၂၈။ လူရှုပ်​လူ​ပွေ

1.7K 316 6
                                    

၂၈။ လူရှုပ်​လူ​ပွေ (Mona, Sharr)

ပြောင်ကော/ပြောင်မေး - ဝမ်းကွဲမောင်နှမများကို ခေါ်သောအသုံးအနှုန်း

___________

လီဝေယန်း လီမင်တျဲကို တကယ် သဘောကျသည်။ ဘာကြောင့်လဲဆိုတော့ သူ့မျက်ဝန်းများထဲတွင် မခွဲခွာချင်သည့် ပြင်းပြသောစိတ်ဆန္ဒတစ်မျိုးကို သူမခံစားရ၍ပင်။ စန်းဖူးရန်က သူ့ကိုမွေးစားခဲ့ပြီး သူမ၏ သားအရင်းလိုမျိုး ဆက်ဆံခဲ့ပေမယ့် သူမ၏ ပင်ကိုစရိုက်က အေးဆေးတည်ငြိမ်ပြီး သီးသီးသန့်သန့်နေတတ်သည့်အတွက်ကြောင့် လီမင်တျဲကို အလွန်အထီးကျန်ဆန်စေခဲ့သည်။

နွေရာသီစံအိမ်၏ ဥယျာဉ်တော်ထဲတွင် လီဝေယန်းသည် လီမင်တျဲကို ရွာတွင်နေခဲ့စဥ်က သူမဘဝအဖြစ်အပျက်များကို ပြန်ပြောင်းပြောပြနေသည်။ သူမ၏ဘောင်းဘီရှည်ကို လိပ်တင်ပြီး ဘဲရိုင်းများ၏ ဥများကိုကောက်ရန် ရေထဲမှာ ခက်ခက်ခဲခဲ ရုန်းကန် ကူးဖြတ်ခဲ့ရပုံများ၊ ထို့နောက် ရေကန်ဘေးဘောင်ပေါ်တွင် မီးမွှေး၍ ဥများကို သဲအပူများနှင့်ဖုံးပြီး ချက်ပြုတ်ခဲ့ပုံများ၊ နောက်တော့ သူမ ဥတစ်လုံးမှမကျန်တော့သည်အထိ တစ်လုံးချင်းစီအငမ်းမရ စားခဲ့ပုံများကို ပြောပြနေလေသည်။

လီမင်တျဲသည် တမ်းတလွမ်းဆွတ်မှုများဖြင့် ပြည့်နေသော မျက်လုံးများနှင့် ဂရုတစိုက် နားထောင်နေခဲ့သည်။

အမတ်ချုပ်ကြီးအိမ်တော်တွင် နေရသော သူ့မှာ ထိုကဲ့သို့သော အတွေ့အကြုံမျိုး မရှိခဲ့ဖူးချေ။လီဝေယန်း၏ ပြောပြမှုများမှတဆင့် ဒါဟာ နေထိုင်မှုပုံစံအသစ်၊ ဘဝအသစ်ဆိုတာရော လွတ်လပ်မှု၏ အရသာဆိုတာကိုပါ သူခံစားမိသည်။ သူမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောလိုက်သည်။

"စန်းကျဲကျဲ... ဒီရက်တွေထဲ တစ်ရက်ရက်လောက် မမအရင်ကနေခဲ့တဲ့နေရာကို သွားလည်ချင်တယ်"

လီဝေယန်းသည် လီမင်တျဲ၏ သူဘယ်လောက်တောင်အတောင်ပံခတ်ပြီး အဝေးကို ပျံသန်းသွားချင်တယ်ဆိုတာကို ထုတ်ဖော်ပြသနေသော မျက်လုံးများကို စိုက်ကြည့်ပြီးတော့ တခစ်ခစ်ရယ်ရင်း ပြောလိုက်သည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now