၅၁။ သူတစ်ပါးပိုင်ဆိုင်မှုကို လုယူ၍ မိမိအပိုင် ပြုခြင်း

1.5K 342 35
                                    

[၁]. 火烧眉毛: တိုက်ရိုက် အဓိပ္ပါယ်က မျက်ခုံးမွေးမီးစွဲလောင်။ ဘေးအန္တရာယ်နှင့် လွန်စွာနီးကပ်နေပြီဟုဆိုလို။

____
                                                   
၅၁။ သူတစ်ပါးပိုင်ဆိုင်မှုကို လုယူ၍ မိမိအပိုင် ပြုခြင်း (Nc)

"စတုတ္ထအဆင့်အနေနဲ့ အခွန်အခကို လျှော့ရပါမယ်... ဒေသတစ်ခုချင်းစီကို ခြေမြန်တော်လွှတ်ပြီး နစ်နာသူ ပြည်သူလူထုအတွက် သုံးနှစ်တာ အခွန်ကင်းလွှတ်ခွင့်ပေးကြောင်း ကြေညာမောင်းခတ်သင့်ပါတယ်... ဒါဆို ပြည်သူလူထုက ရှင်ဘုရင်ရဲ့ ကြင်နာမှုကို အမြဲကျေးဇူးတင် လေးစားနေမိမှာပါ၊ ဒီလိုလုပ်လိုက်တာမှာ... အရေးကြီးတဲ့ အချက်က အခွန်လျှော့ဖို့ မဟုတ်ဘဲ ပြည်သူတွေအတွက် စေတနာထား စာနာတယ်ဆိုတာကို ပြသဖို့က အဓိကပါ၊ ပဉ္စမအဆင့်ကတော့... ရိက္ခာတွေ သိုလှောင်စုဆောင်းထားဖို့ပါ၊ ကယ်ဆယ်ပြုပြင်ရေးတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာ ဆန်စပါးဈေးနှုန်းတွေ ပြန်ကျလာဖို့ ရှိပါတယ်... ကျွန်မတို့က လယ်သမားတွေဆီက ဆန်စပါးတွေ ဝယ်ထားပြီး နောင်တစ်ချိန်ဖြစ်လာမဲ့ ဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်၊ ဆန်စပါးဈေးတက်လာပြီဆိုတာနဲ့ ဝယ်လှောင်ထားတဲ့ ဆန်တွေကို ထုတ်ရောင်းခြင်းဖြင့် ကုန်ဈေးနှုန်းကို ပြန်ထိန်းပေးနိုင်မှာ ဖြစ်တယ်၊ ကျွန်မတို့ ဝယ်ယူစုဆောင်းထားတဲ့ ဆန်စပါးတွေကိုလဲ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ရိက္ခာဝေငှတဲ့အခါမှာလဲ အသုံးပြုနိုင်ပါတယ်၊ ဒါက တစ်ချက်ခုတ်ရုံနဲ့ သုံးလေးချက်ပြတ်တဲ့ နည်းလမ်းပါ..."

အားလုံးနားထောင်ပြီးကြတော့ စကားပင်မပြောနိုင်တော့ဘဲ တစ်ယောက်မျက်နှာတစ်ယောက် အံ့ဩတကြီး ငေးမောကြည့်နေမိကြတော့သည်။ ထော့ပါကျန်းက ချီးကျူးထောမနာပြုကာ ဆိုသည်။ "ကောင်းတယ်၊ ကောင်းတယ်...! သိပ်ကို အံ့မခန်းပဲ...!"

လီချန်းလဲ့ကတော့ ခါတိုင်းလို မျက်နှာထားပြောင်းလဲသွားတော့သည်။ သူမ၏ မျက်ဝန်းလှလှများအတွင်း ဒေါသ အာဃာတတို့ ရိပ်မိုးဖုံးလွှမ်းလာသည်။ ဤသို့သော အကြံအစည်မျိုး လီဝေယန်း တွေးထုတ်နိုင်မည်ဟု သူမ မယုံကြည်နိုင်ပေ။ ပိုဆိုးသည်က ဤအကြံအစည်မှာ လွန်စွာ စီလျော်သင့်မြတ်နေသည်ကို သူမကိုယ်တိုင် ဝန်ခံရမည့် အဖြစ်မျိုး ဖြစ်နေသည်ပင်။ သူမ မယုံကြည်နိုင်၊ မည်သို့မျှ သူမ မယုံနိုင်။

အဆိပ်/လီဝေယန်းWhere stories live. Discover now