Ep 38

7.8K 462 5
                                    

Ep 38

ခွန်းသလည်းဟိုနေ့ကဝေယံတို့အိမ်ကပြန်လာထဲကစိတ်ထဲတွင်နောက်ကျိကျိဖြစ်နေလေသည်။တော်သေးသည်အကိုတေဇကသူ့ကိုနားလည်ပေးလို့သာခွန်းသလည်းမကြာမီ သင်တန်းရှေ့သို့လာကြိုသောအကိုကျော်ထက်ကြောင့်ကားပေါ်သို့တက်လာခဲ့သည်။ကိုကိုကသူမအားလို့ဟုဖုန်းကြိုဆက်ထားသောကြောင့်ကံကောင်းသည်ပြောရမည်။ မဟုတ်ရင်မျက်နှာမကောင်းဘူးလားမေးရင်မည်သို့ဖြေရမယ်မသိ။


တရွေ့ရွေ့နှင့်ကျော်ထက်မောင်းလာသောကားလေးသည်ခြံထဲသို့ဝင်လာခဲ့သည်။ခွန်းသလည်းကားပေါ်ကဆင်းကာကျော်ထက်အားနှုတ်ဆက်၍အပေါ်သို့တက်လာခဲ့သည်။အပေါ်ထပ်သို့လာကာတံခါးဖွင့်လိုက်ချိန်တွင်အိတ်တစ်ခုထဲကိုအင်္ကျီတွေထည့်နေသောကိုကိုကြောင့်ခွန်းသလည်းဝင်လာခဲ့လိုက်သည်။စျာန်က အင်္ကျီတွေထည့်နေရင်းခွန်းသကိုမော့ကြည့်ကာ

“ကလေး ပြန်လာပြီလား”
“ဟုတ် ဒါနဲ့ကိုကို ဘာလုပ်နေတာလဲဟင်” ခွန်းသကစျာန်လုပ်နေသောအရာတွေကို မသိသောကြောင့်မေးလိုက်သည်။

“ကလေးကိုအလုပ်ရှုပ်နေတာနဲ့ပြောဖို့မေ့နေတာ”
“ဘာကိုလဲကိုကို”

“ကိုယ်တို့Companyက ၃နှစ်တစ်ခါလောက်ခရီးထွက်ကြတယ်လေ အဲ့ဒါချောင်းသာသွားမလို့အဝတ်စားတွေထည့်နေတာ ကလေးလည်းလိုက်ရမှာလေ ဘာတွေထည့်အုန်းမလဲ”

“ဟင် ဟုတ်လား ကျွန်တော်လည်းချောင်းသာသွားချင်နေတာဟီးဟီး “

တစ်နေ့လုံးမှိုင်တွေတွေနဲ့ညစ်နေသမျှ ကမ်းခြေတစ်ခုကိုသွားရတော့မယ််
ဆိုသောကြောင့်ပျော်သွားရသည်။

“အဲ့ဒါဆို ကလေးလိုချင်တာလေး ထည့်အုန်းလေ ကိုယ်တော့ ကလေးအတွက်အဝတ်တွေကြည့်ထည့်ပေးထားတယ်”

“ဟုတ် ကြည့်လိုက်မယ် ဒါနဲ့ဘယ်နေ့သွားမှာလဲဟင်”
“မနက်ဖြန်မနက် ကလေးအဆင်ပြေရဲ့လား”

“ပြေတာပေါ့ ဟီးဟီး အခုတော့ဗိုက်ဆာတယ်”

ဗိုက်လေးပွတ်ကာပြောနေသောခွန်းသအားစျာန်အသည်းယားလာကာပါးလေးအားဆွဲလိုက်ပြီး

“ဟုတ်ပြီ ဒါဆိုအဲ့ဒါတွေခဏထားခဲ့ပြီး ထမင်းအရင်သွားစားမယ်လာ”

ပြောပြီးသည်နှင့်စျာန်က ခွန်းသ ပခုံးလေးအားလက်နှစ်ဖက်ဖြင့်နောက်ကကိုင်ကာအောက်ဆင်းသွားသည်။

………………

ကုတင်ပေါ်တွင် ခွန်းသတစ်ယောက်မျက်လုံးလေးပွတ်ကာနိူးလာလေသည်။နိူးနိူးချင်းဘေးနားတွင်အိပ်နေသောစျာန့်နံဖူးလေးအားငုံ့နမ်းကာကုတင်ပေါ်မှထလိုက်သည်။

ပြီးသည်နှင့်ရေးချိုးခန်းထဲဝင်ကာမျက်နှာသစ်ရေချိုးလိုက်သည်။ရေချိုးပြီးသည်နှင့်လုပ်နေကျအလုပ်လေးတစ်ခုကိုလုပ်လိုက်သည်။ဒါကတော့စျာန်ရေချိုးဖို့အတွက်ရေစပ်ပေးခြင်းပင်။ပြီးသည်နှင့်ရေချိုးခန်းကနေ တဘက်လေးခါးမှာပတ်ကာထွက်လာလိုက်သည်။ထို့နောက်ကုတင်နားသို့သွားကာ

“ကိုကို ထတော့လေ ကိုကို”
“အင်း.......” အပျင်းကြောဆန့်ကာမျက်လုံးပွင့်လာသောစျာန့်ကိုခွန်းသ ကပြုံးကြည့်ကာ

“အိပ်ပုပ်ကိုကို ခရီးမသွားတော့ဘူးလားဗျ “
“အာ....ကလေးကနိူးနေတာကြာပြီလား ကိုကို့ကိုတောင်မစောင့်ဘူးပေါ့ ဟုတ်လား” နှုတ်ခမ်းဆူကာပြောနေသောကိုကိုက တစ်ခါတစ်လေကျွန်တော့်အတွက်တော့ ကလေးကြီးတစ်ယောက်လိုပင်။

“မစောင့်တာကကိုကိုအိပ်ရေးဝဝအိပ်ရအောင်လို့ပါဗျအခုတော့ထတော့နော်”

ခွန်းသပြောတော့စျာန်ကနှုတ်ခမ်းဆူပေးသည်။ခွန်းသ သိလိုက်ပါပြီmorning kissဆိုတာ

“ပြွတ် ထတော့”
“ပြွတ် morning kiss ကလေးလေး”ခွန်းသ ကစျာန့်နှုတ်ခမ်းလေးကိုနမ်းတော့စျာန်လည်းပြန်နမ်းကာရေချိုးခန်းထဲဝင်သွားသည်။ခွန်းသမှာမနက်ခင်းလေးကိုဒီလိုကိုယ်ချစ်တဲ့သူနဲ့ဖြတ်သန်းရတာအရမ်းကိုချိုမြိန်လှသည်။

‘ကိုကို မချစ်ရင်တောင်
ကျွန်တော့်ဘက်က
ချစ်နေရရင်
ပြည့်စုံပြီကိုကို’

ခွန်းသနှင့်စျာန်တို့ခရီးသွားကားနဲ့ပဲလိုက်ခဲ့ကြသည်။ကားတစ်စီးနဲ့သပ်သပ်သွားလို့ရပေမယ့်
စျာန်ကခွန်းသကိုCompanyကဝန်ထမ်းတွေနှင့်ပိုရင်းနှီးအောင်လို့လိုက်ခဲ့တာဖြစ်သည်။မဟုတ်ရင်Companyလာရင် ခွန်းသကကြောက်သလိုလိုနှင့်နေနေတတ်သည်။ခွန်းသနှင့်စျာန်တို့ကားပေါ်
မတတ်မှီကျော်ထက်ကိုအထုတ်တွေပေးကာစျာန်ပါခရီးဆောင်ထုတ်တွေထည့်သည့်နေရာသို့သွား၍ဝိုင်းထည့်ပေးနေသည်။အဲ့အချိန်အနောက်နားမှ

“စျာန်”

ရုံးပတေသီးတောင်သူ့လောက်ချွဲမယ်မထင်ပါ။နေပူပူမှာအနီရောင်ဂါဝန်နဲ့ရောက်ချလာသောသူမက စျာန်နားသို့ရောက်တော့အပြုံးကြီးပြုံးကာ

“စျာန်အံ့သြ သွားတာလား”
“ဟုတ်ကဲ့ မအေးရိပ်ကဘယ်လိုလုပ်....”

ဟုတ်ပါသည်။တကယ်ပင်စျာန်ကခရီးထွက်ဖို့အေးရိပ်ဖြူအားမပြောထားတာပါ။လိုက်ဖို့လည်းမပြောသလိုသွားမယ်ဆိုတာလည်းအသိတောင်မပေးခဲ့ပါ။

“ဪရိပ်လည်းဒီCompany ရှယ်ယာဝင်တစ်ဦးဘဲလေ သိတာမဆန်းပါဘူး ဘာလဲလိုက်လို့မရဘူးလားဪ....ကျော်ထက်ဒါလေးထည့်ပေးပါအုန်း”

အေးရိပ်က စျာန်နှင့်ပြောနေရင်းပင်ကျော်ထက်အားသူ့ခရီးဆောင်အိတ်ကိုပေးလိုက်သည်။စျာန်လည်းဘာမှမပြောတော့ဘဲဒီတိုင်းသာနေနေလိုက်သည်။သို့ပေမယ့်အေးရိပ်ကတော့ပြုံးလိုက်ကာ

“စျာန်သွားမယ်လေ “
“ဟုတ်အရင်တက်ပါဗျ” စျာန်လည်းသူ့ဘေးနားကခွန်းသလက်အားဆွဲကာကားပေါ်သို့တက်ခဲ့သည်။ကျော်ထက်ကတော့ကားသမားကိုမှာစရာရှိတာမှာကာ နောက်မှသူပါလိုက်တက်လိုက်သည်။ခွန်းသတို့တက်လာတော့အကုန်လုံးကနှုတ်ဆက်ကြသည်။ခွန်းသလည်းပြန်ပြုံးပြကာထိုင်ရမဲ့နေရာသို့သွားတော့စျာန်နှင့်ခွန်းသနှစ်ယောက်ထိုင်ရမည့်နေရာမှာအေးရိပ်ကထိုင်နေသည်။

“စျာန်ထိုင်လေ ဒီဘက်မှာ”အေးရိပ်ကအပြုံးလေးဖြင့်ပြောသော်လည်းစျာန်က
“မအေးရိပ်ခင်ဗျ ဒါကခွန်းသနေရာပါ” စျာန်ပြောလိုက်တော့အေးရိပ်က ခွန်းသကိုအခုမှတွေ့သလိုနှင့်......

“ဪခွန်းသလည်း ပါလာတာလားရိပ်ကသတိတောင်မထားမိဘူး”  စျာန့်အနားကိုအေးရိပ်ရောက်လာထဲကစျာန့်ဘေးနားမှာခွန်းသရှိနေတာပင်။ဒါကိုပင်မတွေ့ဘူးဆိုတော့ခွန်းသ မှာနည်းနည်းတော့စိတ်တိုသွားသည်။

‘အဟက် စနိုက်ကြော်တာကလည်း
ပေါ်တင်ကြီးပါလား’

ခွန်းသလည်းဖြစ်နေသောဒေါသကိုပြန်ထိန်းလိုက်ကာ

“အခုတွေ့ပြီဆိုတော့ဖယ်ပေးပါ “
“ကောင်းပါပြီ အဟွန်း....စျာန်ကပြောလို့နော်”

ဖယ်ပေးတာတောင်ကိုကိုကြောင့်တဲ့ ပြေးပြီးသာကန်လိုက်ချင်တယ်။ဒါတောင်မဖယ်ချင်ဖယ်ချင်နဲ့။
အေးရိပ်လည်းခုံမှထကာဘယ်ဘက်တွင်လွတ်နေသောကျော်ထက်နောက်ကခုံတွင်ဝင်ထိုင်လိုက်သည်။

ခွန်းသနှင့်စျာန်ကတော့ဖုန်းဖွင့်ကာနားကြပ်တစ်ဖက်စီနှင့်သာယာနေသည်။ဝန်ထမ်းတွေကလည်းခွန်းသနှင့်စျာန့်ကိုကြည့်ကာပြုံးနေကြသည်။မသာယာဘဲနေနေသူကတော့ဘီလူးမျက်နှာနှင့်အေးရိပ်ဖြူ ပင်ဖြစ်သည်။




အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now