၆။ မိတ်ဆွေ ဟောင်းများပြန်ဆုံကြခြင်း

2K 378 6
                                    

၆။ မိတ်ဆွေ ဟောင်းများပြန်ဆုံကြခြင်း (SHARR,Taera)

ဝက်များ မတော်တဆ လွတ်သွားသော အကျိုးကျေးဇူးကြောင့် လီဝေယန်းမှာ တစ်ရွာလုံး၏ အာရုံစိုက်ခြင်း ခံရလေသည်။ ကျောက်ချင်းနှင့် လျူရှီတို့သည် သူမကို အလုပ်များမခိုင်းရဲတော့။ သို့သော် တစ်နေကုန် သူမကို အိမ်တွင်နေစေခြင်းသည် သိပ်ကို စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းသည်။ ထို့ကြောင့် သူမကို ရွာနှင့် သိပ်မဝေးသော လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်စေဖို့ ခွင့်ပြုထားရသည်။

လက်ဖက်ရည်ဆိုင်ကို ကျောက်ကျင်းနှင့် မာရှီတို့က ဦးစီး၍ ရွာကို ဖြတ်သန်းသွားလာကြသော ခရီးသွားများအတွက် ရိုးရိုးလက်ဖက်ရည်နှင့် ပြောင်းဖူးပေါင်မုန့်ကို ရောင်းချသည်။ ထိုသို့ရောင်းချခြင်းသည် အချိန်ကုန်လူပန်းသက်သာပြီး ငွေရလွယ်သည်။ ငယ်ငယ်ရွယ်ရွယ်လေးနှင့် ဒီလောက်ဒုက္ခအများကြီးကို ခါးစည်းခံနေရသော ဝေယန်းအတွက် မာရှီ စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့်ပင် သူမ လက်ဖက်ရည်ဖျော်ရန် ရေနွေးအိုးတည်ရသော လွယ်လွယ်ကူကူ အလုပ်များကိုသာ ခိုင်းပြီး ပင်ပန်းစေမည့် အလုပ်များကို အတင်းမလုပ်ခိုင်းပေ။

မာရှီ အထဲကို လျင်မြန်စွာ ပြေးဝင်လာတော့ ဝေယန်းက မီးထဲသို့ ထင်းများ ထပ်ထည့်နေသည်။ ဝေယန်း အလုပ်များနေသော်လည်း မညည်းညူသည်ကို သူမ တွေ့ရလေသည်။

"ဝေယန်းရေ....နည်းနည်းလောက် မြန်မြန်လေးလုပ်နော် ရေနွေးမြန်မြန်လေး လိုနေပြီ ပြောင်းဖူးပေါင်မုန့်လေး ၁၀ခုလောက်ကော ယူခဲ့ပါဟေ့ ငါတို့ဆိုင်မှာ အထူးဧည့်သည် ရောက်နေတယ်"

လီဝေယန်း သူမပြောသည့်အတိုင်း ယူလာခဲ့သည်။ သူမ တံခါးဆီသို့ လျှောက်လာခဲ့သော်လည်း စိတ်ရှုပ်ထွေးသွားသည်။ ဆိုင်ထဲတွင် တောင်အရပ်နှင့် မြောက်အရပ်တို့မှ ခရီးသွားများ၊ ဧည့်သည်များဖြင့် ပြည့်နေသော်လည်း အထူးဧည့်သည်ဟု ယူဆရသောသူ တစ်ယောက်မှ မတွေ့ရပေ။ အထူးဧည့်သည်လို့ မာရှီ ပြောတဲ့လူက ဘယ်လိုလူမျိုးပါလိမ့်။ သူမ တံခါးဆီ ဖြည်းဖြည်းချင်း လျှောက်လာပြီး ဆိုင်အရှေ့ဘက်ကို စနည်းနာလိုက်သည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now