Ep 56

7.8K 333 0
                                    

Ep 56

ဒီနေ့စျာန်ကအပြင်သွားမယ်ပြောထားသော
ကြောင့်ခွန်းသတစ်ယောက်မျက်လုံးကနှိုးစက်မပေးပါဘဲအလိုလိုနိူးနေသည်။ဒီနေ့တော့စောစောထကာရေချိုးခန်းထဲဝင်ရန်ကုတင်ပေါ်မှဆင်းလိုက်သည်။သို့ပေမယ့်ပြန်ဆွဲထားသောလက်တစ်စုံကြောင့်နောက်သို့လှည့်ကြည့်ကာ

“ကိုကို နိူးနေပြီလား ဖယ်ပေးလေ ကျွန်တော်ရေချိုးခန်းဝင်မလို့”
“ကလေးရယ်အခုမှ၆နာရီခွဲပဲရှိသေးတာကို အစောကြီးဘာထလုပ်မလို့လဲ” စျာန်ကခုတင်ဘေးကခုံပေါ်တွင်တင်ထားသောနာရီကိုကြည့်ကာပြောလိုက်သည်။ခွန်းသက စောလည်းဘာဖြစ်လဲဆိုတဲ့အကြည့်နဲ့ပြန်ကြည့်ကာ....

“ကျွန်တော်မှမအိပ်ချင်တော့တာကို”
“အဲ့ဒါဆိုလည်းကိုကို့ရင်ခွင်ထဲမှာလာနေ နော်”

စျာန့်အပြော ကြောင့်ခွန်းသ ကစူပုပ်လိုက်ကာ

“မလာဘူး”
“ဟာ ကလေးမဆိုးနဲ့လေ” စျာန်ရဲ့စကားကြောင့်ခွန်းသက မျက်မှောင်ကြုတ်လိုက်ကာ....

“ဟင် အခုတော့ဆိုးတယ်ဖြစ်သွားပြီလား တော်ပြီ ဒီမှာမနေဘူးဘန်ကောက်ပြန်မယ်”

ချက်ချင်းပင်ပြန်မယ်ဆိုပြီးကုတင်ပေါ်ကအတင်းဆင်းနေသောခွန်းသအားစျာန်အမြန်ထကာဆွဲထားရသည်။

“ကလေးရယ် ဘယ်ကိုပြန်မှာလဲ ကိုကို့ကိုသေစေချင်နေတာလား”
“ကိုကိုက ကလေးကိုမှအလိုမလိုက်တာ”

“အဲ့လိုမဟုတ်ပါဘူးကလေးရယ် ကိုကိုက ကလေးအစောကြီးထတော့ ကလေးခေါင်းမူးမှာစိုးလို့ပါ”
“ဟွန်း.... အဲ့ဒါဆိုခွင့်လွှတ်လိုက်မယ်”

နှုတ်ခမ်းဆူကာပြောနေသောကောင်လေးကြောင့်စျာန်ကသူပါလှဲလိုက်ကာခွန်းသကိုပါတစ်ခါတည်းအိပ်ယာပေါ်သို့ဆွဲချလိုက်သည်။
ခွန်းသမှာ စျာန်ရဲ့အပြုမူကြောင့်....

“ဟာ ရေချိုးမှာပါဆို “
“ကလေးရယ် အစောကြီးရှိသေးတယ် ကိုကိုနဲ့အတူတူဆက်အိပ်ပါအုန်း ကိုကိုက ကလေးကိုယ်သင်းနံ့လေးကိုလွမ်းနေရတာ” လွမ်းနေတယ်ပြောကာတစ်ကိုယ်လုံးလိုက်နမ်းနေသောစျာန်ကြောင့်ခွန်းသမှာကြက်သီးတွေပါထနေမိသည်။
“အား...ခခ် ယား ယားတယ် ကိုကိုမနမ်းနဲ့တော့”
“အဲ့ဒါဆိုအိပ်မှာလား”

“အ့ ခခ် အိပ် အိပ်ပါ့မယ် လွှတ်ပေးပါ “
“ပြီးရော ပြန်မအိပ်ရင်ထပ်နမ်းမှာ”

ထပ်နမ်းမယ်ဆိုလို့စျာန်ရင်ခွင်ထဲသို့တိုးဝင်လာသောခွန်းသအားတင်းကြပ်စွာဖက်ထား၍ခွန်းသခေါင်းလေးကိုနမ်းလိုက်သည်။
……………….

စျာန်နှင့်ခွန်းသတို့၇နာရီခွဲမှအိပ်ယာပြန်ထကြကာရုပ်ရှင်ရုံသို့ရောက်ခဲ့ကြသည်။ချယ်ရီနှင့်ဝေယံကိုလည်းရုပ်ရှင်ရုံကိုဘဲလာဖို့ပြောထားပြီး ခွန်းသ မတ်တပ်လေးရပ်ကာအအေးသောက်နေတုန်း

“ခွန်းသ..... “
“ချယ်ရီ ဝေယံ” အအေးသောက်နေတုန်းခွန်းသဆိုကာအော်လာသောချယ်ရီအသံမှာတော်တော်တောင်ကျယ်လာသည်။မတွေ့ရတဲ့နှစ်အတွင်းအသံကျယ်အောင်လည်ချောင်းတွေဘာတွေတောင်ခွဲထားလားမှတ်ရသည်။ဝေယံကတော့
ချယ်ရီ့အနောက်ကနေ ခွန်းသအား
ပြုံးပြရင်းလိုက်လာသည်။ချယ်ရီကခွန်းသကိုတွေ့တာနဲ့ဖက်လိုက်ကာ

“ခွန်းသနင်နေနိူင်လိုက်တာ ငါတို့ကိုမပြောမဆိုနဲ့ထွက်သွားတယ် အဟင့်!!”
“ငါတောင်းပန်ပါတယ်ဟာ မငိုနဲ့တော့ တိတ် တိတ် လှလည်းမလှဘဲနဲ့” ခွန်းသအားဖက်ကာငိုနေသောချယ်ရီမှာပတ်ဝန်းကျင်ကလူတွေတောင်ဂရုမစိုက်နိူင်ပါ။

ဝေယံကခွန်းသ ပခုံးအားဖက်လိုက်ကာ

“ခွန်းသ ငါမင်းပျောက်သွားတုန်းကစိတ်ပူနေတာသိရဲ့လား ခွေးကောင်လေး”
“ကျေးဇူးပါကွာ ငါ့ကိုစိတ်ပူပေးလို့”

“မင်းဘန်ကောက်ရောက်နေတာဘာလို့မပြောတာလဲ ပြီးတော့ငါ့အကိုရောဘဲ အကိုလည်းမကောင်းဘူးနောက်မှဘန်ကောက်ထိလိုက်ပြီး သွားပြောအုန်းမယ်”
“ငါကဘန်ကောက်ကငါ့ဦးလေးအိမ်မှာသွားနေနေတာပါ အကိုတေဇနဲ့ကမထင်မှတ်ဘဲဆုံတာ ပြီးတော့အကိုတေဇကိုငါဘန်ကောက်မှာရှိနေတဲ့အကြောင်းငါကိုယ်တိုင်မပြောခိုင်းခဲ့လို့ပါ ကဲပါ အခုငါတို့စိတ်ညစ်စရာတွေမေ့ပြီးရုပ်ရှင်သွားကြည့်ကြရအောင်”

ထိုအခါချယ်ရီနဲ့ဝေယံက

“နင်နောက်တစ်ခါပျောက်မသွားနဲ့ “
“ဟုတ်တယ် ထွက်သွားရင်မင်းနဲ့သူငယ်ချင်းအဖြစ်ကနေပြတ်စဲပြီ”

“အေးပါကွာ မသွားတော့ပါဘူးငါကငါ့ကိုကိုနဲ့ဘဲတစ်သက်လုံးနေတော့မှာ”ခွန်းသစကားကြောင့်ချယ်ရီက မျက်လုံးကိုအပေါ်သို့လှန်ကြည့်လိုက်ကာ
“ပြောမိတာမှားတယ်”

“ကိုကို ကျွန်တော်တို့သွားကြရအောင်”
“တော်သေးတာပေါ့ ကိုကိုက ကလေးကိုကို့ကိုမေ့နေပြီလားလို့ထင်နေတာ”
သူငယ်ချင်းတွေလာတည်းကသူ့ကိုရှိတယ်လို့ပင်မထင်လာသော အကောင်ပေါက်လေးကြောင့်လူက နည်းနည်းတော့ဘူသွားတာအမှန်ပင်။ခွန်းသက သူ့ဘေးတွင်ရပ်နေသောစျာန့်ကို ရယ်ပြလိုက်ကာ....

“မမေ့ပါဘူးကိုကိုရဲ့ ဒီယောကျာ်းလေးတစ်ယောက်ထဲရှိတာကို”
“ကလေးကဘယ်နှယောက်လိုချင်သေးလို့လဲ”

“ကိုကိုတစ်ယောက်တည်းဘဲ”
“အတတ်လေး”

လက်ညိုးလေးတစ်ချောင်းထောင်ကာပြောနေသောအကောင်ပေါက်လေးအားစျာန်အသည်းယားလာကာပါးလေးအားဆွဲလိုက်မိသည်။ဘေးနားကနှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက်ကြည့်ကာခွန်းသတို့ဘက်လှည့်၍’ပိုတယ်’ဆိုသောအကြည့်ဖြင့်ကြည့်နေကြသည်။

စျာန်နှင့်ခွန်းသတို့ရုပ်ရှင်ကြည့်ပြီးသည်နှင့် မုန့်စားကာကစားကွင်းပါသွားကြသေးသည်။စျာန်ကတော့ ချစ်ရသူနဲ့လာကာRoဆန်ဆန်နေဖို့မပြောနဲ့မျောက်သုံးကောင်ကိုလှည့်ပတ်ထိန်းနေရတာနဲ့တင်ချွေးတွေထွက်နေသည်။သို့ပေမယ့်လည်း
ရေခဲမုန့်စားလိုက်gameသွားဆော့လိုက်နဲ့ပျော်နေသောခွန်းသအားကြည့်ကာစျာန့်မှာအချစ်ပိုရပြန်သည်။

ညနေချိန်ရောက်၍တစ်နေ့လုံးဆော့ခဲ့သောသုံးယောက်မှာအိမ်ပြန်ချိန်ရောက်တာတောင်မနည်းခွဲထုတ်ရသေးသည်။ချယ်ရီနဲ့ဝေယံကအတူတူပြန်ကာစျာန်နဲ့ခွန်းသက သပ်သပ်ပြန်လာခဲ့သည်။ခွန်းသတစ်ယောက်စျာန့်ဘက်ကိုကြည့်ကာ

“ကိုကို”
“ဗျာ “ စျာန်ထူးလိုက်တော့ခွန်းသက

“သန်ဘက်ခါ ဘာနေ့လဲဟင်”
“29ရက်နေ့လေ ကလေးရဲ့”

“မဟုတ်ဘူးလေ တခြားလိုမျိုးလေးပြောတာ”
“ဪ အင်္ဂါ နေ့လေ ဘာလို့လဲ ကလေးရဲ့”ထိုအခါခွန်းသကနှုတ်ခမ်းဆူကာ

“ဘာမှမဟုတ်ဘူးဘာနေ့မှန်းမသိလို့မေးကြည့်တာ”
“ဪ ကလေးရယ်ဖုန်းမှာကြည့်လည်းရတာဘဲကို”
ခွန်းသတစ်ယောက်လိုချင်သောအဖြေမရ၍နှုတ်ခမ်းဆူကာကားမှန်ဘက်လှည့်၍အပြင်ကိုသာငေးကြည့်နေသည်။စျာန်လည်းခွန်းသအားကြည့်ကာကားမောင်းရင်းပြုံးနေမိသည်။

‘ဒီကလေး ကောက်သွားပြန်ပြီ’



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now