Ep 3

16.8K 1K 10
                                    

Ep 3

ဒီနေ့စျာန့်အတွက်သူငယ်ချင်းတစ်ယောက်ရဲ့ပါတီပွဲရှိသည်။

နိူင်ငံခြားမှပြန်ရောက်သောသူငယ်ချင်းဖြစ်၍ကြိုဆိုခြင်းအနေနဲ့ပါတီလုပ်ခြင်းဖြစ်ကာစျာန့်ကိုဖိတ်ထား၍သွားရမည်။

"ကြီးချိုကျွန်တော်မနက်စာစားမယ်"

"ဪစျာန်လေးတောင်နိုးလာပြီဘဲ"

"ဟုတ်ကဲ့ကြီးချို"

"ဒါနဲ့သားခွန်းလေးရောမနိုးသေးဘူးလား"

"နိုးနေပါပြီသူခနနေဆင်းလာလိမ့်မယ်"

ထိုအချိန် အဖြူရောင်တီရှပ်လေးနှင့် အောက်တွင်တော့ ဒူးလောက်ရှိသော ဘောင်းဘီအညိုလေးဝတ်ကာ ခွန်းသဆင်းလာလေသည်။

"ကြီးချို ကျွန်တော်ဘာလုပ်ပေးရအုံးမလဲ"

"ရပါပြီသားခွန်းလေးရယ်အကုန်အဆင်သင့်ပါဘဲ"

"သားခွန်းလည်းစားတော့လေတစ်ခါတည်း"

"ဟုတ်ကဲ့ကြီးချို"

ခွန်းသ နှင့်စျာန်တို့မနက်စာစားနေ ချိန်တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူကတော့စျာန်ဖြစ်လေသည်။

"ဆက်ခွန်းသ ငါဒီညနောက်ကျမယ်မင်းငါပြန်မလာမချင်းထိုင်စောင့်နေကြားလား"

"ဟုတ်ကိုကို"စျာန့်အပြောကြောင့်ကြီးချိုက ပန်းကန်ဆေးနေရင်း.......

"ကြီးချိုစောင့်ပေးမယ်လေ သားစျာန်ရဲ့သားခွန်းလေးစောစောအိပ်ပါစေလား"

"ရတယ်ကြီးချို မလိုဘူးကျွန်တော်သူ့ကိုဘဲစောင့်ခိုင်းလိုက်မယ်ငါပြောတာကြားလားဆက်ခွန်းသ"ခွန်းသအတွက်တော့စျာန်အသံသည်မာထန်နေလေသည်။

"ဟုတ်ကဲ့ကိုကို ကိုကိုပြန်မလာမချင်းကျွန်တော်စောင့်နေပေးပါ့မယ်"ခွန်းသမှာမနက်စာစားနေရင်း သူ့ရှေ့ကစျာန်ကိုမ​မေးရဲ မေးရဲနှင့်……

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now