Ep 29

11.1K 630 4
                                    

Ep 29

စျာန်နဲ့ခွန်းသတို့ Companyရှေ့သို့ရောက်လာခဲ့ပြီ။ခွန်းသကားပေါ်ကဆင်းလိုက်ကာCompanyအပေါက်ဝမှာခဏရပ်နေလိုက်သည်။ခွန်းသဆင်းသွားသည်
နှင့်စျာန်တစ်ယောက်ကားပါကင်သွားထိုးလိုက်ကာ ခွန်းသဆီသို့လာခဲ့သည်။ပြီးသည်နှင့်နှစ်ယောက်လုံးCompanyထဲသို့ဝင်ခဲ့ကြသည်။ဝင်ဝင်ချင်းပင်အတွင်းရေးမှူးကျော်ထက်ကကျွန်တော်တို့ဆီသို့ရောက်လာခဲ့သည်။အတွင်းရေးမှူးဆိုတာထက်လူယုံဆိုရင်ပိုမှန်လိမ့်မယ်။အကိုကျော်ထက်တစ်ခါပြောဖူးတာတော့Companyမှာနောက်ထပ်အတွင်းရေးမှူးမိန်းကလေးတစ်ဦးရှိနေသေးသည်တဲ့။

Companyထဲသို့ဝင်လိုက်တော့ ဝန်ထမ်းများကကျွန်တော်တို့ကိုကြည့်နေလေသည်။တချို့ကတီးတိုးပြောနေကြသည်။ကိုကိုကတော့ဘယ်သူ့ကိုမှဂရုမစိုက်ပေ။ကျွန်တော်ကသာဘေးကိုကြည့်လိုက်နောက်ကိုကြည့်လိုက်နှင့်လိုက်နေရသည်။ကိုကို့အခန်းရှေ့ရောက်တော့အကိုကျော်ထက်ကတံခါးဖွင့်ပေး၍နှစ်ယောက်လုံးဝင်ခဲ့ကြသည်။ကိုကိုကခုံပေါ်မှာထိုင်နေကာ ကျွန်တော်ကမတ်တပ်ရပ်နေမိသည်။အကိုကျော်ထက်ကတော့တံခါးဖွင့်ပေးပြီးသည်နှင့်ပြန်သွားတာပင်။ကိုကိုကမတ်တပ်ရပ်နေသောကျွန်တော့်ကိုကြည့်ကာ……

"ခွန်းလေး ဘာလုပ်နေတာလဲဆိုဖာမှာထိုင်လေ"
"ဟုတ်ကိုကို" စျာန်ကခွန်းသအားကြည့်ကာ

"ခွန်းဘာသောက်အုန်းမလဲ"
"ကျွန်တော်ကော်ဖီသောက်ချင်တယ်ကိုကို"

"ကော်ဖီဘဲသောက်မလို့လားမုန့်လည်းစားရမယ် ပြီးရင်ဆေးသောက်ရမယ် ကိုယ်ညကနည်းနည်းကြမ်းသွားလို့တောင်းပန်ပါတယ်ပြီးတော့သန့်ရှင်းရေးတောင်....."

"ကို......ကိုကိုရပါတယ်ကျွန်တော်ဆေးလည်းသောက်ပါ့မယ် ဟို….ညက ကိစ္စကိုတော့မပြောပါနဲ့ကျွန်တော်ရှက်လို့"

စျာန်လည်း သူ့အရှေ့ကမျက်နှာတွေရဲကာရှက်နေသောအကောင်ပေါက်လေးကြောင့်ဆက်မပြောဘဲပြုံးကြည့်နေမိသည်။

"အဲ့ဒါဆို ကော်ဖီသောက်မယ်နော်"
"ဟုတ်ကဲ့"

စျာန်ကခေါင်းညိတ်၍ အတွင်းရေးမှူးမလေးအားခေါ်ရန်ဖုန်းကိုင်မယ်ပြင်နေစဉ်

"ကိုကို ကော်ဖီကိုကျွန်တော့်ဘာသာဖျော်ပါ့မယ်"
"ဘာလို့လဲအပူလောင်မယ် မဖျော်ရဘူး" စျာန်တစ်ယောက်မျက်မှောင်ကြုတ်၍ပြောနေသော်လည်း

"ကျွန်တော်ဖျော်တတ်ပါတယ်ကိုကိုရဲ့အပူမလောင်အောင်သေချာလုပ်ပါ့မယ် နော် " ဆိုဖာပေါ်တွင်ထိုင်ကာ မျက်နှာငယ်လေးနှင့်ချစ်ဖို့ကောင်းအောင်ပြောနေသောအရှေ့ကအကောင်ပေါက်လေးကြောင့်စျာန်ခွင့်ပြုလိုက်ရသည်။

"အွန်း အဲ့ဒါဆိုသွားဖျော်သေချာဂရုစိုက်နော် ဖျော်တဲ့နေရာကိုကျော်ထက်ကိုပြခိုင်းလိုက်"
"ဟုတ်ကိုကို ဒါနဲ့ကိုကိုရောသောက်အုံးမလားဟင်"

"အင်းသောက်မယ် ကိုယ်လည်းမနက်ကဘာမှမစားရသေးဘူး ကောင်းကောင်းဖျော်ခဲ့နော်မကောင်းရင်ရိုက်မှာ" စျာန်တစ်ယောက်ခွန်းသအားလက်ပိုက်၍ဆရာကြီးစတိုင်နှင့်မှာနေသည်ကိုခွန်းသ ကရယ်ကာ

"ဟုတ်ကဲ့ပါဗျ ကျွန်တော်သေချာဖျော်ပေးခဲ့ပါ့မယ်"ပြောပြီးသည်နှင့်ခွန်းသ ကရုံးခန်းပြင်သို့ထွက်သွားတော့သည်။စျာန်ကတော့ပြုံး၍သာကျန်နေခဲ့သည်။
.
.
.

ဒေါက် ဒေါက်
စျာန်တစ်ယောက်အလုပ်လုပ်နေတုန်းတံခါးခေါက်သံကြောင့်

"ဝင်ခဲ့"
"စျာန်"
လာလိုက်တိုင်းဒေါက်ဖိနပ်သံတစ်ခွက်ခွက်နှင့်အတူဝင်လာသောသူမကအင်္ကျီခါးတိုနှင့်ရင်ဘက်ကလည်းဟိုက်နေသေးသည်။ပေါင်လယ်လောက်ရှိတဲ့စကပ်အကျပ်ကိုတွဲဝတ်ထားကာ အမြဲတမ်းဆေးဆိုးပန်းရိုက်မျက်နှာနှင့်ပုရိသအပေါင်းကိုကြွေဆင်းအောင်လုပ်နိူင်ပါသည်။သို့သော် စျာန်ကတော့စိတ်မဝင်စားသူမ၏အဖေမျက်နှာကြောင့်သာစကားပြောနေရတာ။စျာန်လုပ်လက်စအလုပ်ကိုခဏထားကာသူမထိုင်နေသောဆိုဖာဘက်သို့လာထိုင်လိုက်ကာ

"ဟုတ်ကဲ့ကျွန်တော်ဘာကူညီရမလဲ မအေးရိပ်"
"ရိပ်ကအကူညီလိုလို့လာတာမဟုတ်ပါဘူး "
စျာန်ခဏစဉ်းစားလိုက်ကာ

"ဒါဆိုဘာလို့လဲဗျ"
"ရိပ်ကဒီတိုင်းလမ်းကြုံလို့ဝင်လာတာပါ နေ့လယ်လည်းရောက်ဖို့သိပ်မလိုတော့ဘူးမလား အဲ့တော့အတူတူထမင်းစားကြမလားလို့" ပျစ်ချွဲချွဲအသံနှင့်ပြောနေသောသူမအားစျာန်အာရုံနောက်လာတာတော့အမှန်…..။

"ကျွန်တော်မအားဘူးဗျ ပြီးတော့ကျွန်တော့်
ခင်ပွန်းလည်းပါလာတယ် " စျာန့်အပြောကြောင့်အေးရိပ်ဖြူတစ်ယောက်မျက်နှာပျက်သွားသည်ကိုပြန်ထိန်းလိုက်ကာ

"ဪ ဟုတ်လားရိပ်ကစျာန်တစ်ယောက်ထဲထင်လို့ပါ"
"ဟုတ်ကဲ့"

"ဒါနဲ့စျာန့်ခင်ပွန်းလေးရော"
"သူကခုနကကော်ဖီသောက်ချင်လို့ဆိုပြီးသွားဖျော်တယ်" ခွန်းသအကြောင်းပြောရင်အမြဲပြုံးနေသောစျာန်အား ကြည့်၍ အေးရိပ်တစ်ယောက်ခွန်းသအားမေတ္တာတွေပို့နေမိသည်။

'တောက် စျာန်ကငါ့နဲ့ကျရင်ပြုံးတောင်မပြုံးဘူးနင်နဲ့ကျရင်တော့လူမမြင်ရင်တောင်ပြုံးနိူင်အောင်ဘာတွေနဲ့များ
ပြုစားထားတာလဲ' စိတ်ထဲမှာသာကြိမ်းဝါးနေသော်လည်းစျာန့်ရှေ့တွင်တော့ပြုံးနေရသည်။

"အဲ့ဒါဆိုရိပ်သွားတော့မယ်နော်"
"ဟုတ်ကဲ့ပါ" ပြောပြီးသည်နှင့်အေးရိပ်ဖြူတစ်ယောက်ဆိုဖာမှထရပ်လိုက်ချိန်တံခါးဝမှအရိပ်လေးတစ်ခုကြောင့်

"အ့...."အေးရိပ်ဖြူလည်းတံခါးဝတွင်ခွန်းသအားမြင်လိုက်၍ခြေခေါက်ချင်အောင်ဆောင်လိုက်လေသည်။စျာန်ကတံခါးဝကိုကျောပေးထားတာကြောင့်ခွန်းသကိုမမြင် အေးရိပ်ဖြူ ခြေချော်သွား၍လှမ်းထိန်းပေးလိုက်ချိန်အရှိန်မထိန်း
နိူင်ဘဲဆိုဖာပေါ်သို့နှစ်ယောက်လုံးပြုတ်ကျသွားသည်။အေးရိပ်ကအောက်ကစျာန်ကအပေါ်ကဖြစ်နေသည်။ထိုအချိန်

"ခွမ်း......"
ကျကွဲသံတစ်ခုကြောင့်စျာန် အနောက်သို့လှည့်ကြည့်မိလိုက်တော့ မျက်ရည်များကျကာအပေါက်ဝနားတွင်ရပ်နေသောသူ.... ကြမ်းပြင်တွင်လည်းဖန်ခွက်တွေကွဲကျနေကာခြေထောက်ပေါ်တွင်လည်းကော်ဖီပူတွေဖိတ်နေလေသည်။စျာန်အမြန်ပင်အေးရိပ်ဖြူအပေါ်မှထကာခွန်းသ အနားသို့သွားရန်ခြေလှမ်းပြင်လိုက်ချိန် တံခါးပိတ်ကာပြေးထွက်သွားသောခွန်းသအားတွေ့လိုက်ရသည်။
အေးရိပ်ဖြူတစ်ယောက်သူ့အကြံအောင်မြင်၍အနောက်တွင်မဲ့ပြုံးပြုံးနေသည်။ပြီးသည်
နှင့်စျာန့်အနားသို့သွားကာမျက်နှာငယ်လေးနှင့်

"စျာန် ရိပ်တောင်းပန်ပါတယ် ရိပ်ကြောင့်ခွန်းလေးအထင်လွှဲသွားပြီထင်တယ်"
"ရပါတယ် အေးရိပ်ဖြူလည်းပြန်ပါတော့"စျာန်လည်းပြောပြီးသည်နှင့်အခန်းပြင်သို့ထွက်သွားလိုက်သည်။အခန်းထဲတွင်တော့အောင်နိူင်သူအပြုံးနှင့်ပြုံးနေသောလူတစ်ယောက်ရှိနေလေသည်။

စျာန့်မှာCompanyအရှေ့တွင်ခွန်းသအားရှာနေသော်လည်းမတွေ့၍ ကိုယ့်ကိုယ်ကိုယ်စိတ်တိုကာ တောက် တစ်ချက်ခေါက်မိသွားသည်။တစ်ချိန်တည်းမှာပင်ခြေထောက်ကကော်ဖီပူတွေကိုပြန်မြင်ယောင်ကာစိတ်ပူသွားသည်။ပြီးသည်နှင့်ခွန်းသအားရှာရန်ကားမောင်းကာCompanyမှထွက်လာခဲ့သည်။


အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now