၆၄/၂။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း

1.6K 321 2
                                    

[၃]风雨欲来: တိုက်ရိုက်အဓိပ္ပာယ်က "မုန်တိုင်းလာပြီ" ပြဿနာတက်တော့မယ်လို့ ပြောချင်တာ။

___

၆၄/၂။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း (Nc)

ကပ်ဘေး​ဒုက္ခသည် ပြည်သူများအကြားမှ အခက်အခဲပြဿနာများကို ဖြေရှင်းကျော်လွှားလိုက်နိုင်သည်။ ဆူပူအုံကြွနေကြသော တာ့လီသည်လည်း တဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်လာခဲ့တော့၏။ သို့သော်လည်း ဤငြိမ်းချမ်းသာယာသော ကာလမှာ တာရှည်မခံလိုက်။ အကြောင်းမှာ သဘာဝဘေးအန္တရာယ် ဆိုက်ရောက်ပြီးသည့်အခါတိုင်း ကူးစက်ရောဂါကပ်ဘေးကလည်း ဆက်တိုက်လိုက်လာတတ်သောကြောင့်ပင်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရသော ဒေသများတွင် အစုလိုက်အပြုံလိုက်ကူးစက်ခြင်းများ ပိုဖြစ်တတ်သည်။ အကြောက်လွန်နေခဲ့သော လူထုကလည်း ရောဂါ ကူးစက်၍ သေလွန်သူများ၊ ကျွဲနွား တိရစ္ဆာန်များကို မြေကျင်းကြီး တူးကာ မြုပ်နှံလိုက်ကြလေသည်။ ဤသို့ မြေမြုပ်ခြင်းက မြေအောက်ရေနှင့် မြစ်ချောင်းတို့မှာပါ ရောဂါပိုး ရောစွက်သွားစေပြီး ကူးစက်မှုနှုန်း အလျင်အမြန် ပိုမြင့်တက်သွားစေတော့သည်။ ဘုရင်မင်းမြတ်က သမားတော်အမြောက်အများကို စေလွှတ်၍ ကပ်ရောဂကို ကုသစေသည်။ တဖြည်းဖြည်းနှင့် ရောဂါကူးစက်မှုအခြေအနေကို ထိန်းချုပ်သွားနိုင်တော့၏။ သို့သော် ထိုဒေသများမှ သမားတော်များနှင့် ကပ်ဘေးထိန်းချုပ်ရေး အရာရှိများ မြို့တော်ပြန်လာသောအခါ၌ ရောဂါပိုးက ကပ်ငြိပါလာတော့လေသည်။ သာမန်တိုင်းသူပြည်သားများမှာ နေ့စဉ်နှင့်အမျှ ကာယအားဖြင့် အလုပ်လုပ်ရပြီး အလုပ်နှင့် လက်မပြတ်စေလိုသော ဇောကြောင့် ရောဂါကူးစက်ခံရသည့်တိုင် ဆေးကုသမှု ခံယူပြီးသောအခါ နာလန်ပြန်ထလာ​ကြလေသည်။ သို့သော် မင်းစိုးမိုးမျိုး အမတ်အရာရှိများကတော့ ထိုသို့ ကံမကောင်းလှ၊ လှုပ်လှုပ်ရှားရှား မရှိ၊ အဆီယစ်နေတတ်သော လူများဖြစ်ကြ၍ ရောဂါကူးစက်ခံရပြီဆိုလျှင် ပြန်ကောင်းနိုင်ဖို့ ခဲယဉ်းလေသည်။ ရာထူးမြင့်မြင့် အမတ်ဝန်များအနက်မှ သုံးလေးယောက်ခန့် ရှေ့ဆင့် နောက်ဆင့်ဆိုသလို ရောဂါကြောင့် သေဆုံးသွားကြသည်။ မင်းစိုးမိုးမျိုး အသိုင်းအဝိုင်း၌ များစွာ ထိတ်လန့်တုန်လှုပ်နေကြတော့လေ၏။

အဆိပ်/လီဝေယန်းWhere stories live. Discover now