၅၄။ ကြွယ်ဝမှုကို ဖွေရှာသည်

1.6K 364 16
                                    

[၁]. 霞帔 - ရှာဖိန်း (xiapei) အမျိုးသမီးများ၏ ပွဲလမ်းသဘင်ခန်းနားသွားရာ ဝတ်စုံတွင် ပါရှိတတ်သည့် လည်စည်းပုဝါ။
(မှတ်ချက်။ ဖိန်းနဲ့ ဖေး ကြားက အသံ၊ မရေးတဲ့လို့ ဖိန်းလို့ပဲ ရေးလိုက်သည်။)

 霞帔 - ရှာဖိန်း (xiapei) အမျိုးသမီးများ၏ ပွဲလမ်းသဘင်ခန်းနားသွားရာ ဝတ်စုံတွင် ပါရှိတတ်သည့် လည်စည်းပုဝါ။ (မှတ်ချက်။ ဖိန်းနဲ့ ဖေး ကြားက အသံ၊ မရေးတဲ့လို့ ဖိန်းလို့ပဲ ရေးလိုက်သည်။)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[၂]. 凤体康健,福泽万年 - တစ်စုံတစ်ဦးက ဆုတောင်းစကားပြောရာ သုံးသည့် စကားစု။

[၃]. အဆင့်နိမ့် အရာရှိမှူးမတ်

[၄]. 中饱私囊 - ကျုံးပေါင် စစ်နန် (zhōng bǎo sī náng) အိတ်ကပ်ထဲ ထည့်ဆောင်ယူ။ အများပြည်သူပိုငိ ရန်ပုံငွေကို မိမိ အိတ်ထောင်ထဲ ထည့်ယူထားသည်ဟု ဆိုလို။

[၅]. ရှေးခေတ် တရုတ်ပြည်ရှိ ဒေသန္တရ အုပ်ချုပ်ရေး ရုံး

၅၄။ ကြွယ်ဝမှုကို ဖွေရှာသည်. . . (Nc)

မွန်းလွဲတော့ လီဝေယန်း လောင်ဖူးရန်အား အဖော်ပြုကာ နန်းတွင်းဝင်ခဲ့လေသည်။

နေ့စဉ်ရက်ဆက် နှင်းကျထားသောကြောင့် ခါးသီးပြင်းထန်စွာ အေးစိမ့်ခိုက်တုန်နေသည်။ စီရှင်းနန်းဆောင်မှာ အပူငွေ့ပေး မီးဖိုကြီးများ ၇ ခု၊ ၈ ခု ချထားသည့်တိုင် သိပ်ထူးခြားမှု မရှိလှ။ ဝင်ရောက်လာသော အေးခဲချမ်းစိမ့်မှုများကို မဟန့်တားနိုင်စွမ်းပေ။

လောင်ဖူးရန်က ရွှေရောင် တိမ်များနှင့် ရင်ဝမှာ ခင်္သြေ့ပုံ ပန်းထိုးပုံဖော်ထားသည့် အနီရောင် သိုးမွှေးဝတ်ရုံကို ခြုံထားသည်။ ကော်လာအနားသားမှာ ရွှေချည် ငွေချည်တို့ဖြင့် ထိုးချုပ်အလှဆင်ထားပြီး ရှာဖိန်း[၁]ကလည်း တလက်လက်ပြောင်လက်နေလေသည်။

လီဝေယန်း ခေါင်းကို ငုံ့ထားလိုက်ပြီး ကြမ်းပြင်ပေါ်မှ သုံးပေပတ်လည် စတုရန်းကျောက်စိမ်းကျောက်ပြားကိုသာ ငေးကြည့်ရင်း လောင်ဖူးရန်နှင့် အတူတူ ဒူးထောက်ကာ ဂါရဝပြုနေလိုက်သည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now