Ep 42

7.8K 437 8
                                    

Ep 42

မီးပုံကိုအလယ်မှာထားကာအကုန်လုံးဝိုင်းထိုင်လိုက်သည်။ခွန်းသအနားတွင်ကျော်ထက်နှင့်စျာန်တို့တစ်ဖက်စီထိုင်နေကြပြီးစျာန့်ဘေးနားတွင်အေးရိပ်ထိုင်နေသည်။ထိုစဉ်Company ကအတွင်းရေးမှူးမလေးကထ၍

"ကဲကဲ ပြောစရာရှိပါတယ်ဒီညလေးကကမ်းခြေမှာနေရမဲ့နောက်ဆုံးညလေးပါ။မနက်ကျရင်ပြန်ရမှာဖြစ်တဲ့အတွက်ဒီညကိုအကင်တွေဝိုင်လေးတွေနဲ့ဘဲပျော်ပျော်ပါးပါးလေးဖြစ်သန်းကြရအောင်"

"ရေး............" ထိုအခါကျန်တဲ့သူတွေကပါလက်ခုပ်တွေတီးကာထအော်ကြသည်။

"အဲ့တော့ဒီညgameဆော့ကြမယ်လူတိုင်းဆော့ရမှာနော် ဟဲဟဲBossရောဘဲနော်"

စျာန်တို့ဘက်ကိုလှည့်၍ပြောလိုက်သောကြောင့်ခွန်းသက လက်ခုပ်ထတီးသည်။စျာန်ကတော့ပျော်နေသောသူ့ကလေးလေးကိုပြုံးကာကြည့်နေလေသည်။

"ကဲ နာမည်ရေးထားတဲ့မဲလေးတွေကိုအရင်နှိုက်မယ်ပြီးရင်အဲ့လူကထွက်လာပြီးကစားရမဲ့မဲကိုနှိုက်မယ်ကိုယ်ကြိုက်တဲ့သူတစ်ယောက်ကိုခေါ်ပြီးမဲထဲကအတိုင်းလုပ်ရမယ်မလုပ်နိူင်ရင်ဝိုင်တစ်ခွက်သောက်ရမယ် သဘောတူလား"

"သဘောတူတယ် ရေး......."

"ကဲပထမဆုံးတစ်ယောက်ကတော့ နှင်းပွင့်ပါ"
နှင်းပွင့်ကလာ၍မဲနှိုက်ပြီး ကြေညာတဲ့သူကိုပေးလိုက်သည်။

"ကဲ နှင်းပွင့်ကတော့ကြိုက်တဲ့သူကိုခေါ်ပြီးရင်တစ်ယောက်ခြေထောက်တစ်ယောက်ချိတ်ပြီးတာနဲ့ခြေတစ်ဖက်ထဲနဲ့ ဒီလူအုပ်ကြီးကိုတစ်ပတ်ပတ်ရမှာပါ"

ပြောပြီးသည်နှင့်နှင်းပွင့်ကလူတစ်ယောက်ကိုခေါ်ကာဆော့လိုက်သည်။နောက်ထပ်သုံးယောက်လောက်ဆော့ပြီးသည်နှင့်စျာန်အလှည့်ကိုရောက်လာတော့ စျာန်ကမဲနှိုက်လိုက်ကာ အတွင်းရေမှူးမလေးကိုပေးလိုက်သည်။

"အဟမ်း Bossကတော့ချောကလပ်ချောင်းလေးတစ်ခုကိုတစ်ယောက်နဲ့တစ်ယောက်ပါးစပ်လေးနဲ့ကိုက်ပြီးစားရမှာပါ အဲ့ဟာလေးကိုသိကြတယ်မလား"

"သိတယ် သိတယ်"

ကျန်သူများကသိတယ်ဟုထောက်ခံ၍ဆော့ဖို့အတွက်ကြည့်နေကြသည်။စျာန်က ကလေးဟုခေါ်ကာ ခွန်းသအားလာစေလိုက်သည်။ပြီးသည်နှင့်ချောကလပ်ချောင်းလေးကိုအတူတူကိုက်ကာစားနေသည်။

ကျန်သူများကဝိုး... ဝါး....အော်ကာလက်ခုပ်တီးနေကြလေသည်။စျာန်နှင့်ခွန်းသစားရင်းစားရင်းနဲ့လက်နှစ်ဆစ်လောက်ဘဲကျန်တော့သည်။ထိုအခါစျာန်ကခွန်းသခေါင်းလေးအားကိုင်ကာချောကလပ်ချောင်းလေးအားရှေ့တိုးကာစားရင်းနဲ့နှုတ်ခမ်းလေးကိုပါနမ်းလိုက်သည်။

ခွန်းသကတော့လူအများကြီးရှေ့မှာအနမ်းခံရ၍မျက်နှာလေးရဲနေလေသည်။နောက်ထပ်သုံးယောက်လောက်ဆော့ပြီးချိန်တွင်အေးရိပ်
အလှည့်ရောက်လာသည်။အေးရိပ်မဲက ကြိုက်တဲ့သူကိုခေါ်ပြီးရည်းစားစကားပြောရမှာပင်
အေးရိပ်ကမတ်တပ်ရပ်လိုက်ကာ

"စျာန်…အေးရိပ်နဲ့အတူလာဆော့ပေးပါလား"

အေးရိပ်ကစျာန့်အနားသို့လာကာလက်ဆွဲ၍ထခိုင်းကာခေါ်နေသည်။

"တစ်ခြားသူနဲ့ဆော့လိုက်ပါလား ဒီမှာ ကလေးကအိပ်ချင်နေပြီထင်တယ်”

ခွန်းသကစျာန့်ပခုံးပေါ်တွင်မှီကာမျက်လုံးများလည်းမှိတ်ထားသေးသည်။



"ရိပ်ကဘယ်သူနဲ့ဆော့ရမှာလဲ စျာန်ကူညီပေးပါ"

"တစ်ခြားတစ်ယောက်ရှာလိုက်ပါမအေးရိပ် အားလုံးပျော်ပျော်ကျန်ခဲ့ကြပါ ကလေးကအိပ်နေပြီသွားခွင့်ပြုပါအုန်း"

စျာန်လည်း ဝန်ထမ်းတွေကိုနှုတ်ဆက်ကာခွန်းသကိုချီ၍အခန်းထဲသို့ခေါ်လာခဲ့သည်။အေးရိပ်ကတော့ဒေါသထွက်ကာဆက်မဆော့တော့ဘဲထိုင်ချလိုက်သည်။ကျန်သူများကလည်းအခြေအနေကိုနည်းနည်းရိပ်မိ၍မဆော့တော့ဘဲအစားများသာစားနေသည်။

လက်ထဲတွင်ပွေ့ချီခံလာရသောကောင်လေးသည်ပါးစပ်ကလည်းပွစိပွစိပြောနေသေးသည်။စျာန်တစ်ယောက်ခွန်းသအားပြုံးကြည့်ကာချီထား
လျတ်ပင်ငုံ့နမ်းလိုက်သည်။ပြီးသည်နှင့်အခန်းထဲခေါ်သွားကာကုတင်ပေါ်သို့ချပေးလိုက်သည်။ခွန်းသကဖက်ထားသောစျာန့်လည်ပင်းကိုမလွှတ်ပေးဘဲဆက်ဖက်ထားသောကြောင့်စျာန်တစ်ယောက်ခွန်းသပေါ်တွင်အုပ်မိုးသလိုဖြစ်နေသည်။

"ကလေးလေး ဘယ်လောက်တောင်သောက်ထားတာလဲကွာ ဟမ် အမူးလေး"

"ဘာလဲ ကိုကိုကကိုယ့်ယောကျာ်းကိုငြိုငြင်နေတာလား"

အမူးလေးရစ်တော့မယ်ဆိုတာကြိုသိနေသော
စျာန်ကပြုံးမိသွားသည်။

"မဟုတ်ပါဘူးကွာ ကဲလက်ကိုဖြုတ်ပါအုန်း"
"ယောင်္ကျား ခခ် ကျွန်တော့်
ယောင်္ကျားကအရမ်းချစ်ဖို့ကောင်းတာဘဲ"

လက်ဖြုတ်ခိုင်းတာကိုမဖြုတ်ဘဲချစ်ဖို့ကာင်းတယ်ပြောကာသူကိုယ်တိုင်ကချစ်ဖို့ကောင်းအောင်လုပ်နေသောခွန်းသကြောင့်စျာန်ရယ်လိုက်သည်။

"ကလေးလေးကိုကို့ကိုသမာဓိအားတွေစမ်းနေတာလား ဟမ်"
"ယောင်္ကျားကချစ်ဖို့ကောင်းနေလို့ပါ ခခ်"

သူ့ဘာသာပြောပြီးသူ့ဘာသာ သဘောကျနေသောအကောင်ပေါက်လေးက စျာန်အတွက်တော့အရမ်းဆွဲဆောင်မှုရှိနေလေသည်။သောက်ထားသောအရှိန်ကြောင့်လားမသိနှာခေါင်းလေးတွေနီရဲနေကာစကားပြောလိုက်တိုင်းထွက်လာသောဝိုင်နံ့လေးကလူကိုဆွဲဆောင်နေသယောင်ဆေးသားမကူတဲ့ရဲတဲတဲနှုတ်ခမ်းပါးလေးကနမ်းပါလို့ပြောနေသယောင်။

စျာန်လည်း ခွန်းသအားကြည့်ကာ

"ကလေးလေး ကိုယ်မင်းကိုနမ်းချင်နေတယ်သိလား “
"ကျွန်တော်လည်းနမ်းချင်နေတယ်"

ပြောပြီးသည်နှင့်ခွန်းသကစျာန့် လည်းပင်းအားဖက်ထားရာမှဆွဲချလိုက်သောကြောင့်မျက်နှာနှစ်ခုကပို၍နီးကပ်သွားသည်။
စျာန်လည်းပြုံးလိုက်ကာခွန်းသနှုတ်ခမ်းပါးလေးကိုနမ်းလိုက်လေသည်။စျာန့်အနမ်းတွေကို ပြန်လည်တုန့်ပြန်နေသောခွန်းသ၏မနမ်းတတ်နမ်းတတ် အနမ်းတွေကတောင်စျာန့်ကိုဆွဲဆောင်မှုရှိစေသည်။သောက်လေသောက်လေငတ်မပြေဆိုသလိုခွန်းသနှုတ်ခမ်းပါးလေးအားစျာန်ငုံထွေးနေမိသည်။အချိန်နည်းနည်းကြာအောင်နမ်းနေရင်းမှ

"ကလေးကိုကို့ကိုခွင့်ပြုပါလားဟင်"
"ကျွန်တော် နာ နာမှာကြောက်တယ်" စျာန့်စကားကြောင့်နမ်းနေရာမှရပ်ကာခွန်းသပြောလိုက်မိသည်။

"ကိုကိုမင်းကို နူးညံ့ပေးပါ့မယ်"
"ဟို ဒါမဲ့ ကျွန်တော်….” အားတင်းကာပြောနေသောကောင်လေးကြောင့်စျာန်ပြုံးလိုက်ကာ

"အင်းရတယ် ကလေးအဆင်မပြေရင်ကိုကိုမယူဘူးနော် အိပ်တော့မှာမလား လာအိပ်မယ်နော်"
"ကိုကို ကျွန်တော့်
ကိုစိတ်ဆိုးသွားတာလားဟင်"

စျာန်က ခွန်းသအားပြုံးပြကာခေါင်းခါပြလိုက်ပြီး

"ကိုကိုက ဒါလေးကြောင့်ကလေးကိုစိတ်ဆိုးစရာလား "
".........." ပြောပြီးသည်နှင့်ခွန်းသအားရင်ခွင်ထဲထည့်ထားလိုက်သည်။ခွန်းသတစ်ယောက်နှုတ်ခမ်းလေးကိုက်ကာစျာန့်ကိုမော့ကြည့်ပြီး......

"ကိုကို ကျွန်တော်ခွင့်ပြုတယ်"
"ဟင် ကိုကိုမယူပါဘူး ကလေးရယ် ကလေးနာ..."
စျာန့်စကားပင်မဆုံးသေးစျာန့်နှုတ်ခမ်းလေးအားခွန်းသနမ်းလိုက်ကာ

"ကျွန်တော်ခွင့်ပြုတယ်ကိုကို "
"တကယ်ပြောနေတာလား ကလေး သေချာရဲ့လား"
စျာန့်အမေးကိုခွန်းသ ကခေါင်းညိတ်ပြကာစျာန့်နှုတ်ခမ်းလေးအားနမ်းလိုက်သည်။စျာန်ကခွန်းသလည်တိုင်လေးအားပြန်နမ်းလိုက်ကာအမှတ်သားပေးနေသည်။ထိုညတွင်အချစ်ငှက်နှစ်ကောင်ကြောင့်ကောင်းကင်ကလမင်းကြီးတောင်ရှက်သွားပြီးတိမ်တွေကြားပြန်ဝင်သွားသည်။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now