Ep 47

7.3K 389 7
                                    

Ep 47

စျာန်အိပ်ယာနိူးတော့သူ့ဘေးမှာခွန်းသရှိမနေ၍အစောကြီးနိူးနေပြီဆိုတာသိလိုက်သည်။
စျာန်လည်းရေချိုးခန်းအတွင်းသို့ဝင်သွားကာရေချိုးသန့်စင်လိုက်သည်။ဒီရက်ပိုင်းအလုပ်ကိစ္စတွေနှင့်မအား၍ခေါင်းထဲနောက်ကျိကျိဖြစ်နေ၍ စိတ်ထဲပေါ့သွားအောင်တစ်ခါထဲခေါင်းပါလျှော်ချလိုက်သည်။ခဏအကြာရေချိုးခန်းထဲကထွက်လာချိန်ချစ်ရသူလေးကိုတွေ့လိုက်ရသောကြောင့်ပြုံးလိုက်ကာကုတင်ဘေးသို့သွားလိုက်သည်။

“ဟာ ကိုကိုရေချိုးပြီးပြီပေါ့ ခေါင်းလျှော်လာတာမလား ကျွန်တော်ခေါင်းသုတ်ပေးမယ်”

စျာန်လည်းကုတင်ပေါ်မှာထိုင်လိုက်ပြီးခွန်းသကစျာန်ခြေထောက်နှစ်ဘက်ကြားတွင်နေရာယူကာခေါင်းသုတ်ပေးနေသည်။

“ကလေးမနက်စာစားပြီးပြီလား”
“မစားရသေးဘူးလေ ကျွန်တော်ကိုကို့ကိုစောင့်နေတာ” ခွန်းသစကားကြောင့်စျာန်ပြုံးလိုက်ကာ

“လိမ္မာလိုက်တာကိုကို့ ကလေးလေးက”
“ကလေးကအစထဲကလိမ္မာပါတယ်နော်”

“ဟား..ဟား..ဟုတ်ပါပြီကွာ”
“လာ အင်္ကျီဝတ်တော့ပြီးရင်မနက်စာစားမယ်”

ပြောပြီးသည်နှင့်အပြင်ထွက်ဖို့လုပ်နေသောအကောင်ပေါက်လေးအားလက်ကနေဆွဲထားကာ

“ကလေးကဘယ်သွားမလို့လဲ”
“မနက်စာ အဆင်သင့်လုပ်ပေးမလို့လေ ကြီးချိုကစျေးသွားတယ်”

“နောက်မှလုပ်လဲရတာကို ကိုကို့ကို Necktie ချည်ပေးအုန်း”
“ဟုတ်ပါပြီ” ခွန်းသမှာ စျာန့်ကိုNecktie ချည်ပေးနေချိန်စျာန်ကတော့ခွန်းသကိုဘဲကြည့်နေလေသည်။

“ပြီးပြီ ကိုကို”
“ဟုတ်လို့လား” စျာန်မေးတော့ခွန်းသက
လည်စည်းကိုသေချာပြန်ကြည့်ကာ

“ဟုတ်ပြီးပြီလေ”
“တစ်ခုခုလိုနေသေးသလားလို့”

“ဘာလိုလို့လဲ ကိုကိုရဲ့”
“Morning Kissလေ”

ထိုအခါမှခွန်းသ သဘောပေါက်ကာစျာန့်နှုတ်ခမ်းလေးအားနမ်းလိုက်သည်။စျာန်လည်းခွန်းသအားနံဖူးလေးကိုနမ်းလိုက်ကာမနက်စာစားဖို့အောက်ဆင်းခဲ့ကြသည်။မနက်စာစားပြီး၍ခွန်းသတစ်ယောက်အိမ်မှာကျန်ခဲ့ကာစျာန်ကCompanyကိုသွားပြီဖြစ်သည်။

………………..
At Company….
စျာန်တစ်ယောက်ရုံးခန်းထဲသို့ဝင်လာတော့ကျော်ထက်ကဆိုဖာမှာထိုင်နေလေသည်။စျာန်ဝင်လာသည်နှင့်ကျော်ထက်ထလိုက်ကာခေါင်းညိတ်ပြီးအရိုသေပေးလိုက်သည်။စျာန်ကဆိုဖာမှာဝင်ထိုင်ကာကျော်ထက်ကိုလည်းထိုင်ဖို့လက်ပြလိုက်သည်။ကျော်ထက်ကထိုင်လိုက်သည်နှင့်စျာန့်အား

“Boss ဒါကမနေ့ကပစ္စည်းစာရင်းတွေပါ။ ကျွန်တော်စစ်ပြီးပါပြီBossပြန်စစ်ရအောင်လာပြတာပါပြီးတော့လက်မှတ်လေးထိုးပေးပါ”

စျာန်ကကျော်ထက်ယူလာသောဖိုင်ကိုစစ်ကြည့်လိုက်ကာတစ်ခါထဲပင်လက်မှတ်ထိုးပေးလိုက်သည်။စျာန်ကကျော်ထက်အားကြည့်လိုက်ကာ

“တစ်ခုခုပြောမလို့လား”
“ဟုတ်ကဲ့ Boss မအေးရိပ်ဖြူ အကြောင်းစုံစမ်းတာသိရပါပြီ ကျွန်တော်စုံစမ်းရသလောက်ကတော့သူကအရင်ကနိူင်ငံခြားမှာနေလာထဲကဆေးသုံးနေတာတဲ့ အခုလည်းသုံးနေတုန်းပါ Companyကငွေတွေအလွဲသုံးစားလုပ်တာကအဲ့ဒါနဲ့ပတ်သတ်နေတယ်လို့ထင်ပါတယ် Boss”

“ဟုတ်ပြီ ပြီးတော့သူတို့Companyနဲ့အခုအတောအတွင်းအလုပ်တွဲမလုပ်နဲ့အုန်း ငါဒီကိစ္စတွေကိုအမြန်ဆုံးရှင်းချင်တယ်”
“ဟုတ်ကဲ့ပါ Boss”

“အင်း လုပ်စရာရှိတာလုပ်တော့ နောက်၂ရက်နေရင်မင်းအကိုလေးမွေးနေ့ရှိတယ် အဲ့နေ့ကျရင်ငါတို့မိသားစုတွေဘဲညစာစားပွဲလေးလုပ်မယ် အဲ့နေ့မင်းအိမ်မှာရှိရမယ်”
“ဟုတ်ကဲ့ပါ Boss” ကျော်ထက်ကစျာန့်ကိုခေါင်းညိတ်ပြကာအခန်းထဲမှထွက်သွားလေသည်။

………………..

ခွန်းသတစ်ယောက်အိမ်မှာနေရတာပျင်းလာသောကြောင့်ကြီးချိုကိုပြောကာဝေယံတို့ဆီသွားဖို့ပြင်လိုက်သည်။အိမ်ကကားနဲ့မသွားဘဲTaxiနဲ့ဘဲသွားလိုက်ကာအပြန်လည်းဝေယံကိုလိုက်ပို့ခိုင်းမလို့ပင်။

ခွန်းသတစ်ယောက်ကားပေါ်မှာနားကြပ်နဲ့သီချင်းနားထောင်းရင်းလိုက်ပါလာခဲ့ကာ
ခဏအကြာဝေယံအိမ်ရောက်၍Taxiခ ပေးကာ
ဘဲလ်တီးလိုက်တော့ဝေယံအိမ်ကခြံစောင့်ကလာဖွင့်ပေးသည်။ဝေယံ့ကိုအိမ်လာမယ်ပြောထာတာ
ကြောင့်အိမ်ထဲဝင်ဝင်ချင်းဧည့်ခန်းထဲမှာဝေယံကိုတွေ့လိုက်ရသည်။ခွန်းသတစ်ယောက်ဧည့်ခန်းထဲရောက်ရောက်ချင်းဆိုဖာပေါ်သို့ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့......

“ဖြေးဖြေးထိုင်စမ်းပါ ဘာဖြစ်လာတာလဲ”
“မသိပါဘူးကွာဒီရက်ပိုင်းငါစိတ်လေးနေလို့ နည်းနည်းနေလို့မကောင်းဘူး” ခွန်းသအပြောကိုဝေယံက မျက်နှာမဲ့ကာ

“ကိုယ်ဝန်ရှိနေလို့နေမှာပေါ့”
“ချီးကိုကိုယ်ဝန်ရှိ”

“ဒါနဲ့ဘာလာလုပ်တာလဲ”
“လက်ဆောင်လာတောင်းတာလေ”ခွန်းသစကားကြောင့်ဝေယံကမျက်လုံးကြီးပြူးကာ

“မွေးနေ့ကလိုသေးတယ်လေ”
“၂ရက်ထဲကို” ဝေယံနှင့်ခွန်းသတို့နှစ်ယောက်တစ်ယောက်တစ်ခွန်းပြောကာစကားနိူင်လုနေကြချိန်
အပေါ်ထပ်မှဝေယံ့အကိုကဆင်းလာသည်။ခွန်းသကတေဇကိုမြင်တော့ပြုံးပြလိုက်ချိန်တေဇလည်းပြန်ပြုံးပြ၍

“ညီ လာလည်တာလား”
“ဟုတ် အကို”

“ဒါနဲ့အကိုဘန်ကောက်ပြန်မလို့ဆို”
“ဟုတ်တယ် ညီဟိုမှာအလုပ်လေးတွေရှိသေးလို့” ထိုအချိန်ဝေယံက

“ဘာလဲမင်းလိုက်မလို့လား ငါတောင်အဲ့နေ့လိုက်သွားမလားလို့မင်းရောလိုက်မလားပြီးရင်ငါတို့ပြန်လာလို့ရတာဘဲကို”

“ဒါနဲ့အကိုကဘယ်နေ့သွားမှာလဲ”

“နောက်၂ရက်နေရင်သွားမှာ ညီ”
“ဟင် ဒါဆိုငါ့မွေးနေ့နဲ့တိုက်နေတာဘဲ လိုက်လို့မရဘူးကွ”

“ဟုတ်လား အဲ့နေ့အကိုကရှိချင်မှရှိတော့မှာ
Happy Birthdayနော်ညီ ကြို ပြီးပြောထားတာ လက်ဆောင်ကတော့ဘန်ကောက်ကိုပြန်ရောက်ရင်ပို့ပေးမယ်”
“ဟုတ်ကဲ့အကို ဒါမဲ့နောက်တော့
အားရင်ကျွန်တော်တို့လာလည်မှာပါအကို့ဆီကို”

“ဟုတ်ပါပြီဗျာ ကဲထမင်းစားမယ် လာ”
ခွန်းသမှာသူ့ရှေက တေဇကပေါ့ပေါ့ပါးပါးဖြစ်နေ၍သူလည်းဘာမှမတွေးဘဲပေါ့ပေါ့ပါးပါးသာနေနေလိုက်သည်။လူတွေကတော့ မရဘူးဆိုတဲ့အရာတွေကိုဘဲတပ်မက်ကြတဲ့သူတွေချည်း။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now