Ep 4

16K 933 4
                                    

Ep 4
မနက်ခင်း နေရောင်ခြည်နုနုက အဖြူရောင်လိုက်ကာကြားမှတစ်ဆင့် စျာန့်မျက်နှာပေါ်သို့ ဖြာကျလာလေသည်။
အား…..ကျွတ် ကျွတ်
“ခေါင်းတွေကိုက်လိုက်တာ”ညကသောက်ထားသည့် အရှိန်နှင့်စျာန့်မှာခေါင်းတွေကိုက်နေလေပြီ။
ထိုပအချိန်ခွန်းသ ကရေချိုးခန်းမှထွက်လာကာ……
“ကိုကိုနိုးပြီလား ကျွန်တော်ရေစပ်ပေးခဲ့ပြီးပြီကိုကို ရေချိုးချင်ရင်ချိုးတော့လေ”ခွန်းသမှာ နားထင်ကိုဖိနေသောစျာန့်ကိုမြင်တာနဲ့…..
“ခေါင်းတွေကိုက်နေလား ကျွန်တော်ပြီးရင်သံပရာရည်လာပို့ပေးမယ်နော် အခုရေချိုးလိုက်လေ ကိုကိုခေါင်းကိုက်နေတော့လန်းသွားတာပေါ့”

“အင်း”စျာန်ကတော့ ခွန်းသ အပြောအားခေါင်းတစ်ချက်ညိတ်၍’အင်း’ဟုသာတုံ့ပြန်လိုက်သည်။

ပြီးသည်နှင့်ရေချိုးခန်းထဲသာ ဝင်သွားလိုက်တော့
ဖန်ခွက်ထဲတွင် ခွန်းသပြင်ပေးထားသော သွားတိုက်တံကအဆင်သင့် ရေဇလားထဲတွင်ရေပူရေအေးစပ်ပေးထားသော ရေကအဆင်သင့်ဖြစ်နေ၍စျာန်ပြုံးလိုက်မိသည်။ ကျွန်တော့်ကောင်လေးကတကယ်အလိုက်သိလေးပါ။

ခွန်းသကကြီးချိုနှင့်အတူမီးဖိုချောင်ထဲတွင်မနက်စာပြင်နေလေသည်။ စျာန်လည်းအင်္ကျီ အဝတ်စားများလဲပြီး၍မီးဖိုခန်းထဲသို့ဝင်လာလိုက်သည်။
“သားစျာန် နိူးလာပြီလား ဒီနေ့ Companyမသွားဘူးလားဟင်”
“ဒီနေ့ကျွန်တော်နားတယ်လေ ဘာလို့လဲကြီးချို”
“ဘာမှမဖြစ်ပါဘူးကွယ် ကြီးချို ကမေးကြည့်တာပါ ကြီးချို စျေးသွားအုန်းမယ်နော်”
“ဟုတ် ကြီးချို”
ကြီးချိုသွားတာနှင့်စျာန်ကခွန်းသအားကြည့်ကာ……
“ခွန်းသ ဒီနေ့မင်းဘယ်သွားချင်လဲ ငါလိုက်ပို့ပေးမယ်”
“ခွန်း မုန့်သွားစားချင်တယ်ကိုကို”
“အွန်း အဆင်သင့်ပြင်ထားပြီးရင် သွားမယ်”

“ဟုတ်ကိုကို”ခွန်းသမှာ  စျာန်နှင့်အပြင်သွားရမယ်ဆိုတော့ပြုံးနေလေသည်။ စျာန် လည်း ခွန်းသအားလှမ်းကြည့်လိုက်ချိန် ပြုံးနေသောကြောင့်ကျေနပ်နေမိသည်။
သူဒီအိမ်ကိုစရောက်တည်းဘယ်မှမပို့ရသေးဘူးမလား။ပြီးတော့ သူ့အတွက်လည်းလိုအပ်တာလေးတွေဝယ်ပေးရမည်ဟုစိတ်ကူးထား၍ပင်။
စျာန်က ဧည့်ခန်းထဲတွင်သတင်းစာဖတ်၍ ခွန်းသအားထိုင်စောင့်နေလေသည်။
“ကိုကိုကျွန်တော်အဆင်သင့်ဖြစ်ပြီနော်” အသံနှင့်အတူလှေကားပေါ်ကဆင်းလာသော ခွန်းသအားစျာန်လှမ်းကြည့်လိုက်သည်။ရှပ်အင်္ကျီလက်တို ပန်းနုရောင်လေးကိုအောက်က ဘောင်းဘီဒူးဖုံးရုံလေးနှင့်ပေါ့ပေါ့ပါး ပါးတွဲဝတ်ထားသော ကောင်လေးက ရိုးရိုးရှင်းရှင်းပုံစံလေးနှင့် ချစ်စရာကောင်းနေသည်။ခြေသလုံးလေးတွေကလည်းဖြူဖွေးနေကာခြေထောက်လေးကသွယ်စင်းနေလေသည်။
‘ဘာလို့အဲ့လောက်ချစ်စရာကောင်းနေရတာလဲအပြင်ရောက်ရင်လူတွေဝိုင်းကြည့်နေတော့မှာဘဲ’
“ကိုကိုသွားမယ်လေ”သို့ပေမယ့်စျာန်ကခွန်းသအားမျက်မှောင်ကြုတ်၍ကြည့်နေသည်။

“ကိုကို ဘာကြည့်နေတာလဲဟင် သွား သွားမယ်လေ”သူ့အားခါးထောက်၍မျက်မှောင်ကြုတ်ကာကြည့်နေသောစျာန်ကြောင့်ခွန်းသမှာ ဘာမှားနေလဲစဉ်းစားနေရသည်။
“မင်းဒီလိုပုံနဲ့သွားမလို့လား”
“ဟုတ်ကိုကို ဘာ ဘာဖြစ်လို့လဲဟင်”
“မင်းဒီလိုသွားရင်ငါ့သိက္ခာကျတယ်”
“ဗျာ”
“ဟုတ်တယ်အဲ့ဒီတော့မင်းအဝတ်စားတွေသွားပြန်လဲဘောင်းဘီကိုအရှည်ဝတ်ခဲ့သပ်သပ်ရပ်ရပ်ဖြစ်အောင် ငါပြောတာကြားလား”
“ဟုတ် ဟုတ်ကိုကို”
“ငါမစောင့်နိူင်ဘူးနော်မြန်မြန်သွားလဲ”
“ဟုတ်” ခွန်းသလည်းပြောပြီးသည်နှင့်အပေါ်လှေကားသို့ပြေးတတ်ရတော့သည်။

‘ဟူး……အဲ့လောက်ချစ်ဖို့ကောင်းနေရတာလား
သူ့ကိုသူများတွေကြည့်မှာစိုးလို့မဟုတ်တာတွေပြောပြီးသွားလဲခိုင်းတာကိုကြောင်တောင်တောင်လေးနဲ့လူကိုကြည့်နေတယ် တကယ်ပါဘဲ’

ခနအကြာ
လှေကားပေါ်မှဆင်းလာသောပုံရိပ်လေးကြောင့်ပြုံးမိသွားသည်။ ဘောင်းဘီအရှည်နှင့်အင်္ကျီလက်ရှည်ကိုတံတောက်ဆစ်ထိရောက်အောင်ခေါက်တင်ထားသည်။ဘာဘဲဖြစ်ဖြစ်အကုန်လုံဖို့အရေးကြီးတယ်။

“ဟို ကိုကိုဒါနဲ့ရောအဆင်ပြေလားဟင် ကျွန်တော်”
“အွန်းပြေတယ်အကုန်လုံဖို့အရေးကြီးတယ်”
“ဗျာ ကိုကိုဘာပြောလိုက်တာလဲအကုန်ဘာဖြစ်….”
ခွန်းသစကားပင်မဆုံးသေးစျာန်က..…

“ဘာမှမပြောဘူးအဆင်ပြေတယ်သွားမယ်လို့ပြောတာ လာကားပေါ်တက်တော့”
“ဟုတ်”
.................................................
ကားပေါ်မှဆင်းလိုက်သည်နှင့်ကျယ်ဝန်းသောကုန်တိုက်တစ်ခုရှေ့သို့ရောက်လာခဲ့သည်။အထဲဝင်လိုက်နှင့်ကောင်မလေးတွေ၏အကြည့်သည်စျာန့်အပေါ်သို့ကျရောက်သွားသည်။

စျာန်ကရုပ်ရည်ချောမောပြီးခန့်ညားလွန်း၍မြင်သူတိုင်းငေးကြည့်နေမိတာမထူးဆန်းပေ။
စျာန်ကတော့ဂရုပင်မစိုက်ဘဲဘေးနားကအကောင်ပေါက်လေးအတွက်သာ ပစ္စည်းတွေလိုက်ကြည့်နေသည်။ထိုအချိန်……

“ဟဲ့ဟိုတစ်ယောက်ကချောလိုက်တာဟယ် လုံးဝငါ့typeဘဲ အဟိ”
“ဟဲ့ဘေးနားက သူ့ကလေးလားမသိဘူး ကောင်မရှနေမယ်”

“ဟယ် ဟုတ်တယ်နော် နှမြောလိုက်တာဟယ် အဲ့ကောင်လေးနေရာမှာငါသာဖြစ်လိုက်ချင်တော့တယ်”
“ဆုတောင်းလေနင့်ကိုဟိုကကြည့်မှာတောင်မဟုတ်ဘူး”

“နင်ကလဲအချင်းချင်းအဲ့လောက်မပြောပါနဲ့ ဟွန့်”
ခွန်းသအတွက်လိုအပ်တာတွေကြည့်နေတုန်း ကောင်မလေးတွေပြောသံကြားတာကြောင့်ဘေးနားကအကောင်ပေါက်လေးအားကြည့်မိသည်။

မျက်နှာကစူပုပ်နေလေပြီ အဟွန်း…..သဝန်တိုနေတာလား။
မျက်နှာမကောင်းသောကြောင့် ဘေးနားကစူပုပ်နေတဲ့အကောင်ပေါက်လက်လေးအားဆုတ်ကိုင်လိုက်ရင်းခပ်တည်တည်ပင် ဆက်လျှောက်နေလိုက်သည်။ရုတ်တရက်မို့လန့်သွားသည်ထင်ကိုယ်လေးတုန်သွားကာသူ့လက်ကိုပြန်ကြည့်နေသည်။

ကိုကိုနှင့်အတူအင်္ကျီဝယ်ဖို့လာရင်းဘေးနားကကောင်မလေးတွေပြောသံကြားနေမိသည်။ စနိူက်ကြော်ချင်နေကြတာဘေနားကကိုကို့ကိုတစ်ချက်ကြည့်မိတော့ပြုံးနေတာများ ကြည့်လို့ကိုမရဘူး ဟိုကောင်မလေးတွေရဲ့စကားသံတွေထဲမှာသာယာနေတာများလား။ လူကအလိုလိုတွေးရင်ငိုချင်လာသည်။မျက်နှာကလည်းစူပုပ်နေပြီဆိုတာကိုယ့်ကိုယ်ကိုယ်မှန်မကြည့်ရင်တောင်သိနိူင်သည်။
ထိုအချိန်ရုတ်တရက်လက်ကိုလာကိုင်သောအထိတွေ့ကြောင့်လန့်သွားမိသည်။ ကိုယ့်လက်ကိုပြန်ငုံ့ကြည့်တော့
လက်လာကိုင်တဲ့ပိုင်ရှင်က ကိုကိုဖြစ်နေသည်။
ရုတ်တရက်ပျော်သွားမိသည်။ ကိုကိုကသူ့လက်ကိုကိုင်ကာအင်္ကျီတွေအားရွေးပေးနေသည်။
“ဘာယူအုံးမလဲ ထပ်ရွေးအုံးလေ မင်းကြိုက်တာ”
“ဟုတ် ဟို hoddieလေးယူမယ်ကိုကို အဲ့မှာအနက်ရောင်လေး” ခွန်းသ လက်နှိုးထိုးသည့်အင်္ကျီလေးကို ဝန်ထမ်းကောင်မလေးကယူလာပေးသည်။

“ကိုကိုရောမယူတော့ဘူးလားဟင်”
“ရတယ်ငါက အင်္ကျီတွေရှိသေးတယ်”
“ဟုတ်ကိုကို”

“ဘာယူအုန်းမလဲ”
“ တော်ပြီကိုကို မယူတော့ဘူးများနေပြီ”

“ငါ့ကိုအားမနာနဲ့နော်ငါကမင်းခင်ပွန်းငါရှာတာတွေကမင်းအပြင်သုံးပေးမဲ့သူမရှိတော့ဘူး”
“ဟုတ် ကျွန်တော်ဒီလောက်ဆိုရပါပြီအိမ်မှာလဲမဝတ်ရသေးတာတွေရှိသေးတယ်လေ အဲ့ဒါကြောင့်”

“အွန်းပြီးရောဒါဆိုသွားမယ် လာ”
ပြောပြီးသည်နှင့်စျာန်က ခွန်းသလက်ကိုဆွဲ၍ အင်္ကျီဆိုင်မှထွက်လာလိုက်သည်။

ကုန်တိုက်ကအပြန်Coffeeဆိုင်တစ်ဆိုင်ထဲဝင်ကာ
“မင်းဗိုက်ဆာနေပြီလား ဘာစားမှာလဲမင်းစားချင်တာမှာလေ”
“ဟုတ်ကျွန်တော် Coffeeနဲ့ချောကလက် ကိတ်ဘဲစားတော့မယ်”
ဝန်ထမ်းကောင်လေးအားမှာပြီးသည်နှင့်ခနအကြာစားစရာများရောက်လာသည်။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now