၁၇။ အပြစ်အနာအဆာမရှိ/ ဟာကွက်မရှိသော အမှုအခင်း

1.7K 353 11
                                    

၁၇။ အပြစ်အနာအဆာမရှိ/ ဟာကွက်မရှိသော အမှုအခင်း (Nc)

စကားအနည်းငယ်ပြောပြီးသည်နှင့် ချီယိညန်၏ ရောဂါအခြေအနေက ပို၍ဆိုးလာကာ သွေးချောင်းများအဆက်မပြတ်ဆိုးနေတော့သည်။

လီဝေယန်း သူမအနား လျှောက်သွားလိုက်ကာ သူမ၏ လက်တို့ကို ဆုပ်ကိုင်ထားလိုက်သည်။ "အမေ..."

သူမ၏ ပထမဘဝတွင်ရော ယခုဘဝမှာပါ ဤတစ်ကြိမ်သည် ချီယိညန်အား "အမေ"ဟု ပထမဆုံး ခေါ်ခြင်းဖြစ်သည်။ လီဝေယန်း စိတ်လည်း လှုပ်ရှားနေမိသည်။ ရင်တထိတ်ထိတ်လည်း ဖြစ်နေမိသည်။ သူမ ခုနက သိပ်ပြီး သွေးအေးကာ တည်ငြိမ်နေမိသည်။ အကယ်၍ တာ့ဖူးရန်သာ သူမမိခင်ကို သတ်ရန် တစ်နာရီခန့်မျှ စော၍ စီစဉ်ခဲ့ပါက သူမ မွေးသမိခင်ကို ပြန်တွေ့ရန်ပင် အခွင့်ရတော့မည်မဟုတ်။

အစေခံမလေး ချွေ့အာမှာ သိပ်ပြီး လန့်ထိတ်နေခဲ့သော်လည်း နုံချာသူတော့ မဟုတ်ရှာပေ။ လတ်တလောအခြေအနေကို နားလည်ပုံရပြီး၊ သူမ ချက်ချင်းအပြင်ထွက်ကာ အိတ်သွားရှာသည်။ ထို့နောက် ပိုင်ကျစ်၏ အကူအညီနှင့်၊ နှစ်ဦးသား ကျောက်မားမား၏ အလောင်းကို အိတ်ထဲ ထိုးထည့်လိုက်ကြသည်။ ထိုအိတ်ထဲ ကျောက်ခဲများလည်း ဖြည့်လိုက်သည်။ ကံမကောင်းချင်တော့၊ ကျောက်မားမားမှာ လေးလွန်းလှသည်။ ကျောက်တုံးကျောက်ခဲများ၏ အလေးချိန်ပါ ပေါင်းထည့်ထားတော့ မိန်းကလေးနှစ်ဦးမှာ ထိုအိတ်ကို မသယ်နိုင်ကြတော့ပေ။ ဤသည်ကို တွေ့တော့ လီဝေယန်းက မိန်းကလေးနှစ်ဦးအား ကူသယ်ပေးရန် ဆုံးဖြတ်လိုက်သည်။ အင်အားအလွန်စိုက်ထုတ်ရသဖြင့်၊ ပြတင်းနောက်ကွယ်မှနေ၍ သူတို့သုံးဦး အလောင်းအိတ်ကို ရေကန်ထဲပစ်ချပြီးသောအခါ မောဟိုက်နွမ်းနယ်နေကြလေပြီ။ ထိုအိတ် ရေထဲကျသွားသဖြင့် မြည်သောအသံကို ကြားရတော့မှ သုံးဦးသား အကြည့်ချင်းဖလှယ်ကာ သက်ပြင်းချနိုင်တော့သည်။

"အခန်းထဲက သွေးကွက်တွေ သေချာ ပြောင်အောင် ရှင်းထားလိုက်၊ စွပ်ပြုတ်ခွက်ကိုလဲ လွှင့်ပစ်လိုက်... လုပ်စရာရှိတာ မြန်မြန်နဲ့ ပိပိရိရိလုပ်၊ သူများတွေ သတိမထားမိစေနဲ့" လီဝေယန်းက ညွှန်ကြားလိုက်သည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now