၃၈။​ ကောက်​ကျစ်​သော အကြံအစည်​

1.4K 322 3
                                    

၃၈။​ ကောက်​ကျစ်​သော အကြံအစည်​ (Sharr)

နေ့လည်ခင်းတစ်ခုတွင်တော့ လီမင်ဖုန်းသည် လီဝေယန်းဆီသို့ အလည်လာလေသည်။

သူ တံခါးနားရောက်တော့ တံခါးဝရှိမားမားကို နှင်ထုတ်လိုက်၏။ တံခါးဝကို ရောက်ရောက်ချင်းမှာပင် အနောက်ဘက်အဆောင်တွင် အစိမ်းရောင်ဖျော့ဖျော့ ချန်းချွင်(ဂါဝန်ရှည်/စကတ်ရှည်)ဝတ်စုံကို ဝတ်ဆင်ထားသော ယားထိုတစ်ယောက်သည် တစ်ခြားယားထိုတစ်ယောက်ကို စကားပြောနေသည်။

"ဇီယန်ကျဲကျဲ... အခုပန်းထိုးနေတာလား" ယားထိုသည် သိချင်လွန်းစွာ မေးလာသည်။

ဇီယန် ပြုံးကာ သူမ၏ဇာပန်းထိုးနေခြင်းအား ယားထိုကို ပြလိုက်သည်။

လီမင်ဖုန်းသည် အမြင်အာရုံကောင်းသောကြောင့် လက်ကိုင်ပဝါတွင်ထိုးထားသော ကြာပွင့်တို့နှင့်ပြည့်နေသည့် ကြာကန်ကြီးထဲတွင် မန်ဒရင်းဘဲရောင်စုံတို့ မြူးထူးပျော်ပါးနေသည်ကို ခပ်ဝေးဝေးမှပင် လှမ်းမြင်လိုက်ရသည်။ ကြည့်လိုက်ရုံနဲ့တင် တက်ကြွလန်းဆန်းပြီး အသက်ဝင်လှသည်။

ယားထိုသည် သူမမျက်လုံးတို့ကို ကစားကာ ရယ်မောလိုက်သည်။ "ဇီယန်ကျဲကျဲက အိမ်ထောင်ပြုချင်နေတာပဲ ကြင်ဖက်ကောင်းရှာပေးဖို့ စန်းရှောင့်ကျဲကို တစ်ရက်လောက် မေးကြည့်သင့်တယ်"

ဇီယန်မျက်နှာရဲခနဲဖြစ်သွားကာ လက်ကိုင်ပဝါပြန်ယူလိုက်ပြီးမှ ယားထိုပခုံးကို ခပ်ဖွဖွလေးရိုက်လိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့"

ဇီယန်က ဒီနှစ်ဆို ၁၅နှစ်ရှိပြီလေ။ မျက်နှာကလုံးဝန်းကာ ဖြူဖွေးဖျော့တော့သော အသားအ​ေရရှိသည်။ သူမအပြုံးက ကြာပန်းလိုပင် တစ်ပါးသူကို ဆွဲဆောင်နိုင်လှသည်။ လီမင်ဖုန်း သူမကို တည်တည်ငြိမ်ငြိမ် တစ်ချက်ကြည့်လိုက်ရာ သူ့နှလုံးသားတွင် ထူးဆန်းသောခံစားချက်တို့ ဖြတ်သန်းသွားလေသည်။

အစေခံမလေးက ပြုံးလိုက်၏။ "မရှက်ပါနဲ့...စန်းရှောင့်ကျဲက မမကို ခင်ပွန်းကောင်းတစ်ယောက် သေချာပေါက်ရှာပေးမှာပါ"

အဆိပ်/လီဝေယန်းWhere stories live. Discover now