Ep 45

7.5K 380 0
                                    

Ep 45

အား.......ကျွတ်ကျွတ် ထိုးကိုက်နေသောခေါင်းကြောင့်မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။အရင်ဆုံးမြင်လိုက်ရသည်ကအဖြူရောင်မျက်နှာကျက် ဘေးနားကိုကြည့်တော့ဘယ်သူမှရှိမနေပါ။ထိုအချိန် အခန်းတံခါးဖွင့်ကာခွန်းသ ဝင်လာပြီး......

"ကိုကို နိူးနေပြီလား ဒီမှာသံပုရာရည်လေးသောက်လိုက်နော်"

"အင်း ကျေးဇူး ကလေး ကိုကိုညကနည်းနည်းမူးသွားတယ် "

စျာန် ညကအဖြစ်ပျက်တွေကိုသိပ်မမှတ်မိပါ။

သူသိတာက ဝိုင်တစ်ခွက်ထဲသောက်ပြီးခေါင်းမူးသွားတာဘဲသိလိုက်သည်။

"ဒါနဲ့ကိုကို့ကိုဘယ်သူလာပို့တာလဲ"

"အကိုကျော်ထက်လာပို့တာလေ ကဲအခုရေချိုးတော့ဒီနေ့တော့နားလိုက်တော့နော် နေမကောင်းဘူးမလား"

စျာန်လည်းခေါင်းညိတ်ကာကျော်ထက်အား

Companyသို့မလာတော့ဘူးဆိုတဲ့အကြောင်းသာmessageပို့လိုက်သည်။

ပြီးသည်နှင့်ရေချိုးခန်းထဲသို့ဝင်သွားလေသည်။ခွန်းသ ကတော့ဒီနေ့အတွက်နေ့လည်စာချက်ရန်ကြီးချိုနှင့်အတူပြင်ဆင်ဖို့အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။

စျာန်အောက်ဆင်းလာတော့ခွန်းသ ကမီးဖိုချောင်မှာအလုပ်ရှုပ်

နေသည်။ဟင်းပွဲကသိပ်မကျန်တော့၍ကြီးချိုကိုနားခိုင်းကာတစ်ယောက်တည်းဘဲ ပြင်လိုက်လေသည်။ထိုအချိန်စျာန်ကခြေသံဖွဖွလေးနင်းပြီး

ခွန်းသ၏အနောက်ကိုတိတ်တိတ်လေးလာကာခါးလေးကိုဆွဲဖက်လိုက်တော့ခွန်းသလန့်သွားကာကိုယ်လေးတုန်သွားသည်။

"ကိုကို ကျွန်တော့်

ကိုလန့်ပြီးသေအောင်လုပ်နေတာလား"

"ဟာ....ဖွ ဖွ လွဲပါစေ ကလေးကလည်းဘာတွေပြောနေတာလဲကိုကိုနဲ့အတူတူနေရအုန်းမှာကို ဘာသေမှာလဲ"

စျာန်ကမျက်နှာနည်းနည်းပျက်ကာခွန်းသအားပြောလိုက်သည်။ခွန်းသလည်းအမှတ်မထင်ထွက်သွားသောစကားကြောင့်နည်းနည်းတော့အားနာသွားရသည်။

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now