၎။ လျူရှီအား အပြစ်​ပေးခြင်း

2.1K 385 2
                                    

၎။ လျူရှီအား အပြစ်​ပေးခြင်း (NC,SHARR)

ကျောက်ချင်းမှာ လျူရှီနှင့်စာလျှင် အကျယ်ကို မြော်မြင်နိုင်သောသူ ဖြစ်သည်။ သူ လီဝေယန်းအား ဆိုးဆိုးရွားရွားမဆက်ဆံခဲ့ဖူးပေ။ အကြောင်းမှာ သူသည် အခြေအနေအမျိုးမျိုးမှ ကိုယ်လွတ်ရုန်းနောက်ဆုတ်နိုင်ရန် ပြင်ဆင်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း သူအိမ်ပြန်လာသည့်အခါတိုင်း လီဝေယန်းတစ်ယောက် ရက်အနည်းငယ်မျှ ငြိမ်းချမ်းအေးဆေးစွာနေရတတ်သည်။

ချက်ပြုတ်ပြီးသောအခါ သူမ မီးငြိမ်းသတ်လိုက်သည်။ လီဝေယန်း မီးခိုးငွေ့များကြောင့် ဝေဝါးနေသော မျက်လုံးများအား ဖွင့်လိုက်သည်။ သူမ အတော်ကြာအောင် အတွေးနယ်ချဲ့နေပြီး နောက်ဆုံးသူမ ထလာလိုက်သည်။ သူမ ညောင်းညာနေသော ခြေလက်များကို နှိပ်နယ်မည်ရှိသေး၊ တံခါးဝမှ အသံတစ်သံထွက်ပေါ်လာသည်။

"ဟဲ့ ကောင်မစုတ်.... အပျင်းကြီးနေပြန်ပြီ.... မြန်မြန်လုပ်... မီးဖိုချောင်ကို သန့်ရှင်းစမ်း.... ခဏနေ ငါပြန်လာပြီး နင်ပျင်းနေသေးလား ကြည့်မှာနော်...."

လီဝေယန်း တံခါးဝတွင် ရပ်ကာ ခါးထောက်၍ သူမအား ခဲကြည့်နေသော မိန်းမငယ်အား လှည့်ကြည့်လိုက်သည်။ ဤမိန်းမငယ်သည် သူမထက် တစ်နှစ်မျှသာ ကြီးသည်၊ သို့သော် သူမထက် ခေါင်းတလုံးစာ ပို အရပ်မြင့်သည်။ သူမ မျက်နှာမှာ လှပသည်။ သို့သော် သူမ၏ ရှုံ့မဲ့နေသော အမူအရာနှင့် ခါးသီးသောစိတ်နေစိတ်ထားတို့က သူမအလှကို ပျက်ပြားစေသည်။

ကျောက်လန်ရှို့မှာ လီဝေယန်း၏ နူးညံ့သော သွင်ပြင်လက္ခဏာများအား ကြည့်ရင်း မနာလိုရှုစိမ့်ဖြစ်နေတော့သည်။ သူမ နှခေါင်းရှုံ့လိုက်ပြီး ပြန်လှာ့်ကာ ထွက်သွားသည်။ သူမ လည်ပြန်လှည့်ကြည့်ကာ ညွှန်ကြားသွားသေးသည်။ "အိုးတွေ သေချာ ဆေးနော်... နောက်ပြီး... ကြမ်းပြင်မှာလည်း ရေတွေ အိုင်မနေစေနဲ့ ... မီးဖိုပေါ်က အသုံးဆောင်ပစ္စည်းတွေလည်း သေသေချာချာ ပြန်စီထား...."

လီဝေယန်း မီးဖိုချောင်ကလေးထဲ ရပ်နေခဲ့ရင်း သူမအကြည့်က မိန်းမငယ်၏ ကျောတွင်ကျန်နေကာ ရုတ်တရက် ပြုံးလိုက်လေသည်။ နာရီဝက်ခန့်ကြာသောအခါ သူမ အိုးခွက်များဆေးပြီးသောကြောင့် ခါးကိုင်းကာ ကြမ်းပြင်ကို သန့်ရှင်းတော့သည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now