၂၉။ မိုး​ရေထဲက ဖိတ်​စာ

1.5K 328 5
                                    

၂၉။ မိုး​ရေထဲက ဖိတ်​စာ (Sharr)

လီချန်ရှီး၏မျက်နှာပေါ်ရှိဒဏ်ရာသည် အမာရွတ်အဖြစ်ကျန်ခဲ့သည်။ အမာရွတ်ကိုဖုံးမည်ဆိုလျှင် မျက်နှာချေအမှုန့်တို့ အမြောက်အများလိုသည်။ သူမ ပြန်ကောင်းလာသည်အထိ သူမခြံဝင်းထဲတွင် တစ်လလောက်နေခဲ့ရသည်။ ရွှမ်းယွဲ့ကော်တွင်ရှိသော သူမနေရာအဆောင်ဝင်းအတွင်းမှ သူမထွက်ရန် ရည်ရွယ်ချက်မရှိသော်လည်း လောင်ဖူးရန် ငါးကြိမ်မြောက် လာမေးသောအခါတွင်တော့ ဟော်ရှမ်းယွမ်သို့ သူမ သွားရတော့သည်။

သူမ လောင်ဖူးရန်၏ခြံဝင်းအတွင်း ဝင်ဝင်ချင်းမှာပင် ရယ်သံတို့ကိုကြားလိုက်ရသည်။ "ဝေယန်း... ညည်းက ငါ့ကို အမြဲရယ်ရအောင် လုပ်နေတော့တာပဲ"

လီဝေယန်းသည် အဝါရောင်နှင့်အစိမ်းရောင် ရောယှက်ထားသော ပိုးချည်ဂါဝန်ကို ဝတ်ဆင်ထားသည်။ အင်္ကျီလည်ပင်းတွင် သစ်ခွပန်းပုံထိုးကာ အလှဆင်ထားပြီး အမြင်အာရုံကို အလွန်အမင်းဖမ်းစားထားနိုင်လေသည်။ သူမခေါင်းထက်တွင်တော့ ရိုးရိုးရှင်းရှင်းကျောက်စိမ်းဆံညှပ်တစ်ခုကို ဆင်မြန်းထားသည်။ သူမ၏ ငယ်ရွယ်ပြီး ခင်မင်စရာကောင်းသောအသွင်က ရင်းနှီးဖော်ရွေသောသူတစ်ယောက်အဖြစ် ထင်ရစေသည်။ သူမမျက်နှာအပြုံးက ပိုပြီး ပီပြင်လာကာ ပျော်နေဟန်ရှိသည်။

"လောင်ဖူးရန်နားမှာနေရဖို့က ဝေယန်းရဲ့ကံကြမ္မာပါ"

လောင်ဖူးရန် ထပ်ရယ်ကာ သူမခေါင်းကို အသာပုတ်လိုက်ပြီး လော့မားမားကို ပြောလိုက်သည်။ "သူ ထပ်လိမ်ပြန်ပြီ၊ ဒီချစ်ဖို့ကောင်းတဲ့လျှာလေးကတော့လေ"

လီချန်ရှီး အံ့ဩသွားသည်။ လောင်ဖူးရန်သည် ပုံမှန်အားဖြင့် တည်ငြိမ်လေးနက်၍ လေးစားဖွယ်ကောင်းသည်။ သူမ လီဝေယန်းကို ချစ်ခင်နှစ်သက်မလာခင်ကတည်းက သူမမြေးမများနှင့် နီးနီးကပ်ကပ်နေလေ့မရှိပေ။ လီဝေယန်း အရင်လကတည်းက လောင်ဖူးရန်ဆီ ပုံမှန်လာလေ့ရှိသည်ကို သူမ မသိခဲ့။ ဘုရားကျောင်းသွားပြီး အတူတူဝတ်ပြုကန်တော့ကာ လက်ဖက်ရည်လည်း အတူတူဖျော်၍ စကားစမြည်ပြောကြရင်းဖြင့် လီဝေယန်းသည် လောင်ဖူးရန်၏အဖော်ဖြစ်လာသည်။ ထိုအချိန်မှစပြီး လောင်ဖူးရန်အချစ်ဆုံးမှာ လီဝေယန်းမှန်း အားလုံးသိကြလေသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now