Bi De • Pan Yu Xin De Rui la...

callme__kitty által

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... Több

Synopsis
1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

2

3.6K 562 60
callme__kitty által

[Unicode]

"ကျွန်တော့်မျက်နှာကို မရိုက်နဲ့ .. အကိုကြီး!!"

သူတို့ ကလပ်ထဲမှ ထွက်လာချိန် ကောင်းကင်ထက် ကြယ်များ ပတ်ပတ်လည်နှင့် လမင်းက ထိန်သာနေလျက် ပုစင်းရင်ကွဲ အော်သံများကိုလည်း ကြားနေရ၏။ ဂျူလိုင်လ၏ အပူလှိုင်းက သူတို့ထံ အပြေးအလွှားရောက်လာတော့သည်။

"အခုတလော သောက်ရမ်း ပူတာပဲ။" ဝမ်ချောင် သူ့လက်မောင်းကို ရှဲ့ကျူရှင်း ပခုံးပေါ်မှ ဖယ်ရင်း ညည်းညူလိုက်သည်။ သူ ကားသော့ကို နှိပ်ရင်း ကားလော့အား ဖွင့်လိုက်သည်။

ရှဲ့ကျူရှင်း ထိုကားက အဝါရောင် Ferrari ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ခမ်းနားထည်ဝါမှုနှင့် ကရော်ကမြည်နိုင်မှုနှစ်ခု ဒွန်တွဲနေသည်မှာ အရှေ့ရှိ စက်သေနတ်ဘုရင်ပုံစံနှင့် ကိုက်ညီလွန်းလှသည်။

စက်သေနတ်ဘုရင်က သူ့အား မေးလာသည်။ "ကားမောင်းလာတာ မဟုတ်ဘူးလား။ တစ်ယောက်ယောက်ကို လာကြိုခိုင်းတော့မှာလား။"

"ငါ မြေအောက်ရထား စီးလာတာ"

ဝမ်ချောင် အံ့ဩသလို အမူအရာပေါ်လာပြီး — "Damn, ပါတီကို မြေအောက်ရထားစီးပြီး လာတဲ့သူ တစ်ခါမှ မမြင်ဖူးဘူး။"

ရှဲ့ကျူရှင်း ကျောပိုးအိတ်လွယ်ရင်း ပြောလိုက်သည်။ "ငါ ဒီကို ပါတီ လာတက်တာ မဟုတ်ဘူး၊ ဖျော်ဖြေဖို့ လာတာ။ ပါတီအစက ဖျော်ဖြေပွဲလေ၊ အဲ့မှာ ငါက အကသမား။"

ဝမ်ချောင် သူ့ခေါင်းနောက်ကို ပွတ်ရင်း ရှဲ့ကျူရှင်းကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။

ရှဲ့ကျူရှင်း တွေးလိုက်သည်။ 'အခုတော့ မင်း ငါ့ကို မှတ်မိပြီ မလား?'

သို့ပေမယ့် ဝမ်ချောင်ကတော့ အပေါ်၊ အောက် ဆက်ကြည့်နေဆဲ။ "မင်း ခြေထောက်တွေက တော်တော်ရှည်တာပဲ။ ခန္ဓာကိုယ် အချိုးအစားလည်း ကောင်းတယ်၊ ... ဝေါင်း!! မင်းတင်ပါးတွေက တကယ် ကြည့်ကောင်းတယ်!!"

"ကျေးဇူးတင်ပါတယ် .. ငါ့တင်ပါးကိုယ်စား"

ဝမ်ချောင် ရယ်လိုက်သည်။ "မင်း ဘာလို့ ယဉ်ကျေးနေတာလဲ။ တအားလည်း မယဉ်ကျေးပါနဲ့။ အကကို မင်းဘာသာ လေ့ကျင်သင်ထားတာလား။"

"ငါက ပေ့ကျင်း အကတက္ကသိုလ် တက်ခဲ့တာ။"

ဝမ်ချောင် မျက်လုံးများ တောက်ပလာတော့သည်။ "အာဟ! ဒါဆို ငါတို့က အိမ်နီးနားချင်းတွေပဲ။ ငါက မင်းကျူ ဂီတတက္ကသိုလ်က၊ ကျောင်းဝင်နှစ်က 09၊ ကြည့်ရတာ .. ငါတို့ ရွယ်တူဖြစ်မယ်? မင်းက ဘယ်နှစ်ကလဲ။"

ရှဲ့ကျူရှင်း သူ့ကို မင်္သကာသလို ကြည့်ပြီး ပြောလိုက်သည်။ "ကျောင်းဝင်နှစ်က 08၊ မွေးတဲ့နှစ်က 1992"

ဝမ်ချောင် ပိုလို့တောင် ပျော်သွားသည်။ "ငါလည်း 1992မှာ မွေးတာပဲ!! ငါ့ရဲ့ အီစီကလီကောင်မလေးတွေ တော်တော်များများလည်း မင်းတို့ ကျောင်းကိုသွားတာ၊ အကုန်လုံးနဲ့ အဆက်အသွယ် မလုပ်ဖြစ်တော့တာတောင် တော်တော်ကြာပြီ။ ငါ မှတ်မိတာဆိုလို့ မင်းတို့ ကျောင်းကန်တင်းက မာစလာ အမွှေးအကြိုင်နဲ့ သိုးသားဟင်းပဲ၊ အခုတော့ အာ့လို အရသာ ထပ်မစားရတော့ဘူး။ ငါ မင်းတို့ကျောင်းကို ခဏခဏ လာလည်တာ၊ ငါတို့ အရင်က တွေ့ဖူးလောက်မယ်။"

ရှဲ့ကျူရှင်း သူ့ကို တွေ့ဖူးလား၊ မတွေ့ဖူးလားဆိုတာ မမှတ်မိ၊ သို့ပေမယ့် ဒီလူက သူတို့ တက္ကသိုလ်နှင့် ကပ်ရပ်ရှိနေသည့် တက္ကသိုလ်မှ ဆိုတာကိုတော့ ယုံကြည်သည်။ သူ့ကျောင်းမှာက မိန်းကလေး အများအပြားရှိပြီး ယောက်ျားလေးက သိပ်အများကြီး မရှိ။ ဘေးကပ် ကျောင်းမှ ကောင်လေး တော်တော်များများက သူတို့ကျောင်းထဲ လျှောက်ပတ်ငမ်းဖို့ နေ့တိုင်းလာလေ့ရှိ၏။

ဝမ်ချောင် ထပ်မေးသည်။ "မင်း ကတာ လုံးဝ အဆင်ပြေတယ်ဆိုတော့ သီချင်းကော ဆိုနိုင်လား။"

သူ အရင်တစ်ခေါက်က ရှဲ့ကျူရှင်းနှင့် တွေ့ခဲ့တာကို လုံးဝ မမှတ်မိ၊ ရှဲ့ကျူရှင်းကလည်း ထိုကိစ္စကို မပြောပြချင်။ ထို့ကြောင့် သူ မမှတ်မိသလို ဟန်ဆောင်ပြောလိုက်သည်။ "ဘာအတွက်လဲ။"

ဝမ်ချောင် ပြုံးပြီး ပြောလာသည်။ "မင်းကို အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးမလို့။ ငါ့ကို မင်း သီချင်းဆိုနည်း သိလားသာ ပြော၊ တအား ကောင်းစရာမလိုဘူး။ အသံအတက်အကျ မှန်အောင် မဆိုတတ်တဲ့သူ*မဟုတ်ရင် ရတယ်။"

[T/N : tone-deaf]

ရှဲကျူရှင်း ထိုအကြောင်းကို တွေးကြည့်ရင်း 'ဒါ Survivalပွဲအတွက် နေမယ်။' ဟု ကောက်ချက်ချလိုက်သည်။

"ငါ အရင်ကတော့ သီချင်းဂီတပိုင်းနဲ့ ပတ်သတ်ပြီး လေ့လာဖူးတယ်။"

"ဒါဆို ကောင်းတာပဲ။"

ဝမ်ချောင် သူ့ပိုက်ဆံအိတ်ကို ထုတ်ပြီး အထဲမှ လုပ်ငန်းကတ်ကို ဆွဲထုတ်ကာ— "ဒီလူကို မနက်ဖြန်ကျ ဖုန်းဆက်ပြီး ဝမ်ချောင်က လာရှာခိုင်းတာလို့ ပြောလိုက်။ သူ့မှာ ကနိုင်၊ သီချင်းဆိုနိုင်ပြီး ရုပ်ချောတဲ့ လူတစ်ယောက်ပဲ လိုနေတာ"

ရှဲကျူရှင်း ထိုလုပ်ငန်းကတ်ကို လှမ်းကြည့်လိုက်သည်။ ထိုကတ်မှာ ရွေရောင်အရင့်ကို အခြေခံထားပြီး ရိုးရှင်းသည်။ထိုကတ်ပြားပေါ်တွင် ဖုန်းနံပါတ် တစ်ခုနှင့် သွမ့်ယိခွန်း ဆိုသည့် နာမည်တစ်ခုသာ ပါသည်။

ဝမ်ချောင် သူ့ရင်ဘတ်သူ ပုတ်ပြီး အပြုံးကြီးကြီး တစ်ခု ဆင်မြန်းကာ ပြောလာသည်။ "ဟဲဟဲ၊ ငါကတော့ ဝမ်ချောင်"

"ကျေးဇူးပါ။ ငါ့နာမည်က ရှဲ့ကျူရှင်း၊ ကျူက ဝါးပင်၊ ဇီးပင်၊ သစ်ခွနဲ့ ဂန္ဓာပန်းမှာ ပါတဲ့ ကျူ။"

သို့ပေမယ့် ဝမ်ချောင်က သူ့နာမည် ဘာလဲဆိုတာကို အရေးစိုက်ပုံ မရ။ သူ စိတ်မပါတပါနှင့် ခေါင်းငြိမ့်ပြရင်း ပြောလာသည်။ "ဟုတ်ပြီ။ မင်း ဖုန်းခေါ်ရင် ငါ့နာမည်ကို သေချာ ပြောပြလိုက်။ ငါ သွားတော့မယ်။"

သူတို့နှစ်ဦး နှုတ်ဆက်ခွဲခွါလိုက်ကြသည်။ ရှဲ့ကျူရှင်းကတော့ ကတ်ကို သူ့အိတ်ထဲ ထည့်ကာ မေ့ပျောက်ထားလိုက်ပြီး မြေအောက်ရထား ရှိရာဘက်သို့ သွားလိုက်သည်။

ဒါက သူ ထိုသူ၏ ကြင်နာမှုကို အသိအမှတ် မပြုတာမျိုး မဟုတ်။ သူ ဝမ်ချောင်ရဲ့ ခွဲခြားဆက်ဆံခြင်း မရှိသည့် "အသိအကျွမ်း" လုပ်တာကို ကျေးဇူးတင်မိပေမယ့် သူကတော့ ဒီဖုန်းကို ခေါ်မှာ မဟုတ်။

သူက ပွဲဦးထွက်ဖို့ အခွင့်မရသေးတာဆိုပေမယ့် အာ့လို မရခြင်းက ဒီလောကထဲတွင် နာမည်တစ်ခု မရှိခြင်းလည်း မဟုတ်သလို တျန်းဝမ် ဖျော်ဖြေပွဲရဲ့ နောက်ခံ အက ကပေးသူ မဖြစ်လာမှာမျိုးလည်း မဟုတ်။ ထုတ်လုပ်ရေး အသင်းက သူ့ကို လာရောက် ဖိတ်ကြားတယ်ဆိုတာက တစ်မျိုး။ သို့ပေမယ့် သူကိုယ်တိုင် ပွဲရဲ့ ဒါရိုက်တာကို ကိုယ်တိုင် ဆက်သွယ်ကာ ပါဝင်ခွင့်ပေးဖို့ တောင်းရတာက တစ်မျိုးပင်။ သူ့ကိုယ်သူ ဒီ့လောက် စျေးပေါတာမျိုးတော့ အဖြစ်မခံ။

တနင်္လာနေ့တွင် ရှဲ့ကျူရှင်း ပိတ်ရက်နေ့က ဖျော်ဖြေပွဲအတွက် လခ ရရှိခဲ့ပြီး သူ ယန်ကျားကျားကို ဘယ်အချိန်အိမ်ပြန်လာမလဲဟု စာပို့မေးထားလိုက်သည်။

မက်ဆေ့ချ် ပို့ပြီးချိန်မှာပဲ ဒါရိုက်တာယန်က သူ့ကို ရုံးခန်းထဲ လာဖို့ ထပ်ခေါ်ပြန်သည်။ သူ အခန်းထဲ ဝင်သွားသည်နှင့် ဒါရိုက်တာက ဝမ်းသာအားရ သူ့ပခုံးကို ပုတ်ပြီး ပြောလာသည်။

"ရှောင်းရှဲ့၊ မင်းရဲ့ အနာဂတ်ကတော့ တောက်ပနေပြီကွာ။ အဲ့ခါကျ ငါ့ကိုလည်း မမေ့သွားနဲ့ဦး။"

ရှဲ့ကျူရှင်း သူ ဘာတွေပြောနေမှန်း မသိတာမို့ — "ယန်ကော၊ ကျွန်တော့်ကို မစပါနဲ့ဗျာ။"

"ငါက မင်းကို ဘာလို့စရမှာလဲ။ မင်း အရင်တစ်ပတ်က ငါ့ရုံးခန်းထဲမှာ တွေ့ခဲ့တဲ့ လူနှစ်ယောက်ကို မှတ်မိသေးလား။"

ရှဲ့ကျူရှင်း နှလုံးခုန်မြန်လာပြီး မေးလိုက်သည်။ "ကျွန်တော်မှတ်မိတယ်။ သူတို့က ဘယ်သူတွေလဲ။"

"လူငယ်လေးကတော့ ငါလည်း သေချာမသိဘူး။ ဒါပေမယ့် မျက်မှန်နဲ့ လူကြီးကတော့ NEX အဖွဲ့ရဲ့ မန်နေဂျာD.Kပဲ။"

ရှဲ့ကျူရှင်း အံ့ဩသွားသည့် မျက်နှာအမူအရာမှာ ဒီတစ်ခါတော့ ဟန်ဆောင်ခြင်း မဟုတ်။

ရှဲ့ကျူရှင်းတို့ အက စတူဒီယိုက ဟွေ့ရှင်း ကုမ္ပဏီလက်အောက်မှ ဖြစ်သည်။ NEXဆိုသည်မှာ ဟွေ့ရှင်း ကုမ္ပဏီမှပွဲဦးထွက်သည့် အိုင်ဒေါ အဆိုတော်အဖွဲ့ဖြစ်သည်။ သူတို့ ပွဲဦးထွက်ခဲ့သည်မှာ ငါးနှစ်၊ ခြောက်နှစ်လောက် ကြာပြီဖြစ်ပြီး အခုလတ်တလောအတွင်း အောင်မြင်မှု ကျဆင်းကာလသို့ ရောက်နေသည်။ ပွဲဦးထွက်ပြီး အောင်မြင်မှုအထွတ်အထိပ်ကာလတုန်းက သူတို့က နွေဦးပွဲတော် showပွဲတွင် နှစ်နှစ် ဆက်တိုက်တောင် တက်ရောက် ဆုရရှိခဲ့သည်။ သူတို့ အဲလ်ဘမ်ထဲမှ Classic အက သီချင်းများက ယနေ့ချိန်ထိ ဖျော်ဖြေရေးလောကထဲ နာမည်ကြီးနေဆဲ။ရှဲ့ကျူရှင်းဆို ဖျော်ဖြေရေး အကသမားမျိုးကတော့ သူတို့ အဖွဲ့ ကကွက်များကို အမြဲ Cover လုပ်လိမ့်ရှိသည်။

"NEXက နောက်နှစ် အနောက်ကျဆုံး အဖွဲ့ကွဲကြောင်း ကြေငြာတော့မှာ၊ ပြီးတော့ D.Kက အာ့သတင်း မပေါက်ကြားခင် အိုင်ဒေါအဖွဲ့သစ် တစ်ဖွဲ့ကို ပွဲဦးထုတ်ဖို့ ကြံစည်နေတာ။" ဒါရိုက်တာ ပြောလိုက်သည်။ "သူတို့ အရင်တစ်ခေါက်က ဒီလာတာ ဒီမှာ သင့်တော်တဲ့ ရွေးချယ်စရာ လူများ ရှိမလားဆိုပြီး လာကြည့်တာ။"

ရှဲ့ကျူရှင်း အနည်းငယ်တော့ စိတ်ပျက်သွားမိသည်။ ထိုနေ့က သူ တစ်ဖက်လူကို မကောင်းသလို တွေးမိပြီး သူတို့ရည်ရွယ်ချက်ကို မှားယွင်းထင်လိုက်မိသည်။ ထို့ကြောင့်လည်း ပေးတဲ့ အခွင့်အရေးကို မဆုပ်ကိုင်လိုက်နိုင်။ သူ D.K အရှေ့မှာ ထင်မြင်ချက် ကောင်းစေမည့်ကိစ္စမျိုး ဘာဆိုဘာမှ မလုပ်လိုက်။

သို့ပေမယ့် ဒါရိုက်တာကတော့ ပြောရင်း ပြောရင်းနှင့် ပိုလို့တောင် ပျော်လာသည်။

"ရှောင်းရှဲ့! မင်း ပထမအဆင့် လူရွေးပွဲ အောင်သွားပြီကွ!! သန်ဘက်ခါကျရင် နောက်ဆုံးအဆင့် လူရွေးပွဲ ရှိလိမ့်မယ်။ မင်း အဲ့မှာပါ အောင်သွားရင် အိုင်ဒေါ အဖွဲ့ မန်ဘာ ဖြစ်လာပြီး ပွဲဦးထွက်နိုင်တော့မှာ!!"

ရှဲ့ကျူရှင်း သူ့နှလုံးမှာ ပြင်းပြင်းထန်ထန် ခုန်လှုပ်နေသလို ခံစားလိုက်ရသည်။ သူ သူ့အံ့ဩပျော်ရွှင်နေမှုကို ဖိချုပ်ကာ မျက်နှာ အမူအရာကို အရင်အတိုင်း ထိန်းထားပြီး သူပြောလိုက်သည်။

"ကျွန်တော် အဲ့အတွက် သေချာ ပြင်ဆင်ပါ့မယ်။ သူတို့က ကျွန်တော်တို့ကို ဘာတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးမှာလဲ။"

"သူတို့က ကျွန်တော်တို့ကို ဘာတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးမှာလဲ။" ဝမ်ချောင် သူ့အိမ်တွင် လေအေးပေးစက်မှ လေတိုက်ရိုက်ကျနေသည့် ဆိုဖာပေါ်မှာ လှဲနေသည်။ သူ ဖုန်းတစ်ဖက်မှ လူကို မေးလိုက်သည်။ "ခင်ဗျား ကျွန်တော့်ကို အက ကခိုင်းမှာတော့ မဟုတ်ဘူး မလား။ ကျွန်တော် ကာယလေ့ကျင့်ခန်း အကတောင် မကတတ်ဘူး။"

ဖုန်းတစ်ဖက်မှ လူက ပြုံးပြီး ပြောလိုက်သည်။ "မင်းအတွက် အဲ့တာက ဘာလို့ ခက်ခဲရမှာလဲ။ စင်ပေါ် တက်လျှောက်သွားပြီး ပီယာနိုသာ တီးပြီး စာကြောင်း နည်းနည်း ဆိုပြလိုက်၊ အဖွဲ့ကလူတွေကို တာဝန် ခွဲပေးထားမှာ၊ လူတိုင်းက အကတော်ဖို့ မလိုဘူး။"

"ဟုတ်ပြီ၊ ဟုတ်ပြီ။ နောက်ဆုံးအဆင့် လူရွေးပွဲမှာ ဘယ်နှစ်ယောက်လောက် ရှိလဲ။"

"ဆယ်ယောက်၊ သူတို့အကုန်လုံးက တော်တော်လေး ကောင်းကြတယ်။ မင်း လာတဲ့အချိန်ကျ ကူရွေးပေးလေ။"

ဝမ်ချောင် စိတ်အားတက်ကြွလာသည်။ "ဒါဆိုရင်တော့ ကျွန်တော် သေချာ ကြည့်မှ ရမယ်။ သူတို့က အနာဂတ်မှာ ကျွန်တော့်အဖွဲ့ဝင်တွေ ဖြစ်လာမှာ ဆိုတော့လေ။ သူတို့က မျက်စိ အမြင်အေးစေမယ့် သူမျိုးဖြစ် .. အာ ဟုတ်သား၊ အခုတလော ခင်ဗျားဆီ ကျွန်တော်က ဆက်ခိုင်းလို့ဆိုပြီး ဆက်သွယ်လာတဲ့သူများ ရှိလား။"

"အဲ့လို ဖုန်းခေါ်တာမျိုးတော့ မလက်ခံမိပါဘူး။ ဘယ်သူ့ကို ဆက်သွယ်ခိုင်းထားလို့လဲ။"

ဝမ်ချောင် အနည်းငယ် ခေါင်းရှုပ်သွားသည်။ 'မိတ်ကပ်ဖျက်ကောင်ချောလေးက ဘာလို့ ဖုန်းမဆက်တာလဲ'

"Nah,ဘယ်သူမှတော့ မဟုတ်ပါဘူး။ သူ ကတ်ပျောက်သွားလို့နေမယ်။ ခင်ဗျားကို နောက်မှ ပြန်ဆက်ခိုင်းလိုက်မယ်။"

တစ်ဖက်မှ လူကလည်း သဘောတူပြီးမှ ထပ်မေးလိုက်သည်။ "မင်းအစ်ကိုကော အခုတလော အလုပ်ရှုပ်နေလား။ ငါ သူနဲ့ မတွေ့ဖြစ်တာတောင် ကြာပြီ။ မင်းတို့နှစ်ယောက်လုံးအားရင် ငါ ထမင်းလိုက်ကျွေးမယ်လေ။"

ဝမ်ချောင် လှည့်ရှာလိုက်ကာ သူ့အကိုကြီး ဝမ်ချီက ဧည့်ခန်းရှိ ငါးကန်ရှေ့မှာ ရပ်နေပြီး ငါးစာကျွေးဖို့ လုပ်နေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ လှမ်းပြောလိုက်သည်။

"သူ အခု ဒီမှာ ရှိနေတယ်။ မေးပေးမယ်။ အစ်ကိုကြီး!!"

ဝမ်ချီ သူ့ဘက် တစ်ချက်လေးတောင် လှည့်မကြည့်ပဲ မေးလာသည်။ "ဘာလဲ။"

"ကျွန်တော့်အေးဂျင့်က အစ်ကို ဘယ်ချိန်အားလဲ သိချင်လိုတဲ့။ ကျွန်တော်တို့ကို ထမင်းလိုက်ကျွေးချင်လို့တဲ့။"

"ငါ့အစား ကျေးဇူးလို့ ပြောပေးဦး၊ ဒါပေမယ့် ငါ အခုတလောပိုင်း အလုပ်ရှုပ်နေမှာမို့။"

သွမ့်ယိခွန်းက ဖုန်းတစ်ဖက်မှ ကြားလိုက်ပြီး ပြန်ပြောလိုက်သည်။ "ဒါဆို ဌာနချုပ် ဝမ် အချိန်အားတဲ့အထိ စောင့်ကြတာပေါ့။"

ဝမ်ချောင်လည်း သူပြောတဲ့အတိုင်း ပြန်ပြောပြီးနောက် ဝမ်ချီ အနားသို့ရောက်လာပြီး ဖုန်းကို ယူလိုက်သည်။

"ရှောင်းသွမ့်"

သွမ့်ယိခွန်း ဘာပြောလိုက်လဲတော့ ဝမ်ချောင်မသိ။ ဝမ်ချီကတော့ စကား ဆက်ပြောလေသည်။
"အခုတလောပိုင်း ကိုယ် အလုပ်တွေ အရမ်းရှုပ်နေတာ၊ အားတဲ့အချိန်ဆိုရင်လည်း ကျွေးမယ့်သူက ကိုယ်ဖြစ်သင့်တာပေါ့။ ကိုယ့်ညီလေးဆိုတာကလည်း ဘာဆိုဘာမှ တိုးတက်မှု မရှိတာ ကိုယ်သိနေတယ်။ သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးထားလို့တင် ကိုယ်ကသာ ကျေးဇူးတင်ရမှာ။"

ဝမ်ချောင် ဘေးကနေ သွားဖြဲပြပြီး ပေါသလိုကြောင်သလို မျက်နှာလေး လုပ်ပြနေသည်။ ဝမ်ချီ သူ့အား စိုက်ကြည့်လိုက်တော့ ချက်ချင်းပင် နဂို မျက်နှာ ပုံစံ ပြန်ပြင်လိုက်သည်။

ဝမ်ချီ စကားအနည်းငယ်ပြောပြီးနောက် ဖုန်းချလိုက်သည်။ သူ ဖုန်းကို ဝမ်ချောင်ဘက် ပစ်ပေးပြီး ငါးအစာ ကျွေးဖို့ပြန်သွားလိုက်သည်။

ဝမ်ချောင် ဆိုဖာပေါ် ခြေကားယား လက်ကားယား လှဲနေလိုက်သည်။ "မာမားက ဒီနေ့လည် ပြန်လာမှာလား၊ မလာဘူးလား။ ကျွန်တော် ငါးဟင်း စားချင်တယ်။"

ငါးကို အစာကျွေးနေသည့် ဝမ်ချီရဲ့ လက်တန့်သွားပြီး ပြောလာသည်။ "ချီးသာ သွားစားနေလိုက်။"

ဝမ်ချောင် မတရားသဖြင့် အပြောခံရသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။ "ကျွန်တော် ဘာလုပ်မိလို့လဲ။ ဘာလို့ အစ်ကို ကျွန်တော့်ကို ပွစိပွစိ လာပြောနေရတာလဲ။"

"မင်း ဘာလုပ်ခဲ့လဲဆိုတာသာ ငါ့ကိုပြောပါဦး။ ဘွဲ့ရပြီးတာ တစ်နှစ်ပြည့်တော့မယ်၊ မင်း တစ်နေ့တစ်နေ့ လုပ်နေတာလည်ပတ်ကစားတာပဲ။ ဘာ အခက်အခဲကိုမှ တောင့်ခံဖို့ စိတ်ကူးလည်း မရှိဘူး၊ ဒါတောင် အဆိုတော် ဖြစ်ချင်တယ်ဆိုပြီး "Super Boy" မှာ သွားပြိုင်လိုက်သေးတယ်။ ပြီးလည်းပြီးကော ငါ့ကို မင်းအတွက် အေးဂျင့်တစ်ယောက် ရှာခိုင်းတယ်။ ပြောပါဦး၊ မင်းကို ကျွေးမွေးထားရတာ ဘယ်နေရာများ အသုံးဝင်လို့လဲ။"

ဝမ်ချောင်ကလည်း ဒီတိုင်း ငြိမ်မနေ။

"အစ်ကို ကျွန်တော့်ကို ကျွေးမွေးထားရတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ကျွန်တော့်ကို မွေးပြီး ကျွေးထားတာ မာမားနဲ့ပါပါး မဟုတ်ဘူးလား။ အဲ့လောက် ကလေးလိုချင်ရင် အစ်ကို့ဘာသာ တစ်ယောက် သွားမွေးလိုက်ပါလား။ကျွန်တော်တို့မာမားဆို အစ်ကို့ကို အဲ့အကြောင်းနဲ့ ပတ်သတ်ပြီး အမြဲ ပွစိပွစိ ပြောနေတာပဲ။"

"..."

စက်သေနတ်များရဲ့ ဘုရင်က သူ့အပြောထဲသူ နစ်ဝင်လာပြီး အဆက်မပြတ် ဆက်ပြောတော့သည်။

"အစ်ကို လက်ထပ်ပြီးတာ ရှစ်နှစ်တောင် ရှိပြီ။ ရှစ်နှစ်ဗျ! ဒါ ဂျပန်နဲ့ စစ်ထပ်တိုက်ဖို့တောင် လုံလောက်တဲ့ အချိန်ပဲ။ ဒါတောင် အစ်ကို့မှာ ကလေး မရှိသေးဘူးတဲ့။"

ဝမ်ချီ သူ့လက်ထဲ ရှိသမျှ ပစ္စည်းတွေ ဘေးပစ်ချပြီး အနားသို့ လျှောက်တော့သည်။

"... အစ်ကိုကြီး! ကျွန်တော့် မျက်နှာကို မရိုက်နဲ့။ ကျွန်တော် မကြာခင် ပွဲဦးထွက်ရတော့မှာဗျ!!"

နေ့လည်ခင်းမှာတော့ "ဟာ့ဘင်း ဆီဆလင်း ချွမ်" အိမ်ပြန်ရောက်လာပြီး သူမသား အငယ်ဆုံးလေး ဆိုဖာပေါ်မှာဖင်ထောင်လှဲပြီး ငိုနေတာကို မြင်လိုက်ရသည်။

"သား ဘာလုပ်နေတာလဲ။" သူမ သိချင်စိတ်ဖြင့် မေးလိုက်သည်။

ဝမ်ချောင် ကျယ်ကျယ်လောင်လောင် ငိုတော့သည်။

"ဟာ့ကျိ! ဝမ်ချီ ကျွန်တော့်ကို ရိုက်ပြန်ပြီ!! လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ကျွန်တော် ဆေးမသုံးဘူး ပြောတာတောင် သူရိုက်သွားသေးတယ်။ အဲ့ဒါနဲ့တင် မတရားသဖြင့် အရိုက်ခံရတာ ဖြစ်နေပြီ။ ဒီနေ့လည်း အခုလေးတင် ကျွန်တော့်ကိုထပ်ရိုက်သွားပြန်တယ်။ ကျွန်တော့် တင်ပါးကို ကြည့်ပါဦး!! ဖူးယောင်နေပြီ!!"

သို့ပေမယ့် အမေက သူ့ဘက်တွင် မရှိ။ သူမက သူ့ကိုတောင် စစ်ဆေးမေးမြန်းလိုက်သေးသည်။

"ဒီတစ်ခေါက်ကော ဘာပြဿနာ သွားရှာလိုက်ပြန်တာလဲ။"

ဝမ်ချောင် သူ့ကို အမြင်ကြည်စေမယ့် ဘက်မှ ရှင်းပြလိုက်သည်။ "ကျွန်တော်က သူ့ကို ကလေးယူအောင် မားအစား ကူပြီး ပြောပေးတာကို သူ ကျွန်တော့်ကို ရိုက်သွားတယ်။"

မာမားဝမ် ဘေးဘီကို ကြည့်ပြီး မေးလိုက်သည်။ "သူကော အခု ဘယ်သွားလဲ။"

ဝမ်ချောင် မဟုတ်တမ်းတရားများ စပြောတော့သည်။ "ကျွန်တော့်ကို ရိုက်ပြီး စိတ်ကျေနပ်သွားပြီဆိုတော့ အခု သူ အပြင်ထွက်သွားတာ နေမယ်။"

မာမားဝမ် သူ့ပြောတာကို အာရုံစိုက် နားထောင်ဖို့ ပျင်းလှသည်မို့ ဝယ်လာသည့် ပစ္စည်းများ သယ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

ဝမ်ချောင်လည်း ဝင်လာပြီး သူမ ငါးဟင်းချက်ဖို့ လုပ်နေတာကို တွေ့လိုက်သည်။ သူ ပျော်လွန်းတာမို့ သူတင်ပါးမှနာကျင်နေတာတွေကိုပါ မေ့သွားတော့သည်။

"ကျွန်တော် ငါးဟင်း စားချင်နေမှန်း မား ဘယ်လို သိတာလဲ။"

"မင်းရဲ့ ဒုတိယအစ်ကိုက နေ့လည်စာကို အိမ်ပြန်လာစားမယ် ပြောတယ်။ သူက ငါးဟင်း စားချင်တယ်လည်း ပြောသွားသေးတယ်။"

ဝမ်ချောင် : "..."

သူ့မှာ အစ်ကို နှစ်ယောက်ရှိသည်။ ငယ်စဉ်အချိန်ကတော့ သူ့မှာ သူတို့အတွက် အမြဲ လေးစားအားကျခြင်းများ ရှိခဲ့သည်။ သူ့တို့နောက်မှ အလံသေးသေးလေး ဝေ့ယမ်းပြီး လိုက်ရတာကိုက သူ့ကို အင်မတန် ပျော်ရွှင်စေသည်။ သူ့အရွယ် ကလေးများရှေ့တွင်လည်း အမြဲတမ်းလိုလို ကြွားဝါ ရှိုးထုတ်လေ့ရှိသည်။ "မင်းမှာ အစ်ကိုရှိလား? မရှိဘူး မလား? ငါ့မှာ နှစ်ယောက်တောင် ရှိတာကွ!!" စသည်ဖြင့်။ သူ့လက်ချောင်းများကို Vပုံစံ ထောင်ပြရသည်မှာလည်း ပျော်စရာပင်။

သူ အသက်ကြီးလာသည်နှင့်အမျှ ကြွားဝါရှိုးထုတ်နိုင်တာမျိုး မရှိတော့။ အစ်ကို မရှိတဲ့သူတွေက အရမ်း ကံကောင်းသည်၊ အနည်းဆုံးတော့ သူတို့ နေ့တိုင်း အရိုက်မခံရ။

သူ အိမ်စာ မလုပ်ခဲ့ဘူးဆိုရင် သူ့အစ်ကို အကြီးဆုံးက သူ့ကို ရိုက်လိမ့်မည်။ သူ ပီယာနိုကို သေချာ မလေ့ကျင့်ဘူးဆိုပါက သူ့ဒုတိယ အစ်ကိုကလည်း သူ့ကို ရိုက်လိမ့်မည်ပင်။ သူ Gaokao* စာမေးပွဲမှာ အမှတ် ၂၀၀ ရတော့ သူ့အစ်ကို အကြီးဆုံးက သူ့ကို ရိုက်ပြန်သည်။ သူ အတန်းလစ်ပြီး အင်တာနက်ဆိုင် သွားပြန်တော့လည်း သူ့ဒုတိယအစ်ကိုက လာရိုက်ပြန်သည်။ သူ ဘေးချင်းကပ် ကျောင်းမှ ကျောင်းသားများနှင့် အုပ်စုလိုက် ရန်ဖြစ်ချိန်မှာလည်းသူ့အစ်ကို အကြီးဆုံးက ရိုက်ပြန်သည်။ သူ ဂရုမစိုက်ပဲ ဆက်ဆံမိတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်ချိန်မှာလည်း ဆေးရုံက ဆရာဝန်ဖြစ်တဲ့ ... သူ့ဒုတိယအစ်ကို ပိတ်ရိုက်ခြင်းကို ခံလိုက်ရပြန်သည်။

[T/N : Gaokao : (high test) တရုတ်က ပညာသင်နှစ်စာများကို စစ်ဆေးပေးသည့် စာမေးပွဲ၊ တက္ကသိုလ်၊ ကောလိပ်တို့ ဝင်ခွင့်အတွက် အထောက်အကူဖြစ်သည်။]

သူ့အမေ သူ မပျော်မရွှင်ဖြစ်နေတာမြင်တော့ ချော့မော့ချင်သည်။ သို့သော် သူ့ကိုယ်သူ အဟုတ်ကြီး ထင်နေမှာကိုလည်း သူမ မလိုချင်။

"မင်း အဖွဲ့ကကော ဘယ်လိုလဲ။ လူ ဘယ်နှစ်ယောက်လောက် ပါလဲ။"

ဝမ်ချောင်က ကိစ္စတော်တော်များများကို လွယ်လွယ်နှင့် မေ့တတ်သည်။ စကားတစ်ခွန်းလေးကပဲ သူ့အား ငါးဟင်းနှင့် ပတ်သတ်ပြီး မပျော်မရွှင် ဖြစ်နေတာကို မေ့သွားစေသည်။ သူ ပျော်ပျော်ရွှင်ရွှင်နှင့် ကြွားဝါတော့သည်။

"ကျွန်တော် အပါအဝင် ၆ယောက်။ အဖွဲ့က အဆင်သင့် ဖြစ်ခါနီးပဲ။ စက်တင်ဘာလမှာ အဲလ်ဘမ်အသစ်နဲ့ပွဲဦးထွက်ဖို့ ပြင်ထားတယ်။"

"ကောင်လေးတွေက ချောရဲ့လား။ ငါ့ကို ပုံလေးတွေ ပြပါဦး။"

ဝမ်ချောင်မှာ သေချာပေါက် ဓာတ်ပုံများ မရှိ။ သို့ပေမယ့် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကြွားဝါတော့သည်။

"ဒါပေါ့။ ချောတာပေါ့။ သူတို့အကုန်လုံးက ကျွန်တော်နဲ့ Levelတူလောက်ကို ချောတာ။"

မာမားဝမ် သူ့အား တစ်ချက် လှမ်းကြည့်ပြီးမှ ပြောလိုက်သည်။ "အိုင်းး၊ ဒါဆိုရင် အဖွဲ့ကတော့ သွားပါပြီ။"

ဝမ်ချောင် ငြီးတွားတော့သည်။

"ကျွန်တော် သိတယ်၊ မား ကျွန်တော့်ကို မမွေးထားဘူးဆိုတာ။ ဘယ်လိုများ "ဟာ့ဘင်း ဆီဆလင်း ချွမ်"က "ကျင်းချန်းဝူ"ကို မွေးနိုင်မှာလဲ။ တကယ်ပဲ ကျွန်တော့် အမေအရင်းက ဘယ်မှာလဲ!!?"

မာမားဝမ် ရယ်ပြီး ပြောလိုက်သည်။ "ထွက်သွားစမ်း!"

KittyKitling

_____///_____

[Zawgyi]

"ကၽြန္ေတာ့္မ်က္ႏွာကို မရိုက္နဲ႔ .. အကိုႀကီး!!"

သူတို႔ ကလပ္ထဲမွ ထြက္လာခ်ိန္ ေကာင္းကင္ထက္ ၾကယ္မ်ား ပတ္ပတ္လည္ႏွင့္ လမင္းက ထိန္သာေနလ်က္ ပုစင္းရင္ကြဲ ေအာ္သံမ်ားကိုလည္း ၾကားေနရ၏။ ဂ်ဴလိုင္လ၏ အပူလွိုင္းက သူတို႔ထံ အေျပးအလႊားေရာက္လာေတာ့သည္။

"အခုတေလာ ေသာက္ရမ္း ပူတာပဲ။" ဝမ္ေခ်ာင္ သူ႔လက္ေမာင္းကို ရွဲ႕က်ဴရွင္း ပခုံးေပၚမွ ဖယ္ရင္း ညည္းညဴလိုက္သည္။ သူ ကားေသာ့ကို ႏွိပ္ရင္း ကားေလာ့အား ဖြင့္လိုက္သည္။

ရွဲ႕က်ဴရွင္း ထိုကားက အဝါေရာင္ Ferrari ျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။ ခမ္းနားထည္ဝါမွုႏွင့္ ကေရာ္ကျမည္နိုင္မွုႏွစ္ခု ဒြန္တြဲေနသည္မွာ အေရွ႕ရွိ စက္ေသနတ္ဘုရင္ပုံစံႏွင့္ ကိုက္ညီလြန္းလွသည္။

စက္ေသနတ္ဘုရင္က သူ႔အား ေမးလာသည္။ "ကားေမာင္းလာတာ မဟုတ္ဘူးလား။ တစ္ေယာက္ေယာက္ကို လာႀကိဳခိုင္းေတာ့မွာလား။"

"ငါ ေျမေအာက္ရထား စီးလာတာ"

ဝမ္ေခ်ာင္ အံ့ဩသလို အမူအရာေပၚလာၿပီး — "Damn, ပါတီကို ေျမေအာက္ရထားစီးၿပီး လာတဲ့သူ တစ္ခါမွ မျမင္ဖူးဘူး။"

ရွဲ႕က်ဴရွင္း ေက်ာပိုးအိတ္လြယ္ရင္း ေျပာလိုက္သည္။ "ငါ ဒီကို ပါတီ လာတက္တာ မဟုတ္ဘူး၊ ေဖ်ာ္ေျဖဖို႔ လာတာ။ ပါတီအစက ေဖ်ာ္ေျဖပြဲေလ၊ အဲ့မွာ ငါက အကသမား။"

ဝမ္ေခ်ာင္ သူ႔ေခါင္းေနာက္ကို ပြတ္ရင္း ရွဲ႕က်ဴရွင္းကို ေခါင္းအစေျခအဆုံး ၾကည့္လိုက္သည္။

ရွဲ႕က်ဴရွင္း ေတြးလိုက္သည္။ 'အခုေတာ့ မင္း ငါ့ကို မွတ္မိၿပီ မလား?'

သို႔ေပမယ့္ ဝမ္ေခ်ာင္ကေတာ့ အေပၚ၊ ေအာက္ ဆက္ၾကည့္ေနဆဲ။ "မင္း ေျခေထာက္ေတြက ေတာ္ေတာ္ရွည္တာပဲ။ ခႏၶာကိုယ္ အခ်ိဳးအစားလည္း ေကာင္းတယ္၊ ... ေဝါင္း!! မင္းတင္ပါးေတြက တကယ္ ၾကည့္ေကာင္းတယ္!!"

"ေက်းဇူးတင္ပါတယ္ .. ငါ့တင္ပါးကိုယ္စား"

ဝမ္ေခ်ာင္ ရယ္လိုက္သည္။ "မင္း ဘာလို႔ ယဥ္ေက်းေနတာလဲ။ တအားလည္း မယဥ္ေက်းပါနဲ႔။ အကကို မင္းဘာသာ ေလ့က်င္သင္ထားတာလား။"

"ငါက ေပ့က်င္း အကတကၠသိုလ္ တက္ခဲ့တာ။"

ဝမ္ေခ်ာင္ မ်က္လုံးမ်ား ေတာက္ပလာေတာ့သည္။ "အာဟ! ဒါဆို ငါတို႔က အိမ္နီးနားခ်င္းေတြပဲ။ ငါက မင္းက်ဴ ဂီတတကၠသိုလ္က၊ ေက်ာင္းဝင္ႏွစ္က 09၊ ၾကည့္ရတာ .. ငါတို႔ ရြယ္တူျဖစ္မယ္? မင္းက ဘယ္ႏွစ္ကလဲ။"

ရွဲ႕က်ဴရွင္း သူ႔ကို မသၤကာသလို ၾကည့္ၿပီး ေျပာလိုက္သည္။ "ေက်ာင္းဝင္ႏွစ္က 08၊ ေမြးတဲ့ႏွစ္က 1992"

ဝမ္ေခ်ာင္ ပိုလို႔ေတာင္ ေပ်ာ္သြားသည္။ "ငါလည္း 1992မွာ ေမြးတာပဲ!! ငါ့ရဲ့ အီစီကလီေကာင္မေလးေတြ ေတာ္ေတာ္မ်ားမ်ားလည္း မင္းတို႔ ေက်ာင္းကိုသြားတာ၊ အကုန္လုံးနဲ႔ အဆက္အသြယ္ မလုပ္ျဖစ္ေတာ့တာေတာင္ ေတာ္ေတာ္ၾကာၿပီ။ ငါ မွတ္မိတာဆိုလို႔ မင္းတို႔ ေက်ာင္းကန္တင္းက မာစလာ အေမႊးအႀကိဳင္နဲ႔ သိုးသားဟင္းပဲ၊ အခုေတာ့ အာ့လို အရသာ ထပ္မစားရေတာ့ဘူး။ ငါ မင္းတို႔ေက်ာင္းကို ခဏခဏ လာလည္တာ၊ ငါတို႔ အရင္က ေတြ႕ဖူးေလာက္မယ္။"

ရွဲ႕က်ဴရွင္း သူ႔ကို ေတြ႕ဖူးလား၊ မေတြ႕ဖူးလားဆိုတာ မမွတ္မိ၊ သို႔ေပမယ့္ ဒီလူက သူတို႔ တကၠသိုလ္ႏွင့္ ကပ္ရပ္ရွိေနသည့္ တကၠသိုလ္မွ ဆိုတာကိုေတာ့ ယုံၾကည္သည္။ သူ႔ေက်ာင္းမွာက မိန္းကေလး အမ်ားအျပားရွိၿပီး ေယာက္်ားေလးက သိပ္အမ်ားႀကီး မရွိ။ ေဘးကပ္ ေက်ာင္းမွ ေကာင္ေလး ေတာ္ေတာ္မ်ားမ်ားက သူတို႔ေက်ာင္းထဲ ေလၽွာက္ပတ္ငမ္းဖို႔ ေန႔တိုင္းလာေလ့ရွိ၏။

ဝမ္ေခ်ာင္ ထပ္ေမးသည္။ "မင္း ကတာ လုံးဝ အဆင္ေျပတယ္ဆိုေတာ့ သီခ်င္းေကာ ဆိုနိုင္လား။"

သူ အရင္တစ္ေခါက္က ရွဲ႕က်ဴရွင္းႏွင့္ ေတြ႕ခဲ့တာကို လုံးဝ မမွတ္မိ၊ ရွဲ႕က်ဴရွင္းကလည္း ထိုကိစၥကို မေျပာျပခ်င္။ ထို႔ေၾကာင့္ သူ မမွတ္မိသလို ဟန္ေဆာင္ေျပာလိုက္သည္။ "ဘာအတြက္လဲ။"

ဝမ္ေခ်ာင္ ျပဳံးၿပီး ေျပာလာသည္။ "မင္းကို အလုပ္တစ္ခုနဲ႔ မိတ္ဆက္ေပးမလို႔။ ငါ့ကို မင္း သီခ်င္းဆိုနည္း သိလားသာ ေျပာ၊ တအား ေကာင္းစရာမလိုဘူး။ အသံအတက္အက် မွန္ေအာင္ မဆိုတတ္တဲ့သူ*မဟုတ္ရင္ ရတယ္။"

[T/N : tone-deaf]

ရွဲက်ဴရွင္း ထိုအေၾကာင္းကို ေတြးၾကည့္ရင္း 'ဒါ Survivalပြဲအတြက္ ေနမယ္။' ဟု ေကာက္ခ်က္ခ်လိုက္သည္။

"ငါ အရင္ကေတာ့ သီခ်င္းဂီတပိုင္းနဲ႔ ပတ္သတ္ၿပီး ေလ့လာဖူးတယ္။"

"ဒါဆို ေကာင္းတာပဲ။"

ဝမ္ေခ်ာင္ သူ႔ပိုက္ဆံအိတ္ကို ထုတ္ၿပီး အထဲမွ လုပ္ငန္းကတ္ကို ဆြဲထုတ္ကာ— "ဒီလူကို မနက္ျဖန္က် ဖုန္းဆက္ၿပီး ဝမ္ေခ်ာင္က လာရွာခိုင္းတာလို႔ ေျပာလိုက္။ သူ႔မွာ ကနိုင္၊ သီခ်င္းဆိုနိုင္ၿပီး ႐ုပ္ေခ်ာတဲ့ လူတစ္ေယာက္ပဲ လိုေနတာ"

ရွဲက်ဴရွင္း ထိုလုပ္ငန္းကတ္ကို လွမ္းၾကည့္လိုက္သည္။ ထိုကတ္မွာ ေရြေရာင္အရင့္ကို အေျခခံထားၿပီး ရိုးရွင္းသည္။ထိုကတ္ျပားေပၚတြင္ ဖုန္းနံပါတ္ တစ္ခုႏွင့္ သြမ့္ယိခြန္း ဆိုသည့္ နာမည္တစ္ခုသာ ပါသည္။

ဝမ္ေခ်ာင္ သူ႔ရင္ဘတ္သူ ပုတ္ၿပီး အျပဳံးႀကီးႀကီး တစ္ခု ဆင္ျမန္းကာ ေျပာလာသည္။ "ဟဲဟဲ၊ ငါကေတာ့ ဝမ္ေခ်ာင္"

"ေက်းဇူးပါ။ ငါ့နာမည္က ရွဲ႕က်ဴရွင္း၊ က်ဴက ဝါးပင္၊ ဇီးပင္၊ သစ္ခြနဲ႔ ဂႏၶာပန္းမွာ ပါတဲ့ က်ဴ။"

သို႔ေပမယ့္ ဝမ္ေခ်ာင္က သူ႔နာမည္ ဘာလဲဆိုတာကို အေရးစိုက္ပုံ မရ။ သူ စိတ္မပါတပါႏွင့္ ေခါင္းၿငိမ့္ျပရင္း ေျပာလာသည္။ "ဟုတ္ၿပီ။ မင္း ဖုန္းေခၚရင္ ငါ့နာမည္ကို ေသခ်ာ ေျပာျပလိုက္။ ငါ သြားေတာ့မယ္။"

သူတို႔ႏွစ္ဦး ႏွုတ္ဆက္ခြဲခြါလိုက္ၾကသည္။ ရွဲ႕က်ဴရွင္းကေတာ့ ကတ္ကို သူ႔အိတ္ထဲ ထည့္ကာ ေမ့ေပ်ာက္ထားလိုက္ၿပီး ေျမေအာက္ရထား ရွိရာဘက္သို႔ သြားလိုက္သည္။

ဒါက သူ ထိုသူ၏ ၾကင္နာမွုကို အသိအမွတ္ မျပဳတာမ်ိဳး မဟုတ္။ သူ ဝမ္ေခ်ာင္ရဲ့ ခြဲျခားဆက္ဆံျခင္း မရွိသည့္ "အသိအကၽြမ္း" လုပ္တာကို ေက်းဇူးတင္မိေပမယ့္ သူကေတာ့ ဒီဖုန္းကို ေခၚမွာ မဟုတ္။

သူက ပြဲဦးထြက္ဖို႔ အခြင့္မရေသးတာဆိုေပမယ့္ အာ့လို မရျခင္းက ဒီေလာကထဲတြင္ နာမည္တစ္ခု မရွိျခင္းလည္း မဟုတ္သလို တ်န္းဝမ္ ေဖ်ာ္ေျဖပြဲရဲ့ ေနာက္ခံ အက ကေပးသူ မျဖစ္လာမွာမ်ိဳးလည္း မဟုတ္။ ထုတ္လုပ္ေရး အသင္းက သူ႔ကို လာေရာက္ ဖိတ္ၾကားတယ္ဆိုတာက တစ္မ်ိဳး။ သို႔ေပမယ့္ သူကိုယ္တိုင္ ပြဲရဲ့ ဒါရိုက္တာကို ကိုယ္တိုင္ ဆက္သြယ္ကာ ပါဝင္ခြင့္ေပးဖို႔ ေတာင္းရတာက တစ္မ်ိဳးပင္။ သူ႔ကိုယ္သူ ဒီ့ေလာက္ ေစ်းေပါတာမ်ိဳးေတာ့ အျဖစ္မခံ။

တနလၤာေန႔တြင္ ရွဲ႕က်ဴရွင္း ပိတ္ရက္ေန႔က ေဖ်ာ္ေျဖပြဲအတြက္ လခ ရရွိခဲ့ၿပီး သူ ယန္က်ားက်ားကို ဘယ္အခ်ိန္အိမ္ျပန္လာမလဲဟု စာပို႔ေမးထားလိုက္သည္။

မက္ေဆ့ခ်္ ပို႔ၿပီးခ်ိန္မွာပဲ ဒါရိုက္တာယန္က သူ႔ကို ႐ုံးခန္းထဲ လာဖို႔ ထပ္ေခၚျပန္သည္။ သူ အခန္းထဲ ဝင္သြားသည္ႏွင့္ ဒါရိုက္တာက ဝမ္းသာအားရ သူ႔ပခုံးကို ပုတ္ၿပီး ေျပာလာသည္။

"ေရွာင္းရွဲ႕၊ မင္းရဲ့ အနာဂတ္ကေတာ့ ေတာက္ပေနၿပီကြာ။ အဲ့ခါက် ငါ့ကိုလည္း မေမ့သြားနဲ႔ဦး။"

ရွဲ႕က်ဴရွင္း သူ ဘာေတြေျပာေနမွန္း မသိတာမို႔ — "ယန္ေကာ၊ ကၽြန္ေတာ့္ကို မစပါနဲ႔ဗ်ာ။"

"ငါက မင္းကို ဘာလို႔စရမွာလဲ။ မင္း အရင္တစ္ပတ္က ငါ့႐ုံးခန္းထဲမွာ ေတြ႕ခဲ့တဲ့ လူႏွစ္ေယာက္ကို မွတ္မိေသးလား။"

ရွဲ႕က်ဴရွင္း ႏွလုံးခုန္ျမန္လာၿပီး ေမးလိုက္သည္။ "ကၽြန္ေတာ္မွတ္မိတယ္။ သူတို႔က ဘယ္သူေတြလဲ။"

"လူငယ္ေလးကေတာ့ ငါလည္း ေသခ်ာမသိဘူး။ ဒါေပမယ့္ မ်က္မွန္နဲ႔ လူႀကီးကေတာ့ NEX အဖြဲ႕ရဲ့ မန္ေနဂ်ာD.Kပဲ။"

ရွဲ႕က်ဴရွင္း အံ့ဩသြားသည့္ မ်က္ႏွာအမူအရာမွာ ဒီတစ္ခါေတာ့ ဟန္ေဆာင္ျခင္း မဟုတ္။

ရွဲ႕က်ဴရွင္းတို႔ အက စတူဒီယိုက ေဟြ႕ရွင္း ကုမၸဏီလက္ေအာက္မွ ျဖစ္သည္။ NEXဆိုသည္မွာ ေဟြ႕ရွင္း ကုမၸဏီမွပြဲဦးထြက္သည့္ အိုင္ေဒါ အဆိုေတာ္အဖြဲ႕ျဖစ္သည္။ သူတို႔ ပြဲဦးထြက္ခဲ့သည္မွာ ငါးႏွစ္၊ ေျခာက္ႏွစ္ေလာက္ ၾကာၿပီျဖစ္ၿပီး အခုလတ္တေလာအတြင္း ေအာင္ျမင္မွု က်ဆင္းကာလသို႔ ေရာက္ေနသည္။ ပြဲဦးထြက္ၿပီး ေအာင္ျမင္မွုအထြတ္အထိပ္ကာလတုန္းက သူတို႔က ေႏြဦးပြဲေတာ္ showပြဲတြင္ ႏွစ္ႏွစ္ ဆက္တိုက္ေတာင္ တက္ေရာက္ ဆုရရွိခဲ့သည္။ သူတို႔ အဲလ္ဘမ္ထဲမွ Classic အက သီခ်င္းမ်ားက ယေန႔ခ်ိန္ထိ ေဖ်ာ္ေျဖေရးေလာကထဲ နာမည္ႀကီးေနဆဲ။ရွဲ႕က်ဴရွင္းဆို ေဖ်ာ္ေျဖေရး အကသမားမ်ိဳးကေတာ့ သူတို႔ အဖြဲ႕ ကကြက္မ်ားကို အျမဲ Cover လုပ္လိမ့္ရွိသည္။

"NEXက ေနာက္ႏွစ္ အေနာက္က်ဆုံး အဖြဲ႕ကြဲေၾကာင္း ေၾကျငာေတာ့မွာ၊ ၿပီးေတာ့ D.Kက အာ့သတင္း မေပါက္ၾကားခင္ အိုင္ေဒါအဖြဲ႕သစ္ တစ္ဖြဲ႕ကို ပြဲဦးထုတ္ဖို႔ ႀကံစည္ေနတာ။" ဒါရိုက္တာ ေျပာလိုက္သည္။ "သူတို႔ အရင္တစ္ေခါက္က ဒီလာတာ ဒီမွာ သင့္ေတာ္တဲ့ ေရြးခ်ယ္စရာ လူမ်ား ရွိမလားဆိုၿပီး လာၾကည့္တာ။"

ရွဲ႕က်ဴရွင္း အနည္းငယ္ေတာ့ စိတ္ပ်က္သြားမိသည္။ ထိုေန႔က သူ တစ္ဖက္လူကို မေကာင္းသလို ေတြးမိၿပီး သူတို႔ရည္ရြယ္ခ်က္ကို မွားယြင္းထင္လိုက္မိသည္။ ထို႔ေၾကာင့္လည္း ေပးတဲ့ အခြင့္အေရးကို မဆုပ္ကိုင္လိုက္နိုင္။ သူ D.K အေရွ႕မွာ ထင္ျမင္ခ်က္ ေကာင္းေစမည့္ကိစၥမ်ိဳး ဘာဆိုဘာမွ မလုပ္လိုက္။

သို႔ေပမယ့္ ဒါရိုက္တာကေတာ့ ေျပာရင္း ေျပာရင္းႏွင့္ ပိုလို႔ေတာင္ ေပ်ာ္လာသည္။

"ေရွာင္းရွဲ႕! မင္း ပထမအဆင့္ လူေရြးပြဲ ေအာင္သြားၿပီကြ!! သန္ဘက္ခါက်ရင္ ေနာက္ဆုံးအဆင့္ လူေရြးပြဲ ရွိလိမ့္မယ္။ မင္း အဲ့မွာပါ ေအာင္သြားရင္ အိုင္ေဒါ အဖြဲ႕ မန္ဘာ ျဖစ္လာၿပီး ပြဲဦးထြက္နိုင္ေတာ့မွာ!!"

ရွဲ႕က်ဴရွင္း သူ႔ႏွလုံးမွာ ျပင္းျပင္းထန္ထန္ ခုန္လွုပ္ေနသလို ခံစားလိုက္ရသည္။ သူ သူ႔အံ့ဩေပ်ာ္ရႊင္ေနမွုကို ဖိခ်ဳပ္ကာ မ်က္ႏွာ အမူအရာကို အရင္အတိုင္း ထိန္းထားၿပီး သူေျပာလိုက္သည္။

"ကၽြန္ေတာ္ အဲ့အတြက္ ေသခ်ာ ျပင္ဆင္ပါ့မယ္။ သူတို႔က ကၽြန္ေတာ္တို႔ကို ဘာေတြနဲ႔ ပတ္သတ္ၿပီး စစ္ေဆးမွာလဲ။"

"သူတို႔က ကၽြန္ေတာ္တို႔ကို ဘာေတြနဲ႔ ပတ္သတ္ၿပီး စစ္ေဆးမွာလဲ။" ဝမ္ေခ်ာင္ သူ႔အိမ္တြင္ ေလေအးေပးစက္မွ ေလတိုက္ရိုက္က်ေနသည့္ ဆိုဖာေပၚမွာ လွဲေနသည္။ သူ ဖုန္းတစ္ဖက္မွ လူကို ေမးလိုက္သည္။ "ခင္ဗ်ား ကၽြန္ေတာ့္ကို အက ကခိုင္းမွာေတာ့ မဟုတ္ဘူး မလား။ ကၽြန္ေတာ္ ကာယေလ့က်င့္ခန္း အကေတာင္ မကတတ္ဘူး။"

ဖုန္းတစ္ဖက္မွ လူက ျပဳံးၿပီး ေျပာလိုက္သည္။ "မင္းအတြက္ အဲ့တာက ဘာလို႔ ခက္ခဲရမွာလဲ။ စင္ေပၚ တက္ေလၽွာက္သြားၿပီး ပီယာနိုသာ တီးၿပီး စာေၾကာင္း နည္းနည္း ဆိုျပလိုက္၊ အဖြဲ႕ကလူေတြကို တာဝန္ ခြဲေပးထားမွာ၊ လူတိုင္းက အကေတာ္ဖို႔ မလိုဘူး။"

"ဟုတ္ၿပီ၊ ဟုတ္ၿပီ။ ေနာက္ဆုံးအဆင့္ လူေရြးပြဲမွာ ဘယ္ႏွစ္ေယာက္ေလာက္ ရွိလဲ။"

"ဆယ္ေယာက္၊ သူတို႔အကုန္လုံးက ေတာ္ေတာ္ေလး ေကာင္းၾကတယ္။ မင္း လာတဲ့အခ်ိန္က် ကူေရြးေပးေလ။"

ဝမ္ေခ်ာင္ စိတ္အားတက္ႂကြလာသည္။ "ဒါဆိုရင္ေတာ့ ကၽြန္ေတာ္ ေသခ်ာ ၾကည့္မွ ရမယ္။ သူတို႔က အနာဂတ္မွာ ကၽြန္ေတာ့္အဖြဲ႕ဝင္ေတြ ျဖစ္လာမွာ ဆိုေတာ့ေလ။ သူတို႔က မ်က္စိ အျမင္ေအးေစမယ့္ သူမ်ိဳးျဖစ္ .. အာ ဟုတ္သား၊ အခုတေလာ ခင္ဗ်ားဆီ ကၽြန္ေတာ္က ဆက္ခိုင္းလို႔ဆိုၿပီး ဆက္သြယ္လာတဲ့သူမ်ား ရွိလား။"

"အဲ့လို ဖုန္းေခၚတာမ်ိဳးေတာ့ မလက္ခံမိပါဘူး။ ဘယ္သူ႔ကို ဆက္သြယ္ခိုင္းထားလို႔လဲ။"

ဝမ္ေခ်ာင္ အနည္းငယ္ ေခါင္းရွုပ္သြားသည္။ 'မိတ္ကပ္ဖ်က္ေကာင္ေခ်ာေလးက ဘာလို႔ ဖုန္းမဆက္တာလဲ'

"Nah,ဘယ္သူမွေတာ့ မဟုတ္ပါဘူး။ သူ ကတ္ေပ်ာက္သြားလို႔ေနမယ္။ ခင္ဗ်ားကို ေနာက္မွ ျပန္ဆက္ခိုင္းလိုက္မယ္။"

တစ္ဖက္မွ လူကလည္း သေဘာတူၿပီးမွ ထပ္ေမးလိုက္သည္။ "မင္းအစ္ကိုေကာ အခုတေလာ အလုပ္ရွုပ္ေနလား။ ငါ သူနဲ႔ မေတြ႕ျဖစ္တာေတာင္ ၾကာၿပီ။ မင္းတို႔ႏွစ္ေယာက္လုံးအားရင္ ငါ ထမင္းလိုက္ေကၽြးမယ္ေလ။"

ဝမ္ေခ်ာင္ လွည့္ရွာလိုက္ကာ သူ႔အကိုႀကီး ဝမ္ခ်ီက ဧည့္ခန္းရွိ ငါးကန္ေရွ႕မွာ ရပ္ေနၿပီး ငါးစာေကၽြးဖို႔ လုပ္ေနတာကို ေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ သူ လွမ္းေျပာလိုက္သည္။

"သူ အခု ဒီမွာ ရွိေနတယ္။ ေမးေပးမယ္။ အစ္ကိုႀကီး!!"

ဝမ္ခ်ီ သူ႔ဘက္ တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ပဲ ေမးလာသည္။ "ဘာလဲ။"

"ကၽြန္ေတာ့္ေအးဂ်င့္က အစ္ကို ဘယ္ခ်ိန္အားလဲ သိခ်င္လိုတဲ့။ ကၽြန္ေတာ္တို႔ကို ထမင္းလိုက္ေကၽြးခ်င္လို႔တဲ့။"

"ငါ့အစား ေက်းဇူးလို႔ ေျပာေပးဦး၊ ဒါေပမယ့္ ငါ အခုတေလာပိုင္း အလုပ္ရွုပ္ေနမွာမို႔။"

သြမ့္ယိခြန္းက ဖုန္းတစ္ဖက္မွ ၾကားလိုက္ၿပီး ျပန္ေျပာလိုက္သည္။ "ဒါဆို ဌာနခ်ဳပ္ ဝမ္ အခ်ိန္အားတဲ့အထိ ေစာင့္ၾကတာေပါ့။"

ဝမ္ေခ်ာင္လည္း သူေျပာတဲ့အတိုင္း ျပန္ေျပာၿပီးေနာက္ ဝမ္ခ်ီ အနားသို႔ေရာက္လာၿပီး ဖုန္းကို ယူလိုက္သည္။

"ေရွာင္းသြမ့္"

သြမ့္ယိခြန္း ဘာေျပာလိုက္လဲေတာ့ ဝမ္ေခ်ာင္မသိ။ ဝမ္ခ်ီကေတာ့ စကား ဆက္ေျပာေလသည္။
"အခုတေလာပိုင္း ကိုယ္ အလုပ္ေတြ အရမ္းရွုပ္ေနတာ၊ အားတဲ့အခ်ိန္ဆိုရင္လည္း ေကၽြးမယ့္သူက ကိုယ္ျဖစ္သင့္တာေပါ့။ ကိုယ့္ညီေလးဆိုတာကလည္း ဘာဆိုဘာမွ တိုးတက္မွု မရွိတာ ကိုယ္သိေနတယ္။ သူ႔ကို ၾကည့္ရွုေစာင့္ေရွာက္ေပးထားလို႔တင္ ကိုယ္ကသာ ေက်းဇူးတင္ရမွာ။"

ဝမ္ေခ်ာင္ ေဘးကေန သြားျဖဲျပၿပီး ေပါသလိုေၾကာင္သလို မ်က္ႏွာေလး လုပ္ျပေနသည္။ ဝမ္ခ်ီ သူ႔အား စိုက္ၾကည့္လိုက္ေတာ့ ခ်က္ခ်င္းပင္ နဂို မ်က္ႏွာ ပုံစံ ျပန္ျပင္လိုက္သည္။

ဝမ္ခ်ီ စကားအနည္းငယ္ေျပာၿပီးေနာက္ ဖုန္းခ်လိုက္သည္။ သူ ဖုန္းကို ဝမ္ေခ်ာင္ဘက္ ပစ္ေပးၿပီး ငါးအစာ ေကၽြးဖို႔ျပန္သြားလိုက္သည္။

ဝမ္ေခ်ာင္ ဆိုဖာေပၚ ေျခကားယား လက္ကားယား လွဲေနလိုက္သည္။ "မာမားက ဒီေန႔လည္ ျပန္လာမွာလား၊ မလာဘူးလား။ ကၽြန္ေတာ္ ငါးဟင္း စားခ်င္တယ္။"

ငါးကို အစာေကၽြးေနသည့္ ဝမ္ခ်ီရဲ့ လက္တန့္သြားၿပီး ေျပာလာသည္။ "ခ်ီးသာ သြားစားေနလိုက္။"

ဝမ္ေခ်ာင္ မတရားသျဖင့္ အေျပာခံရသလို ခံစားလိုက္ရၿပီး ေျပာလိုက္သည္။ "ကၽြန္ေတာ္ ဘာလုပ္မိလို႔လဲ။ ဘာလို႔ အစ္ကို ကၽြန္ေတာ့္ကို ပြစိပြစိ လာေျပာေနရတာလဲ။"

"မင္း ဘာလုပ္ခဲ့လဲဆိုတာသာ ငါ့ကိုေျပာပါဦး။ ဘြဲ႕ရၿပီးတာ တစ္ႏွစ္ျပည့္ေတာ့မယ္၊ မင္း တစ္ေန႔တစ္ေန႔ လုပ္ေနတာလည္ပတ္ကစားတာပဲ။ ဘာ အခက္အခဲကိုမွ ေတာင့္ခံဖို႔ စိတ္ကူးလည္း မရွိဘူး၊ ဒါေတာင္ အဆိုေတာ္ ျဖစ္ခ်င္တယ္ဆိုၿပီး "Super Boy" မွာ သြားၿပိဳင္လိုက္ေသးတယ္။ ၿပီးလည္းၿပီးေကာ ငါ့ကို မင္းအတြက္ ေအးဂ်င့္တစ္ေယာက္ ရွာခိုင္းတယ္။ ေျပာပါဦး၊ မင္းကို ေကၽြးေမြးထားရတာ ဘယ္ေနရာမ်ား အသုံးဝင္လို႔လဲ။"

ဝမ္ေခ်ာင္ကလည္း ဒီတိုင္း ၿငိမ္မေန။

"အစ္ကို ကၽြန္ေတာ့္ကို ေကၽြးေမြးထားရတယ္ဆိုတာ ဘာအဓိပၸါယ္လဲ။ ကၽြန္ေတာ့္ကို ေမြးၿပီး ေကၽြးထားတာ မာမားနဲ႔ပါပါး မဟုတ္ဘူးလား။ အဲ့ေလာက္ ကေလးလိုခ်င္ရင္ အစ္ကို႔ဘာသာ တစ္ေယာက္ သြားေမြးလိုက္ပါလား။ကၽြန္ေတာ္တို႔မာမားဆို အစ္ကို႔ကို အဲ့အေၾကာင္းနဲ႔ ပတ္သတ္ၿပီး အျမဲ ပြစိပြစိ ေျပာေနတာပဲ။"

"..."

စက္ေသနတ္မ်ားရဲ့ ဘုရင္က သူ႔အေျပာထဲသူ နစ္ဝင္လာၿပီး အဆက္မျပတ္ ဆက္ေျပာေတာ့သည္။

"အစ္ကို လက္ထပ္ၿပီးတာ ရွစ္ႏွစ္ေတာင္ ရွိၿပီ။ ရွစ္ႏွစ္ဗ်! ဒါ ဂ်ပန္နဲ႔ စစ္ထပ္တိုက္ဖို႔ေတာင္ လုံေလာက္တဲ့ အခ်ိန္ပဲ။ ဒါေတာင္ အစ္ကို႔မွာ ကေလး မရွိေသးဘူးတဲ့။"

ဝမ္ခ်ီ သူ႔လက္ထဲ ရွိသမၽွ ပစၥည္းေတြ ေဘးပစ္ခ်ၿပီး အနားသို႔ ေလၽွာက္ေတာ့သည္။

"... အစ္ကိုႀကီး! ကၽြန္ေတာ့္ မ်က္ႏွာကို မရိုက္နဲ႔။ ကၽြန္ေတာ္ မၾကာခင္ ပြဲဦးထြက္ရေတာ့မွာဗ်!!"

ေန႔လည္ခင္းမွာေတာ့ "ဟာ့ဘင္း ဆီဆလင္း ခၽြမ္" အိမ္ျပန္ေရာက္လာၿပီး သူမသား အငယ္ဆုံးေလး ဆိုဖာေပၚမွာဖင္ေထာင္လွဲၿပီး ငိုေနတာကို ျမင္လိုက္ရသည္။

"သား ဘာလုပ္ေနတာလဲ။" သူမ သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။

ဝမ္ေခ်ာင္ က်ယ္က်ယ္ေလာင္ေလာင္ ငိုေတာ့သည္။

"ဟာ့က်ိ! ဝမ္ခ်ီ ကၽြန္ေတာ့္ကို ရိုက္ျပန္ၿပီ!! လြန္ခဲ့တဲ့ ႏွစ္ရက္ကလည္း ကၽြန္ေတာ္ ေဆးမသုံးဘူး ေျပာတာေတာင္ သူရိုက္သြားေသးတယ္။ အဲ့ဒါနဲ႔တင္ မတရားသျဖင့္ အရိုက္ခံရတာ ျဖစ္ေနၿပီ။ ဒီေန႔လည္း အခုေလးတင္ ကၽြန္ေတာ့္ကိုထပ္ရိုက္သြားျပန္တယ္။ ကၽြန္ေတာ့္ တင္ပါးကို ၾကည့္ပါဦး!! ဖူးေယာင္ေနၿပီ!!"

သို႔ေပမယ့္ အေမက သူ႔ဘက္တြင္ မရွိ။ သူမက သူ႔ကိုေတာင္ စစ္ေဆးေမးျမန္းလိုက္ေသးသည္။

"ဒီတစ္ေခါက္ေကာ ဘာျပႆနာ သြားရွာလိုက္ျပန္တာလဲ။"

ဝမ္ေခ်ာင္ သူ႔ကို အျမင္ၾကည္ေစမယ့္ ဘက္မွ ရွင္းျပလိုက္သည္။ "ကၽြန္ေတာ္က သူ႔ကို ကေလးယူေအာင္ မားအစား ကူၿပီး ေျပာေပးတာကို သူ ကၽြန္ေတာ့္ကို ရိုက္သြားတယ္။"

မာမားဝမ္ ေဘးဘီကို ၾကည့္ၿပီး ေမးလိုက္သည္။ "သူေကာ အခု ဘယ္သြားလဲ။"

ဝမ္ေခ်ာင္ မဟုတ္တမ္းတရားမ်ား စေျပာေတာ့သည္။ "ကၽြန္ေတာ့္ကို ရိုက္ၿပီး စိတ္ေက်နပ္သြားၿပီဆိုေတာ့ အခု သူ အျပင္ထြက္သြားတာ ေနမယ္။"

မာမားဝမ္ သူ႔ေျပာတာကို အာ႐ုံစိုက္ နားေထာင္ဖို႔ ပ်င္းလွသည္မို႔ ဝယ္လာသည့္ ပစၥည္းမ်ား သယ္ကာ မီးဖိုေခ်ာင္ထဲသို႔ ဝင္သြားလိုက္သည္။

ဝမ္ေခ်ာင္လည္း ဝင္လာၿပီး သူမ ငါးဟင္းခ်က္ဖို႔ လုပ္ေနတာကို ေတြ႕လိုက္သည္။ သူ ေပ်ာ္လြန္းတာမို႔ သူတင္ပါးမွနာက်င္ေနတာေတြကိုပါ ေမ့သြားေတာ့သည္။

"ကၽြန္ေတာ္ ငါးဟင္း စားခ်င္ေနမွန္း မား ဘယ္လို သိတာလဲ။"

"မင္းရဲ့ ဒုတိယအစ္ကိုက ေန႔လည္စာကို အိမ္ျပန္လာစားမယ္ ေျပာတယ္။ သူက ငါးဟင္း စားခ်င္တယ္လည္း ေျပာသြားေသးတယ္။"

ဝမ္ေခ်ာင္ : "..."

သူ႔မွာ အစ္ကို ႏွစ္ေယာက္ရွိသည္။ ငယ္စဥ္အခ်ိန္ကေတာ့ သူ႔မွာ သူတို႔အတြက္ အျမဲ ေလးစားအားက်ျခင္းမ်ား ရွိခဲ့သည္။ သူ႔တို႔ေနာက္မွ အလံေသးေသးေလး ေဝ့ယမ္းၿပီး လိုက္ရတာကိုက သူ႔ကို အင္မတန္ ေပ်ာ္ရႊင္ေစသည္။ သူ႔အရြယ္ ကေလးမ်ားေရွ႕တြင္လည္း အျမဲတမ္းလိုလို ႂကြားဝါ ရွိုးထုတ္ေလ့ရွိသည္။ "မင္းမွာ အစ္ကိုရွိလား? မရွိဘူး မလား? ငါ့မွာ ႏွစ္ေယာက္ေတာင္ ရွိတာကြ!!" စသည္ျဖင့္။ သူ႔လက္ေခ်ာင္းမ်ားကို Vပုံစံ ေထာင္ျပရသည္မွာလည္း ေပ်ာ္စရာပင္။

သူ အသက္ႀကီးလာသည္ႏွင့္အမၽွ ႂကြားဝါရွိုးထုတ္နိုင္တာမ်ိဳး မရွိေတာ့။ အစ္ကို မရွိတဲ့သူေတြက အရမ္း ကံေကာင္းသည္၊ အနည္းဆုံးေတာ့ သူတို႔ ေန႔တိုင္း အရိုက္မခံရ။

သူ အိမ္စာ မလုပ္ခဲ့ဘူးဆိုရင္ သူ႔အစ္ကို အႀကီးဆုံးက သူ႔ကို ရိုက္လိမ့္မည္။ သူ ပီယာနိုကို ေသခ်ာ မေလ့က်င့္ဘူးဆိုပါက သူ႔ဒုတိယ အစ္ကိုကလည္း သူ႔ကို ရိုက္လိမ့္မည္ပင္။ သူ Gaokao* စာေမးပြဲမွာ အမွတ္ ၂၀၀ ရေတာ့ သူ႔အစ္ကို အႀကီးဆုံးက သူ႔ကို ရိုက္ျပန္သည္။ သူ အတန္းလစ္ၿပီး အင္တာနက္ဆိုင္ သြားျပန္ေတာ့လည္း သူ႔ဒုတိယအစ္ကိုက လာရိုက္ျပန္သည္။ သူ ေဘးခ်င္းကပ္ ေက်ာင္းမွ ေက်ာင္းသားမ်ားႏွင့္ အုပ္စုလိုက္ ရန္ျဖစ္ခ်ိန္မွာလည္းသူ႔အစ္ကို အႀကီးဆုံးက ရိုက္ျပန္သည္။ သူ ဂ႐ုမစိုက္ပဲ ဆက္ဆံမိတာေၾကာင့္ ေက်ာက္ကပ္မွာ ေက်ာက္တည္ခ်ိန္မွာလည္း ေဆး႐ုံက ဆရာဝန္ျဖစ္တဲ့ ... သူ႔ဒုတိယအစ္ကို ပိတ္ရိုက္ျခင္းကို ခံလိုက္ရျပန္သည္။

[T/N : Gaokao : (high test) တ႐ုတ္က ပညာသင္ႏွစ္စာမ်ားကို စစ္ေဆးေပးသည့္ စာေမးပြဲ၊ တကၠသိုလ္၊ ေကာလိပ္တို႔ ဝင္ခြင့္အတြက္ အေထာက္အကူျဖစ္သည္။]

သူ႔အေမ သူ မေပ်ာ္မရႊင္ျဖစ္ေနတာျမင္ေတာ့ ေခ်ာ့ေမာ့ခ်င္သည္။ သို႔ေသာ္ သူ႔ကိုယ္သူ အဟုတ္ႀကီး ထင္ေနမွာကိုလည္း သူမ မလိုခ်င္။

"မင္း အဖြဲ႕ကေကာ ဘယ္လိုလဲ။ လူ ဘယ္ႏွစ္ေယာက္ေလာက္ ပါလဲ။"

ဝမ္ေခ်ာင္က ကိစၥေတာ္ေတာ္မ်ားမ်ားကို လြယ္လြယ္ႏွင့္ ေမ့တတ္သည္။ စကားတစ္ခြန္းေလးကပဲ သူ႔အား ငါးဟင္းႏွင့္ ပတ္သတ္ၿပီး မေပ်ာ္မရႊင္ ျဖစ္ေနတာကို ေမ့သြားေစသည္။ သူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ႏွင့္ ႂကြားဝါေတာ့သည္။

"ကၽြန္ေတာ္ အပါအဝင္ ၆ေယာက္။ အဖြဲ႕က အဆင္သင့္ ျဖစ္ခါနီးပဲ။ စက္တင္ဘာလမွာ အဲလ္ဘမ္အသစ္နဲ႔ပြဲဦးထြက္ဖို႔ ျပင္ထားတယ္။"

"ေကာင္ေလးေတြက ေခ်ာရဲ့လား။ ငါ့ကို ပုံေလးေတြ ျပပါဦး။"

ဝမ္ေခ်ာင္မွာ ေသခ်ာေပါက္ ဓာတ္ပုံမ်ား မရွိ။ သို႔ေပမယ့္ ဟုတ္ေသာ္ရွိ၊ မဟုတ္ေသာ္ရွိ ႂကြားဝါေတာ့သည္။

"ဒါေပါ့။ ေခ်ာတာေပါ့။ သူတို႔အကုန္လုံးက ကၽြန္ေတာ္နဲ႔ Levelတူေလာက္ကို ေခ်ာတာ။"

မာမားဝမ္ သူ႔အား တစ္ခ်က္ လွမ္းၾကည့္ၿပီးမွ ေျပာလိုက္သည္။ "အိုင္းး၊ ဒါဆိုရင္ အဖြဲ႕ကေတာ့ သြားပါၿပီ။"

ဝမ္ေခ်ာင္ ၿငီးတြားေတာ့သည္။

"ကၽြန္ေတာ္ သိတယ္၊ မား ကၽြန္ေတာ့္ကို မေမြးထားဘူးဆိုတာ။ ဘယ္လိုမ်ား "ဟာ့ဘင္း ဆီဆလင္း ခၽြမ္"က "က်င္းခ်န္းဝူ"ကို ေမြးနိုင္မွာလဲ။ တကယ္ပဲ ကၽြန္ေတာ့္ အေမအရင္းက ဘယ္မွာလဲ!!?"

မာမားဝမ္ ရယ္ၿပီး ေျပာလိုက္သည္။ "ထြက္သြားစမ္း!"

KittyKitling

_____///_____

Date : 5.May.2021

Olvasás folytatása

You'll Also Like

1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
725K 31.9K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
87.5K 4.6K 111
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann