၄၂။ မျက်နှာသာရရန်အတွက်နှင့် သူတစ်ပါးကို ရောင်းစားသည်

1.4K 286 4
                                    

၄၂။ မျက်နှာသာရရန်အတွက်နှင့် သူတစ်ပါးကို ရောင်းစားသည် (Nc)

ထိုစကားကို ကြားသည်နှင့် အားလုံး ထိတ်လန့်မင်သက်သွားကြလေသည်။ တာ့ဖူးရန်မှာတော့ ပထမဆုံး တုံ့ပြန်လာသူဖြစ်၏။ "ဆုဇီတဲ့လား၊ ဒါ လောင်ဖူးရန် အမြဲ စားသုံးနေတဲ့ ဂျင်ဆင်းနီပါ၊ ချန်းလဲ့... သမီး မစဉ်းစားဘဲ လျှောက်မပြောရဘူးလေ"

လီချန်းလဲ့ကမူ ခိုင်မာပြတ်သားသော လေသံဖြင့် ပြန်ပြောလေသည်။ "အမေရယ် ဂျင်ဆင်းနီဆိုတာကို သမီးရဲ့ အိမ်ဆောင်မှာလဲ သုံးနေကျပဲဟာကို... ဂျင်ဆင်းနီက ဘာလိုပုံလဲဆိုတာ သမီး မသိဘဲနေမလား၊ ဒါတွေကတော့ ကျိန်းသေပေါက် ဂျင်ဆင်းနီ မဟုတ်ဘူး"

လူတိုင်း၏ အကြည့်က သူမ လက်ပေါ်ကိုသာ ရောက်နေကြသည်။ သို့သော် ဂျင်ဆင်းနီကို ရေထဲ ထည့်ပြုတ်လိုက်ချိန်မှ စ၍ ယခု မြေပေါ်ပြုတ်ကျသွားသည့်အထိ အကြားအလပ်၌ ယခင်က မည်သည့်ပုံပန်းသဏ္ဌာန်ရှိခဲ့သည်ကို မည်သူမျှ တပ်အပ် မသိခဲ့ကြပေ။ သို့ပေလျက် လီချန်းလဲ့ကတော့ ဤအရာမှာ ဂျင်ဆင်းနီမဟုတ်ဟု တရားသေပြောနေတော့သည်။

လီဝေယန်းကတော့ စကားတစ်ခွန်းမှ ဝင်မပြောဘဲ လီချန်းလဲ့ကိုသာ အေးစက်စွာ ကြည့်နေလေသည်။

လီမင်ဖုန်းလည်း ထ ရပ်လာသည်။ သူ့အမူအရာမှာ ရေခဲတမျှ အေးစက်နေလေ၏။ "လုရှင်း ဘာလို့ ဒူးမထောက်သေးတာလဲ...!"

ထိတ်လန့်သွားရသော အစေခံ လုရှင်းမှာ အယောင်ယောင် အမှားမှားနှင့် ဒူးထောက်လိုက်မိလေသည်။ လီမင်ဖုန်း၏ မျက်နှာထားမှာကား ရှုံ့မဲ့နေတော့၏။ "ယားထို၊ လောင်ဖူးရန်က မင်းကို အယုံကြည်ဆုံးမို့ လက်ဘက်ရည်နဲ့ အဆာပြေမုန့်တည်ခင်းဖို့ မင်းကို တာဝန်ပေးထားတာလေ၊ ဒါကို မင်းက လောင်ဖူးရန်ရဲ့ ဂျင်ဆင်းနီကို လဲထားရဲတယ်ပေါ့"

လုရှင်း မည်သို့ တုံ့ပြန်ရမည် မသိတော့။ သူမမျက်နှာမှာတော့ ဖြူဖျော့ပြာနှမ်းသွားချေပြီ။ "တာ့ရှောင်ယဲ... နူပိ အဲ့သလို မလုပ်ရဲပါဘူး၊ လောင်ဖူးရန်ရဲ့ အပိုင်ပစ္စည်းကို နူပိ ဘယ်လိုလုပ် ခိုးယူရဲမှာလဲ၊ နူပိကို သတ္တိတွေ လာပေးရင်တောင်မှ နူပိ မလဲရဲပါဘူး"

အဆိပ်/လီဝေယန်းWhere stories live. Discover now