Ep 33

10.2K 543 1
                                    

Ep 33

အေးရိပ်တစ်ယောက်ဒီနေ့အိမ်မှာနေပြီး လက်ကလည်းဆေးလိပ်ကိုညှပ်ကာဝရန်တာတွင်မတ်တပ်ရပ်နေသည်။မနက်စောစော ဆေး
လိပ်ကိုဖွာလိုက်ပြီးခေါင်းကိုမော့၍မျက်လုံးများမှိတ်ကာအရသာကိုခံစားနေလေသည်။ထိုအချိန်အိပ်ယာပေါ်ကဖုန်းလာ၍သွားယူကာဝရန်တာသို့ပြန်လာခဲ့သည်။ခေါ်ဆိုသောနံပါတ်ကိုကြည့်လိုက်ပြီးဖုန်းကိုင်လိုက်ကာ

“Hello”
“………”

“အင်း တော်တယ်”
“………..”

“အေးကောင်းပြီသေချာလုပ်နော်စိတ်ချမယ်”
“……………..”

“အဲ့ဒါဆိုဒါဘဲ”
ဖုန်းချပြီးသည်နှင့်မဲ့ပြုံးပြုံးလိုက်ကာလက်ထဲကဆေးလိပ်ကိုဆက်သောက်နေသည်။ဆေးလိပ်ရဲ့အရသာကိုခံစားကာပြုံးနေသောသူမကဖြစ်လာမဲ့အကျိုးဆက်တွေကိုဂရုမစိုက်စွာ။
.
.
မနက်ခင်းအချိန်လေးသည်လူသားအားလုံးရဲ့လုပ်ငန်းအစပင်ဖြစ်သည်။သို့သော်အိပ်ယာထဲကလူသားလေးနှစ်ယောက်ကတော့အခုထိမနိူးသေးပေ။ချစ်ရသူလေးကိုလွတ်ထွက်သွားမည်စိုးသည့်အလားတင်းတင်းကြပ်ကြပ်ဖက်ထားသောကောင်လေးနှင့်ချစ်ရသူရင်ခွင်ထဲတွင်ခေါင်းလေးတိုးဝင်ကာအိပ်နေသောကောင်လေးတို့အိပ်ယာထဲတွင်တူတူရှိနေကြသည်။ခဏအကြာခွန်းသနိူးလာ၍ခါးပေါ်ရောက်နေသောစျာန့်လက်အားဖယ်ကာထမည်အလုပ် ပို၍တင်းကြပ်စွာဖက်လာသောလက်တစ်စုံ

“ဘယ်သွားမလို့လဲ”
“ကျွန်တော်မျက်နှာသွားသစ်မလို့လေ”

“အစောကြီးရှိသေးတာကို”
“ဒါမဲ့ကျွန်တော်သင်တန်းသွားရမယ်လေ” ပြောရင်းပင်ထဖို့လုပ်နေသောအကောင်ပေါက်လေးအားအပေါ်ကအုပ်မိုးကာ

“ကိုယ်မင်းကိုတောင်းပန်ပါတယ်နော်”
“ဘာလို့လဲ” စျာန်က သူ့အားနားမလည်သလိုကြည့်နေသောကောင်လေးအား

“ကိုယ်မင်းအပေါ်ရက်စက်ခဲ့တာတွေလေ”
“ရပါတယ် ကျွန်တော်နားလည်ပါတယ်”

“ကိုယ်နဲ့အေးရိပ်ဖြူ နဲ့ကမင်းထင်သလိုမဟုတ်ပါဘူးအဲ့တုန်းကသူက
လဲကျသွားလို့ကိုယ်ကထိန်းပေးတာပါ။အဲ့ဒါအရှိန်မထိန်းနိူင်ဘဲနှစ်ယောက်လုံးလဲကျသွားတာ”

“အဲ့ဒါဘာလို့လာပြောပြနေတာလဲကျွန်တော့်ကို”
“ခွန်းကိုယ့်ကိုအထင်လွဲနေလို့လေ ပြီးတော့ဒီနေ့ကစပြီးကိုယ်ကခွန်းကိုဂရုစိုက်မယ်နော် ကိုယ့်ဘေးနားကနေခွန်းကိုထွက်သွားခွင့်မပေးတော့ဘူး ခွန်းလည်းကိုယ့်ကိုထားမသွားပါနဲ့နော်”
စျာန်တစ်ယောက်သူ့အောက်ကအကောင်ပေါက်လေးကိုကြည့်ပြီးမျက်ရည်များဝဲကာပြောနေလေသည်။

“ရပါတယ်ကျွန်တော်နေတတ်ပါတယ် ပြီးတော့ကိုကိုကကျွန်တော့်ကိုမုန်း......”
“ရှူး.......”

“ဟင့်အင်းအဲ့ဒါတွေမပြောနဲ့တော့အခုကစပြီးကိုယ်ကဒီကဆက်ခွန်းသဆိုတဲ့ ကလေးလေးကိုဂရုစိုက်မှာမို့လို့အဲ့ဒါတွေမလိုတော့ဘူးနော်” ပြောရင်းပင်စျာန်ကခွန်းသနံဖူးလေးအားနမ်းလိုက်လေသည်။စျာန့်စကားကြောင့်ခွန်းသမှာပျော်သွားကာ

“ကျွန်တော်ပျော်တယ်သိလား ပြီးတော့ကျွန်တော်ကကိုကို့ကိုအရမ်းချစ်တာ”
“အွန်းကိုယ်သိတယ်ကိုယ်လည်းကလေးကိုချစ်တယ်"

‘ကိုယ်က ကလေးကိုအရင်ကထက်ပိုချစ်ပေးပါ့မယ်ကလေးရယ်’

“ကဲထရေချိုးရမယ်ဒီနေ့သင်တန်းမသွားနဲ့တော့”
“ဟင် အဲ့လိုမရဘူးလေ” ခွန်းသကပြောတော့စျာန်ကမျက်မှောင်ကြုတ်၍

“ဘာလို့လဲမရဘူးကွာဒီနေ့ကိုယ်လည်းအလုပ်တွေကိုကျော်ထက်နဲ့လွှဲပေးမှာ ကလေးနဲ့အပြင်သွားမယ်လေ နော်”
စျာန့်အပြောကြောင့် ခွန်းသမျက်လုံးလေးအရောင်လတ်သွားကာ

“ဟဲဟဲတကယ်နော်ကျွန်တော်သွားချင်တဲ့နေရာတွေပို့ပေးမှာလားဟင်” puppy eyeလေးနှင့်ဆွဲဆောင်နေသောကောင်လေးကြောင့်စျာန်တစ်ယောက်အသည်းတွေယားလာသည်။

“ကလေးလေးကိုယ့်ကိုသမာဓိအားတွေစမ်းနေတာလားဟင်မနက်ပိုင်းကြီးနော်” ရုတ်တရက်မျက်နှာနားသို့တိုးကပ်ကာပြောနေသောစျာန်ကြောင့်

“ဘာ ဘာလဲကျွန်တော်ဘာလုပ်မိလို့လဲ”
“ကလေးကကိုယ့်ကိုအသည်းယားအောင်လုပ်နေတာလေ” နှာခေါင်းလေးကိုဆွဲကာပြောနေသောစျာန့်ကိုခွန်းသ ကတွန်းထုတ်ကာ

“ဘယ် ဘယ်မှာအသည်းယားအောင်
လုပ်နေလို့လဲ ရေသွားချိုးတော့မယ်”
“ဟေ့ နေအုန်းလေ အတူတူမချိုးဘူးလား ဟားဟား....”
ကြောက်ကြောက်လန့်လန့်နှင့်မျက်နှာတွေရဲကာရေချိုးခန်းထဲပြေးဝင်သွားသောကောင်လေးအား
ကြည့်ကာစျာန်ရဲ့မနက်ခင်းတွေလှပနေခဲ့သည်။


ခွန်းသနှင့်စျာန်တို့အပြင်သွားမယ်ဆိုသောကြောင့်စျာန်ကားသော့ယူကာအိမ်ရှေ့သို့ထွက်လာသည်။ကားနားတွင်စောင့်နေသောကောင်လေးမှာ ရှပ်အဝါလက်တိုနှင့်ဘောင်းဘီအဖြူရောင်ဒူးလောက်ရှိသည်လေးကိုဝတ်ထားကာဖိနပ်အဖြူလေးနှင့်ခြေသလုံးဖွေးဖွေးလေးတို့ကဆွဲဆောင်မှုရှိလှသည်။စျာန်တစ်ယောက်သူ့ရှေ့ကကောင်လေးအားကြည့်နေသည်မှာ တော်တော်ကြာသွားမိ၍…

“ကိုကို သွား သွားမယ်လေ ဘာလို့ကြည့်နေတာလဲကျွန်တော်ရှက်နေပြီ”ခွန်းသပြောမှစျာန်သတိရကာ
“ကလေးကချစ်ဖို့ကောင်းလို့လေ ဒါနဲ့ဒီလိုတွေမဝတ်ပါနဲ့ဆို ဝတ်ပြန်ပြီလား”

“ကိုကိုကလည်းကျွန်တော်ကဒီလိုလွတ်လွတ်လပ်လပ်ဝတ်ရတာဘဲကြိုက်တာကို ဘာလဲကျွန်တော်ဒီလိုဝတ်တာကိုကိုသိက္ခာကျလို့လားဟင် ဒါဆိုပြန်လဲလိုက်မယ်လေ”

ပြောရင်းပင်အိမ်ထဲဝင်မည်လုပ်နေသောခွန်းသအားစျာန်ကလက်ကိုဆွဲကာသူ့ရှေ့သို့ထားလိုက်ပြီးပခုံးနှစ်ဖက်ကိုကိုင်ကာခွန်းသကိုတည့်တည့်ကြည့်၍


“ခွန်း ဒီမှာကိုယ်ပြောမယ်ကိုယ်ခွန်းကြောင့်သိက္ခာကျတယ်ဆိုတာဘယ်တော့မှမရှိဘူး ကိုယ်ခွန်းကိုလက်ထပ်လိုက်လို့လည်းသိက္ခာကျမသွားဘူး ခွန်းဒီလိုဝတ်စားနေလို့လည်းကိုယ်သိက္ခာမကျသွားဘူး အဲ့ဒါကြောင့်ခွန်းကဘာမှတွေးမနေနဲ့ဟုတ်ပြီလား ခွန်းဒီလိုဝတ်တာက သဝန်တိုလို့ပြောတာသိရဲ့လားအရူးလေးရဲ့ခွန်းကအရမ်းချစ်ဖို့ကောင်းနေတော့ကိုယ်ကသဝန်တိုနေရတာပေါ့ “
ခွန်းသတစ်ယောက်စျာန်ပြောနေသောစကားကြောင့်မျက်ရည်ဝဲရသည်။

“အီးဟီး......ဟင့်...ကိုကို့ကိုအရမ်းချစ်တယ် ကျွန်တော်ကိုကို့ကိုအရမ်းချစ်တယ်”စျာန့်မှာသူ့ရှေ့တွင်ချက်ချင်းပင်မျက်ရည်တွေတာကျိုးကာတအီးအီးငိုနေသောခွန်းသကြောင့်ပျာယာခတ်သွားကာ

“ဟင် ခွန်းရယ်မငိုပါနဲ့ ကိုယ်ကခွန်းငိုရင်ဒီ
ရင်ဘက်ထဲကနာတယ်သိရဲ့လား အဲ့ဒါကြောင့်မငိုနဲ့တော့နော် တိတ် တိတ်” ရှေ့ကအကောင်ပေါက်လေးအားအငိုတိတ်စေရန်စျာန်တစ်ယောက်ရင်ခွင်ထဲထည့်ကာချော့နေရသည်။

“အဲ့ဒါဆိုမငိုတော့ဘူး လာသွားမယ် ငိုလိုက်တာဗိုက်ဆာသွားပြီ”
“ဟောဗျာ ဟား....ဟား..... ဟုတ်ပါပြီဗျာ ကိုယ်က ကလေးအတွက်ဆိုအကုန်လုပ်ပေးမှာလာ သွားမယ်”

ငိုလိုက်လို့ဗိုက်ဆာတယ်ပြောလာသောအကောင်ပေါက်လေးကြောင့်ကျွန်တော့်မှာရယ်ချင်သွားသည်။ဒီကောင်လေးကကျွန်တော့်အတွက်တကယ်ကိုတန်ဖိုးမဖြတ်နိူင်တဲ့အရာလေးဘဲ။


အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now