ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...

By LEAF277

327K 45.6K 2K

I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More

Description
/1/ Edited
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)

/8/အဆက်

3.8K 608 24
By LEAF277

🍁 Unicode 🍁

စစ်ဆေးပြီးနောက် လူတိုင်းက ကွင်းပြင်တွင်ရပ်ပြီး ညွှန်ကြားချက်နှင့် တာဝန်ပေးအပ်ခံရဖို့ စောင့်နေကြသည်။

စကားပြောဖို့ရောက်လာသူမှာ ခေါက်ဆွဲနွယ်ပင် ဖြစ်သည် ။ကြမ်းတမ်းသော ရည်ရွယ်ချက်က မိမိကိုယ်တိုင် ကိုယ်ရည်သွေးဖို့နဲ့ တခြားသူတွေကို သိမ်ငယ်စေဖို့ဖြစ်သည်။

တွေ့ဆုံပွဲပြီးနောက် ခေါက်ဆွဲနွယ်ပင်က စုရွမ်ရွမ်ဆီကို လျှောက်သွားခဲ့ပြီး သူ့မျက်နှာပေါ်က သွားရည်ကျတဲ့အကြည့်က အတားအဆီးမရှိဖြစ်နေသည်။သူက သေးငယ်တဲ့ နွယ်တစ်ခုကိုထုတ်လိုက်ပြီး စုရွမ်ရွမ်မျက်နှာပေါ်က ခေါင်းစွတ်ကို ဖယ်ထုတ်လိုက်သည်။

စုရွမ်ရွမ်ကြောက်ရွံ့မှုကြောင့် သတိမထားမိစွာ နောက်ဆုတ်သွားသည်။

လူကို ရိုက်တယ်။

လုရှီမင်က သူ့လက်ကိုမြှင့်လိုက်ပြီး လူကို သူ့လက်မောင်းထဲဖက်လိုက်သည်။အမျိုးသားတွင် ဆောင်းရာသီတွင် ကြွင်းကျန်ရစ်သောနှင်းလိုမျိုး  အေးစက်စက်နှင့် လန်းဆန်းသောရနံ့ရှိနေသည်။

စုရွမ်ရွမ် မျက်ရည်စမ်းစမ်းနှင့် သူမမျက်လုံးအားမှိတ်လိုက်ပြီး လုရှီမင်လက်မောင်းထဲတွင် တုန်တုန်ယင်ယင် ကွေးနေသည်။

သူမ မျက်လုံးတစ်ဖက်ဖွင့်လိုက်ပြီး ခေါက်ဆွဲနွယ်ပင်ကို ကြည့်လိုက်တော့ သူ့မှာလက်မရှိဘူးဆိုတာ သူမတွေ့လိုက်သည်။

လက် ရှိသင့်သောနေရာတွင် ကြီးမားတဲ့ နွယ်ပင်ကြီးနှစ်ခုရှိနေသည်။သူ့လက်တွေကိုေပြာင်းလိုက်တော့ လက်မောင်းနဲ့ လက်ဖဝါးကိုတောင်မှပေါ်ထွက်လာအောင်ဖန်တီးနိုင်လေသည်။
ဒါက သစ်သားစွမ်းရည်နဲ့ မသန်စွမ်းသူတစ်ယောက်ထွက်ပေါ်လာစေသည်။

"ငါက ကျန်းရှုပါ"ခေါက်ဆွဲနွယ်ပင်အကြည့်က နောက်ဆုံးမှာတော့ စုရွမ်ရွမ်ပေါ်မှ ရွေ့သွားသည်။သူက လုရှီမင်ကိုကြည့်လိုက်ပြီး စုရွမ်ရွမ်ခါးပတ်လည်တွင် ဖက်ထားသော လုရှီမင်လက်ကိုကြည့်လိုက်ကာ သူ့မျက်နှာတွင် ရက်စက်မှုတစ်ခု လက်သွားသည်။

ပိန်ပါးကာ ခြောက်သွေ့နေသော ကျန်းရှုနှင့်ယှဉ်လျှင် လုရှီမင်က အရပ်မြှင့်ကာ သွယ်လျသည်။ဟောင်းနွမ်းသော အင်္ကျီကိုဝတ်ထားတာတောင်မှ သူပုံစံက ခန့်ညား မြင့်မြတ်နေသည်။

"ငါ့ကောင်မလေး"

လုရှီမင်၏ အသံမှာ တည်ငြိမ်နေပြီး သူ့ခန္ဓာကိုယ်တစ်လက်မချင်းစီတိုင်းက တည်ငြိမ်ခြင်း၏ တင့်တယ်မှုရသဂုဏ်နှင့် ပြည့်နေသည်။ထိုသည်မှာ သူ့အရိုးနှင့် အသွေးထဲ ရှိနေသကဲ့သို့ပင် ။

ကျန်းရှု သူ့ရဲ့အစွန်း‌ေရာက်ကမ္ဘာနှစ်ခုလုံးထဲတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မနှစ်သက်ပါ။

"ကျောပိုးအိတ်ထဲကဘာလဲ?"
ကျန်းရှု နွယ်ပင်ဖြင့် လုရှီမင်ကျောပိုးအိတ်ကို သူ့ဆီကိုဆွဲလိုက်သည်။

"ဟမ်၊ ပုဆိန်လား?၊ ဘာလုပ်ဖို့လဲ?"

"ဇွန်ဘီခုတ်ဖို့" လုရှီမင်မျက်လုံးများမှာ နှိမ့်ချထားပြီး သူ့အမူအရာမှာ မရှင်းမလင်းရှိနေလေ၏။

သူ့‌ေဘးတွင်ရပ်နေသော စုရွမ်ရွမ်မှာ သူ့မျက်လုံးနဲ့ နှာခေါင်းကိုကြည့်လိုက်သည်။သူရဲကောင်း၏ လက်ရှိစိတ်အခြေနေမှာ မကောင်းဘူးဟု သူမခံစားမိသည်။

အမျိုးသားဇာတ်လိုက် စိတ်အခြေအနေဆိုးဝါးသောအခါ ဒုက္ခသည်များမှာ အမြှောက်စာဇာတ်ကောင်များ ဖြစ်ကြသည်။

သက်တမ်းအကြာဆုံး အမြှောက်စာ ဇာတ်‌ေကာင်ဖြစ်တဲ့ စုရွမ်ရွမ်မှာ ကြက်တစ်ကောင်လို တိတ်တိတ်လေးနေရန် ရွေးချယ်လိုက်သည်။

ကျန်းရှု၏ ရယ်သံကြီးမှာ ကြောက်လန့်ဖွယ်ရာ ကောင်းလေ၏။

"မင်းလား? မင်းက ဇွန်ဘီတွေကို ခုတ်မှာလား?မင်းကခုတ်မှာ ?အာ?ဟားဟားဟား ! မင်းပုဆိန်က ခုထိ အသစ်ကြီး ရှိသေးတယ်၊ဟုတ်တယ်မို့လား"

ဒီပုဆိန်က လုံးဝကို အသစ်မဟုတ်သည်ကို စုရွမ်ရွမ် ထောက်ခံသည်။ထိုပုဆိန်က ဇာတ်လိုက်၏ ဂရုတစိုက်ရှိမှုကြောင့် ပိုကောင်းလာခြင်းဖြစ်သည်။ညလယ်ဘက်တွင် ဇာတ်လိုက်မှာ သူမဘေးတွင် ထိုင်နေပြီး ပုဆိန်အား ဘေဘီလိုရှင်းတွေ ဖြည်းဖြည်းချင်းသုတ်ပေးနေတာကို သူမ မကြာခဏမြင်မိသည်။ဇာတ်လိုက် အတွက် သွေးနှင့်ချွေးနှင့်ရင်း ထားသော ပုစိန်တစ်ခုဟု ခုရွှမ်ရွမ် ပြောလိုသည်။

သူမလုံး၀ မနာလိုမဖြစ်ပါဘူးနော်။

တစ်နေ့ကျရင် အမျိုးသားဓာတ်လိုက်က သူမကို ဘေဘီလိုးရှင်းနှင့် သုတ်လိမ့်မည်။ပြီးရင်သူမကို ပုဆိန်နဲ့ သတ်လိမ့်မည်။ သူမက ကောင်းကင်ဘုံနှင့်မဝေးတော့ဘူးလို့ခံစားမိသည်။

တကယ်တော့ စုရွမ်ရွမ်က ကောင်းကင်ဘုံကိုသွားဖို့ လုံးဝကို လိုလိုလားလား ရှိသည်။ရက်ရက်စက်စက် မသေချင်ယုံလေးတင် ဖြစ်၏။

(🍀: မူရင်းဝတ္ထုထဲမှာ ဇာတ်လိုက်က စုရွမ်ရွမ်ကို ပုစိန်နဲ့ အရှင်လတ်လတ် (၁၈)ပိုင်းခုတ်တာပါနော်)

ကျန်းရှုက လုရှီမင်၏ ကျောပိုးအိပ် နှင့်ပုဆိန်ပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည်။

ဇာတ်လိုက်ရဲ့ မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားတာကို စုရွမ်ရွမ်မြင်လိုက်သည်။

အေးစက်ကျော့ရှင်းသောမျက်နှာပေါ်တွင် ကြမ်းကြုတ်သော ရက်စက်မှုတစ်ခုဖြတ်ပြေးသွားသော်လည်း ထိုသည်က တစ်ခဏတာမျှ သာဖြစ်၏။

ကျန်းရှုအတွက် နေ့ရက်များကို စုရွမ်ရွမ် စတင်ရေတွက်လိုက်သည်။

အချစ်လေး ၊ ရှင်ဘယ်လိုနည်းလမ်းနဲ့ သေဖို့ ရွေးချင်လဲဆိုတာ ကျွန်မသိဘူး?
_____

စွမ်းရည်မရှိသောသူများမှာ အဖွဲ့ထဲတွင်သာ အိပ်နိုင်သည်။အမျိုးသားနှင့် အမျိုးသမီး သီးသန့်ခွဲထားသည်။

စုရွမ်ရွမ် နှင့် နီးယန်မှာ အတူလမ်းလျှောက်သွားသည်။

လုရှီမင်မှာ ကျောပေါ်မှ သူ့ကျောပိုးအိတ်နဲ့ အတူ သူမတို့နှင့် ဆန့်ကျင်ဘက်သို့ လမ်းလျောက်သွားသည်။

မနက်တိုင်းတွင် နေ့တစ်နေ့အတွက် ရိက္ခာများ စုစောင်းရသည်။နေ့စဉ် လိုအပ်ချက်များကို တစ်ပတ်လျှင် တစ်ကြိမ်ဖြန့်ဖြူးရောင်းချသည်။

နေ့တိုင်း ငါအလုပ်သွားရမယ်။

စုရွမ်ရွမ်၏ အလုပ်တာဝန်မှာကျောက်မီးသွေးတွင်းတွင်ဖြစ်သည်။

ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကျောက်မီးသွေးတူးမယ်။

ကမ္ဘာပျက်ကပ်နေ့များတွင် ကျောက်မီးသွေးမှာ အရာများစွာကို ပြုလုပ်နိုင်သည်။

ဒီအခြေစိုက်စခန်းမှာ ကျောက်မီးသွေးကိုသာလျှင် တူးထုတ်နိုင်ရုံမကဘဲ အခြားအခြေစိုက်စခန်းမှ ကုန်ကြမ်းဆီနှင့်ရေ ကဲ့သို့သော အဖိုးတန် အရင်းအမြစ်များနှင့်လည်း လှဲလှယ်နိုင်သည်။

ကျောက်မီးသွေးတွင်းမှာ အခြေစိုက်စခန်းတွင် ရှိနေသောကြောင့် ၎င်းမှာအံ့ကိုက် ဖြစ်နေသည်။
အခြေစိုက်စခန်းအား ကျောက်မီးသွေးနယ်မြေဟု ခေါ်တွင်စေသည်။

လူအင်အားဖြည့်စွက်ရာတွင် အခြေစိုက်စခန်းမှာတူးဖော်စက်တစ်ခုလည်းရှိသည်။

စုရွမ်ရွမ် တူးဖော်စက်မောင်းသူအား မနာလိုအားကျစွာ ကြည့်လိုက်ပြီး ရုတ်တရက် နည်းနည်း ရင်းနှီးသလို ခံစားရသည်။သို့ရာတွင် အကွာအဝေးက အရမ်းဝေးသောကြောင့် သူမရှင်းရှင်းလင်းလင်းမမြင်ရပေ။

သူမ ထင်ယောင်ထင်မှား ဖြစ်နေတာလားမသိပေမယ့် ဒီမြေတူးစက်က သူမကို အမြဲဆန့်ကျင်နေသလိုခံစားရသည။

သူမ ဘယ်နေရာမှာ ပုန်းပုန်း ကိစ္စမရှိပေ။ သူမမျက်နှာကို ခုန်အုပ်မလို မီးခိုးတွေက ပျံသန်း လာမည်ဖြစ်သည်။

Ah  Puff  Puff  Puff

Bah  baah  baah

ဘေးပတ်လည်မှ အမျိုးသမီးများမှ တူးဖော် စက်မောင်းသူ ပတ်ပတ်လည်တွင် စုရုံးနေကြသည်။

စုရွမ်ရွမ်က ကမူပေါ်တွင် ရပ်လိုက်သည်။တကယ်တော့ အမျိုးသားမှအရပ်ရှည်သောကြောင့် ကမူပေါ်တွင်ရပ်ဖို့ မလိုအပ်ပေ။

အမျိုးသမီး အုပ်ထဲသို့ စုရွမ်ရွမ်တွန်းချခြင်း ခံလိုက်ရသောအခါ ဖိုသီဖတ်သီနှင့် အမဲရောင် မျက်နှာဖြင့် လုရှီမင်ရှေ့တွင် သူမပေါ်လာတော့ အမျိုးသားမှာ နှုတ်ခမ်းကွေးနေသည်အား စုရွမ်ရွမ် မြင်လိုက်သည်။

ဒါလှောင်ပြောင်နေတာဘဲ ။ဒါလှောင်ပြောင်နေတာဘဲဖြစ်ရမယ်။

သူတကယ်ကြီး သူမကို ရယ်တယ်ပေါ့။
စုရွမ်ရွမ် စိတ်ဆိုးသွားသည်။သူမစော်ကားမော်ကားခံရသလို ခံစားရလေ၏။

"ဘယ်လိုမောင်းရမယ်ဆိုတာ ရှင် မသိဘူးလို့ ပြောတယ်မဟုတ်လား" စုရွမ်ရွမ် စွပ်စွဲလိုက်ပြီး သူမလက်ချောင်းများမှာ လုရှီမင် မျက်နှာကို ထိုးလုနီးပါးပင်။

အမျိုးသားက စုရွမ်ရွမ်လက်ကို အဝေးကို တွန်းလိုက်ပြီး သူ့မျက်နှာမှာ ပိုပြီးတော့ တောင်ပြုံးဖြဲဖြဲ ဖြစ်လာသည်။

"ကိုယ် မမောင်းနိုင်ပေမယ့် မြေတူးစက်တော့ မောင်းနိုင်ပါတယ်"

စုရွမ်ရွမ်: အဲ့တော့ ရှင်က လန်ရှန်းမြေတူးစက်ပေါ်မှာ အချိန်ပိုင်း အလုပ်လုပ်နေတုန်းလား။

လုရှီမင် သူ့လက်အား ထုတ်လိုက်ပြီး စုရွမ်ရွမ် မျက်နှာပေါ်မှ ကျပ်ခိုးများကို ညင်သာစွာ သုတ်လိုက်သည်။

ဒါပေမယ့် သူပိုသုတ်လေ သူမမှာ ပိုညစ်ပေလေပင်။

အမျိုးသား၏ မျက်လုံးထဲမှ အပြုံးမှာ ပို၍ပို၍ ကြီးမားလာတာကို စုရွမ်ရွမ် မြင်လိုက်သည်။

စုရွမ်ရွမ် သူမ၏ နုနယ်သော နှလုံးသားလေးအား ဆုပ်ကိုင်လိုက်ပြီး သူမ၏လှပသောဘဝလေးအား ချက်ချင်း အဆုံးသတ်ရန်ဆုံး ဖြတ်လိုက်သည်။

တစ်ပတ်တစ်ကြိမ် အခြေစိုက်စခန်းမှ တာဝန်ရှိသူများမှာ ရိက္ခာစုစောင်းရန် အပြင်ထွက်လှည့်လည်ရပြီး ကုန်ကြမ်းဆီအတွက် လှဲလည်ရန် မဝေးသော အခြားအခြေစိုက်စခန်းသို့ တူးထားသော ကျောက်မီးသွေးများ သယ်သွားရသည်။

အပြင်အတူထွက်ဖို့ အဖွဲ့ဝင် ရွေးရန်မှာ သင့်တော်သော စွမ်းအားရှင်များရှိသည်။

သာမန်လူများအားခေါ်ရခြင်းမှာ......အမှန်တကယ်တော့ ဇွန်ဘီထောင်ချောက်စာသာ ဖြစ်သည်။

ဘယ်သောအခါမှ အသက်ရှင်လျက် ပြန်မလာကြပေ။

စုရွမ်ရွမ်မှာ တက်ကြွစွာ စိတ်အားထက်သန်စွာဖြင့် လျှောက်လွှာ တင်လိုက်သည်။နောက်တွင်ဝောာ့ သူမမှာ နာမည်ကြီး......အရူးဖြစ်လာလေသည်။

🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤🤍🖤

🍁 Zawgyi 🍁

စစ္ေဆးၿပီးေနာက္ လူတိုင္းက ကြင္းျပင္တြင္ရပ္ၿပီး ၫႊန္ၾကားခ်က္ႏွင့္ တာဝန္ေပးအပ္ခံရဖို႔ ေစာင့္ေနၾကသည္။

စကားေျပာဖို႔ေရာက္လာသူမွာ ေခါက္ဆြဲႏြယ္ပင္ ျဖစ္သည္ ။ၾကမ္းတမ္းေသာ ရည္႐ြယ္ခ်က္က မိမိကိုယ္တိုင္ ကိုယ္ရည္ေသြးဖို႔နဲ႕ တျခားသူေတြကို သိမ္ငယ္ေစဖို႔ျဖစ္သည္။

ေတြ႕ဆုံပြဲၿပီးေနာက္ ေခါက္ဆြဲႏြယ္ပင္က စု႐ြမ္႐ြမ္ဆီကို ေလွ်ာက္သြားခဲ့ၿပီး သူ႕မ်က္ႏွာေပၚက သြားရည္က်တဲ့အၾကည့္က အတားအဆီးမရွိျဖစ္ေနသည္။သူက ေသးငယ္တဲ့ ႏြယ္တစ္ခုကိုထုတ္လိုက္ၿပီး စု႐ြမ္႐ြမ္မ်က္ႏွာေပၚက ေခါင္းစြတ္ကို ဖယ္ထုတ္လိုက္သည္။

စု႐ြမ္႐ြမ္ေၾကာက္႐ြံ႕မႈေၾကာင့္ သတိမထားမိစြာ ေနာက္ဆုတ္သြားသည္။

လူကို ရိုက္တယ္။

လုရွီမင္က သူ႕လက္ကိုျမႇင့္လိုက္ၿပီး လူကို သူ႕လက္ေမာင္းထဲဖက္လိုက္သည္။အမ်ိဳးသားတြင္ ေဆာင္းရာသီတြင္ ႂကြင္းက်န္ရစ္ေသာႏွင္းလိုမ်ိဳး  ေအးစက္စက္ႏွင့္ လန္းဆန္းေသာရနံ႕ရွိေနသည္။

စု႐ြမ္႐ြမ္ မ်က္ရည္စမ္းစမ္းႏွင့္ သူမမ်က္လုံးအားမွိတ္လိုက္ၿပီး လုရွီမင္လက္ေမာင္းထဲတြင္ တုန္တုန္ယင္ယင္ ေကြးေနသည္။

သူမ မ်က္လုံးတစ္ဖက္ဖြင့္လိုက္ၿပီး ေခါက္ဆြဲႏြယ္ပင္ကို ၾကည့္လိုက္ေတာ့ သူ႕မွာလက္မရွိဘူးဆိုတာ သူမေတြ႕လိုက္သည္။

လက္ ရွိသင့္ေသာေနရာတြင္ ႀကီးမားတဲ့ ႏြယ္ပင္ႀကီးႏွစ္ခုရွိေနသည္။သူ႕လက္ေတြကိုေျပာင္းလိုက္ေတာ့ လက္ေမာင္းနဲ႕ လက္ဖဝါးကိုေတာင္မွေပၚထြက္လာေအာင္ဖန္တီးနိုင္ေလသည္။
ဒါက သစ္သားစြမ္းရည္နဲ႕ မသန္စြမ္းသူတစ္ေယာက္ထြက္ေပၚလာေစသည္။

"ငါက က်န္းရႈပါ"ေခါက္ဆြဲႏြယ္ပင္အၾကည့္က ေနာက္ဆုံးမွာေတာ့ စု႐ြမ္႐ြမ္ေပၚမွ ေ႐ြ႕သြားသည္။သူက လုရွီမင္ကိုၾကည့္လိုက္ၿပီး စု႐ြမ္႐ြမ္ခါးပတ္လည္တြင္ ဖက္ထားေသာ လုရွီမင္လက္ကိုၾကည့္လိုက္ကာ သူ႕မ်က္ႏွာတြင္ ရက္စက္မႈတစ္ခု လက္သြားသည္။

ပိန္ပါးကာ ေျခာက္ေသြ႕ေနေသာ က်န္းရႈႏွင့္ယွဥ္လွ်င္ လုရွီမင္က အရပ္ျမႇင့္ကာ သြယ္လ်သည္။ေဟာင္းႏြမ္းေသာ အကၤ်ီကိုဝတ္ထားတာေတာင္မွ သူပုံစံက ခန႔္ညား ျမင့္ျမတ္ေနသည္။

"ငါ့ေကာင္မေလး"

လုရွီမင္၏ အသံမွာ တည္ၿငိမ္ေနၿပီး သူ႕ခႏၶာကိုယ္တစ္လက္မခ်င္းစီတိုင္းက တည္ၿငိမ္ျခင္း၏ တင့္တယ္မႈရသဂုဏ္ႏွင့္ ျပည့္ေနသည္။ထိုသည္မွာ သူ႕အရိုးႏွင့္ အေသြးထဲ ရွိေနသကဲ့သို႔ပင္ ။

က်န္းရႈ သူ႕ရဲ႕အစြန္း‌ေရာက္ကမာၻႏွစ္ခုလုံးထဲတြင္ ထိုကဲ့သို႔ေသာ ပုဂၢိဳလ္မ်ိဳးကို မႏွစ္သက္ပါ။

"ေက်ာပိုးအိတ္ထဲကဘာလဲ?"
က်န္းရႈ ႏြယ္ပင္ျဖင့္ လုရွီမင္ေက်ာပိုးအိတ္ကို သူ႕ဆီကိုဆြဲလိုက္သည္။

"ဟမ္၊ ပုဆိန္လား?၊ ဘာလုပ္ဖို႔လဲ?"

"ဇြန္ဘီခုတ္ဖို႔" လုရွီမင္မ်က္လုံးမ်ားမွာ ႏွိမ့္ခ်ထားၿပီး သူ႕အမူအရာမွာ မရွင္းမလင္းရွိေနေလ၏။

သူ႕‌ေဘးတြင္ရပ္ေနေသာ စု႐ြမ္႐ြမ္မွာ သူ႕မ်က္လုံးနဲ႕ ႏွာေခါင္းကိုၾကည့္လိုက္သည္။သူရဲေကာင္း၏ လက္ရွိစိတ္အေျခေနမွာ မေကာင္းဘူးဟု သူမခံစားမိသည္။

အမ်ိဳးသားဇာတ္လိုက္ စိတ္အေျခအေနဆိုးဝါးေသာအခါ ဒုကၡသည္မ်ားမွာ အျမႇောက္စာဇာတ္ေကာင္မ်ား ျဖစ္ၾကသည္။

သက္တမ္းအၾကာဆုံး အျမႇောက္စာ ဇာတ္‌ေကာင္ျဖစ္တဲ့ စု႐ြမ္႐ြမ္မွာ ၾကက္တစ္ေကာင္လို တိတ္တိတ္ေလးေနရန္ ေ႐ြးခ်ယ္လိုက္သည္။

က်န္းရႈ၏ ရယ္သံႀကီးမွာ ေၾကာက္လန့္ဖြယ္ရာ ေကာင္းေလ၏။

"မင္းလား? မင္းက ဇြန္ဘီေတြကို ခုတ္မွာလား?မင္းကခုတ္မွာ ?အာ?ဟားဟားဟား ! မင္းပုဆိန္က ခုထိ အသစ္ႀကီး ရွိေသးတယ္၊ဟုတ္တယ္မို႔လား"

ဒီပုဆိန္က လုံးဝကို အသစ္မဟုတ္သည္ကို စု႐ြမ္႐ြမ္ ေထာက္ခံသည္။ထိုပုဆိန္က ဇာတ္လိုက္၏ ဂ႐ုတစိုက္ရွိမႈေၾကာင့္ ပိုေကာင္းလာျခင္းျဖစ္သည္။ညလယ္ဘက္တြင္ ဇာတ္လိုက္မွာ သူမေဘးတြင္ ထိုင္ေနၿပီး ပုဆိန္အား ေဘဘီလိုရွင္းေတြ ျဖည္းျဖည္းခ်င္းသုတ္ေပးေနတာကို သူမ မၾကာခဏျမင္မိသည္။ဇာတ္လိုက္ အတြက္ ေသြးႏွင့္ေခြၽးႏွင့္ရင္း ထားေသာ ပုစိန္တစ္ခုဟု ခု႐ႊမ္႐ြမ္ ေျပာလိုသည္။

သူမလုံး၀ မနာလိုမျဖစ္ပါဘူးေနာ္။

တစ္ေန႕က်ရင္ အမ်ိဳးသားဓာတ္လိုက္က သူမကို ေဘဘီလိုးရွင္းႏွင့္ သုတ္လိမ့္မည္။ၿပီးရင္သူမကို ပုဆိန္နဲ႕ သတ္လိမ့္မည္။ သူမက ေကာင္းကင္ဘုံႏွင့္မေဝးေတာ့ဘူးလို႔ခံစားမိသည္။

တကယ္ေတာ့ စု႐ြမ္႐ြမ္က ေကာင္းကင္ဘုံကိုသြားဖို႔ လုံးဝကို လိုလိုလားလား ရွိသည္။ရက္ရက္စက္စက္ မေသခ်င္ယုံေလးတင္ ျဖစ္၏။

(🍀: မူရင္းဝတၳဳထဲမွာ ဇာတ္လိုက္က စု႐ြမ္႐ြမ္ကို ပုစိန္နဲ႕ အရွင္လတ္လတ္ (၁၈)ပိုင္းခုတ္တာပါေနာ္)

က်န္းရႈက လုရွီမင္၏ ေက်ာပိုးအိပ္ ႏွင့္ပုဆိန္ေပၚသို႔ ေျခလွမ္းလွမ္းလိုက္သည္။

ဇာတ္လိုက္ရဲ႕ မ်က္လုံးေတြ အနည္းငယ္ က်ဥ္းေျမာင္းသြားတာကို စု႐ြမ္႐ြမ္ျမင္လိုက္သည္။

ေအးစက္ေက်ာ့ရွင္းေသာမ်က္ႏွာေပၚတြင္ ၾကမ္းၾကဳတ္ေသာ ရက္စက္မႈတစ္ခုျဖတ္ေျပးသြားေသာ္လည္း ထိုသည္က တစ္ခဏတာမွ် သာျဖစ္၏။

က်န္းရႈအတြက္ ေန႕ရက္မ်ားကို စု႐ြမ္႐ြမ္ စတင္ေရတြက္လိုက္သည္။

အခ်စ္ေလး ၊ ရွင္ဘယ္လိုနည္းလမ္းနဲ႕ ေသဖို႔ ေ႐ြးခ်င္လဲဆိုတာ ကြၽန္မသိဘူး?
_____

စြမ္းရည္မရွိေသာသူမ်ားမွာ အဖြဲ႕ထဲတြင္သာ အိပ္နိုင္သည္။အမ်ိဳးသားႏွင့္ အမ်ိဳးသမီး သီးသန့္ခြဲထားသည္။

စု႐ြမ္႐ြမ္ ႏွင့္ နီးယန္မွာ အတူလမ္းေလွ်ာက္သြားသည္။

လုရွီမင္မွာ ေက်ာေပၚမွ သူ႕ေက်ာပိုးအိတ္နဲ႕ အတူ သူမတို႔ႏွင့္ ဆန႔္က်င္ဘက္သို႔ လမ္းေလ်ာက္သြားသည္။

မနက္တိုင္းတြင္ ေန႕တစ္ေန႕အတြက္ ရိကၡာမ်ား စုေစာင္းရသည္။ေန႕စဥ္ လိုအပ္ခ်က္မ်ားကို တစ္ပတ္လွ်င္ တစ္ႀကိမ္ျဖန့္ျဖဴးေရာင္းခ်သည္။

ေန႕တိုင္း ငါအလုပ္သြားရမယ္။

စု႐ြမ္႐ြမ္၏ အလုပ္တာဝန္မွာေက်ာက္မီးေသြးတြင္းတြင္ျဖစ္သည္။

ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ ေက်ာက္မီးေသြးတူးမယ္။

ကမာၻပ်က္ကပ္ေန႕မ်ားတြင္ ေက်ာက္မီးေသြးမွာ အရာမ်ားစြာကို ျပဳလုပ္နိုင္သည္။

ဒီအေျခစိုက္စခန္းမွာ ေက်ာက္မီးေသြးကိုသာလွ်င္ တူးထုတ္နိုင္႐ုံမကဘဲ အျခားအေျခစိုက္စခန္းမွ ကုန္ၾကမ္းဆီႏွင့္ေရ ကဲ့သို႔ေသာ အဖိုးတန္ အရင္းအျမစ္မ်ားႏွင့္လည္း လွဲလွယ္နိုင္သည္။

ေက်ာက္မီးေသြးတြင္းမွာ အေျခစိုက္စခန္းတြင္ ရွိေနေသာေၾကာင့္ ၎မွာအံ့ကိုက္ ျဖစ္ေနသည္။
အေျခစိုက္စခန္းအား ေက်ာက္မီးေသြးနယ္ေျမဟု ေခၚတြင္ေစသည္။

လူအင္အားျဖည့္စြက္ရာတြင္ အေျခစိုက္စခန္းမွာတူးေဖာ္စက္တစ္ခုလည္းရွိသည္။

စု႐ြမ္႐ြမ္ တူးေဖာ္စက္ေမာင္းသူအား မနာလိုအားက်စြာ ၾကည့္လိုက္ၿပီး ႐ုတ္တရက္ နည္းနည္း ရင္းႏွီးသလို ခံစားရသည္။သို႔ရာတြင္ အကြာအေဝးက အရမ္းေဝးေသာေၾကာင့္ သူမရွင္းရွင္းလင္းလင္းမျမင္ရေပ။

သူမ ထင္ေယာင္ထင္မွား ျဖစ္ေနတာလားမသိေပမယ့္ ဒီေျမတူးစက္က သူမကို အၿမဲဆန့္က်င္ေနသလိုခံစားရသည။

သူမ ဘယ္ေနရာမွာ ပုန္းပုန္း ကိစၥမရွိေပ။ သူမမ်က္ႏွာကို ခုန္အုပ္မလို မီးခိုးေတြက ပ်ံသန္း လာမည္ျဖစ္သည္။

Ah  Puff  Puff  Puff

Bah  baah  baah

ေဘးပတ္လည္မွ အမ်ိဳးသမီးမ်ားမွ တူးေဖာ္ စက္ေမာင္းသူ ပတ္ပတ္လည္တြင္ စု႐ုံးေနၾကသည္။

စု႐ြမ္႐ြမ္က ကမူေပၚတြင္ ရပ္လိုက္သည္။တကယ္ေတာ့ အမ်ိဳးသားမွအရပ္ရွည္ေသာေၾကာင့္ ကမူေပၚတြင္ရပ္ဖို႔ မလိုအပ္ေပ။

အမ်ိဳးသမီး အုပ္ထဲသို႔ စု႐ြမ္႐ြမ္တြန္းခ်ျခင္း ခံလိုက္ရေသာအခါ ဖိုသီဖတ္သီႏွင့္ အမဲေရာင္ မ်က္ႏွာျဖင့္ လုရွီမင္ေရွ႕တြင္ သူမေပၚလာေတာ့ အမ်ိဳးသားမွာ ႏႈတ္ခမ္းေကြးေနသည္အား စု႐ြမ္႐ြမ္ ျမင္လိုက္သည္။

ဒါေလွာင္ေျပာင္ေနတာဘဲ ။ဒါေလွာင္ေျပာင္ေနတာဘဲျဖစ္ရမယ္။

သူတကယ္ႀကီး သူမကို ရယ္တယ္ေပါ့။
စု႐ြမ္႐ြမ္ စိတ္ဆိုးသြားသည္။သူမေစာ္ကားေမာ္ကားခံရသလို ခံစားရေလ၏။

"ဘယ္လိုေမာင္းရမယ္ဆိုတာ ရွင္ မသိဘူးလို႔ ေျပာတယ္မဟုတ္လား" စု႐ြမ္႐ြမ္ စြပ္စြဲလိုက္ၿပီး သူမလက္ေခ်ာင္းမ်ားမွာ လုရွီမင္ မ်က္ႏွာကို ထိုးလုနီးပါးပင္။

အမ်ိဳးသားက စု႐ြမ္႐ြမ္လက္ကို အေဝးကို တြန္းလိုက္ၿပီး သူ႕မ်က္ႏွာမွာ ပိုၿပီးေတာ့ ေတာင္ၿပဳံးၿဖဲၿဖဲ ျဖစ္လာသည္။

"ကိုယ္ မေမာင္းနိုင္ေပမယ့္ ေျမတူးစက္ေတာ့ ေမာင္းနိုင္ပါတယ္"

စု႐ြမ္႐ြမ္: အဲ့ေတာ့ ရွင္က လန္ရွန္းေျမတူးစက္ေပၚမွာ အခ်ိန္ပိုင္း အလုပ္လုပ္ေနတုန္းလား။

လုရွီမင္ သူ႕လက္အား ထုတ္လိုက္ၿပီး စု႐ြမ္႐ြမ္ မ်က္ႏွာေပၚမွ က်ပ္ခိုးမ်ားကို ညင္သာစြာ သုတ္လိုက္သည္။

ဒါေပမယ့္ သူပိုသုတ္ေလ သူမမွာ ပိုညစ္ေပေလပင္။

အမ်ိဳးသား၏ မ်က္လုံးထဲမွ အၿပဳံးမွာ ပို၍ပို၍ ႀကီးမားလာတာကို စု႐ြမ္႐ြမ္ ျမင္လိုက္သည္။

စု႐ြမ္႐ြမ္ သူမ၏ ႏုနယ္ေသာ ႏွလုံးသားေလးအား ဆုပ္ကိုင္လိုက္ၿပီး သူမ၏လွပေသာဘဝေလးအား ခ်က္ခ်င္း အဆုံးသတ္ရန္ဆုံး ျဖတ္လိုက္သည္။

တစ္ပတ္တစ္ႀကိမ္ အေျခစိုက္စခန္းမွ တာဝန္ရွိသူမ်ားမွာ ရိကၡာစုေစာင္းရန္ အျပင္ထြက္လွည့္လည္ရၿပီး ကုန္ၾကမ္းဆီအတြက္ လွဲလည္ရန္ မေဝးေသာ အျခားအေျခစိုက္စခန္းသို႔ တူးထားေသာ ေက်ာက္မီးေသြးမ်ား သယ္သြားရသည္။

အျပင္အတူထြက္ဖို႔ အဖြဲ႕ဝင္ ေ႐ြးရန္မွာ သင့္ေတာ္ေသာ စြမ္းအားရွင္မ်ားရွိသည္။

သာမန္လူမ်ားအားေခၚရျခင္းမွာ......အမွန္တကယ္ေတာ့ ဇြန္ဘီေထာင္ေခ်ာက္စာသာ ျဖစ္သည္။

ဘယ္ေသာအခါမွ အသက္ရွင္လ်က္ ျပန္မလာၾကေပ။

စု႐ြမ္႐ြမ္မွာ တက္ႂကြစြာ စိတ္အားထက္သန္စြာျဖင့္ ေလွ်ာက္လႊာ တင္လိုက္သည္။ေနာက္တြင္ေဝာာ့ သူမမွာ နာမည္ႀကီး......အ႐ူးျဖစ္လာေလသည္။

Continue Reading

You'll Also Like

260K 41.3K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
310K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.2M 64.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
31.7K 2.1K 12
ခင်ဗျား Alpha ဆိုလဲ ကျုပ်က တက်ချမှာပဲ warning