Ep 30

11.1K 677 21
                                    

Ep 30


ခွန်းသတစ်ယောက်Companyမှပြေးထွက်ခဲ့ပေမယ့်အခုချိန်အိမ်လည်းမပြန်ချင်ပါ။ အိမ်ရောက်ရင်ကိုကိုက သူ့ကိုကြည့်ပြီးလှောင်နေမှာလား။ကိုယ့်ကိုငတုံးဆိုပြီးရယ်နေမှာလား။ဒီနေ့ကျမှလက်ထဲတွင်လည်းပိုက်ဆံကမပါလာ ဘောင်းဘီအိတ်ထဲတွင်လည်းဖုန်းတစ်လုံးသာပါလာခဲ့သည်။ခွန်းသလည်းကားလမ်းမနားသို့သွားကာTaxiငှါးလိုက်သည်။Taxiပေါ်တွင်လည်းမျက်ရည်များကျနေမိသောကြောင့် ကားမောင်းတဲ့အကိုတောင်ခဏခဏလှမ်းကြည့်နေသည်။

‘ကိုကိုရယ်ရိုးရိုးသတ်လည်းသေနိူင်ပါတယ် ကျွန်တော်ကကိုကို့နားမှာနေနေရရင်ကိုကျေနပ်နေတာပါ Companyထိခေါ်လာပြီးဒီလိုမျိုးလုပ်ပြမှကျေနပ်မှာလားကိုကိုရယ် ကျွန်တော်ကကိုကိုပျော်ရင်ကျေနပ်နေတဲ့သူပါ’
ခွန်းသတစ်ယောက်ပါးပြင်ပေါ်ကမျက်ရည်တွေကိုခပ်ကြမ်းကြမ်းဖိသုတ်ပစ်လိုက်သည်။

ကျွန်တော်ကော်ဖီဖျော်ချင်သော်လည်းအရသာမရှိမှာစိုးတာကြောင့်သေချာချိန်ဆပြီးဖျော်နေရ၍ကော်ဖီဖျော်တာပင်နည်းနည်းကြာသွားလေသည်။ဖျော်ပြီးသည်နှင့်ဗန်းလေးထဲကော်ဖီခွက်နှစ်ခွက်အားထည့်ကာကိုကို့ရုံးခန်းထဲသို့လာခဲ့သည်။မုန့်ကတော့ကိတ်မုန့်ဘဲနည်းနည်းယူလာခဲ့သည်။အပူမလောင်စေနဲ့ဆိုသောကိုကိုစကားကြောင့်သေချာထိန်းကိုင်လာရသည်။အခန်းဝတွင်ကော်ဖီဗန်းအားလက်တစ်ဖက်နှင့်ကိုင်ကာတစ်ဖက်ကတံခါးအားဖွင့်လိုက်ချိန်မြင်လိုက်ရသောမြင်ကွင်း
ကြောင့်လက်ထဲကကော်ဖီဗန်းပါလွတ်ကျသွားရသည်။

ဟိုမိန်းမ အေးရိပ်ဖြူဆိုတဲ့အမကကိုကို့ရဲ့အောက်မှာကိုကိုကသူ့အပေါ်မှာကျွန်တော်ရှိနေတာတောင်ကိုကိုကဒီမိန်းမနဲ့အခန်းထဲမှာ.... ဆက်မတွေးချင်တော့ပါ။မျက်ရည်များကျလာကာကော်ဖီတွေသာမကဖန်ကွဲစအချို့ပါခြေထောက်ပေါ်သို့ကျလာခဲ့သည်ကိုပင်ဂရုမစိုက်အခန်းတံခါးပိတ်ကာအပြင်သို့ပြေးထွက်လာခဲ့မိသည်။

“ညီလေး ရောက်ပြီနော်” ခွန်းသတစ်ယောက်ဘယ်လောက်တောင်တွေးနေသည်မသိခြံရှေ့ရောက်သည်ကိုပင်မသိလိုက်

“ဟုတ်အကိုဒါနဲ့ အကိုခဏနော်ကျွန်တော်အမြန်ထွက်လာတာပိုက်ဆံမပါလာဘူးအိမ်ထဲဝင်ယူလိုက်အုန်းမယ်ခဏစောင့်ပါလား”
“ရပါတယ် ညီလေး အကိုစောင့်နေပါ့မယ်”

“ဟုတ် ဒါနဲ့ဘယ်လောက်လဲအကို”
“5000ဘဲပေးညီလေး”

“ဟုတ်အကို” ခွန်းသတစ်ယောက်Taxiသမားအားခဏထားကာခြံထဲသို့ဝင်လာလိုက်သည်။အိမ်ဝသို့ရောက်သော်

“ဟင် ခွန်းသ မင်းလာတာတောင်မပြောဘူး”
“ဝေယံငါ့ကိုလေ ဟိုပိုက်ဆံ5000လောက်ခဏပေးပါလားဟင်ငါ
Taxiစီးလာတာပိုက်ဆံမေ့ခဲ့လို””

“အေးယူလေ ရော့” ဝေယံကချက်ချင်းပင်သူ့ဘောင်းဘီအိတ်ကပ်ထဲကပိုက်ဆံ5000အားထုတ်ပေးလိုက်၍ခွန်းသယူလိုက်ပြီး

“ခဏနော်”ဟုပြောကာအပြင်သို့ပြေးထွက်သွားသည်။ပြီးသည်နှင့်Taxiသမားအားပေးကာပြန်ဝင်လာခဲ့သည်။

“ခွန်းသထိုင်လေ ဘာသောက်မလဲ”
“ငါမသောက်တော့ဘူး”

“ဟင် ခွန်းသ မင်းခြေထောက်ကဘာဖြစ်လာတာလဲယောင်ကိုင်းနေတာဘဲပြီးတော့သွေးစတွေရောဘဲ။

“ငါနည်းနည်းအပူလောင်သွားတာပါ ရတယ်ဘာမှမဖြစ်ဘူး”
“ဘာကိုဘာမှမဖြစ်ဘူးလဲ လာငါဆေးထည့်ပေးမယ်အခန်းထဲလိုက်ခဲ့” ဝေယံကပြောပြီးတာနဲ့ခွန်းသ လက်အားဆွဲကာသူ့အခန်းထဲသို့ခေါ်သွားလေသည်။ပြီးသည်နှင့်ဒဏ်ရာကိုအရက်ပြန်နှင့်ဆေးပေးကာ ခြေထောက်ကိုသူကိုယ်တိုင်ဆေးထည့်ပေးနေသည်။

“ဘာဖြစ်လာတာလဲခွန်းသ”
“ငါဘာမှမဖြစ်ပါဘူး မတော်တဆထိမိသွားတာပါ”
ဝေယံလည်းခွန်းသမပြောချင်မှန်းသိ၍ဆက်မမေးတော့ပါ။နောက်မှမသိသေးတဲ့ခွန်းသအကြောင်းကိုမေးရမည်ဟုဆုံးဖြတ်လိုက်သည်။

“မင်းထမင်းစားပြီးပြီလား”
“ငါမစားရသေးဘူး”

“ဒါဆိုငါနဲ့အတူစားမယ် ထ”
“ဒါနဲ့မင်းတစ်ယောက်တည်းလား”

“မဟုတ်ဘူးကွငါ့အကိုကမနက်ကအပြင်သွားတယ်အခုတော့ငါတစ်ယောက်တည်းပေါ့ကွာအမေတို့ကသူ့ညီမဆီသွားတယ် ငါ့အဒေါ်ကအိမ်လည်ခေါ်ထားလို့တစ်ပတ်လောက်သွားနေနေတာမနက်ကမှသွားတာ ငါ့အကိုကတော့ပြီးရင်ပြန်လာမှာ ကဲဘာသိချင်သေးလဲ”

“ငါကမေးကြည့်တာပါကွ မင်းကလဲလေကြောရှည်လိုက်တာ”
“အောင်မာ ခုနက ဒဏ်ရာကိုဆေးထည့်ပေးတဲ့မျက်နှာတောင်မထောက်ပြန်ပြောနေတာလား ထမင်းငတ်သွားမယ်နော် ဟွန့် လာသွားမယ်” ဝေယံကခွန်းသမျက်နှာမကောင်း၍တမင်နှုတ်ခမ်းဆူကာခွန်းသရယ်အောင်ပြောနေခြင်းဖြစ်သည်။ခွန်းသလည်းဝေယံအားကြည့်၍ရယ်လိုက်ကာ

“လာပါကွာ အဲ့နှုတ်ခမ်းကြီးဆူမထားပါနဲ့ မိန်းမကြီးကျနေတာဘဲလှတာလဲမဟုတ်ဘူး”

“မင်းနော်”ပြောရင်းပင်နှုတ်ခမ်းဆူလာသောကြောင့်ခွန်းသ ရယ်မိလိုက်သည်။အွန်း....နာကျင်မှုတွေကသူငယ်ချင်းနဲ့တွေ့ရင်ပြေပျောက်သွားပါလား။ခွန်းသနှင့်ဝေယံတို့ထမင်းစားခန်းသို့ဝင်လာခဲ့ကြသည်။ထိုအချိန်အရှေ့ကကားသံကြားသည်
နှင့်အိမ်ရှေ့သို့ကြည့်လိုက်တော့ဝေယံ့အကိုရောက်လာခြင်းဖြစ်သည်။ဝေယံက အိမ်ရှေ့သို့သွားကာ

“အကို ပြန်လာပြီလား ကြာတယ်နော်ကောင်မလေးနဲ့တွေ့နေတာလား”

“ငါလုပ်လိုက်ရ ငါကဘယ်ကောင်မလေးကိုတွေ့ရမှာလဲ” ပြောရင်းပင်တေဇတစ်ယောက်ထမင်းစားခန်းထဲသို့ဝင်လာချိန် ခုံပေါ်တွင်ထိုင်ကာရေသောက်နေသောခွန်းသကြောင့်

“ဟင် ခွန်းလေးရောက်နေတာလား “
“ဟုတ်တယ်အကို” ဝေယံကပါ ဝင်လာပြီးခွန်းသအား......

“မင်းဘာလို့ဒီနေ့သင်တန်းမသွားတာလဲ ငါ့လိုပဲပြေးတာလား”
“မဟုတ်ပါဘူးငါကကိစ္စရှိလို့ မင်းကသင်တန်းမတတ်ဘူးဆိုပြီးစာပို့လို့ငါကမင်းဆီလာတာပါနော်”
“အပိုတွေ” အရှေ့တွင်မျက်နှာချင်းဆိုင်ရန်သတ်နေသောခွန်းသနှင့်ဝေယံကြောင့်တေဇတစ်ယောက်ခေါင်းသာခါနေရသည်။

“ကဲတော်ပါတော့ညီတို့ရယ် ဒီနေ့ထမင်းစားကြအုန်းမှာလား”

“အကိုကလည်းခွန်းသရောက်နေတာကိုဘာလို့စားမှာလဲ” ဝေယံကစနောက်၍ပြောတော့

“ဟေ့ကောင်မင်းမကျွေးလည်းငါကစားမှာဘဲ”
ဆိုကာထမင်းပန်းကန်သွားယူ၍သူ့ဘာသာထည့်စားနေသောခွန်းသကြောင့်ဝေယံတို့ညီအကိုနှစ်ယောက်လုံးရယ်နေကြသည်။ခွန်းသတို့ထမင်းစားပြီးတော့ဧည့်ခန်းထဲတွင်သုံးယောက်သားပန်းသီးစားကာTVထိုင်ကြည့်နေကြသည်။ညနေစောင်းပြီဖြစ်၍ခွန်းသတစ်ယောက်အိမ်ပြန်ရတော့သည်။
အိမ်မပြန်ချင်ပေမယ့်ဝေယံကိုယ်တိုင်ပင်ခွန်းသအား လိုက်ပို့ပေးသည်။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now