ်ကို နိုးကြွားလာစေနိုင်သည်။

'သတ္တမ မင်းသား ထောပါယွိ' လီဝေယန်း မျက်မှောင်ကြုတ်လိုက်မိတော့သည်။ 'သူတောင် လာတာလား. . .'

ထောပါယွိ အဝင်တံခါးမှ လျှောက်လာပြီးနောက် အကြည့်တို့က လီဝေယန်းထံကိုသာ စူးစူးစိုက်စိုက်ကျရောက်လာလေသည်။ သူတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့စဉ်အခါ သူမ ထိုမိသားစုကို ထောင်​ချောက်ဆင် အကောက်ကြံခဲ့သည့်ထိုစဉ်ကတည်းက သူ ရယ်စရာကောင်းသည်ဟု ထင်မှတ်ခဲ့ဖူးသည်။ ကံကြမ္မာက ပီဘိ ရယ်သွမ်းသွေးစရာ၊ ယခုတွင်လည်း မိန်းကလေးများ အကြား ရောနှောလျက်နေသော သူမကို သူ အလွယ်တကူ သတိထားမိနေသည်။

သူမက ယခင်ကနှင့်မတူ၊ လှပသော ပိုးထည် ပိုးသားများ ဝတ်ဆင်ထားပြီး မျက်နှာလေးကလည်း ပို၍ ကြည်လင်ရှင်းသန့်လာသည်။ သူမ၏ ကောက်ကျစ်မှုကို ဖုံးကွယ်ကာ ဖြူဖြူစင်စင် တောက်တောက်ပပ ပြုံးနေသည့်တိုင်အောင် တစ်ချက်ကြည့်ရုံမျှနှင့် ထောပါယွိ သူမအား မှတ်မိလေသည်။ သူမသည် ဝက်များကို တမင်ရည်ရွယ် လွှတ်ပေးလိုက်ပြီး ရေတွင်းနံဘေး၌ သနားစရာ ငိုပြဟန်ဆောင်ခဲ့သည့် ကလေးမဖြစ်သည်။ ထိုမျှမက၊ လက်ဘက်ရည်ဆိုင်၌ သူ့အား တမင်တကာ ရှောင်ဖယ်၍နေခဲ့သူလေး။

အဆိပ်/လီဝေယန်းWhere stories live. Discover now