Ep 31

11.2K 621 4
                                    

Ep 31

စျာန်လည်းCompanyမှထွက်ခဲ့ပြီးခွန်းသအိမ်ပြန်သွားသည်အထင်နှင့်အိမ်သို့မောင်းခဲ့လိုက်သည်။သို့သော်အိမ်ရောက်တော့အိမ်မှာလည်းရှိမနေပါ။ကျော်ထက်အားဖုန်းဆက်ကာရှာခိုင်းသော်လည်းအခုထိမတွေ့သေး။နေ့လယ်ထဲကပျောက်နေတာဘယ်သွားမှန်းလည်းမသိသောကြောင့်စိတ်ပူနေမိသည်။အခန်းထဲမှထွက်ကာအပြင်သွားရန်ကားနားသို့အရောက်ခြံထဲသို့ဝင်လာသောအရိပ်လေးကြောင့်ပျော်သွားရသည်။ချက်ချင်းပင်ခွန်းသအနားသသွားကာဆွဲဖက်မိလိုက်သည်။ သို့သော်ဖက်ထားသောလက်များကို သူ့လက်တွေနှင့်ပြန်ဖယ်ကာသူ့အရှေ့မှထွက်သွားပြီးအိမ်ထဲဝင်သွားသောခွန်းသကြောင့်စျာန်လည်းခြံထဲ၌ကျန်နေခဲ့သည်။

ကျွန်တော်နှင့်ဝေယံ တစ်လမ်းလုံးစကားပြောလာကာဝေယံကကျွန်တော့်အိမ်သို့ပြန်ပို့ပေးသည်။စကားသာပြောလာပေမယ့်တစ်လမ်းလုံးလည်းကျွန်တော်ငိုင်နေမိသည်။ကိုကိုနဲ့ဟိုမိန်းမနဲ့ကဘယ်အခြေနေထိရောက်နေကြပြီလဲ။ကျွန်တော်ထွက်သွားသင့်ရင်ထွက်သွားပေးမှာပါ။ကိုယ်ချစ်တဲ့သူပျော်ရွှင်ဖို့ဆိုရင်ကျွန်တော်ဘယ်လိုဘဲနေရနေရ အဆင်သင့်ဘဲ။တွေးနေရင်းခြံရှေ့ရောက်တော့ကားပေါ်မှဆင်းကာဝေယံကိုနှုတ်ဆက်ပြီးခြံထဲသို့ဝင်လာခဲ့သည်။အိမ်ပေါက်ဝမရောက်ခင် ရင်ခွင်တစ်ခုထဲသို့ဆွဲသွင်းခံလိုက်ရသောကြောင့်ကျွန်တော်ခန္ဓာကိုယ်အလိုက်သင့်လေးပါသွားကာခြေထောက်နာနေသည်ကြောင့်နည်းနည်းတောင်ယိုင်သွားရသည်။သို့သော်ရင်ခွင်ထဲမှာဆိုသောကြောင့်ဘာမှမဖြစ်။ကျွန်တော်ကိုကိုနှင့်စကားမပြောချင်၍ဖက်ထားသည်ကိုဆွဲဖယ်ကာကိုကို့အရှေ့မှထွက်လာခဲ့မိသည်။

စျာန်လည်းသူ့ကိုတွန်းဖယ်သွားသောခွန်းသ
ကြောင့်အခန်းထဲသို့ဝင်ရန်သွားနေသောခွန်းသနောက်သို့အမြန်လိုက်လာခဲ့သည်။ခွန်းသအခန်းထဲသို့ရောက်ချိန်စျာန်လည်းတံခါးအားအမြန်တွန်းဖွင့်လိုက်ကာခွန်းသအားလက်ဆွဲ၍သူ့ဘက်လှည့်စေလိုက်သည်။ခွန်းသတစ်ယောက်ဆွဲခံထားရသောလက်ကိုဖယ်ကာ

"ကျွန်တော်ပင်ပန်းနေလို့နားလိုက်ပါအုန်းမယ်" ပြောပြီးသည်နှင့်ကုတင်ပေါ်သို့သွားနေသောခွန်းသကို

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now