Ep 7

11.7K 672 4
                                    

Ep 7

မုန့်ဝယ်လာပြီးချိန်တွင် ညီမလေးအားဘာကားကြည့်တာလဲလို့မေးလိုက်တော့သရဲကားတဲ့ ထိုအချိန် ရုံရှင်ရုံသို့လာထဲကမုန့်ဝယ်တဲ့ချိန်ထိငြိမ်သက်နေတဲ့အကောင်ပေါက်လေးကသရဲကား လဲဆိုရော အသံထွက်လာပါရော။

မေးလိုက်တော့မကြောက်ဘူးတဲ့လေ မကြောက်ဘူးသာပြောတာပါ ကြည့်တောင်မကြည့်ရသေးဘူးသူ့ခင်ဗျာချွေးတွေတောင်ထွက်နေလေပြီ။
ခုံကလဲအတွဲခုံမို့လို့သူနဲ့ကပ်ရပ်ထိုင်ချင်လို့ ယောင်္ကျားလေးအချင်းချင်းမိန်းခလေးအချင်းချင်းထိုင်မယ်လို့ပြောလိုက်တော့ လူကိုသေချာကြည့်နေ၍ကိုယ်ကတော့မသိသလိုနေနေလိုက်သည်။
ရုံထဲဝင်ပြီးခနအကြာမှာ သရဲကားက စ ပြလေပြီ။ အခုထိတော့သရဲမကထွက်မလာသေးအစမို့လို့နေမယ်.........
စျာန်တစ်ယောက်ရုံရှင်ထဲကိုစိတ်မဝင်စားဘဲဘေးနားကအကောင်ပေါက်လေးကိုသာကြည့်နေမိသည်။

ဆံပင်လေးကအုပ်အုပ် နှာတံလေးကစင်းနေ၍မျက်လုံးလေးကကြည်လက်နေသည့်အကောင်ပေါက်လေးကဆေးသားမကူတဲ့နှုတ်ခမ်းရဲရဲလေးရယ် အသားရည်ကလဲမိန်းကလေးတွေထက်ပင်ဖြူကာနုနေသေးသည်။ ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲကွာ
သူ့အကြောင်းတွေးနေတုန်း ရုတ်တရက်လက်ပေါ်ကျရောက်လာသောတစ်စုံတစ်ခုကြောင့်ကြည့်လိုက်မိတော့အကောင်ပေါက်လေးရဲ့လက်ဖြစ်နေသည်။

“ဟိုကျွန်… ကျွန်တော်
ရေဗူးလေးလိုချင်လို့အဲ့ဒါ.....”
“ဪ ရော့သောက်လေ ဒီမှာရေဗူး”
“ဟုတ်ကျေးဇူးပါ”
“အင်း”
“အမေ့......”ရေသောက်နေရင်းရုတ်တရက်အာမေဍိတ်အသံတစ်ခုနဲ့အတူရင်ခွင်ထဲတိုးဝင်လာသောအကောင်ပေါက်လေး.......အရှေ့ကိုကြည့်လိုက်တော့သရဲမကအပေါ်ကနေဇောက်ထိုးကြီးဆင်းလာခြင်းဖြစ်သည်။
“ဟေ့ ကလေးလေးကြောက်နေတာလား မကြောက်နဲ့နော်အကိုရှိတယ်”
“ဟို သ သရဲမလေ ရှိသေးလားဟင်”
“အင်းရှိသေးတယ် ဒါနဲ့ကြောက်နေတာလားဒါကရုံရှင်လေ မကြောက်နဲ့နော်အကိုရှိတယ်”စျာန်ပြောတော့ ခေါင်းလေးတညိတ်ညိတ်နဲ့လုပ်လာသောအကောင်ပေါက်လေးကချစ်စရာအတိပင်။
“ဟုတ်အကို ဟိုရှိ ရှိသေးလားဟင်”
“မရှိတော့ဘူးပျောက်သွားပြီ ကြည့်ပါအုံး မရှိတော့ဘူးဟိုမှာ”
“အင်းတော်ပါသေးရဲ့ ဟာ.....အကို့ရဲ့အင်္ကျီတွေကျွန်တော့်
ကြောင့်ရေတွေစိုကုန်ပြီ ကျွန်တော်တောင်းပန်ပါတယ် ရုတ်တရက်ဆိုတော့.....”
“ရပါတယ် ခွန်းလေးလန့်သွားလို့လေ ဘာမှမဖြစ်ဘူးရတယ်” ရပါတယ်ပြောတာတောင်မျက်နှာလေးမှိုင်းသွားတဲ့ကောင်လေးက အားနာနေသည့်ပုံ။
“ကျွန်တော်တောင်းပန်ပါတယ်နော်”
“ခွင့်လွှတ်တာလိုချင်ရင်အကိုနဲ့ရင်းရင်းနှီးနှီးနေပေးပါ”
“ဗျာ”စျာန်အပြောကြောင့်ခွန်းသက မျက်လုံးလေးပြူးကာ စျာန့်ကိုပြန်ကြည့်လာသည်။
“ဟုတ်တယ်အကို မင်းနဲ့ခင်ချင်လို့ အကိုမင်းနဲ့မရင်းနှီးသလိုခံစားရတယ်။ နေပေးမယ်မလားခွန်းလေး “
“ဟုတ် ရ ရပါတယ် ကျွန်တော်လည်းအကိုနဲ့ရင်းရင်းနှီးနှီးနေချင်ပါတယ်”
“အဟား.....ဝမ်းသာလိုက်တာကွာ ဒါနဲ့အခုရော သရဲကြောက်သေးလား”စျာန်ပြောတော့ မျက်နှာလေးနည်းနည်းမဲ့ကာ......
“ဟိုနည်းနည်းဘဲကြောက်တော့တယ်”
“အင်း ကားကပြီးတော့မှာပါ”
“ကြောက်ရင်အကို့လက်ကိုကိုင်ထားလေ”
စျာန့်အပြောကြောင့်ကြောင်သွားပေမယ့်ခေါင်းလေးညိတ်လာကာ

“အာ......ဟုတ်”
“အကို့ကို ခွန်းလေးရဲ့ဖုန်းနံပါတ်ပေးပါလား ပိုရင်းနှီးအောင်လို့ပါ “
“ဟုတ်အကိုယူလေ”
ပြောရင်းပင်စျာန့်အားဖုန်းပေးလိုက်သည်။
ဖုန်းအလင်းရောင်ကြောင့်ဘေးလူတွေကိုအားနာရမယ်ဆိုပေမယ့်အခုချိန်မှမယူထားရင် ညီမဖြစ်သူရှေ့တွင်တောင်းရပေလိမ့်မည်။

“ဒါကအကို့နံပါတ် “
“ဟုတ်အကို”

ရုပ်ရှင်ကြည့်ရင်း သရဲမထွက်လာလို့ ရေသီးသွားတဲ့ကောင်လေးဟာနှာခေါင်းလေးတောင်နီရဲသွားသည်။
ပြီးတော့ရုတ်တရက်ရင်ခွင်ထဲဝင်လာတဲ့ကောင်လေး…..
တကယ်ပါ တစ်ခဏအတွင်းအဲ့ကောင်လေးကြောင့် ဘယ်ဘက်ရင်အုံကခုန်ပေါက်သွားရသည်။ သရဲမ မရှိတော့ဘူးဆိုမှပြန်ခွာသွားသည်။ဒါတောင်တကယ်လားဘာလားမေးနေတယ် အဟက် သရဲကြောက်ရင်လည်းအစထဲကမကြည့်ပါနဲ့လားကွာ သူ့ကြောင့်ရေစိုသွားတာကိုအပြစ်တခုလိုပြောပြီးတောင်းပန်နေတဲ့ကောင်လေးကြောင့်အချစ်ပိုရပြန်ရော။ကျွန်တော်သူနဲ့ရင်းနှီးချင်တာနဲ့ ခွင့်လွှတ်ခံချင်ရင် ရင်းနှီးအောင်နေပေးပြောလိုက်တော့ကြောင်တောင်တောင်ပြန်ကြည့်လာတယ်။ ဘယ်လိုလေးတောင်ချစ်ဖို့ကောင်းနေတာလဲ။အခုတော့ဖုန်းနံပါတ်လည်းရပြီ...ပျော်လိုက်တာဗျာ သူတော့မသိဘူးကျွန်တော်တော့ရင်ခုန်သံတွေမြန်နေလို့ဆေးရုံတောင်သွားရတော့မယ်။
‘အရင်က ကိုယ့်ကိုယ့်ကိုယ်နှလုံးသားတောင်ပါရဲ့လားလို့ထင်နေတာအခုတော့ မင်းလေးကြောင့်နှလုံးသားပါမှန်းသိခဲ့ရပြီ’
………………………………………………………….
ရုပ်ရှင်အပြီးတွင်.......
“ကိုကို သရဲကားကကောင်းတယ်နော်”
“ဪ အင်း ကောင်းပါတယ်” ကောင်းလားမကောင်းလားတော့မသိဘူးကိုယ်တော့ရင်ခွင်ထဲဝင်လာတဲ့အကောင်ပေါက်ကြောင့်နှလုံးရောဂါရတော့မယ်။

“ခွန်းသ ငါတို့မုန့်သွားစားကြရအောင်နော် ချယ်ရီနင်လည်းအချိန်ရသေးတယ်မလား “
“အင်းရပါတယ် ခွန်းသ နင်ရော မပြန်သေးဘူးမလား”
ချယ်ရီရဲ့အမေးကိုခွန်းသကခေါင်းညိတ်ကာ....
“အင်းနင်နဲ့မှအတူတူပြန်မယ်လေ ငါလည်းဗိုက်ဆာနေပြီ မနက်ကဘာမှသိပ်စားမလာဘူး”
တကယ်တော့ကိုယ့်အကြောင်းသာကိုယ်သိသည်။ မနက်စာနည်းနည်းလေးစားလာလို့မဟုတ်ပါ။ သရဲမကိုကြောက်လို့ဗိုက်ထဲကအစာတွေတောင်ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး အဲ့သရဲမ ကြောင့်ဘေးနားကဟိုလူကိုသွားဖက်မိသေးတယ်။ ရှက်လိုက်တာနော် စောက်သရဲမ ဝိညည်ဘဝမှာတောင်လင်မရပါစေနဲ့ ဟွန့်

“ဟဲ့ ခွန်းသဘာတွေဖြစ်နေတာလဲမျက်နှာက မဲ့နေတာဘဲ ဘာလဲမစားတော့ဘူးလား”
“အာ....မဟုတ်ပါဘူး စားမှာပါနင်ကလဲ”
“အဲ့ဒါဆိုသွားကြမယ်လာ ကိုကိုလာသွားမယ်”စျာန်လည်း အငယ်တွေစိတ်တိုင်းကျတစ်ခွန်းမှဝင်မပြောဘဲသူတို့သွားရာနောက်ကိုသာလိုက်ခဲ့လိုက်သည်။
ဆိုင်ထဲတွင်......
“ညီမလေးဘာစားမှာလဲ “
“ကော်ဖီဘဲသောက်တော့မယ် ချယ်ရီနင်ရော အတူတူဘဲလား”
“အင်း အတူတူဘဲ ခွန်းသရော”ခွန်းသကချယ်ရီရဲ့အမေးအား.......

“ငါတော့အအေးဘဲသောက်တော့မယ်”ခွန်းသပြောပြီးတာနဲ့ငွေနှင်းက သူ့အကိုဘက်ကိုလှည့်ကာ......
“ကိုကိုရော “
“ကိုကိုလဲအအေးဘဲသောက်တော့မယ်”
“Ok”ဝိတ်တာလေးကိုမှာစရာရှိတာမှာလိုက်ပြီးချိန်တွင်ငွေနှင်းကခွန်းသဘက်သို့
လှည့်ကာ……
“ဟဲ့ခွန်းသနင်တို့အပြန်ကျရင် ဘယ်လိုပြန်မှာလဲ Taxiနဲ့ဘဲလား”
“အင်း Taxiနဲ့ဘဲပြန်မယ်”ထိုအချိန် စျာန်က

“အကိုလိုက်ပို့ပေးမယ်လေချယ်ရီ့ကိုရော ခွန်းလေးကိုရောဘဲ”
“ရတယ်အကို ကျွန်တော်တို့ကိုယ့်ဘာသာပြန်မယ်”
“နင်ကလဲဘာတွေအားနာနေတာလဲ လမ်းကြုံတာဘဲကိုငါတို့နဲ့ဘဲပြန်တော့”
“အေးလေ ငါတို့သူတို့နဲ့ဘဲပြန်ကြမယ်လေTaxi ခ သက်သာတာပေါ့ဟ ဟီးဟီး......”ငွေနှင်းရဲ့စကားကိုချယ်ရီက အငြင်းစကားမဆိုဘဲ ပြောလိုက်တော့ခွန်းသက…..
“အေးပါ ကပ်စီးနဲမရယ်”
“အောင်မာငါကနင်ပိုက်ဆံမကုန်အောင်လို့ကိုနော် ဟွန့်”
“နင်ကပ်စီးနည်းရင်နည်းတယ်ပြောစမ်းပါ”
“ဟဲ့ဟဲ့နင်တို့နှစ်ယောက်လဲတွေ့တာနဲ့ရန်ဖြစ်မယ်ဆိုတာကြီးဘဲအလာတုန်းကဘယ်လိုတောင်လာကြတာလဲဒီပုံစံနဲ့”ဆိုင်ထဲမှာတောင်မရှောင်ရန်ဖြစ်နေကြတဲ့နှစ်ကောင်ရယ်ပါ။
ပြီးတာနဲ့ဝိတ်တာကရောက်လာ၍ ခွန်းသတို့လည်းငြိမ်သွားကြသည်။ခွန်းသတို့သောက်ပြီးတာနဲ့.......
“ငါတို့သွားမယ်လေပြီးပြီမလား”
“အင်းသွားမယ်”
အပြန်လမ်းတွင်လည်းသူငယ်ချင်းသုံးယောက် ပြောလိုက်တဲ့စကားကကားထဲမှာဆူညံနေတာပဲ။ တော်တော်ပြောနိူင်တဲ့သူတွေရယ်ပါ ဟိုအကောင်ပေါက်ကလည်းကျွန်တော်နဲ့သာတေမိလုပ်နေတာ သူတို့နဲ့သာဆိုပါးစပ်တောင်မစိဘူးရယ် ပြောလိုက်တာလဲခရားထဲကရေလွှတ်လိုက်တဲ့အတိုင်းပါဘဲ ချယ်ရီနဲ့ ခွန်းလေးကိုအရင်လိုက်ပို့ပြီး ကျွန်တော်တို့လည်းအိမ်ပြန်လာလိုက်သည် ဟူး.....ခနလေးတောင်လွမ်းနေပြီကွာ ပြုစားနိူင်လွန်းတယ် ရောက်ရောက်ချင်း ပင်ပန်းလွန်း၍စျာန်လည်းအိပ်ယာထဲတွင်သာလှဲနေလိုက်သည်။

‘မင်းကိုပိုင်ဆိုင်ချင်လိုက်တာကောင်လေးရာ’




အမုန်း၏နောက်ကွယ်(Complete)Unde poveștirile trăiesc. Descoperă acum